တန်ခိုးကြီးစေတီပုထိုးများတွင် လက်ရှိလုပ်ကိုင်နေသည့် ဖိနပ်အပ်နှံဌာနများကို ကန်ထရိုက်သက်တမ်း ကုန် ဆုံးပါက ဆက်လက် လုပ်ကိုင်ခွင့်ပြုတော့မည် မဟုတ်ဟု ဆို (ရုပ်သံ) တန်ခိုးကြီးစေတီပုထိုးများတွင် လက်ရှိလုပ်ကိုင်နေတဲ့ ဖိနပ်အပ်နှံဌာနများကို ကန်ထရိုက် သက်တမ်းကုန်ဆုံးပါက ဆက်လက် လုပ်ကိုင်ခွင့်ပြုတော့မှာ မဟုတ်ကြောင်း သာသနာရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်တွင်းပြည်ပဆက်ဆံရေးနဲ့ သတင်းပြန်ကြားရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်း က ပြောပါတယ်။
Source : http://ift.tt/2lt5qTW
via IFTTT
Tuesday, February 28, 2017
Myanmar Fire Services Department
၂၈.၂.၂၀၁၇ ရက်နေ့၊ ၁၀း၅၅ အချိန်ခန့်တွင် သန်လျင် မြို့နယ်၊ အောင်သုခရပ်ကွက်၊ ဂန့်ကော်လမ်း မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် level 1 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်လျှက်ရှိပါသည်။ Update ၁၁းဝ၆ အချိန် မီးငြိမ်းပါသည်။
Source : http://ift.tt/2m5nt5Q
via IFTTT
Source : http://ift.tt/2m5nt5Q
via IFTTT
Saturday, February 25, 2017
7Day News Journal
မင်္ဂလာတောင်ညွန့်မြို့ နယ် အလံပြဘုရားလမ်း ကျောက် တိုင်မှတ်တိုင် (တိရစ္ဆာန်ရုံ) အနီး တွင် ဖေဖော်ဝါရီ ၂၄ ရက် နေ့ လယ်က ကားလမ်းဖြတ်ကူးသူကို တိမ်းရှောင်သည့် အိမ်စီးကားဟွန် ဒါဖစ်ယာဥ်မှာ လမ်းဘေးဓာတ်တိုင်ကို ဝင်တိုက်ခဲ့သည်။ အိမ်စီးကားပေါ်တွင် ယာဥ် မောင်းအမျိုးသားနှင့် အမျိုးသမီး နှစ်ဦး၊ (၁ဝ)နှစ်အရွယ် မိန်းကလေးတစ်ဦး စုစုပေါင်းလေးဦး လိုက်ပါစီးနင်းလာကြောင်း ယာဥ် တိမ်းမှောက်မှုကိုကူညီခဲ့သူ အမျိုး သားတစ်ဦးက ပြောသည်။ ‘‘ကားကလည်း အရှိန်တော့ များတယ် မောင်းလာတာ။ လမ်း ဖြတ်ကူးတဲ့သူကိုရှောင်ရင်း ဓာတ် တိုင်ကို ဝင်တိုက်မိတယ်။ ကား အတွင်းခန်းထဲကနေ မီးခိုးတွေ ထွက်လာသေးတယ်။ နောက် တံခါးဖွင့်ပြီး အထဲကလူတွေကို ကယ်ထုတ်ပေးခဲ့ပါတယ်’’ဟု ၎င်း ကပြောသည်။ ယာဥ်ရှေ့တွင် လိုက်ပါလာ သော အမျိုးသားနှင့် အမျိုးသမီး မှာ ကားလေအိတ်ပွင့်ခဲ့၍ ထိခိုက် ဒဏ်ရာအနည်းငယ်သာ ရရှိ သော်လည်း ကားနောက်ခန်းတွင် လိုက်ပါလာသည့် ကလေးငယ် သည် မျက်နှာအနည်းငယ် ထိခိုက်ခဲ့ပြီး အမျိုးသမီးကြီးသည် မေ့မြောနေကြောင်း မျက်မြင်တွေ့သူတစ်ဦးကပြောသည်။ ‘‘ကားမှောက်တော့ ရှေ့က သူတွေက ဘာမှမဖြစ်ဘူး။ မီးခိုး တွေထွက်လာတော့ ကယ်တဲ့သူ တွေကလည်း အရမ်းမဝင်ရဲဘူး။ နောက်မှ ကားနောက်တံခါးဖွင့်ပြီး ကယ်ပေးကြတယ်။ ကလေးက နှုတ်ခမ်းမှာ သွေးတွေထွက်နေ တယ်။ အဒေါ်ကြီးကတော့ မေ့နေ တယ်’’ဟု မျက်မြင်တွေ့သူက ပြောသည်။ ယာဥ်တိမ်းမှောက်မှုတွင် ဒဏ်ရာရလူနာများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ထား ကြောင်း ယာဥ်ထိန်းရဲအရာရှိ တစ်ဦးကပြောသည်။
Source : http://ift.tt/2lPFYe5
via IFTTT
Source : http://ift.tt/2lPFYe5
via IFTTT
Thursday, February 23, 2017
The Voice
မွန်ပြည်နယ် ဝန်ကြီးချုပ်ကို ရာထူးမှ နုတ်ထွက်ခွင့်ပြု ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ နိုင်ငံတော်သမ္မတက မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးကို ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ခွင့် ပြုလိုက်ပြီ ဖြစ်ကြောင်း ကာယကံရှင် ဦးမင်းမင်းဦးက အတည်ပြု ပြောကြားသည်။ ဝန်ကြီးချုပ် ရာထူးနှင့် ဝန်ကြီးရာထူးတို့မှ နုတ်ထွက်ရန် ယနေ့ (ဖေဖော်ဝါရီလ ၂၃) ရက်နေ့တွင် ခွင့်ပြုလိုက်ခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတရုံးမှ ယနေ့ ညနေပိုင်းတွင် ကြေညာဖွယ်ရှိကြောင်း ၎င်းက ဆိုသည်။ ပါတီက နုတ်ထွက်ရန်အတွက် နုတ်ထွက်ခွင့် ပါတီသို့ တင်သွားမည် ဖြစ်ကြောင်း ဦးမင်းမင်းဦးက ပြောဆိုသည်။ ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခွင့် ရရှိရန် နိုင်ငံတော်သမ္မတထံသို့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က တင်ပြခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဦးမင်းမင်းဦးနှင့် ပတ်သက်၍ တိုင်းတန်းချက်များ ရှိသဖြင့် NLD ပါတီမှ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်း ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အဆိုပါ ပါတီက တာဝန်ပေးခဲ့သည်။ ယင်းသို့ စစ်ဆေးရာတွင် ပြစ်ချက်များ တွေ့ရှိသဖြင့် နုတ်ထွက်ခိုင်းခြင်း ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောဆိုထားသည်။
Source : https://goo.gl/ZMYYzl
via IFTTT
Source : https://goo.gl/ZMYYzl
via IFTTT
မြန်မာစက်မှုဆိပ်ကမ်းမှ ကိုကင်းပါသော ကွန်တိန်နာကို သကြားတင်သွင်းသည့် ပြည်တွင်းကုမ္ပဏီက ထု
မြန်မာစက်မှုဆိပ်ကမ်း ဝင်းသို့ ရောက်ရှိလာသည့် ကိုကင်းများပါသော ပေ ၂၀ ကွန်တိန်နာ ပုံးကို ပြည်တွင်းရှိ သကြားတင် သွင်းသည့်ကုမ္ပဏီတစ်ခုက ထုတ် ယူခဲ့ကြောင်း သတင်းရရှိသည်။ အလုံမြို့နယ် မြန်မာစက်မှု ဆိပ်ကမ်းသို့ ဖေဖော်ဝါရီ ၁၁ ရက်က စင်ကာပူနိုင်ငံမှ ရေကြောင်း ခရီးစဉ်ဖြင့် ရောက်ရှိလာသည့် ကွန်တိန်နာပုံးကို ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြည်တွင်းရှိ သကြားတင်သွင်းသော ကုမ္ပဏီတစ်ခုက လာ ရောက်ထုတ်ယူသွားကြောင်း မြန်မာစက်မှုဆိပ်ကမ်းမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ ‘‘ကွန်တိန်နာ ပိုင်ရှင်တွေ ထုတ်သွားပြီးအပြင်ရောက်တော့ မှ ကိုကင်းတွေကို တွေ့တာ။ ထုတ်သွားတဲ့ ကုမ္ပဏီနာမည်ကိုတော့ ပြောပြလို့မရပါဘူး။ ကျွန်တော်တို့ ဆိပ်ကမ်းဘက်က ရောက်လာတဲ့ကွန်တိန်နာတွေကို ထိန်းသိမ်းပေး ရုံပါ။ ဖွင့်စစ်လို့မရပါဘူး။ ကျန်တဲ့ ကိစ္စတွေလည်း မသိပါဘူး’’ဟု ၎င်းက ဆိုသည်။ စင်ကာပူနိုင်ငံမှ ရေကြောင်း ဖြင့် ဝင်ရောက်လာသည့် ပေ ၂၀ ကွန်တိန်နာပုံးအတွင်း၌ ကိုကင်း၂၅၀ ကီလို(ဘိလပ်မြေအိတ်ငါး အိတ်စာ) တွေ့ရှိခဲ့ပြီး မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ် ဖွဲ့က ပိုင်ရှင်နှင့် အသေးစိတ်အ ချက်အလက်များကို အမှုဖွင့်စစ် ဆေးလျက်ရှိကြောင်း ရန်ကုန် တိုင်းဒေသကြီး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ အဆင့်မြင့်ရဲအရာရှိတစ်ဦးက ပြော ကြားသည်။ ‘‘အခု ကွန်တိန်နာထဲက ကို ကင်းတွေကို မူးယစ်ပြတိုက်မှာ ထားပြီး စစ်ဆေးနေပါတယ်။ အမှုလည်း ဖွင့်ထားပါတယ်။ ပြည်ပ နိုင်ငံတွေက မူးယစ်တပ်ဖွဲ့တွေနဲ့ လည်း ပူးပေါင်းစစ်ဆေးနေပါ တယ်။ အခုက စစ်ဆေးဆဲကာလ မို့လို့ ကျန်တာတော့ မပြောနိုင် သေးပါဘူး’’ဟု ၎င်းက ဆိုသည်။ ကွန်တိန်နာပုံးအတွင်း တွေ့ရှိခဲ့သည့် ကိုကင်းအမျိုးအစား မူးယစ်ဆေးကို ကိုလံဘီယာနှင့် ဗင်နီဇွဲလား နိုင်ငံတို့တွင် ထုတ်လုပ်လျက်ရှိပြီး လက်တင်အမေရိက နိုင်ငံများ၌ တွင်တွင်ကျယ်ကျယ်အသုံးပြုကာ တရုတ်နိုင်ငံသို့လည်း တင်ပို့သည့် လမ်းကြောင်း ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ကိုကင်းအမျိုးအစားမူးယစ်ဆေးကို သုံးစွဲမှုနည်းပါးပြီး ယခုကဲ့သို့ အများအပြားဖမ်းမိခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ 7Day Daily သတင်းစာ၌ ကနဦးတွင် ရန်ကုန်ရှိ ဆိပ်ကမ်း တစ်ခုသို့ အာဖရိကတိုက်ရှိ နိုင်ငံ တစ်နိုင်ငံမှ ပို့လိုက်သော တန်ချိန် ၄၀ ကျော်ရှိ ကိုကင်းများ ထည့် သွင်းထားသော ကွန်တိန်နာတစ် လုံး လိပ်စာမှား ရောက်ရှိခဲ့ ကြောင်း ဖေဖော်ဝါရီ ၂၂ ရက် ထုတ် သတင်းစာတွင် ဖော်ပြခဲ့ သည်။ အဆိုပါသတင်းဖော်ပြပြီး နောက်ဆက်တွဲအဖြစ် တာဝန်ရှိ သူများကို ထပ်မံမေးမြန်းရာ မြန် မာစက်မှုဆိပ်ကမ်းသို့ ရောက်ရှိ လာသော ကိုကင်း ၂၅၀ ကီလိုဂရမ်ကို သကြားတင်သွင်းသော ကုမ္ပဏီတစ်ခုက လာရောက်ထုတ်ယူခြင်းဖြစ်ကြောင်း ဖြေကြားသည်။
Source : http://ift.tt/2l2giXO
via IFTTT
Source : http://ift.tt/2l2giXO
via IFTTT
The Voice
နဂါးလေး(ခ)အောင်နိုင်မြင့်ကို မင်းဘူးတွင် ဖမ်းမိ ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ အက်ရှင်ဇာတ်လမ်းဆန် ရဲကားများကို တိုက်ကာ ထွက်ပြေးလွတ်မြောက်ခဲ့သည့် ဒဂုံတောင် လူဆိုးခေါင်းဆောင်ဟုဆိုသူ အသက် ၃၄ နှစ်အရွယ် နဂါးလေး (ခ) အောင်နိုင်မြင့်ကို ယနေ့ ( ဖေဖော်ဝါရီလ ၂၃ ရက်) နံနက် ၈ နာရီက မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်တွင် ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ ဖမ်းမိသူ နဂါးလေး(ခ)အောင်နိုင်မြင့်မှာ ပစိဖိတ်ဓာတ်ပုံတိုက် ပိုင်ရှင်ကို ပြန်ပေးဆွဲသည့် အမှုတွင် ပါဝင်ခဲ့သူ ဖြစ်ပြီး မူးယစ်မှု၊ လုယက်မှုများဖြင့် တရားခံပြေး ကြေညာထားသူဖြစ်ကာ ဒဂုံတောင်မြို့နယ်၊ (၂၀) ရပ်ကွက်ရှိ လှော်ကားလမ်းနှင့် ဥဿဖုရားလမ်းဆုံတွင် ရဲတပ်ဖွဲ့က ၎င်းမောင်းလာသည့် X-TRAIL အမျိုးအစား ခဲရောင်ယာဉ်ကို ပိတ်ဆို့ဖမ်းဆီးစဉ် ရဲကားများကို တိုက်ပြေးကာ ထွက်ပြေးလွတ်မြောက်ခဲ့သူ ဖြစ်သည်။ “မင်းဘူးက သူ့ဇနီးရဲ့ ဆွေမျိုးတော်စပ်သူ နေအိမ်မှာ နဂါးလေးကို ဖမ်းမိခဲ့တာပါ၊ ဒီနေ့ပဲ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ကို ပြန်လွှဲအပ်ဖို့ စီစဉ်နေတယ်” ဟု မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဆိုသည်။ ဒဂုံတောင်တွင် သေနတ်ဖြင့် ပစ်ဖမ်းခဲ့ရသည့် နဂါးလေး (ခ) အောင်နိုင်မြင့်မှာ လွန်ခဲ့သည့် ၁၀ နှစ်ခန့်က ဓားများ ကိုင်ဆောင်မှုကြောင့် ပုဒ်မ ၁၉(င) ဖြင့် ထောင်ဒဏ်တစ်နှစ် ကျခဲ့သူဖြစ်ပြီး ၎င်းမှာ တာမွေနှင့် မင်္ဂလာတောင်ညွန့် မြို့နယ်တို့ရှိ နိုက်ကလပ်များတွင် လူဆိုးလူမိုက် လောကသားတို့ကြား သြဇာအာဏာ လွှမ်းမိုးသူတစ်ဦး ဖြစ်ကြောင်း လူမိုက်အသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ စုံစမ်းသိရသည်။
Source : https://goo.gl/ieZA6X
via IFTTT
Source : https://goo.gl/ieZA6X
via IFTTT
Wednesday, February 22, 2017
ဆုကြေးငွေကျပ်သိန်းတစ်သောင်းပေးမည့် ကျပ်ငါးရာတန် ထီလက်မှတ်များကို ကိုယ်စားလှယ်များထံ စတင်ဖြန့်ဝေ ========================== ========================== ကျပ် ၅၀၀ တန်အောင် ဘာလေ ထီလက်မှတ်များကို ကိုယ်စားလှယ်များထံသို့ စတင်ဖြန့်ဝေနေကြောင်း သတင်းရရှိသည်။ မတ်လ ၁ ရက်တွင် စတင် ရောင်းချမည့် ကျပ် ၅၀၀ တန် အောင်ဘာလေထီကို ဖေဖော်ဝါရီ ၂၁ ရက်ကစတင်၍ ပြန်လည် ရောင်းချမည့် ကိုယ်စားလှယ်များ ထံ စတင်ဖြန့်ဝေနေကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ‘‘နယ်တွေကိုတော့ လေ ယာဉ်နဲ့ပို့လိုက်ပြီ။ ရန်ကုန်မှာ တော့ မြို့နယ်အလိုက် ကိုယ်စား လှယ်တွေကို ရက်သတ်မှတ်ပြီး ထီလက်မှတ်တွေ ထုတ်ပေးနေ တာဖြစ်ပါတယ်’’ဟု ၎င်းက ပြော သည်။ အဆိုပါ ကျပ် ၅၀၀ တန် အောင်ဘာလေထီသည် အမြင့် ဆုံး ဆုငွေကျပ်သိန်းတစ်သောင်း ပေးမည်ဖြစ်၍ ထီကံစမ်းမည့်သူ များ စိတ်ဝင်စားမှု မြင့်တက်လျက်ရှိသည်။ ပထမဆုံး စတင်ရောင်းချ မည့် ကျပ် ၅၀၀ တန်ထီလက်မှတ် တွင် လွတ်လပ်ရေးကျောက်တိုင် နှင့် ရန်ကုန်မြို့တော်ခန်းမသရုပ်ဖော်ပုံတို့ဖြင့် ဒီဇိုင်းရိုက်နှိပ်ထားပြီး ထီလက်မှတ်အရွယ်အစားကလက်ရှိရောင်းချနေသော ကျပ် ၂၀၀ တန် ထီလက်မှတ်ထက် အနည်းငယ်ကြီးသည်။ ကျပ် ၅၀၀ တန်ထီ စတင်ရောင်းချမည့်လကစ၍ ကျပ် ၂၀၀ တန် ထီလက် မှတ်များကို အက္ခရာသုံးလုံးဖြင့်သာ လျှော့ချရိုက်နှိပ်ကာ သုံးလသာ ဆက်လက်ဖွင့်လှစ်ပေးမည်ဖြစ်ရာ မေလအကုန်တွင် ကျပ်ငါးရာတန် ထီလက်မှတ်အမျိုးအစားတစ်ခုတည်းသာ ရောင်းချသွားတော့မည်ဖြစ်သည်။ အသစ်ရောင်းချမည့် ထီလက်မှတ်ပုံစံ လက်ရှိတွင် ကျပ် ၅၀၀ တန် ထီရောင်းချရန် လျှောက်လွှာ ပေါင်း (လျှောက်ထားသည့် ကိုယ် စားလှယ်ဦးရေ)သည် တစ် သောင်းခန့်ရှိပြီး ထီစာအုပ်ပေါင်း သိန်း တစ်ရာငါးဆယ်ခန့်၊ ထီ လက်မှတ်ပေါင်း သိန်းတစ်ထောင့်ခြောက်ရာခန့် ဖြန့်ဝေပေးမည်ဖြစ် ကြောင်း အောင်ဘာလေသိန်းဆုဌာနက သတင်းထုတ်ပြန်ထား သည်။ အောင်ဘာလေသိန်းဆုဌာန သည် ကျပ် ၅၀၀ တန် ထီကို အက္ခရာ ၅၂ လုံးထုတ်လုပ်မည် ဖြစ်ပြီး ကိုယ်စားလှယ် ရောင်းချ မည့်သူများကို အက္ခရာအလုံးရေ ၃၀ အချိုးကျ ခွဲဝေရောင်းချ၍ အက္ခရာ ၂၂ လုံးကို အရန်ထီအ ဖြစ် ထားရှိမည်ဟုဆိုသည်။ ယခုအခါတွင် ထီကိုယ်စား လှယ်များ၏ တောင်းဆိုမှုကြောင့် အရန်ထီစောင်ရေ အချို့ကိုပါ ရောင်းချရန် လျှောက်လွှာများ ထပ်မံခေါ်ယူထားကြောင်း သ တင်းရရှိသည်။ ထီကိုယ်စားလှယ်များကို လက်ရှိဖြန့်ဝေပေးနေသည့် ထီ လက်မှတ်များတွင် ထီလက်မှတ် အကြိမ်နံပါတ်ကိုရိုက်နှိပ်ထားပြီး အရန်ထီလက်မှတ်တွင် အကြိမ် သတ်မှတ်ချက် မထည့်သွင်းထား ကြောင်း တာဝန်ရှိသူက ဆိုသည်။ အရန်ထီများမှာ ပြင်ပထီ စျေးကွက်တွင် ထီလက်မှတ်စျေး နှုန်းကြီးမြင့်မှုဖြစ်ပေါ်ပါက ယင်း စျေးကွက်အတွင်း ဖြည့်ဆည်း ရောင်းချ၍ စျေးထိန်းညှိနှိုင်းထား ရှိခြင်းဖြစ်ကြောင်း ပြည်တွင်းအ ခွန်များဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးမင်းထွဋ်က ဆိုသည်။ အစပိုင်းတွင် အကြိမ်ရေ ဖော်ပြထားသော ထီလက်မှတ် များ ရောင်းချစေမည်ဖြစ်ပြီးအရန် ထီလက်မှတ်ဖြန့်ဝေရောင်းချမည် ဆိုပါက အများပြည်သူသိနိုင်စေ ရန် နိုင်ငံပိုင်သတင်းစာများမှတစ် ဆင့် ကြိုတင်အသိပေးမည်ဟု သတင်းရရှိသည်။ အဆိုပါ ကျပ် ၅၀၀ တန် ထီ လက်မှတ်များကို သတ်မှတ်စျေး ထက် ပို၍ ရောင်းချပါက အမည် ပျက်စာရင်းအဖြစ် သတ်မှတ်ကာ လစဉ်ထီစာအုပ်ဝယ်ယူခွင့်ရုပ် သိမ်းခြင်း၊ ပေးသွင်းထားသည့် အာမခံငွေကို နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းယူခြင်းခံရမည်ဖြစ် ကြောင်း အောင်ဘာလေသိန်းဆု ဌာနခွဲက သတိပေးကြေညာ သည်။ ============= 7Day News Journal http://ift.tt/2l62JaI
Source : http://ift.tt/2l62JaI
via IFTTT
Source : http://ift.tt/2l62JaI
via IFTTT
Monday, February 20, 2017
Eleven Media Group
ကျောက်တံတားမြို့နယ် ဆူးလေဘုရားလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့် Sakura တာဝါအနီး မီးပွိုင့်တွင် ယာဥ်ခြောက်စီးဆင့်တိုက်မှု ဖေဖော်ဝါရီ ၂ဝ ရက် မွန်းလွဲ ၁၂ နာရီခွဲကျော်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ “ဖြစ်တာက ၁၂ နာရီခွဲကျော်ကျော် လောက်မှာဖြစ်တာပါ။ အုတ်၊ သဲကျောက် ကားတစ်စီးက ဘရိတ်ပေါက်ပြီး ရှေ့ကကား ငါးစီးကို ဝင်တိုက်တာပါ” ဟု အဆိုပါဖြစ်စဥ်အား မျက်မြင်တွေ့ရှိခဲ့သူ တစ်ဦးက ပြောကြားသည်။ ကျောက်တံတားမြို့နယ် ဆူးလေဘုရားလမ်းအတိုင်း ဆိပ်ကမ်းဘက်သို့ မောင်းနှင်လာသော အဆိုပါ အုတ်၊ သဲ ကျောက် တင်ယာဥ်သည် ဆူးလေဘုရားလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့် ဆာကူရာတာဝါအနီးရှိ မီးပွိုင့်အရောက်တွင် ဘရိတ်ပေါက်ကာ အရှေ့ရှိ Probox ယာဥ် အားတိုက်မိခဲ့ပြီး Probox ယာဥ်မှတစ်ဆင့် အရှေ့ရှိ Light Truck ယာဥ်အား ဝင်တိုက်မိခဲ့ကြောင်း၊ Light Truck ယာဥ်မှတစ်ဆင့် အရှေ့ရှိ Mark II ယာဥ်အား ဝင်တိုက်ခဲ့ကြောင်း၊ Mark II ယာဥ်မှတစ်ဆင့် အရှေ့ရှိ Toyota Crown အားဝင်တိုက်မိခဲ့ကြောင်း၊ အဆိုပါ Toyota Crown မှတစ်ဆင့် အရှေ့ရှိ အငှားယာဥ်အား အဆင့်ဆင့် ဝင်တိုက်မိခဲ့ကြောင်း သိရသည်။ အဆိုပါ ယာဥ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း၊ ယာဥ်တိုက်မှုကြောင့် အဆိုပါ ဆူးလေဘုရားလမ်းတွင် ယာဥ်ကြောပိတ်ဆို့မှု အချိန်တန်ကြာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ “အုတ်/သဲကျောက်ယာဥ်က ဘရိတ်ပေါက်ပြီး၊ ဝင်တိုက်တာပါ။ ယာဥ်မောင်းတွေ အကုန်လုံးကို စစ်ဆေးနေပါတယ်။ အုတ်၊ သဲကျောက်ယာဥ်မောင်းကလည်း ထွက်မပြေး ပါဘူး။ အားလုံး ယာဥ်ခြောက်စီး ဆင့်တိုက် တာပါ” ဟု အဆိုပါ ဖြစ်စဥ်နှင့်ပတ်သက်၍ တာဝန်ကျ ယာဥ်ထိန်းရဲတစ်ဦးက ပြောကြားသည်။ Writer: အောင်ထက်ခိုင်
Source : http://ift.tt/2lyQt5h
via IFTTT
Source : http://ift.tt/2lyQt5h
via IFTTT
Myanmar Fire Services Department
၂၀.၂.၂၀၁၇ ရက်နေ့၊ ၁၈း၀၀ အချိန်ခန့်တွင် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ စက်မှုဇုန် ၁ မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် level 2 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်လျှက်ရှိပါသည်။ Update ၁၈း၀၅ အချိန် မီးငြိမ်းပါသည်။
Source : http://ift.tt/2m3MKL2
via IFTTT
Source : http://ift.tt/2m3MKL2
via IFTTT
Sunday, February 19, 2017
7Day News Journal
ဇွဲကပင်တောင် အမြင့် ဆုံးနေရာမှ နိုင်ငံခြားသားတစ်ဦး ပြုတ်ကျသေဆုံးခဲ့ပြီး မည်သည့် နိုင်ငံသားဖြစ်သည်ကို မသိရသေး ကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့ မှူးရုံးမှ သတင်းရရှိသည်။ ပေပေါင်း ၂,၇၃ဝ ကျော်မြင့် သည့် ဇွဲကပင်တောင်၏အမြင့်ဆုံး တွင် တည်ထားသော ဓမ္မစေတီ နေရာမှ ဖေဖော်ဝါရီ ၁၇ ရက် ည ၈ နာရီခန့်က နိုင်ငံခြားသားတစ်ဦး ပြုတ်ကျခဲ့ရာ ဖေဖော်ဝါရီ ၁၈ ရက် မွန်းလွဲ ၁ နာရီခန့်၌ သေဆုံးလျက် ပြန်တွေ့ခဲ့ကြောင်း ကရင်ပြည် နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည် လင်းက ပြောသည်။ ‘‘တောင်ရဲ့ သုံးပုံတစ်ပုံ လောက်ကနေ ပြန်တွေ့တာ။ တွေ့တာက မီးသတ်တပ်ဖွဲ့က တွေ့တာ။ သူ့နားမှာ ဘာမှမတွေ့ လို့ ဘာအထောက်အထားမှ မရ သေးဘူး။ ဒါကြောင့် ဘယ်နိုင်ငံ သားမှန်းလည်း မသိရသေးဘူး။ အထောက်အထားရအောင် ရှာ နေတယ်။ နောက်ပြီး ပြုတ်ကျသွားတဲ့ နေရာကနေ ပြန်သယ်ဖို့ လုပ် နေတယ်’’ဟု ရဲမှူးကြီးကြည်လင်း ကပြောသည်။ သေဆုံးသည့် နိုင်ငံခြားသား သည် အသက်(၂၅)နှစ်မှ (၃ဝ) နှစ်ကြားရှိမည်ဟု ခန့်မှန်းထားပြီး ဦးနှောက်ပွင့်သွားကြောင်း ရဲတပ် ဖွဲ့နှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ မှ သတင်းရရှိသည်။ အဆိုပါ နိုင်ငံခြားသား၏ ရုပ်အလောင်းကို ပြန်တွေ့သည့်နေရာမှာ တောင်၏အပေါ်ဘက်မှ တိုင်းတာလျှင် သုံး ပုံတစ်ပုံခန့်အကွာတွင်ရှိ၍ ပေ တစ်ထောင်ခန့်သို့ ပြုတ်ကျခဲ့ခြင်း ဖြစ်သည်။ လတ်တလောတွင်ရုပ်အလောင်းကို ပြန်လည်သယ်ဆောင်နိုင်ရန် ကြိုးစားနေပြီး စစ်ဆေးပြီးမှသာ အသေးစိတ် သိရှိ ရမည်ဖြစ်ကြောင်း ရဲမှူးကြီး ကြည်လင်းကပြောသည်။ ဇွဲကပင်ဂေါပကအဖွဲ့ ပြန် ကြားရေးအဖွဲ့ဝင်တစ်ဦးက ဇွဲကပင်တောင်ထိပ်ရှိ ဓမ္မစေတီ၏ တောင်စောင်းအောက် တည့် တည့်တွင် ချောက်ကမ်းပါးသာ ရှိကြောင်းပြောသည်။ ကယ်ဆယ် ရေးအဖွဲ့အနေဖြင့် နိုင်ငံခြားသား ၏ရုပ်အလောင်းကို ခက်ခက်ခဲခဲ ပြန်သယ်ရမည်ဟုပြောသည်။ ၂ဝ၁၅ ဒီဇင်ဘာ ၂၄ ရက်က လည်း အသက်(၇၆)နှစ်အရွယ်ရှိ ဂျာမနီနိုင်ငံသားတစ်ဦး ဇွဲကပင် တောင်ပေါ်မှ ပြန်အဆင်းတွင် ပြုတ်ကျခဲ့ပြီး ဒဏ်ရာအပြင်းအ ထန်ရကာ ရန်ကုန်ဆေးရုံကြီး၌ ဆေးကုသမှုခံယူခဲ့ရသည်။
Source : http://ift.tt/2mawEP7
via IFTTT
Source : http://ift.tt/2mawEP7
via IFTTT
Thursday, February 16, 2017
The Voice
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ကန်တော်ကြီးအနီး ယခင် ပဲခူးတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဉာဏ်ဝင်းနှင့် ဝန်ကြီးအချို့ အပါအဝင် ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦး ရယူထားသော မြေယာများကို နိုင်ငံတော်က တစ်နှစ်အတွင်း ပြန်လည် သိမ်းယူမည်ဖြစ်ကြောင်း သနပ်ပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက ပြောကြားသည်။ “ကန်တော်ကြီးအနီးက ပုဂ္ဂလိကကို ချထားပေးခဲ့တဲ့ မြေယာတွေကို သဘာဝ သစ်တောအဖြစ် ပြန်လည် သတ်မှတ်ပေးဖို့ အဆိုကို ပြည်သူ့လွှတ်တော် စတုတ္တအကြိမ် ပုံမှန် အစည်းအဝေးမှာ မေးမြန်းခဲ့တယ်၊ လွှတ်တော်ကိုယ်စားလှယ် ၇ ဦးက ဆွေးနွေးပြီးတဲ့အခါမှာ ပြည်ထောင်စုဝန်ကြီးက သဘောတူသလို ပြည်သူ့လွှတ်တော်က အကောင်အထည် ဖော်ပေးဖို့ ဆုံးဖြတ်တဲ့အတွက် ဒီမြေတွေကို တစ်နှစ်အတွင်း ပြန်သိမ်းမှာပါ”ဟု ၎င်းက ပြောဆိုသည်။ ပဲခူးမြို့ပေါ် ရပ်ကွက်များကို သောက်သုံးရေ ဖြန့်ဖြူးပေးရန် ကန်တော်ကြီး ရေကန်ကို ရေဝေရေလဲဒေသအဖြစ် မြေဧက ၁၃၈၀ ကျော် ထည့်သွင်းကာ ၁၉၂၄ ခုနှစ်က တည်ဆောက်ခဲ့ကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဟောင်း လက်ထက်တွင် ဧက ၇၀ဝ ကျော်ခန့်ကို လူလေးဦးအမည်နှင့် ကုမ္ပဏီတစ်ခုကို ပုဂ္ဂလိက ရော်ဘာ စိုက်ခင်းများ ထူထောင်လုပ်ကိုင်ခွင့် ပေးအပ်ခဲ့သည်။ ကန်တော်ကြီးအနီးရှိ ရော်ဘာ စိုက်ခင်းများမှ စွန့်ပစ်ပစ္စည်းများ၊ ပိုးသတ် ဆေးအကြွင်းအကျန်များနှင့် ရေဆိုးရေညစ်များ စီးဝင်လာသဖြင့် ကန်ထဲရှိရေများ သောက်သုံးရန် မသင့်ဟူ ဓာတ်ခွဲ စမ်းသပ် စစ်ဆေးချက်များအရ သိရကြောင်း၊ ယင်းအတွက်ကြောင့် ရေဝေရေလဲ ဒေသအဖြစ် ပြန်လည် ထိန်းသိမ်းရန် ဖေဖော်ဝါရီလ ၃ ရက်က ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္တ ပုံမှန် အစည်းအဝေးတွင် အဆိုတင်သွင်း မေးမြန်းခဲ့ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက ရှင်းပြသည်။ ကန်တော်ကြီး အနီးတစ်ဝိုက် မြေယာများကို တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း အပါအဝင် လူပုဂ္ဂိုလ် လေးဦးနှင့် ကုမ္ပဏီကြီး တစ်ခုကို စိုက်ခင်းတည်ထောင် လုပ်ကိုင်ရန်အတွက် ငှားရမ်းပေးထားခြင်းသာဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင်နှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ ပိုင်ဆိုင်သည့် သစ်တောမြေများသာဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး သဘာဝ သယံဇာတနှင့် သစ်တောရေးရာဝန်ကြီး ဦးကျော်မင်းစံက ပြောကြားသည်။ “ပြည်သူ့လွှတ်တော်မှာ ဦးမြင့်ဦး အဆိုတင်သွင်းမှု အောင်မြင်သွားတာ သတင်းကြားပါတယ်၊ လုပ်ကိုင်ခွင့် ချပေးထားတဲ့မြေတွေကို ပြန်သိမ်းယူဖို့ ပြည်ထောင်စုဝန်ကြီးဆီကနေ ညွှန်ကြားချက် မရှိသေးပါဘူး”ဟု ၎င်းက ဆက်လက် ပြောကြားသည်။ ပဲခူးမြို့ကန်တော်ကြီးအနီး မြေဧကပေါင်း ၁၄၅၀ အနက် ကာကွယ်ရေး ဝန်ကြီးဌာနပိုင် မြေယာအဖြစ် ၁၄၀ ဧက သတ်မှတ်ပေးခဲ့ပြီးနောက်၂၀၁၂ ခုနှစ်က သစ်တောရေးရာ ဝန်ကြီးဌာနမှ စီမံကိန်းစာ ၁၉ (၈/၅၃၅၇/-၅၃၆၇) ဖြင့် ဝန်ကြီးချုပ်ဟောင်း ဦးဉာဏ်ဝင်း အပါအဝင် လူပုဂ္ဂိုလ် လေးဦးနှင့် ကုမ္ပဏီတစ်ခုကို ပုဂ္ဂလိက ရော်ဘာစိုက်ခင်းများ တည်ထောင် လုပ်ကိုင်ခွင့် ပေးအပ်ခဲ့ခြင်း ဖြစ်သည်
Source : https://goo.gl/5naQsV
via IFTTT
Source : https://goo.gl/5naQsV
via IFTTT
Wednesday, February 15, 2017
RFA Burmese
ဇင်ကျန်းဒေသမှာ ဓါးကိုင် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ၈ ဦးသေ၊ ၁၀ ဦးဒဏ်ရာရ မွတ်ဆလင် လူများစုနေထိုင်တဲ့ တရုတ်နိုင်ငံ ဇင်ကျန်းဒေသမှာ ဓါးကိုင်အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု ဒီကနေ့ ဖြစ်ပွားခဲ့တာကြောင့် လူ ၈ ဦး သေဆုံးခဲ့ရပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ လူအုပ်တစ်ခုအတွင်း ဓါးနဲ့ဝင်ရောက် အကြမ်းဖက်တိုက်ခိုက်ခဲ့သူကို ရဲက ပစ်ခတ်နှိမ်နင်းခဲ့ရပြီး၊ တိုက်ခိုက်မှု ဖြစ်စဉ်ကို အသေးစိတ် စုံစမ်းနေဆဲလို့ သိရပါတယ်။ ၂၀၁၄ ခုနှစ်၊ မတ်လကလည်း တရုတ်နိုင်ငံအနောက်ပိုင်း ယူနန်ပြည်နယ် ကူမင်းမြို့က မီးရထားဘူတာရုံမှာ အလားတူ ဓါးကိုင် အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့တာကြောင့် လူ ၃၁ ဦး သေဆုံးခဲ့ရပါတယ်။ အဲဒီတိုက်ခိုက်ခဲ့သူတွေဟာ ဇင်ကျန်းပြည်နယ်က မွတ်ဆလင် ခွဲထွက်ရေးလှုပ်ရှားသူတွေ ဖြစ်ပြီး၊ အမေရိကန်ပြည်ထောင်စုမှာ ဖြစ်ပွားခဲ့တဲ့ စက်တင်ဘာ ၁၁ အကြမ်းဖက်မှုပုံစံ တိုက်ခိုက်ခံရတာ ဖြစ်တယ်လို့ တရုတ်အစိုးရက ကြေညာခဲ့ပါတယ်။
Source : http://ift.tt/2ljtdIA
via IFTTT
Source : http://ift.tt/2ljtdIA
via IFTTT
Tuesday, February 14, 2017
7Day News Journal
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် သုံံးတောင် ကျေးရွာရှိ မှန်ဘီလူးစက်ရုံတွင် လုပ်ကိုင်နေသည့် အသက်(၂၁) နှစ်အရွယ် အမျိုးသမီးကို ပလတ်စ တစ်ဌာန တာဝန်ခံတရုတ်နိုင်ငံ သားက အဓမ္မပြုကျင့်ခဲ့ကြောင်း သတင်းရရှိသည်။ မှန်ဘီလူးစက်ရုံတွင် အလုပ် သမားခေါင်းဆောင်အဖြစ်လုပ် ကိုင်နေသည့် အမျိုးသမီးသည် ဖေဖော်ဝါရီ ၁၂ရက် နံနက် ၂နာရီက ညဆိုင်း (ညပိုင်းအလုပ်ချိန်)တာဝန်ကျသဖြင့် အခြားအလုပ်သမားများနှင့်အတူ လုပ်ကိုင်နေစဉ် တရုတ်နိုင်ငံသားက အရက်မူး၍ ရောက်ရှိလာပြီး အလုပ်ကိစ္စ ပြောစရာရှိသည်ဆိုကာ ရုံးခန်းအတွင်းသို့ ခေါ်ဆောင်၍ တံခါးသော့ပိတ်ပြီး အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ အဆိုပါ တရုတ်နိုင်ငံသား သည် လွန်ခဲ့သည့်နှစ်လခန့်က လည်း စက်ရုံဝင်းရှိ မှောင်နေသောနေရာသို့ ၎င်းအမျိုးသမီးကို ပွေ့ဖက်၍ ဆွဲခေါ်သဖြင့် ရုန်းကန်ထွက်ပြေးခဲ့ရကြောင်း တိုင်တန်းချက်များအရ သိရသည်။ အဆိုပါတရုတ်နိုင်ငံသားသည် မြန်မာနိုင်ငံတွင် ဗီဇာဖြင့်နေထိုင်ခြင်းဖြစ်ပြီး ၎င်း၏ဗီဇာသက်တမ်းမှာ ဧပြီအထိ သက်တမ်းရှိနေသော်လည်း ၎င်းကို ဗီဇာစည်းကမ်းဖောက်ဖျက်မှုဖြင့်ပါ ထပ်မံအရေးယူမည်ဖြစ်ကြောင်း သိရ သည်။ အလိုမတူဘဲ အဓမ္မပြုကျင့် ခဲ့သည့် အသက်(၃၀) အရွယ်တရုတ်နိုင်ငံသားကို ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၅၄အရ အမှုဖွင့်ပြီး ဖမ်းဆီးထားကြောင်း သိရသည်။
Source : http://ift.tt/2lcKqDS
via IFTTT
Source : http://ift.tt/2lcKqDS
via IFTTT
7Day TV
အမေရိကမှာ လူနှစ်သိန်းနီးပါး အရေးပေါ် နေရာရွှေ့ပြောင်း ဖေဖော်ဝါရီ - ၁၄၊ ၂၀၁၇ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား မြောက်ပိုင်းမှာ ဆည်ကျိုးပေါက်နိုင်တဲ့ အခြေအနေကြောင့် လူပေါင်း ၁၉၀၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ အမြန်ဆုံး ရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက သတိပေး တိုက်တွန်းထားကြောင်း သိရပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အမေရိကန်ရဲ့ အမြင့်ဆုံး ဆည်ကြီးဖြစ်တဲ့ အော်ရိုဗီးလ် ဆည်ကြီးထဲမှာ သိုလှောင်ထားတဲ့ ရေပမာဏက စိုးရိမ်အမှတ်ကို ကျော်လွန်သွားခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၂ ရက်မှာ ဆည်ရဲ့ ရေပိုလွှဲစနစ်က မနိုင်နင်းဖြစ်ပြီး ဆည်ရေတိုးလာတဲ့အတွက် အောက်ပိုင်းဒေသတွေမှာ နေထိုင်သူတွေကို ရွှေ့ပြောင်းကြဖို့ သတိပေးချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ တကယ်လို့ ဆည်ကျိုးပေါက်တာ ဒါမှမဟုတ် ဆည်ရေတွေ ဖောက်ချတာတွေ ဖြစ်လာရင် ဖယ်သာမြစ်ကြောင်း နဲ့ ပတ်ဝန်ကျင်ဧရိယာတွေကို ချက်ချင်း ရေဖုံးသွားနိုင်ကြောင်း သတင်းတွေက ဆိုပါတယ်။
Source : http://ift.tt/2kNIpNm
via IFTTT
Source : http://ift.tt/2kNIpNm
via IFTTT
မောင်တောခရိုင် ရဲစခန်းတိုက်ခိုက်မှုတွင် ပါ၀င်သူ တစ်ဦးအား သေဒဏ် ချမှတ် --- --- --- မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ် အတွင်း နယ်ခြားစောင့် ရဲကင်းစခန်းများအား အကြမ်းဖက် စီးနင်းတိုက်ခိုက်မှုတွင် ဦးဆောင်ခဲ့သည့် မာမက်နူ(ခ) အူလာ အသက်၂၃ နှစ်ကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စစ်တွေမြို့တရားရုံးမှ သေဒဏ်ချမှတ် လိုက်ကြောင်း သိရသည်။ မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်တို့တွင် ၂၀၁၆ ခု အောက်တို ဘာလ ၉ရက်နေ့က နယ်ခြားစောင့် ရဲဌာနချုပ်ကို ဝင်ရောက် တိုက်ခိုက်စဉ်တွင် ရဲအရာရှိနှင့် ရဲတပ်ဖွဲ့ဝင်များအား သတ်ဖြတ်ခဲ့သည့် အဖွဲ့အား ဦးဆောင်ခဲ့သူ မာမက်နူ(ခ) အူလာသည် မောင်တောမြို့ နယ်၊ ကျောက်ပြင်ဆိပ်ကျေးရွာတွင် နေထိုင်သူတစ်ဦးဖြစ်သည်။ ၎င်းကို နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး မာမက်နူ(ခ)အူလာကို ပုဒ် ၃၀၂ (၁) (ဂ) ပြစ်ဒဏ်ချ မှတ်ခဲ့ခြင်း ဖြစ်သည်။ ပုဒ်မ ၃၃၃/၃၄၊ လက်နက်ဥပဒေပုဒ်မ၂ (၁) (က)၊ ပြည်သူပိုင်ဥပဒေပုဒ်မ ၆ (၁)၊ မတရားအသင်း ဆက်သွယ်မှုဥပဒေ ပုဒ်မ၁၇ (၁) တို့ဖြင့်လည်း စွဲဆိုထားကြောင်း သိရသည်။ တရားစွဲဆိုထားသည့် တိုက်ခိုက်သူ ၁၄ ဦးထဲတွင် တစ်ဦးကိုသာ ပြစ်ဒဏ်ချမှတ် နိုင်သေးပြီး ကျန် ၁၃ ဦးကိုမူ စစ်ဆေးမှုများ ဆက်လက်ပြုလုပ်လျက် ရှိကြောင်း သိရသည်။ ဇော်မင်းထွန်း The Ladies News http://ift.tt/2l9DSpJ
Source : http://ift.tt/2l9DSpJ
via IFTTT
Source : http://ift.tt/2l9DSpJ
via IFTTT
Monday, February 13, 2017
YESC-CallCenter
၁.ရန်ကုန်တိုင်းဒေသကြီးအတွင်းနေထိုင်သော မီးသုံးသူပြည်သူများ ဓာတ်လိုက်မှုအန္တရာယ်ကင်းဝေးစေရေးအတွက် ဓာတ်အားခွဲရုံများထိန်းသိမ်းပြုပြင်ခြင်း၊ရှုပ်ထွေးService ဝါယာကြိုးများရှင်းလင်းခြင်း၊လျှပ်စစ်အန္တရာယ်လုံခြုံစိတ်ချရသော လျှပ်ကာဓာတ်အားလိုင်းကြိုးများဖြင့် လဲလှယ်တည်ဆောက်ခြင်း၊လျှပ်စစ်ဓာတ်ကြိုးများနှင့်မလွတ်ကင်းသောသစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို `ပြည်သူပါဝင်သော လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းစီမံချက်´ အနေဖြင့့်ယခုအပတ်၌(၁၄.၂.၂၀၁၇) ရက်နေ့(အင်္ဂါ နေ့)နှင့်(၁၆.၂.၂၀၁၇) ရက်နေ့(ကြာသပတေးနေ့)တွင်ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှလုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ၂. (၁၄.၂.၂၀၁၇)၇က်နေ့(အင်္ဂါနေ့)တွင် ဒဂုံအရှေ့၊တောင်ဥက္ကလာ၊ရန်ကင်း၊ပုဇွန်တောင်၊ဗိုလ်တထောင်၊ဆိပ်ကမ်း၊ကမာရွတ်၊ဗဟန်း၊စမ်းချောင်း၊လှိုင်၊မရမ်းကုန်း၊အလုံ၊ကြည့်မြင်တိုင်၊လမ်းမတော်၊ဒဂုံ၊ဒလ၊ခရမ်း၊သုံးခွ၊ကော့မှူး၊ကွမ်းခြံကုန်း၊သန်လျင်၊ကျောက်တန်း၊ဆိပ်ကြီးခနောင်တို၊လှိုင်သာယာ၊ရွှေပြည်သာ၊ရွှေလင်ပန်း၊အင်းစိန်၊မင်္ဂလာဒုံ၊ထောက်ကြန့်၊လှည်းကူး၊ဒါးပိန်၊ဖောင်ကြီး၊မှော်ဘီ၊တိုက်ကြီး၊ဥက္ကံ၊အင်းတိုင်၊အဖျောက်၊မြောင်းတကာ၊ထန်းတပင်မြို့နယ်များ၊ရပ်ကွက်အချို့၊CNG ဆိုင်အချို့နှင့်စက်မှုဇုန်အချို့တို့တွငိ(၁၂းဝဝ) နာရီ မှ(၁၄းဝဝ) နာရီ အတွင်းယာယီဓာတ်အားပြတ်တောက်မှုများရှိမည်ဖြစ်ပါသည်။ ၃.(၁၆.၂.၂၀၁၇)ရက်နေ့(ကြာသပတေးနေ့) တွင် ဒဂုံအရှေ့၊ဒဂုံမြောက်၊ဒဂုံတောင်၊သင်္ဃန်းကျွန်း၊ပုဇွန်တောင်၊ဗိုလ်တထောင်၊မင်္ဂလာတောင်ညွန့်၊ကမာရွတ်၊ပန်းဘဲတန်း၊ဗဟန်း၊မရမ်းကုန်း၊သန်လျင်၊ကျောက်တန်း၊ဒလ၊တွံတေး၊ကော့မှူး၊ကွမ်းခြံကုန်း၊ခရမ်း၊သုံးခွ၊လှိုင်သာယာ၊ရွှေပြည်သာ၊အင်းစိန်၊မင်္ဂလာဒုံ၊ထောက်ကြန့်၊မှော်ဘီ၊လှည်းကူး၊တိုက်ကြီး၊ရွှေလင်ဗန်း၊မြောင်းတကာ၊ဥက္ကံ၊အင်းတိုင်မြို့နယ်များ၏ ရပ်ကွက်အချို့၊CNGဆိုင်အချို့နှင့်စက်မှုဇုန်အချို့တို့တွင်(၁၂းဝဝ) နာရီ မှ(၁၄းဝဝ) နာရီ အတွင်းအချိန်ပိုင်းဓာတ်အားပြတ်တောက်မှုများရှိမည်ဖြစ်ပါသည်။ ၄.ယခုပန်ကြားလွှာ၌ဖော်ပြပါရှိသောမြို့နယ်များ၏ ရပ်ကွက်အချို့၊နေရာအချို့တို့တွင်သာ အချိန်ပိုင်းဓာတ်အားပြတ်တောက်မည်ဖြစ်ပြီး၊မြို့နယ်တစ်မြို့နယ်လုံး လျှပ်စစ်မီးပြတ်တောက်မှုမျိုးမဟုတ်ပါကြောင်းနှင့်ပြည်သူများလျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက်အလေးထားဆောင်ရွက်ရသည့်လုပ်ငန်းဖြစ်ပါသဖြင့် ယာယီဓာတ်အားပြတ်တောက်မှုကြောင့် လူမှုရေးအခက်အခဲများပေါ်ပေါက်နိုင်မှုအပေါ်နားလည်ခွင့်လွှတ်ပေးပါရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အများပြည်သူများထံသို့လေးစားစွာအသိပေးပန်ကြားအပ်ပါသည်၊
Source : http://ift.tt/2kJxWCH
via IFTTT
Source : http://ift.tt/2kJxWCH
via IFTTT
Saturday, February 11, 2017
7Day News Journal
ဆိပ်ကမ်းအတွင်း ဖမ်း ဆီးရမိခဲ့သည့် တရားမဝင်သစ် သ တင်းကွင်းဆက်ဖြင့် ဒဂုံမြို့သစ် တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ယမန်နေ့က တရားမဝင်သစ်တန်ချိန် ၁၆ဝ ကျော် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနက သတင်းထုတ်ပြန်သည်။ ဒဂုံမြို့သစ်တောင်ပိုင်း၊ စက် မှုဇုန်တိုးချဲ့ (၂)၊ (၁၁၄)ရပ်ကွက် ဝက်မစွတ်ဝန်ထောက်လမ်းနှင့် စိန္တကျော်သူဦးသြလမ်းထောင့်ရှိ ဒေါ်ခက်ခက်ကျော်၏ ခြံအမှတ် (၁၅၈)တွင် သစ် ၁၁၅ တန်နှင့် ဒဂုံမြို့သစ်အရှေ့ပိုင်း ပြင်စည်မင်းသားကြီးလမ်းရှိ ဦးခင်မောင်၏ ခြံအမှတ်(၃၅)၌ သစ်တန်ချိန် ၅ဝ ဖမ်းဆီးရမိခြင်းဖြစ်သည်။ ဒေါ်ခက်ခက်ကျော် ပိုင်ဆိုင်သည့် ခြံတွင် ရေသန့်ဘူးခွံ၊ ကတ် ထူဖာများဖြင့် ဖုံးကွယ်ထားသော လေးထောင့်တုံး ပိတောက်သား တန်ချိန် ၁ဝဝ ကျော်နှင့် ကျွန်းသစ်သားလေးထောင့်နှင့် ခွဲသား ၁၅တန် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ အလားတူ ဦးခင်မောင်ပိုင်ခြံတွင် လေးထောင့် ပိတောက်တန်ချိန် ၅ဝ ကျော် ဖမ်းဆီးနိုင်ခဲ့သည်။ ‘‘လောလောဆယ် စစ်ဆေး မေးမြန်းမှုတွေအရကတော့ ဒါက ပိုင်ရှင်သတ်သတ် တစ်ယောက်ပေါ့။ ထပ်စစ်ရင်တော့ ဘယ်သူဘယ်ဝါဆိုတာ ပေါ်မှာပေါ့။ ကျွန်တော်တို့ကတော့ စာချုပ်တွေမှာ ပါတဲ့ နာမည်အတိုင်း အရေးယူထားပါတယ်။ ဒါပေမဲ့ အခုဖမ်းမိတဲ့သူတွေအားလုံးက ဒီသတင်းကွင်းဆက်တွေကပဲ ဖမ်းမိတာပါ’’ဟု သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းတိုးကပြောသည်။ ဇန်နဝါရီ ၂၄ ရက်က မြန်မာ စက်မှုဆိပ်ကမ်းဝင်းအတွင်း ဖမ်း ဆီးရမိသည့် တရားမဝင်သစ် သ တင်းကွင်းဆက်ဖြင့် ၁၃ ရက်အ တွင်း တရားမဝင်သစ်ခိုးထုတ်ဖမ်းဆီးရမိမှုသည် တန်ချိန် ၁,ဝဝဝကျော်ရှိပြီဖြစ်ကြောင်း သစ်တောဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။ ဂိုဏ်းအသွင်ဆောင် သစ်ခိုးထုတ်မှုဟု ယူဆထားသော သစ်ခိုးထုတ်မှုနှင့်ပတ်သက်၍ ပါဝင်ပတ်သက်သူ ၁၇ ဦးကို သစ်တောဦးစီးဌာနက သစ်တောဥပ ဒေဖြင့် အရေးယူထားသည်။
Source : http://ift.tt/2kSwRa2
via IFTTT
Source : http://ift.tt/2kSwRa2
via IFTTT
Thursday, February 9, 2017
Aye Chan Mon
အသက်မပြည့် မိန်းကလေးများကို နိုင်ငံခြားသားများနှင့် လိင်ပျော်ပါး ခိုင်းသူကို ထောင်ဒဏ် ၁၅ နှစ်ချ ================================ နိုင်ငံခြားသားများနဲ့ လိင်ပျော်ပါးဖို့ အတွက် အသက် မပြည့်သေးတဲ့ မိန်းကလေးငယ်အချို့ကို စေခိုင်းခဲ့တဲ့ အမျိုးသမီးကို ဒီကနေ့ ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံးကနေ လူကုန်ကူးမှု ဥပဒေ ပုဒ်မ ၂၄ အရ အလုပ်နဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ် လိုက်ပါတယ်။ အသက် ၁၃ နှစ်သာ ရှိသေးတဲ့ မိန်းကလေး တဦး အပါအဝင် မိန်းကလေး ၅ ဦးကို ရန်ကုန်မြို့ရှိ ညကလပ် များကို လာရောက် လည်ပတ်တဲ့ (တရုတ်၊ ဂျပန်၊ ကိုရီးယား စတဲ့) နိုင်ငံခြားသားများ ထံ ပြည့်တန်ဆာ အဖြစ် ခိုင်းစေခဲ့တဲ့ အသက် ၅၂ နှစ်အရွယ်ရှိ မဝေ (ခ) ဝေဝေဦး ကို လူကုန်ကူးမှုဖြင့် တောင်ဥက္ကလာပ ရဲစခန်းမှာ တရားလို ဒုရဲမှူးဝင်းနိုင်ဦး က ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလက အမှုဖွင့် အရေးယူထားတာပါ။ ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် အမှတ် (၅) ရပ်ကွက်နေ မဝေဝေဦးဟာ အသက် ၁၃ နှစ်အရွယ် မိန်းကလေး တစ်ဦ အပါအဝင် မိန်းကလေး ၅ ဦးကို ၎င်း၏ နေအိမ်မှာ ထားပြီး ညဘက်တွင် သိမ်ကြီးဈေးရှိ အင်ပါယာ နိုက်ကလပ်ကို ပို့ဆောင်ကာ ကလပ်ကို လာရောက်တဲ့ နိုင်ငံခြားသားများက ပျော်ပါးလိုကြောင်း ပြောရင် ဟိုတယ်၊ မိုတယ်များသို့ ပို့ကာ တဦးကို ငွေကျပ် ၈၀၀၀၀ ယူကာ မိန်းကလေးများကို ပြည့်တန်ဆာ အဖြစ် စေခိုင်းခဲ့တာပါ။ အမည်မဖော်လိုသူ နိုင်ငံခြားသား တဦးက SAVE THE CHILDREN ကို သတင်းပေးတာကြောင့် စုံစမ်း စစ်ဆေးရာ တရားခံနဲ့ ခိုင်းစေခံရသူ မိန်းကလေးများကို တရားခံရဲ့ နေအိမ်မှာပဲ ဖမ်းဆီးနိုင်ခဲ့တာပါ။ ရဲတပ်ဖွဲ့ရဲ့ ပြောကြားမှုအရ ပြည့်တန်ဆာ အဖြစ် ခိုင်းစေ ခံရတဲ့ မိန်းကလေးတွေဟာ လှိုင်သာယာ၊ တောင်ဒဂုံ၊ ဒလ၊ ကွမ်းခြံကုန်း၊ ဒဂုံတောင် စတဲ့ မြို့နယ်တွေက ဖြစ်ပါတယ်။ http://ift.tt/2lrX7ak
Source : http://ift.tt/2lrX7ak
via IFTTT
Source : http://ift.tt/2lrX7ak
via IFTTT
Eleven Media Group
အွန်လိုင်း စွယ်စုံကျမ်း Wikipedia ၏ အယ်ဒီတာများက Daily Mail ကို ရင်းမြစ်တစ်ခုအနေဖြင့် ကိုးကားခြင်းအား တားမြစ်ကြောင်း မဲခွဲဆုံးဖြတ်ခဲ့ကြပြီး အချက်အလက်များ စစ်ဆေးခြင်း အားနည်းပြီး လှု့ံဆော်မှုကို အဓိကထားသောကြောင့် ရည်ညွှန်းရန်အတွက် မသင့်တော်ကြောင်း အယ်ဒီတာများက ပြောကြားခဲ့ကြသည်။ ရုရှားအစိုးရက ကျောထောက်နောက်ခံ ပြုထားသော သတင်းအဖွဲ့ဖြစ်သည့် Russia Today နှင့် Fox News ကဲ့သို့သော သတင်းရင်းမြစ်များကို ဆက်လက်ကိုးကားခွင့် ပြုထားသည့် Wikipedia က Daily Mail ကို တားမြစ်ခဲ့ခြင်းသည် ထူးထူးခြားခြား တားမြစ်မှုဖြစ်ခဲ့သည်။ Wikipedia ကို ဦးစီးပြီး အယ်ဒီတာလုပ်ငန်းအား ထိန်းချုပ်ထားခြင်း မရှိသည့် Wikipedia Foundation က Wikipedia ၏ အင်္ဂလိပ်ဘာသာဆိုင်ရာ အယ်ဒီတာများသည် ၂ဝ၁၅ ခုနှစ် အစောပိုင်းမှစပြီး Daily Mail ၏ ယုံကြည်စိတ်ချရမှုကို ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အယ်ဒီတာများ၏ တားမြစ်မှုကြောင့် အင်္ဂလိပ်ဘာသာဖြင့် Wikipedia တွင် Daily Mail ကို ရည်ညွှန်း၍ မရနိုင်တော့ဘဲ အခြားကိုးကားမှုများကို ပြောင်းလဲရည်ညွှန်း ရမည်ဖြစ်သည်။ Hillbillyholiday ဟု ထင်ရှားသည့် အယ်ဒီတာတစ်ဦးက ဇန်နဝါရီ အစောပိုင်းတွင် Daily Mail အား တားမြစ်ရန် အကြံပြုခဲ့ခြင်းဖြစ်သည်။ ယင်းအကြံပြုချက်အား ဆန့်ကျင်သူများက Daily Mail သည် ရံဖန်ရံခါတွင် စိတ်ချရပြီး သမိုင်းအရ ယင်း၏ မှတ်တမ်းများသည် ပို၍ကောင်းမွန်ကြောင်း ယုံကြည်စိတ်ချ၍ မရသော အခြားထုတ်ဝေ မှုများလည်း ရှိကြောင်း ပြောကြားခဲ့ကြသည်။ ထို့ပြင် သြဇာကြီးသည့် ထုတ်ဝေမှုများတွင် မတိကျသော သတင်းများကို ဖော်ပြနေကြောင်းလည်း ပိတ်ပင်မှုအား ဆန့်ကျင်သည့် အယ်ဒီတာများက ထောက်ပြခဲ့ကြသည်။ အကြိတ်အနယ် ဆွေးနွေးခဲ့ကြပြီးနောက် Wikipedia အယ်ဒီတာတစ်ဦးက Daily Mail ၏ ဝက်ဘ်ဆိုက်ဖြစ်သော dailymail.co.uk အပါအဝင် Daily Mail ၏ ဖော်ပြမှု အားလုံးသည် ယေဘုယျအားဖြင့် ယုံကြည်စိတ်ချ၍ မရကြောင်း အများသဘောအရ ဆုံးဖြတ်ခဲ့သည်ဟု ရေးသားခဲ့သည်။ Wikipedia က Daily Mail ကို ရည်ညွှန်းရန် ကြိုးပမ်းမှုများအား သတိပေးချက်ကိုလည်း ထုတ်ပြန်သွားမည် ဖြစ်သည်။ Wikipedia အယ်ဒီတာများသည် ၎င်းတို့၏ အွန်လိုင်းစွယ်စုံကျမ်းတွင် ရှိနေသော ရည်ညွှန်းမှု ၁၂ဝဝဝ ခန့်ကိုလည်း ပြန်လည်သုံးသပ်ပြီး အခြားရင်းမြစ်များဖြင့် အစားထိုးသွားရန် စေတနာဝန်ထမ်းများအား တောင်းဆိုထားသည်။ Wikipedia ကို ၂ဝဝ၁ ခုနှစ်တွင် ဂျင်နီဝေးနှင့် လာရီဆန်ဂျာတို့က တည်ထောင်ခဲ့ပြီး ကမ္ဘာတွင် အကျော်ကြားဆုံး ဝက်ဘ်ဆိုက်တစ်ခု ဖြစ်လာခဲ့သည်။ Ref : guardian
Source : http://ift.tt/2kSidSR
via IFTTT
Source : http://ift.tt/2kSidSR
via IFTTT
Myanmar Fire Services Department
၉.၂.၂၀၁၇ ရက်နေ့၊ ၁၈း၀၀ အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ အမှတ်(၅)ရပ်ကွက်နှင့် အမှတ် (၆)ရပ်ကွက်ကြား မီးလောင်မှုဖြစ်ပွားသဖြင့် မြင်းခြံမြိုနယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်လျှက်ရှိပါသည်။ Update ၁၈း၃၀ မီးထိန်းသည်။
Source : http://ift.tt/2luvK0i
via IFTTT
Source : http://ift.tt/2luvK0i
via IFTTT
Tuesday, February 7, 2017
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ - Unofficial
7.2.2017 9:18 PM မန္တလေး ပုသိမ်ကြီးမြို့နယ် အုန်းချောဘက် မီးလောင် Level 1 ယာဉ်အုပ်စုထွက်ခွာနေ update level2ယာဉ်အုပ်စုထွက် Level 3 ထပ်ထွက် Cd >> မူရင်းတင်သူ
Source : http://ift.tt/2ki6oS5
via IFTTT
Source : http://ift.tt/2ki6oS5
via IFTTT
Myanmar Fire Services Department
၇.၂.၂၀၁၇ ရက်နေ့၊ ၁၁း၁၅ အချိန်ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့် ၅လမ်း မီးသတင်းရသဖြင့် level1 ယာဉ်အုပ်စုများထွက်ခွာငြှိမ်းသတ်လျှက်ရှိပါသည်။
Source : http://ift.tt/2klwiqw
via IFTTT
Source : http://ift.tt/2klwiqw
via IFTTT
Friday, February 3, 2017
Eleven Media Group
NLD ပါတီဥပဒေ အထောက်အကူပြုအဖွဲ့ဝင် ဦးကိုနီ လုပ်ကြံခံရခြင်းနှင့် ပတ်သက်၍ လိုအပ်သည့်အချက်အလက်အချို့အား သဲလွန်စရှာဖွေနိုင်ရန် အကျဥ်းသားဟောင်းတစ်ဦးဖြစ်သူ ဦးအောင်စိုးအား ရန်ကုန်တိုင်းဒေသကြီး ရဲမှူးချုပ် ဦးဝင်းနိုင်က ခေါ်ယူမေးမြန်းခဲ့ကြောင်း ဖေဖော်ဝါရီ ၂ ရက်တွင် ဦးအောင်စိုး၏ ပြောကြားချက်အရ သိရသည်။ ယင်းသို့ ရန်ကုန်တိုင်းရဲမှူးချုပ် ဦးဝင်းနိုင်မှာ အကျဥ်းသားဟောင်းတစ်ဦးဖြစ်သည့် အင်းစိန်မြို့နယ်နေ ဦးအောင်စိုးကို ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီ ၂ ရက် မွန်းလွဲ ၁ နာရီခန့် တွင် ခေါ်ယူတွေ့ဆုံ မေးမြန်းခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ အဆိုပါ ရန်ကုန်တိုင်းဒေသကြီး ရဲမှူးချုပ် ဦးဝင်းနိုင်က ခေါ်ယူမေးမြန်းခဲ့သည့် အကျဥ်းသားဟောင်းတစ်ဦးဖြစ်သော ဦးအောင်စိုးဆိုသူမှာ ဦးကိုနီအား လေဆိပ်တွင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသည့် ကြည်လင်းနှင့်၂ဝ၁၆ ခုနှစ်က လူသတ်ရမည့် အလုပ်တစ်ခုကို ငွေကြေးပေးကာ ခိုင်းစေခဲ့သည့် အောင်ဝင်းဇော်တို့နှင့်အတူ ၂ဝဝ၉၊ ၂ဝ၁ဝ ပြည့်နှစ်များတွင် မန္တလေးမြို့အိုးဘိုထောင်၌ ဆုံတွေ့ခဲ့ကြကြောင်း သိရသည်။ ဦးကိုနီကို သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့သူ ကြည်လင်းမှာ အောင်ဝင်းဇော်၊ ဦးအောင်စိုးတို့နှင့် ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလတွင် နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် သုံးဦးအတူတူ အကျဥ်းထောင်ထဲမှ လွတ်မြောက်လာခြင်း ဖြစ်ကြောင်းသိရပြီး ယင်းသို့လွတ်မြောက်ပြီးနောက် နှစ်နှစ်အကြာတွင် အောင်ဝင်းဇော်က အင်းစိန်မြို့နယ်တွင် ရိုးသားစွာ လုပ်ကိုင်စားသောက်နေသည့် ဦးအောင်စိုးထံသို့ အဆင့်မြင့် ကားတစ်စီးဖြင့် လာရောက်ကာ ငွေကြေးပေးပြီး လူမျိုးခြား၊ ဘာသာခြားတစ်ဦးကို လုပ်ကြံပေးရန် ငွေကြေး အမြောက်အမြားပေးကာ ကမ်းလှမ်းခဲ့ကြောင်း ဦးအောင်စိုး၏ ပြောကြားချက်အရ သိရသည်။ ယင်းသို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်က ခေါ်ယူတွေ့ဆုံခဲ့မှုနှင့် ပတ်သက်၍ ဦးအောင်စိုးက “ဒီနေ့ ၉ နာရီခွဲလောက်မှာ ကိုဆွေဝင်း ( ဦးအောင်စိုးနှင့် ဦးကိုနီကိုလုပ်ကြံသည် ကြည်လင်းတို့ ထောင်ထဲတွင် အတူတွေ့ဆုံခဲ့ဖူးကြောင်း ဦးအောင်စိုးအား မေးမြန်းရေးသားသူ) က ကျွန်တော့်ဆီ ဖုန်းဆက်တယ်။ ရဲမှူးချုပ်က ဒီလိုပဲ ကျွန်တော်နဲ့တွေ့ချင်တယ်ပြောတယ်။ လာနိုင်မလားပေါ့။ ရဲမှူးချုပ်က ခေါ်တယ်ဆိုတော့ ဘာပဲဖြစ်ဖြစ်ပေါ့လေ။ ကျွန်တော်အနေနဲ့ စိုးရိမ်မှုတော့ရှိတာပေါ့။ ဒီလိုလူသတ်ဖို့လာ ငှားတဲ့အကြောင်း မင်းသိရဲ့သားနဲ့ ဘာလို့ သတင်းမပို့တာလဲတို့၊ ပုံစံမျိုးစုံနဲ့ ပြဿနာရှာမှာတို့၊ ခြိမ်းခြောက်တာတို့၊ ကျွန်တော့် အပြစ်တစ်ခုခုနဲ့ ထိန်းချုပ်ခံရမှာမျိုးတို့ကို ကျွန်တော်စိုးရိမ်ခဲ့တယ်” ဟု ကိုအောင်စိုးက ပြောကြားသည်။ ဆက်လက်၍ ၎င်းက “ဒါပေမဲ့ ရဲမှူးချုပ်ဆီကို တကယ်လက်တွေ့ရောက်သွားတဲ့အခါမှာကျတော့ ရဲမှူးချုပ်က ကျွန်တော်ကို ညီအစ်ကိုလို ဆက်ဆံတယ်။ ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး ဆက်ဆံတယ်။ ဖိအားပေးတဲ့စကား လုံး၊ နှိမ့်ချတဲ့စကားလုံး၊ ကိုယ်အမူအရာ၊ နှုတ်အမူအရာ ဘာတစ်ခုမှ မတွေ့ခဲ့ရဘူး။ လေဆိပ်ကနေပြီးတော့ CCTV က ထုတ်ထားတဲ့ပုံလေးတွေရှိတယ်။ အဲဒီအထဲမှာ မသင်္ကာတဲ့ လူတွေရှိတယ်။ အဲဒါတွေကို ကိုယ်သိတာလေးတွေ ပြောခဲ့ပါတယ်။ မသင်္ကာတဲ့ပုံရှိတယ်။ ဘယ်လို အတည်ပြုခဲ့သလဲဆိုရင် ပစ်ခတ်မှု ဖြစ်ပြီးနောက်ပိုင်းမှာ သူကပစ်ခတ်မှုကို သွားကြည့်တယ်။ ကြည့်ပြီးထွက်သွားတယ်။ အဲဒီ မသင်္ကာစရာ လူတစ်ယောက်။ ဝတ်စားထားပုံကလည်း ကြည်လင်း ပုံစံမျိုးပဲ။ အောက်က ဘောင်းဘီတိုနဲ့ အပေါ်က တီရှပ်နဲ့။ အဲဒီပုံကို ကျွန်တော့်ကိုပြတော့လည်း ကျွန်တော် အတိအကျ မပြောနိုင်ဘူးဖြစ်နေတယ်။ CCTV က ရိုက်တာ မှုန်နေတဲ့အတွက် ခန့်မှန်းလို့မရဘူး ဖြစ်နေတယ်” ဟု ပြောကြားသည်။ ယင်းကဲ့သို့ ရဲမှူးချုပ်က CCTV မှကူးယူရရှိသည့် ပုံများကိုပြရာတွင် အဆိုပါပုံများထဲတွင် ဦးအောင်စိုးက ဗက (အောင်ဝင်းဇော်) ဟု ခေါ်ဝေါ်သည့်သူနှင့် ဆင်တူကြောင်း၊ သို့သော်လည်း CCTV မှ ရိုက်ကူးထားခြင်းဖြစ်သည့်အတွက် အရပ်အမောင်း၊ ကိုယ်လုံးကိုယ်ပေါက်၊ ရုပ်ရည်မှာ ငယ်ရွယ်သလိုဖြစ်နေပြီး အရပ်အမောင်း၊ ကိုယ်လုံးကိုယ်ပေါက် မျက်နှာပေါက် အနည်းငယ်ဆင်တူကြောင်း၊ ရုပ်ပုံမှာ ငယ်ရွယ်သည့် ပုံပေါက်နေသည့် အတွက် အောင်ဝင်းဇော် ဟုတ်၊ မဟုတ်ကို အတည်မပြုနိုင်ကြောင်း၊ သို့သော် အောင်ဝင်းဇော်နှင့်တူသည်ဟု ရဲမှူးချုပ်ကို ပြောကြားခဲ့ကြောင်း The Daily Eleven သတင်းစာကို ပြောကြားသည်။ ထို့ပြင် ဦးအောင်စိုးက အောင်ဝင်းဇော်မှာ အကျဥ်းထောင်ထဲတွင် ရှိနေစဥ်အတွင်း အကျဥ်းထောင်အုတ်တံတိုင်းကို ကျော်ပြေးမည်ဟု တိုင်ပင်ဖူးပြီး အဆိုပါကိစ္စကို ဦးအောင်စိုးက လက်မခံခဲ့ကြောင်း၊ အောင်ဝင်းဇော်က ထိုသို့ပြုလုပ်မည်ကို တိုင်ပင်သည့်အချိန်တွင် ပြစ်ဒဏ်ကျခံနေချိန် သုံးနှစ်ကျော်ကျော်ရှိနေပြီး အကျဥ်းထောင်ကျခံနေရသည့် စုစုပေါင်းကြာချိန်မှာ ၁ဝ နှစ်ကျော်ရှိနေပြီဖြစ်သည့် အတွက် အကျဥ်းထောင်မှ လွတ်လုနီးပြီဟု ထင်သောကြောင့် ထိုကဲ့သို့ အကျဥ်းထောင်မှ ထွက်ပြေးမည်ကို လက်မခံခဲ့ကြောင်း ဆက်လက်ပြောကြားသည်။ The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည့် ဦးအောင်စိုးမှာ ၁၉၉၆ ခုနှစ်တွင် လုယက်မှုများ ကျူးလွန်ခဲ့သည့်အတွက် စုစုပေါင်းထောင်ဒဏ် ၅၈ နှစ်ချမှတ်ခံရပြီး အင်းစိန်အကျဥ်းထောင်၊ မန္တလေးအိုးဘိုအကျဥ်းထောင်၊ မြင်းခြံအကျဥ်းထောင်၊ နောင်ချိုရဲဘက်စခန်းတို့တွင် ၁၇ နှစ်ကျော် ပြစ်ဒဏ်ကျခံ ခဲ့ရပြီးနောက် ၂ဝ၁၄ ခုနှစ်တွင် နိုင်ငံတော်သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာခြင်းဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် မိသားစုနှင့်အတူ ကောင်းရောင်း ကောင်းဝယ် လုပ်ကိုင်စားသောက်လျက်ရှိကြောင်း ဦးအောင်စိုးက ပြောကြားသည်။ Writer: လူမော်နိုင်၊ မင်းသိန်းနိုင်
Source : http://ift.tt/2kvLgLE
via IFTTT
Source : http://ift.tt/2kvLgLE
via IFTTT
Thursday, February 2, 2017
Myanmar Fire Services Department
၂.၂.၂၀၁၇ ရက်နေ့၊ ၂၁း၄၀ အချိန်ခန့်တွင် မရမ်းကုန်းမြို့နယ်၊ ၆ ရပ်ကွက်၊ ဇေယျာခေမာလမ်း မီးသတင်းရသဖြင့် level2ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။
Source : http://ift.tt/2l0gkjp
via IFTTT
Source : http://ift.tt/2l0gkjp
via IFTTT
Wednesday, February 1, 2017
The Ladies News
ဦးကိုနီအား သေနတ်ဖြင့် လုပ်ကြံခဲ့မှုတွင် ပါဝင်ပတ်သက်သည်ဟု ယူဆရသူ ဦးမြင့်ဆွေကို ဖမ်းဆီးထိန်းသိမ်း --- --- --- အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီကို သေနတ်ဖြင့် လုပ်ကြံခဲ့မှုတွင် ပါဝင်ပတ်သက်သည်ဟု ယူဆရသူ ဦးမြင့်ဆွေအား ဖမ်းဆီးထိန်းသိမ်း ထားပြီးဖြစ်ကြောင်း ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှ တာဝန်ကျ အရာရှိတစ်ဦးက ဖေဖော်ဝါရီ ၁ ရက်တွင် The Ladies သို့အတည်ပြုပြောသည်။ “ဦးမြင့်ဆွေနဲ့ အပေါင်းအပါတော့ မဟုတ်ဘူး။ ဦးမြင့်ဆွေ တစ်ယောက် တည်းပါ၊ မြဝတီဘက်မှာ ဖမ်းမိတာပါ” ဟု ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှ တာဝန်ကျ ရဲအရာရှိက ယနေ့ ဖေဖောဝါရီလ ၁ ရက်နေ့ မနက် ၁၀ နာရီခွဲ အချိန်တွင် The Ladies သို့ပြောသည်။ ရဲတပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သူ ကြည်လင်းအား စစ်ဆေးထား သည့် ထွက်ဆိုချက်ဟု ယူဆထားရသည့် အမှုမှတ်တမ်း စာရွက်များမှာ ဇန်နဝါရီ ၃၁ ရက်နေ့က အွန်လိုင်းပေါ်သို့ ပျံ့နှံ့ခဲ့ပြီး အဆိုပါ စာရွက်များတွင် ထိုင်းနယ်စပ် တွင် နေထိုင်သည့် မြင့်ဆွေဆိုသူက ဦးကိုနီအား သတ်ပေးပါက ၎င်း အား ကားတစ်စီးဝယ်ပေးမည်ဟု ဆိုကာ စေခိုင်းခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ “ဦးမြင့်ဆွေဆိုတာကိုတော့ ဖမ်းမိတယ်။ ဒါပေမယ့် သူဟုတ် မဟုတ်တော့ မသိဘူး။ စစ်တာကတော့ ကျွန်တော်တို့ စစ်တာမဟုတ်ဘူး။ CID က စစ်နေတာ။ စစ်ဆေးဆဲအဆင့်မှာပဲ ရှိသေးတယ်” ဟု မြဝတီမြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိကလည်း The Ladies News သို့ အတည်ပြုပြောသည်။ ဦးမြင့်ဆွေအား မြဝတီတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သိရပြီး မည်သည့်နေ့ရက်က ဖမ်းဆီးခဲ့ခြင်းကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ ရန်ကုန်လေဆိပ် ပစ်ခတ်မှုတွင် ကျူးလွန်ခဲ့သူ ကြည်လင်းသည် ဘုရားခိုးမှုဖြင့် ထောင်ဒဏ် ၂၇ နှစ်ကျခံခဲ့ဖူးပြီး ၂၀၁၄ ခုနှစ်တွင် မန္တလေးအိုးဘိုထောင်မှ လွတ်မြောက်ခဲ့ကာ ထောင်မှ လွတ်ရန် ၁၆ နှစ်ကျန် ရှိသော်လည်း လွတ်ငြိမ်းချမ်းသာ ခွင့်ဖြင့် လွတ်မြောက် လာသူဖြစ်ကြောင်း သတင်းမီဒီယာများတွင် ဖော်ပြ ထားချက်အရ သိရသည်။ ဇော်မင်းထွန်း The Ladies News
Source : http://ift.tt/2jTOVPJ
via IFTTT
Source : http://ift.tt/2jTOVPJ
via IFTTT
Subscribe to:
Posts (Atom)