Thursday, February 23, 2017

The Voice

နဂါးလေး(ခ)အောင်နိုင်မြင့်ကို မင်းဘူးတွင် ဖမ်းမိ ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ အက်ရှင်ဇာတ်လမ်းဆန် ရဲကားများကို တိုက်ကာ ထွက်ပြေးလွတ်မြောက်ခဲ့သည့် ဒဂုံတောင် လူဆိုးခေါင်းဆောင်ဟုဆိုသူ အသက် ၃၄ နှစ်အရွယ် နဂါးလေး (ခ) အောင်နိုင်မြင့်ကို ယနေ့ ( ဖေဖော်ဝါရီလ ၂၃ ရက်) နံနက် ၈ နာရီက မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်တွင် ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ ဖမ်းမိသူ နဂါးလေး(ခ)အောင်နိုင်မြင့်မှာ ပစိဖိတ်ဓာတ်ပုံတိုက် ပိုင်ရှင်ကို ပြန်ပေးဆွဲသည့် အမှုတွင် ပါဝင်ခဲ့သူ ဖြစ်ပြီး မူးယစ်မှု၊ လုယက်မှုများဖြင့် တရားခံပြေး ကြေညာထားသူဖြစ်ကာ ဒဂုံတောင်မြို့နယ်၊ (၂၀) ရပ်ကွက်ရှိ လှော်ကားလမ်းနှင့် ဥဿဖုရားလမ်းဆုံတွင် ရဲတပ်ဖွဲ့က ၎င်းမောင်းလာသည့် X-TRAIL အမျိုးအစား ခဲရောင်ယာဉ်ကို ပိတ်ဆို့ဖမ်းဆီးစဉ် ရဲကားများကို တိုက်ပြေးကာ ထွက်ပြေးလွတ်မြောက်ခဲ့သူ ဖြစ်သည်။ “မင်းဘူးက သူ့ဇနီးရဲ့ ဆွေမျိုးတော်စပ်သူ နေအိမ်မှာ နဂါးလေးကို ဖမ်းမိခဲ့တာပါ၊ ဒီနေ့ပဲ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ကို ပြန်လွှဲအပ်ဖို့ စီစဉ်နေတယ်” ဟု မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဆိုသည်။ ဒဂုံတောင်တွင် သေနတ်ဖြင့် ပစ်ဖမ်းခဲ့ရသည့် နဂါးလေး (ခ) အောင်နိုင်မြင့်မှာ လွန်ခဲ့သည့် ၁၀ နှစ်ခန့်က ဓားများ ကိုင်ဆောင်မှုကြောင့် ပုဒ်မ ၁၉(င) ဖြင့် ထောင်ဒဏ်တစ်နှစ် ကျခဲ့သူဖြစ်ပြီး ၎င်းမှာ တာမွေနှင့် မင်္ဂလာတောင်ညွန့် မြို့နယ်တို့ရှိ နိုက်ကလပ်များတွင် လူဆိုးလူမိုက် လောကသားတို့ကြား သြဇာအာဏာ လွှမ်းမိုးသူတစ်ဦး ဖြစ်ကြောင်း လူမိုက်အသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ စုံစမ်းသိရသည်။
Source : https://goo.gl/ieZA6X
via IFTTT

No comments:

Post a Comment