၁.ရန်ကုန်တိုင်းဒေသကြီးအတွင်းနေထိုင်သော မီးသုံးသူပြည်သူများ ဓာတ်လိုက်မှုအန္တရာယ်ကင်းဝေးစေရေးအတွက် ဓာတ်အားခွဲရုံများထိန်းသိမ်းပြုပြင်ခြင်း၊ရှုပ်ထွေးService ဝါယာကြိုးများရှင်းလင်းခြင်း၊လျှပ်စစ်အန္တရာယ်လုံခြုံစိတ်ချရသော လျှပ်ကာဓာတ်အားလိုင်းကြိုးများဖြင့် လဲလှယ်တည်ဆောက်ခြင်း၊လျှပ်စစ်ဓာတ်ကြိုးများနှင့်မလွတ်ကင်းသောသစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို `ပြည်သူပါဝင်သော လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းစီမံချက်´ အနေဖြင့့်ယခုအပတ်၌(၁၄.၂.၂၀၁၇) ရက်နေ့(အင်္ဂါ နေ့)နှင့်(၁၆.၂.၂၀၁၇) ရက်နေ့(ကြာသပတေးနေ့)တွင်ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှလုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ၂. (၁၄.၂.၂၀၁၇)၇က်နေ့(အင်္ဂါနေ့)တွင် ဒဂုံအရှေ့၊တောင်ဥက္ကလာ၊ရန်ကင်း၊ပုဇွန်တောင်၊ဗိုလ်တထောင်၊ဆိပ်ကမ်း၊ကမာရွတ်၊ဗဟန်း၊စမ်းချောင်း၊လှိုင်၊မရမ်းကုန်း၊အလုံ၊ကြည့်မြင်တိုင်၊လမ်းမတော်၊ဒဂုံ၊ဒလ၊ခရမ်း၊သုံးခွ၊ကော့မှူး၊ကွမ်းခြံကုန်း၊သန်လျင်၊ကျောက်တန်း၊ဆိပ်ကြီးခနောင်တို၊လှိုင်သာယာ၊ရွှေပြည်သာ၊ရွှေလင်ပန်း၊အင်းစိန်၊မင်္ဂလာဒုံ၊ထောက်ကြန့်၊လှည်းကူး၊ဒါးပိန်၊ဖောင်ကြီး၊မှော်ဘီ၊တိုက်ကြီး၊ဥက္ကံ၊အင်းတိုင်၊အဖျောက်၊မြောင်းတကာ၊ထန်းတပင်မြို့နယ်များ၊ရပ်ကွက်အချို့၊CNG ဆိုင်အချို့နှင့်စက်မှုဇုန်အချို့တို့တွငိ(၁၂းဝဝ) နာရီ မှ(၁၄းဝဝ) နာရီ အတွင်းယာယီဓာတ်အားပြတ်တောက်မှုများရှိမည်ဖြစ်ပါသည်။ ၃.(၁၆.၂.၂၀၁၇)ရက်နေ့(ကြာသပတေးနေ့) တွင် ဒဂုံအရှေ့၊ဒဂုံမြောက်၊ဒဂုံတောင်၊သင်္ဃန်းကျွန်း၊ပုဇွန်တောင်၊ဗိုလ်တထောင်၊မင်္ဂလာတောင်ညွန့်၊ကမာရွတ်၊ပန်းဘဲတန်း၊ဗဟန်း၊မရမ်းကုန်း၊သန်လျင်၊ကျောက်တန်း၊ဒလ၊တွံတေး၊ကော့မှူး၊ကွမ်းခြံကုန်း၊ခရမ်း၊သုံးခွ၊လှိုင်သာယာ၊ရွှေပြည်သာ၊အင်းစိန်၊မင်္ဂလာဒုံ၊ထောက်ကြန့်၊မှော်ဘီ၊လှည်းကူး၊တိုက်ကြီး၊ရွှေလင်ဗန်း၊မြောင်းတကာ၊ဥက္ကံ၊အင်းတိုင်မြို့နယ်များ၏ ရပ်ကွက်အချို့၊CNGဆိုင်အချို့နှင့်စက်မှုဇုန်အချို့တို့တွင်(၁၂းဝဝ) နာရီ မှ(၁၄းဝဝ) နာရီ အတွင်းအချိန်ပိုင်းဓာတ်အားပြတ်တောက်မှုများရှိမည်ဖြစ်ပါသည်။ ၄.ယခုပန်ကြားလွှာ၌ဖော်ပြပါရှိသောမြို့နယ်များ၏ ရပ်ကွက်အချို့၊နေရာအချို့တို့တွင်သာ အချိန်ပိုင်းဓာတ်အားပြတ်တောက်မည်ဖြစ်ပြီး၊မြို့နယ်တစ်မြို့နယ်လုံး လျှပ်စစ်မီးပြတ်တောက်မှုမျိုးမဟုတ်ပါကြောင်းနှင့်ပြည်သူများလျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက်အလေးထားဆောင်ရွက်ရသည့်လုပ်ငန်းဖြစ်ပါသဖြင့် ယာယီဓာတ်အားပြတ်တောက်မှုကြောင့် လူမှုရေးအခက်အခဲများပေါ်ပေါက်နိုင်မှုအပေါ်နားလည်ခွင့်လွှတ်ပေးပါရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အများပြည်သူများထံသို့လေးစားစွာအသိပေးပန်ကြားအပ်ပါသည်၊
Source : http://ift.tt/2kJxWCH
via IFTTT
No comments:
Post a Comment