Monday, February 20, 2017

Eleven Media Group

ကျောက်တံတားမြို့နယ် ဆူးလေဘုရားလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့် Sakura တာဝါအနီး မီးပွိုင့်တွင် ယာဥ်ခြောက်စီးဆင့်တိုက်မှု ဖေဖော်ဝါရီ ၂ဝ ရက် မွန်းလွဲ ၁၂ နာရီခွဲကျော်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ “ဖြစ်တာက ၁၂ နာရီခွဲကျော်ကျော် လောက်မှာဖြစ်တာပါ။ အုတ်၊ သဲကျောက် ကားတစ်စီးက ဘရိတ်ပေါက်ပြီး ရှေ့ကကား ငါးစီးကို ဝင်တိုက်တာပါ” ဟု အဆိုပါဖြစ်စဥ်အား မျက်မြင်တွေ့ရှိခဲ့သူ တစ်ဦးက ပြောကြားသည်။ ကျောက်တံတားမြို့နယ် ဆူးလေဘုရားလမ်းအတိုင်း ဆိပ်ကမ်းဘက်သို့ မောင်းနှင်လာသော အဆိုပါ အုတ်၊ သဲ ကျောက် တင်ယာဥ်သည် ဆူးလေဘုရားလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့် ဆာကူရာတာဝါအနီးရှိ မီးပွိုင့်အရောက်တွင် ဘရိတ်ပေါက်ကာ အရှေ့ရှိ Probox ယာဥ် အားတိုက်မိခဲ့ပြီး Probox ယာဥ်မှတစ်ဆင့် အရှေ့ရှိ Light Truck ယာဥ်အား ဝင်တိုက်မိခဲ့ကြောင်း၊ Light Truck ယာဥ်မှတစ်ဆင့် အရှေ့ရှိ Mark II ယာဥ်အား ဝင်တိုက်ခဲ့ကြောင်း၊ Mark II ယာဥ်မှတစ်ဆင့် အရှေ့ရှိ Toyota Crown အားဝင်တိုက်မိခဲ့ကြောင်း၊ အဆိုပါ Toyota Crown မှတစ်ဆင့် အရှေ့ရှိ အငှားယာဥ်အား အဆင့်ဆင့် ဝင်တိုက်မိခဲ့ကြောင်း သိရသည်။ အဆိုပါ ယာဥ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း၊ ယာဥ်တိုက်မှုကြောင့် အဆိုပါ ဆူးလေဘုရားလမ်းတွင် ယာဥ်ကြောပိတ်ဆို့မှု အချိန်တန်ကြာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ “အုတ်/သဲကျောက်ယာဥ်က ဘရိတ်ပေါက်ပြီး၊ ဝင်တိုက်တာပါ။ ယာဥ်မောင်းတွေ အကုန်လုံးကို စစ်ဆေးနေပါတယ်။ အုတ်၊ သဲကျောက်ယာဥ်မောင်းကလည်း ထွက်မပြေး ပါဘူး။ အားလုံး ယာဥ်ခြောက်စီး ဆင့်တိုက် တာပါ” ဟု အဆိုပါ ဖြစ်စဥ်နှင့်ပတ်သက်၍ တာဝန်ကျ ယာဥ်ထိန်းရဲတစ်ဦးက ပြောကြားသည်။ Writer: အောင်ထက်ခိုင်
Source : http://ift.tt/2lyQt5h
via IFTTT

No comments:

Post a Comment