Thursday, February 23, 2017

မြန်မာစက်မှုဆိပ်ကမ်းမှ ကိုကင်းပါသော ကွန်တိန်နာကို သကြားတင်သွင်းသည့် ပြည်တွင်းကုမ္ပဏီက ထု

မြန်မာစက်မှုဆိပ်ကမ်း ဝင်းသို့ ရောက်ရှိလာသည့် ကိုကင်းများပါသော ပေ ၂၀ ကွန်တိန်နာ ပုံးကို ပြည်တွင်းရှိ သကြားတင် သွင်းသည့်ကုမ္ပဏီတစ်ခုက ထုတ် ယူခဲ့ကြောင်း သတင်းရရှိသည်။ အလုံမြို့နယ် မြန်မာစက်မှု ဆိပ်ကမ်းသို့ ဖေဖော်ဝါရီ ၁၁ ရက်က စင်ကာပူနိုင်ငံမှ ရေကြောင်း ခရီးစဉ်ဖြင့် ရောက်ရှိလာသည့် ကွန်တိန်နာပုံးကို ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြည်တွင်းရှိ သကြားတင်သွင်းသော ကုမ္ပဏီတစ်ခုက လာ ရောက်ထုတ်ယူသွားကြောင်း မြန်မာစက်မှုဆိပ်ကမ်းမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ ‘‘ကွန်တိန်နာ ပိုင်ရှင်တွေ ထုတ်သွားပြီးအပြင်ရောက်တော့ မှ ကိုကင်းတွေကို တွေ့တာ။ ထုတ်သွားတဲ့ ကုမ္ပဏီနာမည်ကိုတော့ ပြောပြလို့မရပါဘူး။ ကျွန်တော်တို့ ဆိပ်ကမ်းဘက်က ရောက်လာတဲ့ကွန်တိန်နာတွေကို ထိန်းသိမ်းပေး ရုံပါ။ ဖွင့်စစ်လို့မရပါဘူး။ ကျန်တဲ့ ကိစ္စတွေလည်း မသိပါဘူး’’ဟု ၎င်းက ဆိုသည်။ စင်ကာပူနိုင်ငံမှ ရေကြောင်း ဖြင့် ဝင်ရောက်လာသည့် ပေ ၂၀ ကွန်တိန်နာပုံးအတွင်း၌ ကိုကင်း၂၅၀ ကီလို(ဘိလပ်မြေအိတ်ငါး အိတ်စာ) တွေ့ရှိခဲ့ပြီး မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ် ဖွဲ့က ပိုင်ရှင်နှင့် အသေးစိတ်အ ချက်အလက်များကို အမှုဖွင့်စစ် ဆေးလျက်ရှိကြောင်း ရန်ကုန် တိုင်းဒေသကြီး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ အဆင့်မြင့်ရဲအရာရှိတစ်ဦးက ပြော ကြားသည်။ ‘‘အခု ကွန်တိန်နာထဲက ကို ကင်းတွေကို မူးယစ်ပြတိုက်မှာ ထားပြီး စစ်ဆေးနေပါတယ်။ အမှုလည်း ဖွင့်ထားပါတယ်။ ပြည်ပ နိုင်ငံတွေက မူးယစ်တပ်ဖွဲ့တွေနဲ့ လည်း ပူးပေါင်းစစ်ဆေးနေပါ တယ်။ အခုက စစ်ဆေးဆဲကာလ မို့လို့ ကျန်တာတော့ မပြောနိုင် သေးပါဘူး’’ဟု ၎င်းက ဆိုသည်။ ကွန်တိန်နာပုံးအတွင်း တွေ့ရှိခဲ့သည့် ကိုကင်းအမျိုးအစား မူးယစ်ဆေးကို ကိုလံဘီယာနှင့် ဗင်နီဇွဲလား နိုင်ငံတို့တွင် ထုတ်လုပ်လျက်ရှိပြီး လက်တင်အမေရိက နိုင်ငံများ၌ တွင်တွင်ကျယ်ကျယ်အသုံးပြုကာ တရုတ်နိုင်ငံသို့လည်း တင်ပို့သည့် လမ်းကြောင်း ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ကိုကင်းအမျိုးအစားမူးယစ်ဆေးကို သုံးစွဲမှုနည်းပါးပြီး ယခုကဲ့သို့ အများအပြားဖမ်းမိခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ 7Day Daily သတင်းစာ၌ ကနဦးတွင် ရန်ကုန်ရှိ ဆိပ်ကမ်း တစ်ခုသို့ အာဖရိကတိုက်ရှိ နိုင်ငံ တစ်နိုင်ငံမှ ပို့လိုက်သော တန်ချိန် ၄၀ ကျော်ရှိ ကိုကင်းများ ထည့် သွင်းထားသော ကွန်တိန်နာတစ် လုံး လိပ်စာမှား ရောက်ရှိခဲ့ ကြောင်း ဖေဖော်ဝါရီ ၂၂ ရက် ထုတ် သတင်းစာတွင် ဖော်ပြခဲ့ သည်။ အဆိုပါသတင်းဖော်ပြပြီး နောက်ဆက်တွဲအဖြစ် တာဝန်ရှိ သူများကို ထပ်မံမေးမြန်းရာ မြန် မာစက်မှုဆိပ်ကမ်းသို့ ရောက်ရှိ လာသော ကိုကင်း ၂၅၀ ကီလိုဂရမ်ကို သကြားတင်သွင်းသော ကုမ္ပဏီတစ်ခုက လာရောက်ထုတ်ယူခြင်းဖြစ်ကြောင်း ဖြေကြားသည်။
Source : http://ift.tt/2l2giXO
via IFTTT

No comments:

Post a Comment