ဇင်ကျန်းဒေသမှာ ဓါးကိုင် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ၈ ဦးသေ၊ ၁၀ ဦးဒဏ်ရာရ မွတ်ဆလင် လူများစုနေထိုင်တဲ့ တရုတ်နိုင်ငံ ဇင်ကျန်းဒေသမှာ ဓါးကိုင်အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု ဒီကနေ့ ဖြစ်ပွားခဲ့တာကြောင့် လူ ၈ ဦး သေဆုံးခဲ့ရပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ လူအုပ်တစ်ခုအတွင်း ဓါးနဲ့ဝင်ရောက် အကြမ်းဖက်တိုက်ခိုက်ခဲ့သူကို ရဲက ပစ်ခတ်နှိမ်နင်းခဲ့ရပြီး၊ တိုက်ခိုက်မှု ဖြစ်စဉ်ကို အသေးစိတ် စုံစမ်းနေဆဲလို့ သိရပါတယ်။ ၂၀၁၄ ခုနှစ်၊ မတ်လကလည်း တရုတ်နိုင်ငံအနောက်ပိုင်း ယူနန်ပြည်နယ် ကူမင်းမြို့က မီးရထားဘူတာရုံမှာ အလားတူ ဓါးကိုင် အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့တာကြောင့် လူ ၃၁ ဦး သေဆုံးခဲ့ရပါတယ်။ အဲဒီတိုက်ခိုက်ခဲ့သူတွေဟာ ဇင်ကျန်းပြည်နယ်က မွတ်ဆလင် ခွဲထွက်ရေးလှုပ်ရှားသူတွေ ဖြစ်ပြီး၊ အမေရိကန်ပြည်ထောင်စုမှာ ဖြစ်ပွားခဲ့တဲ့ စက်တင်ဘာ ၁၁ အကြမ်းဖက်မှုပုံစံ တိုက်ခိုက်ခံရတာ ဖြစ်တယ်လို့ တရုတ်အစိုးရက ကြေညာခဲ့ပါတယ်။
Source : http://ift.tt/2ljtdIA
via IFTTT
No comments:
Post a Comment