အသက်မပြည့် မိန်းကလေးများကို နိုင်ငံခြားသားများနှင့် လိင်ပျော်ပါး ခိုင်းသူကို ထောင်ဒဏ် ၁၅ နှစ်ချ ================================ နိုင်ငံခြားသားများနဲ့ လိင်ပျော်ပါးဖို့ အတွက် အသက် မပြည့်သေးတဲ့ မိန်းကလေးငယ်အချို့ကို စေခိုင်းခဲ့တဲ့ အမျိုးသမီးကို ဒီကနေ့ ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံးကနေ လူကုန်ကူးမှု ဥပဒေ ပုဒ်မ ၂၄ အရ အလုပ်နဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ် လိုက်ပါတယ်။ အသက် ၁၃ နှစ်သာ ရှိသေးတဲ့ မိန်းကလေး တဦး အပါအဝင် မိန်းကလေး ၅ ဦးကို ရန်ကုန်မြို့ရှိ ညကလပ် များကို လာရောက် လည်ပတ်တဲ့ (တရုတ်၊ ဂျပန်၊ ကိုရီးယား စတဲ့) နိုင်ငံခြားသားများ ထံ ပြည့်တန်ဆာ အဖြစ် ခိုင်းစေခဲ့တဲ့ အသက် ၅၂ နှစ်အရွယ်ရှိ မဝေ (ခ) ဝေဝေဦး ကို လူကုန်ကူးမှုဖြင့် တောင်ဥက္ကလာပ ရဲစခန်းမှာ တရားလို ဒုရဲမှူးဝင်းနိုင်ဦး က ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလက အမှုဖွင့် အရေးယူထားတာပါ။ ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် အမှတ် (၅) ရပ်ကွက်နေ မဝေဝေဦးဟာ အသက် ၁၃ နှစ်အရွယ် မိန်းကလေး တစ်ဦ အပါအဝင် မိန်းကလေး ၅ ဦးကို ၎င်း၏ နေအိမ်မှာ ထားပြီး ညဘက်တွင် သိမ်ကြီးဈေးရှိ အင်ပါယာ နိုက်ကလပ်ကို ပို့ဆောင်ကာ ကလပ်ကို လာရောက်တဲ့ နိုင်ငံခြားသားများက ပျော်ပါးလိုကြောင်း ပြောရင် ဟိုတယ်၊ မိုတယ်များသို့ ပို့ကာ တဦးကို ငွေကျပ် ၈၀၀၀၀ ယူကာ မိန်းကလေးများကို ပြည့်တန်ဆာ အဖြစ် စေခိုင်းခဲ့တာပါ။ အမည်မဖော်လိုသူ နိုင်ငံခြားသား တဦးက SAVE THE CHILDREN ကို သတင်းပေးတာကြောင့် စုံစမ်း စစ်ဆေးရာ တရားခံနဲ့ ခိုင်းစေခံရသူ မိန်းကလေးများကို တရားခံရဲ့ နေအိမ်မှာပဲ ဖမ်းဆီးနိုင်ခဲ့တာပါ။ ရဲတပ်ဖွဲ့ရဲ့ ပြောကြားမှုအရ ပြည့်တန်ဆာ အဖြစ် ခိုင်းစေ ခံရတဲ့ မိန်းကလေးတွေဟာ လှိုင်သာယာ၊ တောင်ဒဂုံ၊ ဒလ၊ ကွမ်းခြံကုန်း၊ ဒဂုံတောင် စတဲ့ မြို့နယ်တွေက ဖြစ်ပါတယ်။ http://ift.tt/2lrX7ak
Source : http://ift.tt/2lrX7ak
via IFTTT
No comments:
Post a Comment