အမေရိကမှာ လူနှစ်သိန်းနီးပါး အရေးပေါ် နေရာရွှေ့ပြောင်း ဖေဖော်ဝါရီ - ၁၄၊ ၂၀၁၇ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား မြောက်ပိုင်းမှာ ဆည်ကျိုးပေါက်နိုင်တဲ့ အခြေအနေကြောင့် လူပေါင်း ၁၉၀၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ အမြန်ဆုံး ရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက သတိပေး တိုက်တွန်းထားကြောင်း သိရပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အမေရိကန်ရဲ့ အမြင့်ဆုံး ဆည်ကြီးဖြစ်တဲ့ အော်ရိုဗီးလ် ဆည်ကြီးထဲမှာ သိုလှောင်ထားတဲ့ ရေပမာဏက စိုးရိမ်အမှတ်ကို ကျော်လွန်သွားခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၂ ရက်မှာ ဆည်ရဲ့ ရေပိုလွှဲစနစ်က မနိုင်နင်းဖြစ်ပြီး ဆည်ရေတိုးလာတဲ့အတွက် အောက်ပိုင်းဒေသတွေမှာ နေထိုင်သူတွေကို ရွှေ့ပြောင်းကြဖို့ သတိပေးချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ တကယ်လို့ ဆည်ကျိုးပေါက်တာ ဒါမှမဟုတ် ဆည်ရေတွေ ဖောက်ချတာတွေ ဖြစ်လာရင် ဖယ်သာမြစ်ကြောင်း နဲ့ ပတ်ဝန်ကျင်ဧရိယာတွေကို ချက်ချင်း ရေဖုံးသွားနိုင်ကြောင်း သတင်းတွေက ဆိုပါတယ်။
Source : http://ift.tt/2kNIpNm
via IFTTT
No comments:
Post a Comment