Wednesday, February 22, 2017


ဆုကြေးငွေကျပ်သိန်းတစ်သောင်းပေးမည့် ကျပ်ငါးရာတန် ထီလက်မှတ်များကို ကိုယ်စားလှယ်များထံ စတင်ဖြန့်ဝေ ========================== ========================== ကျပ် ၅၀၀ တန်အောင် ဘာလေ ထီလက်မှတ်များကို ကိုယ်စားလှယ်များထံသို့ စတင်ဖြန့်ဝေနေကြောင်း သတင်းရရှိသည်။ မတ်လ ၁ ရက်တွင် စတင် ရောင်းချမည့် ကျပ် ၅၀၀ တန် အောင်ဘာလေထီကို ဖေဖော်ဝါရီ ၂၁ ရက်ကစတင်၍ ပြန်လည် ရောင်းချမည့် ကိုယ်စားလှယ်များ ထံ စတင်ဖြန့်ဝေနေကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ‘‘နယ်တွေကိုတော့ လေ ယာဉ်နဲ့ပို့လိုက်ပြီ။ ရန်ကုန်မှာ တော့ မြို့နယ်အလိုက် ကိုယ်စား လှယ်တွေကို ရက်သတ်မှတ်ပြီး ထီလက်မှတ်တွေ ထုတ်ပေးနေ တာဖြစ်ပါတယ်’’ဟု ၎င်းက ပြော သည်။ အဆိုပါ ကျပ် ၅၀၀ တန် အောင်ဘာလေထီသည် အမြင့် ဆုံး ဆုငွေကျပ်သိန်းတစ်သောင်း ပေးမည်ဖြစ်၍ ထီကံစမ်းမည့်သူ များ စိတ်ဝင်စားမှု မြင့်တက်လျက်ရှိသည်။ ပထမဆုံး စတင်ရောင်းချ မည့် ကျပ် ၅၀၀ တန်ထီလက်မှတ် တွင် လွတ်လပ်ရေးကျောက်တိုင် နှင့် ရန်ကုန်မြို့တော်ခန်းမသရုပ်ဖော်ပုံတို့ဖြင့် ဒီဇိုင်းရိုက်နှိပ်ထားပြီး ထီလက်မှတ်အရွယ်အစားကလက်ရှိရောင်းချနေသော ကျပ် ၂၀၀ တန် ထီလက်မှတ်ထက် အနည်းငယ်ကြီးသည်။ ကျပ် ၅၀၀ တန်ထီ စတင်ရောင်းချမည့်လကစ၍ ကျပ် ၂၀၀ တန် ထီလက် မှတ်များကို အက္ခရာသုံးလုံးဖြင့်သာ လျှော့ချရိုက်နှိပ်ကာ သုံးလသာ ဆက်လက်ဖွင့်လှစ်ပေးမည်ဖြစ်ရာ မေလအကုန်တွင် ကျပ်ငါးရာတန် ထီလက်မှတ်အမျိုးအစားတစ်ခုတည်းသာ ရောင်းချသွားတော့မည်ဖြစ်သည်။ အသစ်ရောင်းချမည့် ထီလက်မှတ်ပုံစံ လက်ရှိတွင် ကျပ် ၅၀၀ တန် ထီရောင်းချရန် လျှောက်လွှာ ပေါင်း (လျှောက်ထားသည့် ကိုယ် စားလှယ်ဦးရေ)သည် တစ် သောင်းခန့်ရှိပြီး ထီစာအုပ်ပေါင်း သိန်း တစ်ရာငါးဆယ်ခန့်၊ ထီ လက်မှတ်ပေါင်း သိန်းတစ်ထောင့်ခြောက်ရာခန့် ဖြန့်ဝေပေးမည်ဖြစ် ကြောင်း အောင်ဘာလေသိန်းဆုဌာနက သတင်းထုတ်ပြန်ထား သည်။ အောင်ဘာလေသိန်းဆုဌာန သည် ကျပ် ၅၀၀ တန် ထီကို အက္ခရာ ၅၂ လုံးထုတ်လုပ်မည် ဖြစ်ပြီး ကိုယ်စားလှယ် ရောင်းချ မည့်သူများကို အက္ခရာအလုံးရေ ၃၀ အချိုးကျ ခွဲဝေရောင်းချ၍ အက္ခရာ ၂၂ လုံးကို အရန်ထီအ ဖြစ် ထားရှိမည်ဟုဆိုသည်။ ယခုအခါတွင် ထီကိုယ်စား လှယ်များ၏ တောင်းဆိုမှုကြောင့် အရန်ထီစောင်ရေ အချို့ကိုပါ ရောင်းချရန် လျှောက်လွှာများ ထပ်မံခေါ်ယူထားကြောင်း သ တင်းရရှိသည်။ ထီကိုယ်စားလှယ်များကို လက်ရှိဖြန့်ဝေပေးနေသည့် ထီ လက်မှတ်များတွင် ထီလက်မှတ် အကြိမ်နံပါတ်ကိုရိုက်နှိပ်ထားပြီး အရန်ထီလက်မှတ်တွင် အကြိမ် သတ်မှတ်ချက် မထည့်သွင်းထား ကြောင်း တာဝန်ရှိသူက ဆိုသည်။ အရန်ထီများမှာ ပြင်ပထီ စျေးကွက်တွင် ထီလက်မှတ်စျေး နှုန်းကြီးမြင့်မှုဖြစ်ပေါ်ပါက ယင်း စျေးကွက်အတွင်း ဖြည့်ဆည်း ရောင်းချ၍ စျေးထိန်းညှိနှိုင်းထား ရှိခြင်းဖြစ်ကြောင်း ပြည်တွင်းအ ခွန်များဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးမင်းထွဋ်က ဆိုသည်။ အစပိုင်းတွင် အကြိမ်ရေ ဖော်ပြထားသော ထီလက်မှတ် များ ရောင်းချစေမည်ဖြစ်ပြီးအရန် ထီလက်မှတ်ဖြန့်ဝေရောင်းချမည် ဆိုပါက အများပြည်သူသိနိုင်စေ ရန် နိုင်ငံပိုင်သတင်းစာများမှတစ် ဆင့် ကြိုတင်အသိပေးမည်ဟု သတင်းရရှိသည်။ အဆိုပါ ကျပ် ၅၀၀ တန် ထီ လက်မှတ်များကို သတ်မှတ်စျေး ထက် ပို၍ ရောင်းချပါက အမည် ပျက်စာရင်းအဖြစ် သတ်မှတ်ကာ လစဉ်ထီစာအုပ်ဝယ်ယူခွင့်ရုပ် သိမ်းခြင်း၊ ပေးသွင်းထားသည့် အာမခံငွေကို နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းယူခြင်းခံရမည်ဖြစ် ကြောင်း အောင်ဘာလေသိန်းဆု ဌာနခွဲက သတိပေးကြေညာ သည်။ ============= 7Day News Journal http://ift.tt/2l62JaI
Source : http://ift.tt/2l62JaI
via IFTTT

No comments:

Post a Comment