Tuesday, February 14, 2017


မောင်တောခရိုင် ရဲစခန်းတိုက်ခိုက်မှုတွင် ပါ၀င်သူ တစ်ဦးအား သေဒဏ် ချမှတ် --- --- --- မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ် အတွင်း နယ်ခြားစောင့် ရဲကင်းစခန်းများအား အကြမ်းဖက် စီးနင်းတိုက်ခိုက်မှုတွင် ဦးဆောင်ခဲ့သည့် မာမက်နူ(ခ) အူလာ အသက်၂၃ နှစ်ကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စစ်တွေမြို့တရားရုံးမှ သေဒဏ်ချမှတ် လိုက်ကြောင်း သိရသည်။ မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်တို့တွင် ၂၀၁၆ ခု အောက်တို ဘာလ ၉ရက်နေ့က နယ်ခြားစောင့် ရဲဌာနချုပ်ကို ဝင်ရောက် တိုက်ခိုက်စဉ်တွင် ရဲအရာရှိနှင့် ရဲတပ်ဖွဲ့ဝင်များအား သတ်ဖြတ်ခဲ့သည့် အဖွဲ့အား ဦးဆောင်ခဲ့သူ မာမက်နူ(ခ) အူလာသည် မောင်တောမြို့ နယ်၊ ကျောက်ပြင်ဆိပ်ကျေးရွာတွင် နေထိုင်သူတစ်ဦးဖြစ်သည်။ ၎င်းကို နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး မာမက်နူ(ခ)အူလာကို ပုဒ် ၃၀၂ (၁) (ဂ) ပြစ်ဒဏ်ချ မှတ်ခဲ့ခြင်း ဖြစ်သည်။ ပုဒ်မ ၃၃၃/၃၄၊ လက်နက်ဥပဒေပုဒ်မ၂ (၁) (က)၊ ပြည်သူပိုင်ဥပဒေပုဒ်မ ၆ (၁)၊ မတရားအသင်း ဆက်သွယ်မှုဥပဒေ ပုဒ်မ၁၇ (၁) တို့ဖြင့်လည်း စွဲဆိုထားကြောင်း သိရသည်။ တရားစွဲဆိုထားသည့် တိုက်ခိုက်သူ ၁၄ ဦးထဲတွင် တစ်ဦးကိုသာ ပြစ်ဒဏ်ချမှတ် နိုင်သေးပြီး ကျန် ၁၃ ဦးကိုမူ စစ်ဆေးမှုများ ဆက်လက်ပြုလုပ်လျက် ရှိကြောင်း သိရသည်။ ဇော်မင်းထွန်း The Ladies News http://ift.tt/2l9DSpJ
Source : http://ift.tt/2l9DSpJ
via IFTTT

No comments:

Post a Comment