Sunday, February 19, 2017

7Day News Journal

ဇွဲကပင်တောင် အမြင့် ဆုံးနေရာမှ နိုင်ငံခြားသားတစ်ဦး ပြုတ်ကျသေဆုံးခဲ့ပြီး မည်သည့် နိုင်ငံသားဖြစ်သည်ကို မသိရသေး ကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့ မှူးရုံးမှ သတင်းရရှိသည်။ ပေပေါင်း ၂,၇၃ဝ ကျော်မြင့် သည့် ဇွဲကပင်တောင်၏အမြင့်ဆုံး တွင် တည်ထားသော ဓမ္မစေတီ နေရာမှ ဖေဖော်ဝါရီ ၁၇ ရက် ည ၈ နာရီခန့်က နိုင်ငံခြားသားတစ်ဦး ပြုတ်ကျခဲ့ရာ ဖေဖော်ဝါရီ ၁၈ ရက် မွန်းလွဲ ၁ နာရီခန့်၌ သေဆုံးလျက် ပြန်တွေ့ခဲ့ကြောင်း ကရင်ပြည် နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည် လင်းက ပြောသည်။ ‘‘တောင်ရဲ့ သုံးပုံတစ်ပုံ လောက်ကနေ ပြန်တွေ့တာ။ တွေ့တာက မီးသတ်တပ်ဖွဲ့က တွေ့တာ။ သူ့နားမှာ ဘာမှမတွေ့ လို့ ဘာအထောက်အထားမှ မရ သေးဘူး။ ဒါကြောင့် ဘယ်နိုင်ငံ သားမှန်းလည်း မသိရသေးဘူး။ အထောက်အထားရအောင် ရှာ နေတယ်။ နောက်ပြီး ပြုတ်ကျသွားတဲ့ နေရာကနေ ပြန်သယ်ဖို့ လုပ် နေတယ်’’ဟု ရဲမှူးကြီးကြည်လင်း ကပြောသည်။ သေဆုံးသည့် နိုင်ငံခြားသား သည် အသက်(၂၅)နှစ်မှ (၃ဝ) နှစ်ကြားရှိမည်ဟု ခန့်မှန်းထားပြီး ဦးနှောက်ပွင့်သွားကြောင်း ရဲတပ် ဖွဲ့နှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ မှ သတင်းရရှိသည်။ အဆိုပါ နိုင်ငံခြားသား၏ ရုပ်အလောင်းကို ပြန်တွေ့သည့်နေရာမှာ တောင်၏အပေါ်ဘက်မှ တိုင်းတာလျှင် သုံး ပုံတစ်ပုံခန့်အကွာတွင်ရှိ၍ ပေ တစ်ထောင်ခန့်သို့ ပြုတ်ကျခဲ့ခြင်း ဖြစ်သည်။ လတ်တလောတွင်ရုပ်အလောင်းကို ပြန်လည်သယ်ဆောင်နိုင်ရန် ကြိုးစားနေပြီး စစ်ဆေးပြီးမှသာ အသေးစိတ် သိရှိ ရမည်ဖြစ်ကြောင်း ရဲမှူးကြီး ကြည်လင်းကပြောသည်။ ဇွဲကပင်ဂေါပကအဖွဲ့ ပြန် ကြားရေးအဖွဲ့ဝင်တစ်ဦးက ဇွဲကပင်တောင်ထိပ်ရှိ ဓမ္မစေတီ၏ တောင်စောင်းအောက် တည့် တည့်တွင် ချောက်ကမ်းပါးသာ ရှိကြောင်းပြောသည်။ ကယ်ဆယ် ရေးအဖွဲ့အနေဖြင့် နိုင်ငံခြားသား ၏ရုပ်အလောင်းကို ခက်ခက်ခဲခဲ ပြန်သယ်ရမည်ဟုပြောသည်။ ၂ဝ၁၅ ဒီဇင်ဘာ ၂၄ ရက်က လည်း အသက်(၇၆)နှစ်အရွယ်ရှိ ဂျာမနီနိုင်ငံသားတစ်ဦး ဇွဲကပင် တောင်ပေါ်မှ ပြန်အဆင်းတွင် ပြုတ်ကျခဲ့ပြီး ဒဏ်ရာအပြင်းအ ထန်ရကာ ရန်ကုန်ဆေးရုံကြီး၌ ဆေးကုသမှုခံယူခဲ့ရသည်။
Source : http://ift.tt/2mawEP7
via IFTTT

No comments:

Post a Comment