Saturday, February 11, 2017

7Day News Journal

ဆိပ်ကမ်းအတွင်း ဖမ်း ဆီးရမိခဲ့သည့် တရားမဝင်သစ် သ တင်းကွင်းဆက်ဖြင့် ဒဂုံမြို့သစ် တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ယမန်နေ့က တရားမဝင်သစ်တန်ချိန် ၁၆ဝ ကျော် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနက သတင်းထုတ်ပြန်သည်။ ဒဂုံမြို့သစ်တောင်ပိုင်း၊ စက် မှုဇုန်တိုးချဲ့ (၂)၊ (၁၁၄)ရပ်ကွက် ဝက်မစွတ်ဝန်ထောက်လမ်းနှင့် စိန္တကျော်သူဦးသြလမ်းထောင့်ရှိ ဒေါ်ခက်ခက်ကျော်၏ ခြံအမှတ် (၁၅၈)တွင် သစ် ၁၁၅ တန်နှင့် ဒဂုံမြို့သစ်အရှေ့ပိုင်း ပြင်စည်မင်းသားကြီးလမ်းရှိ ဦးခင်မောင်၏ ခြံအမှတ်(၃၅)၌ သစ်တန်ချိန် ၅ဝ ဖမ်းဆီးရမိခြင်းဖြစ်သည်။ ဒေါ်ခက်ခက်ကျော် ပိုင်ဆိုင်သည့် ခြံတွင် ရေသန့်ဘူးခွံ၊ ကတ် ထူဖာများဖြင့် ဖုံးကွယ်ထားသော လေးထောင့်တုံး ပိတောက်သား တန်ချိန် ၁ဝဝ ကျော်နှင့် ကျွန်းသစ်သားလေးထောင့်နှင့် ခွဲသား ၁၅တန် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ အလားတူ ဦးခင်မောင်ပိုင်ခြံတွင် လေးထောင့် ပိတောက်တန်ချိန် ၅ဝ ကျော် ဖမ်းဆီးနိုင်ခဲ့သည်။ ‘‘လောလောဆယ် စစ်ဆေး မေးမြန်းမှုတွေအရကတော့ ဒါက ပိုင်ရှင်သတ်သတ် တစ်ယောက်ပေါ့။ ထပ်စစ်ရင်တော့ ဘယ်သူဘယ်ဝါဆိုတာ ပေါ်မှာပေါ့။ ကျွန်တော်တို့ကတော့ စာချုပ်တွေမှာ ပါတဲ့ နာမည်အတိုင်း အရေးယူထားပါတယ်။ ဒါပေမဲ့ အခုဖမ်းမိတဲ့သူတွေအားလုံးက ဒီသတင်းကွင်းဆက်တွေကပဲ ဖမ်းမိတာပါ’’ဟု သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းတိုးကပြောသည်။ ဇန်နဝါရီ ၂၄ ရက်က မြန်မာ စက်မှုဆိပ်ကမ်းဝင်းအတွင်း ဖမ်း ဆီးရမိသည့် တရားမဝင်သစ် သ တင်းကွင်းဆက်ဖြင့် ၁၃ ရက်အ တွင်း တရားမဝင်သစ်ခိုးထုတ်ဖမ်းဆီးရမိမှုသည် တန်ချိန် ၁,ဝဝဝကျော်ရှိပြီဖြစ်ကြောင်း သစ်တောဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။ ဂိုဏ်းအသွင်ဆောင် သစ်ခိုးထုတ်မှုဟု ယူဆထားသော သစ်ခိုးထုတ်မှုနှင့်ပတ်သက်၍ ပါဝင်ပတ်သက်သူ ၁၇ ဦးကို သစ်တောဦးစီးဌာနက သစ်တောဥပ ဒေဖြင့် အရေးယူထားသည်။
Source : http://ift.tt/2kSwRa2
via IFTTT

No comments:

Post a Comment