Sunday, August 19, 2018


“ဆိုက်ကိုဆန်တဲ့ဇာတ်လမ်းမျိုး ပိုပြီးရိုက်ချင်နေတယ်” ကလေးသရုပ်ဆောင် တယောက်အနေနဲ့ အကယ်ဒမီဆုရရှိထားပြီး အခုအခါ ပညာရေး နဲ့ အနုပညာအလုပ်ကို တွဲဖက်ပြီး လုပ်ကိုင်လျက်ရှိတဲ့ ယွန်းယွန်းကတော့ သူမရဲ့အသက်အရွယ်နဲ့ ကိုက်ညီတဲ့ ကာရိုက်မျိုးတွေပဲ ရိုက်ဖြစ်တယ်လို့ ဧရာဝတီကို ပြောပါတယ်။ “အကယ်ဒမီရပြီးနောက်ပိုင်း ၁၄ နှစ်လောက် ကတည်းက ခေါင်းဆောင်မင်းသမီးအနေနဲ့ ကမ်းလှမ်းတာတွေ ရှိတယ်။ ဒါပေမယ့် ညီမအနေနဲ့ အပြင်က အသက်အရွယ်နဲ့ အရမ်းကွာဟမယ့် ကာရိုက်တာဆိုရင် မနိုင်ဝန်ထမ်းသလိုဖြစ်မှာ၊ ပရိသတ်တွေလည်း ကြည့်ရတာ အဆင်မပြေမှာစိုးလို့ အချိန်နည်းနည်းယူနေတာပေါ့နော်။ ရောက်နေတဲ့အသက် ၁၈ ၊ ၁၉၊ ၂၀နှစ် ပုံစံနဲ့ လိုက်ဖက်တဲ့ ကာရိုက်တာဆိုရင် ရိုက်ဖြစ်ပါတယ်” လို့ ယွန်းယွန်းက ပြောပါတယ်။ ယွန်းယွန်းကတော့ အခုအခါ စိတ်ပညာနဲ့ ပတ်သက်ပြီး ကျောင်းတက်နေတဲ့အတွက် ကျောင်းတဖက်နဲ့ လုပ်လို့ရတဲ့ အနုပညာလှုပ်ရှားမှုများကို အကုန်လုပ်ဖြစ်တယ်လို့ ဆိုပါတယ်။ “အနုပညာပိုးပါလို့လား မသိဘူး။ ဘယ်ဟာမဆို အသစ်အဆန်းဆို လုပ်ကြည့်ချင်တယ်။ မလုပ်ဖူးတဲ့ ကာရိုက်တာဆိုရင် စိန်ခေါ်မှုဖြစ်တာမျိုး၊ နောက်ပြီးတော့ စိတ်ပညာလည်း တက်နေတာဆိုတော့ ဆိုက်ကိုဆန်တဲ့ ဇာတ်လမ်းမျိုးဆိုရင် ပိုပြီးရိုက်ချင်ပါတယ်” လို့ယွန်းယွန်း ကပြောပါတယ်။ သူမအနေနဲ့ ပထမဆုံးဇာတ်လမ်းတွဲ အဖြစ်ရိုက်ကူးခဲ့တဲ့ “မနေ့ကဖြစ်သည်” ဇာတ်လမ်းတွဲမှာလည်း စိတ္တဇဆန် တဲ့ ဇာတ်ရုပ်ကို သရုပ်ဆောင်ခဲ့ဖူးပြီး ပရိသတ်ကကြိုက်နှစ်သက်ခဲ့ပါတယ်။ အကယ်ဒမီယွန်းယွန်း က ၂၀၁၂ ခုနှစ်မှာ “တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး ရုပ်ရှင်ကလေးသရုပ်ဆောင်ဆု(အထူးဆု) နဲ့အကယ်ဒမီရရှိခဲ့တာဖြစ်ပါတယ်။ The post “ဆိုက်ကိုဆန်တဲ့ဇာတ်လမ်းမျိုး ပိုပြီးရိုက်ချင်နေတယ်” appeared first on ဧရာဝတီ.
Source : https://ift.tt/2N1UutY
via IFTTT

No comments:

Post a Comment