Tuesday, August 21, 2018

:Doctoral Institute for Evidence Based Policy

※※ မြန်မာစကားပြောသံ အသံသွင်းယူခြင်း ပရောဂျက်အတွက် ပူးပေါင်းပါဝင်ပေးနိုင်မည့် မြန်မာလူမျိုး အယောက် ၉ဝဝ ခန့် လိုအပ်လျှက်ရှိပါသည်။ ပူးပေါင်းပါဝင် ကူညီပေးနိုင်မည့်သူများကို ဖိတ်ခေါ်အပ်ပါသည်။※※ EBP ကုမ္ပဏီ၏ ရုံးချုပ်မှာ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် တည်ရှိပြီး၊ EBP ကုမ္ပဏီထံသို့ ယခု ပရောဂျက်ကို အလုပ်အပ်သည့် ကုမ္ပဏီ တစ်ခုသည် မြန်မာဘာသာနှင့် ပတ်သက်၍ အလိုအလျှောက် ဘာသာပြန်နိုင်သော နည်းပညာတစ်ခုကို အကောင်အထည်ဖော်ရန် ဂျပန်နိုင်ငံတွင် သုတေသန ပြုလုပ်နေပါသည်။ ထိုသုတေသန အတွက် မြန်မာစကားသံ အမြောက်အများကို အသံသွင်းယူရန် လိုအပ်ပါသည်။ ယခု ပရောဂျက်အတွက် လိုအပ်မည့် လူဦးရေ အရေအတွက်မှာ မြန်မာလူမျိုး အယောက် ၉ဝဝ (အသက် ၁၅ နှစ် မှ ၆ဝ နှစ် အတွင်း) ဖြစ်ပါသည်။ မတူညီသော တစ်ဦးချင်းစီ၏ အသံများကို သွင်းယူပြီး၊ သုတေသန ပြုလုပ်သည့် ပရောဂျက် ဖြစ်သည့်အတွက် လူတစ်ဦးလျှင် အများဆုံး ၁၅ မိနစ်စာခန့် အသံကို ၊ ၁ ဦးလျှင် ၁ ကြိမ်သာ အသံသွင်းယူမည် ဖြစ်ပါသည်။ (ထို ၁၅ မိနစ်စာခန့်ကို သတ်မှတ် စည်းကမ်းချက်များ အတိုင်း အဆင်ပြေချောမွေ့စွာ အသံသွင်းယူရန်အတွက် တစ်ဦးလျှင် ၃ နာရီ ခန့် ကြာမြင့်ပါမည်။) ယခင် ပြုလုပ်ဖူးသော ပရောဂျက် အတွေ့အကြုံအရ စကားပြော သွက်လက်မှုပေါ် မူတည်၍ အချိန် (( ၁ နာရီခွဲခန့်)) ဖြင့် ပြီးမြောက်သူများလည်း ရှိပါသည်။ အသံသွင်းရာတွင် ရွတ်ဆိုရမည့် စာကြောင်းများကို ကုမ္ပဏီဘက်မှ ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်ပါသည်။ မထစ်မငေါ့ပဲ ၊ ပုံမှန် စကားပြောသည့် လေသံအတိုင်း သဘာဝကျကျ စာကြောင်းများကို ရွတ်ဆိုရန်သာ လိုအပ်ပါသည်။ ကုမ္ပဏီမှ အသင့် ပြင်ဆင်ထားသော မြန်မာစာကြောင်းများကို ကြည့်၍ မထစ်မငေါ့ပဲ ရွတ်ဖတ်နိုင်သူ ဖြစ်ရမည်။ ပြုလုပ်ရမည့် လုပ်ငန်းစဥ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ 1. စိတ်ပါဝင်စားသူများသည် ဤကြော်ငြာ၏ အောက်ဆုံးတွင် ရှိသော လင့်ခ် မှ တဆင့် လျှောက်ထားရမည်။ 2. ထို့နောက် အသံသွင်းရန် အတွက် နေ့ရက်နှင့် အချိန်ကို ကုမ္ပဏီဘက်မှ အီးမေလ် သို့မဟုတ် ဖုန်း ဖြင့် တစ်ဦးချင်းထံ ဆက်သွယ်အကြောင်းကြားမည်။ 3. အသံသွင်းမည့် ရက်မတိုင်မီတွင် မှတ်ပုံတင် (ရှေ့၊ နောက်မျက်နှာ) အား ဓါတ်ပုံရိုက်၍ ကုမ္ပဏီ၏ Viber အကောင့် သို့မဟုတ် အီးမေးလ် သို့ ပေးပို့ရမည်။ သတ်မှတ်ရက်တွင် အသံသွင်းရန်အတွက် အောက်တွင် ဖော်ပြထားသော ကုမ္ပဏီရုံးခန်းသို့ လာရောက်စေ၍ အသံသွင်းခြင်း ပြုလုပ်မည်။ (အသံသွင်းယူရာတွင် အသုံးပြုသော စာကြောင်းများမှာ မြန်မာစာကို ကျွမ်းကျင်စွာ ဖတ်နိုင်သည့် မည်သူမဆို အခက်အခဲမရှိ ရွတ်ဆိုနိုင်သော စာကြောင်းများသာဖြစ်သည်။) အထက်ပါနည်း အတိုင်း အသံသွင်းယူမည် ဖြစ်ပါသဖြင့် ရွတ်ဆိုရမည့် စာကြောင်းများကို အစမ်းရွတ်ဖတ်သည့် ပြင်ဆင်ချိန် အပါအဝင် ၃ နာရီ ခန့် အချိန်ပေးရုံဖြင့် ၈,ဝဝဝ ကျပ် ရရှိနိုင်မည် ဖြစ်ပါသည်။ အသံသွင်းခြင်း ပြုလုပ်မည့် ကာလ - ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ လဆန်း မှ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလကုန် အထိ အသံသွင်းခြင်း ပြုလုပ်မည့် နေရာ - No. 256/266, Room No. 4(C), 5th Floor, Seikkanthar Street (Upper), Kyauktada Township, Yangon, Myanmar အမှတ် ၂၅၆/၂၆၆၊ အခန်းနံပါတ် 4(C)၊ ၅လွှာ၊ ဆိပ်ကမ်းသာလမ်း (အထက်)၊ကျောက်တံတားမြို့နယ်။ အသံသွင်းခြင်းအတွက် ကြာမည့်အချိန် - ပြင်ဆင်ချိန် အပါအဝင် ၃ နာရီခန့် ဤပရောဂျက်တွင် အချိန် ၃ နာရီခန့် အချိန်ပေးပြီး ပူးပေါင်းပါဝင်ကူညီပေးသူများကို ကျေးဇူးတုန့်ပြန်သည့် အနေ ဖြင့် ၈ဝဝဝ ကျပ် ပေးအပ်မည်ဖြစ်ပါသည်။ အောက်ဖော်ပြပါ လင့်မှ တစ်ဆင့် လျှောက်ထားနိုင်ပါသည်။ (Zawgyi Font Version) https://ift.tt/2MCrpIM (Unicode Version) https://ift.tt/2BwL6gQ (မှတ်ချက်။ ။ ၂ဝ၁၅ ခုနှစ် ၉ လပိုင်းမှ ၂ဝ၁၈ ခုနှစ် ၈ လပိုင်းအတွင်း ယခုကဲ့သို့သော အသံသွင်းခြင်း လုပ်ငန်းတွင် ပါဝင် မလုပ်ကိုင်ဖူးသူဖြစ်ရမည်။)
Source : https://ift.tt/2vVblbx
via IFTTT

No comments:

Post a Comment