Monday, August 20, 2018


“Waterdrop Notch” ပါဝင်တဲ့ Vivo X23 စမတ်ဖုန်း တရားဝင် ထွက်ရှိ Vivo X21 ထွက်ရှိပြီးနောက် ၆ လအကြာမှာတင် “X23” ဆိုတဲ့ စမတ်ဖုန်းအသစ်တမျိုးကို Vivo က ထပ်မံ ထုတ်လုပ်လိုက်ပါပြီ။ Vivo X23 ဖုန်းဟာ Oppo F9 ဖုန်းကလိုပဲ “Waterdrop Notch” ပါဝင်တဲ့ Display နဲ့ ထွက်ရှိလာတာ တွေ့ရပါတယ်။ Vivo နဲ့ Oppo ကုမ္ပဏီနှစ်ခုစလုံးဟာ BKK Electronics ရဲ့ လက်အောက်ခံ ကုမ္ပဏီ တွေဖြစ်တာကြောင့် ဒီဇိုင်းတူနေတာကတော့ သိပ်ထူးဆန်းဖွယ်ရာ မရှိပါဘူး။ ဆက်စပ် သတင်းလင့်ခ် – ရေစက်ကျနေတဲ့ပုံစံ “Waterdrop Display” နဲ့ ပွဲထွက်လာတဲ့ Oppo F9 Vivo ရဲ့ တရုတ်နိုင်ငံ Website ကနေ တရားဝင်ထွက်ပေါ်လာတဲ့ Vivo X23 ဖုန်းမှာ Screen နဲ့ ကိုယ်ထည်အချိုး ၉၁.၂ ရာခိုင်နှုန်းရှိတဲ့ Waterdrop Display ကို အသုံးပြုထားပြီး၊ စတုတ္ထမျိုးဆက် In-display Fingerprint Sensor လည်း ပါဝင်လာတာတွေ့ရပါတယ်။ ဈေးနှုန်းနဲ့ Specifications တွေကိုတော့ Website မှာ တရားဝင် ကြေညာရခြင်း မရှိဘဲ သြဂုတ်လ ၂၁ ရက်နေ့မှ ဆက်လက်ကြေညာမယ်လို့ ရေးထားပါတယ်။ စိတ်ဝင်စားသူတွေ အနေနဲ့တော့ ကြိုတင် စာရင်းပေးထားနိုင်ပါပြီ။ ဒီဇိုင်းပိုင်းအရ Vivo X23 မှာ ဒေါင်လိုက် ကျောကင်မရာ နှစ်လုံးတွဲကို အသုံးပြုထားပြီး ကြော်ငြာပုံတွေအရ နောက်ဖက်ကိုယ်ထည်က ဖန်သားလို့ ယူဆရပါတယ်။ Display အောက်ဘက်မှာ လက်ဗွေရာ Sensor ကို ထည့်သွင်းထားတာကြောင့် AMOLED Display ဖြစ်ဖို့ သေချာသလောက် ရှိပါတယ်။ တခြား Specifications တွေကိုတော့ မနက်ဖြန်မှ သိရမှာပါ။ အရင် ထွက်ရှိထားတဲ့သတင်းတွေအရဆိုရင် Vivo X23 ဖုန်းမှာ အဆင့်မြင့် 3D မျက်နှာဖတ် စနစ်၊ မျိုးဆက်သစ် In-display Fingerprint Sensor ၊ Snapdragon 670 SoC နဲ့ 8GB RAM တို့ ပါဝင်လာမယ်လို့ သိရပါတယ်။ Ref: Gadgets NDTV, GSM Arena, Vivo The post “Waterdrop Notch” ပါဝင်တဲ့ Vivo X23 စမတ်ဖုန်း တရားဝင် ထွက်ရှိ appeared first on ဧရာဝတီ.
Source : https://ift.tt/2L9QgyD
via IFTTT

No comments:

Post a Comment