Monday, August 20, 2018

နေပြည်တ်ာတွင် တပ်သိမ်းမြေ ၇၅ ဧက ပြန်လည်စွန့်လွှတ်

နေပြည်တာ်တွင် တပ်သိမ်းမြေ ၇၅ ဧက ပြန်လည်စွန့်လွှတ် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ အမှတ် (ဂ) လေကြောင်းရန် ကာကွယ်ရေးတပ်ရင်းပိုင်မြေအဖြစ်မှ ပြန်လည်စွန့်လွှတ်ခဲ့သည့် တပ်သိမ်းမြေ ၁၈၆ ဧကအနက် ၇၅ ဧကကို ဒေသခံတောင်သူများထံ သြဂုတ်လ ၂၀ရက်က ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာတွင် အခမ်းအနားဖြင့် ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ၂၀၀၃-၂၀၀၄ခုနှစ်တွင် တပ်မြေနေရာအတွက် ကာကွယ်ရေးဝန်ကြီးဌာနက သိမ်းယူခဲ့သည့် မြေ ၅၅၆ ဧကအနက် စီမံကိန်းအကောင်အထည်မဖော်ဖြစ်သည့် မြေ ၁၈၆ကို ပြန်လည်စွန့်လွှတ်ခဲ့သည့်အပေါ် မူလတောင်သူများထံ ယာယီလုပ်ပိုင်ခွင့်လက်မှတ်ကို လွှဲပြောင်းပေးခြင်းဖြစ်ကြောင်း ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်က ပြောသည်။ “ ဒီနေ့ကာလမှာကျတော့ အစိုးရရဲ့ မူဝါဒနဲ့အညီ သိမ်းဆည်းစဉ်ကာလက စီမံကိန်း အကောင်အထည်ဖော်ခြင်းမရှိတဲ့ နေရာတွေကို ပြန်လည်စစ်ဆေးဖို့အတွက် တောင်သူတွေရဲ့ တင်ပြစာအရ စိစစ်တဲ့ အခြေအနေမှာ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့လည်း စီမံကိန်းမှာ မပါတဲ့မြေတွေကို ပြန်လည်စွန့်လွှတ်ပေးတာပါ” ဟု ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်က ပြောသည်။ လယ်ယာမြေ ၇၅ ဒသမ ၀၄ ဧကကို မူလစိုက်ပျိုးသူ တောင်သူ ၂၇ ဦးထံ ပြန်လည်ပေးအပ်ရာတွင် ကနဦးအနေဖြင့် လယ်ယာမြေယာယီလုပ်ပိုင်ခွင့် ပုံစံ ၃ကို ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး ၆ လ အတွင်း လယ်ယာမြေဥပဒေနှင့်အညီ ပုံစံ (၇) ဆက်လက်ထုတ်ပေးသွားမည်ဟု ဥတ္တရသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးညီညီအောင်က ဆိုသည်။ ထို့အပြင် ကျန်ရှိသည့်မြေဧကများအနက် ဒေသခံကျေးရွာပိုင်ကျွန်းစိုက်ခင်း ၁ ဒသမ ၈၄ ဧကကိုလည်း မူလအတိုင်းဆက်လက်ထားရှိမည်ဖြစ်ကြောင်း ၊ စိုက်ပျိုုးနိုင်သော မြေလွတ်မြေရိုင်းက ဧက ၃၀ ကျော်ကို မြေလွတ်မြေလပ်မြေရိုင်းဥပဒေနှင့် အညီ ဒေသခံတောင်သူလယ်သမားများ စိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မြေဧက ၇၀ ကျော်ကို ကျေးရွာတိုးချဲ့ရန် စီစဉ်ပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ “ကျန်တဲ့ဧကတွေမှာ ၇၃ ဧကကိုတော့ တောင်ညိုအုပ်စု ကျောင်းစု ကျေးရွာက ပြန်လည် တိုးချဲ့ရမယ့်အနေအထားတွေ ဖြစ်တယ်။ ဒေသခံပြည်သူတွေ နေထိုင်ဖို့ ၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း လမ်းအဖြစ် အများပြည်သူဆိုင်ရာအသုံးပြုရန်အတွက် ဆက်လက်ထားရှိမှာ ဖြစ်ပါတယ်”ဟု ဥတ္တရသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးညီညီအောင်က ပြောသည်။ ဥတ္တရသီရိမြို့နယ်၊ တောင်ညိုအုပ်စု၊ ပြည်တော်လင်းကျေးရွာမှ ကိုအောင်ကျော်မင်းက သိမ်းဆည်းခံရသည့် လယ်ယာမြေ ၂၀ဧကခန့်မှ ၃ဧကကျော်ကို ယခုကဲ့သို့ ပြန်လည်ရရှိခဲ့သည့်အတွက် ၎င်းအနေဖြင့် ဝမ်းသာကြောင်း၊ သို့ရာတွင် စီမံကိန်းအကောင်အထည်ဖော်သည့်အတွက် ပြန်လည်စွန့်လွှတ်နိုင်ခြင်းမရှိသော မြေများအတွက် မူလပိုင်ဆိုင်သူတောင်သူများက လုပ်ကိုင်စားရန်နှင့် နေထိုင်ရန်အတွက် မြေ အစားပေးမည်ကို မျှော်လင့်နေကြောင်း ပြောကြားသည်။ “သူတို့တွေရဲ့ အသံကတော့ တချို့တွေက ဝိုင်းခြံမြေ ရမလား မျှော်လင့်နေကြတယ်။ အခုက( ပြန်ပေးတာက) သိမ်းထားတဲ့ ၃၇၀ ကလွတ်တာကိုမှ ရကြတာကိုး။ အတွင်းထဲမှာ ပါသွားတဲ့သူတွေက ဝိုင်းခြံမြေအဖြစ် ရမယ်။ ဒီလိုပဲ သိရှိထားကြတာ” ဟု ပြောကြားသည်။ ၂၀၀၂ -၂၀၀၃ ခုနှစ်ကာလအတွင်း အမှတ် (၈)လေကြောင်းရန် ကာကွယ်ရေးအလုပ်ရုံ တပ်အတွက် ကာကွယ်ရေးနှင့် လုံခြုံရေးအရ စိုက်ပျိုးနိုင်သော မြေလတ် ၁၆၇ ဧက ၊ စိုက်ပျိုးနိုင်သော မြေလွတ်မြေရိုင်းက ၂၂၇ ဧကနှင့် သစ်တောမြေက ၁၆၂ ဧက စုစုပေါင်း ၅၅၆ ဧကကို တပ်ပိုင်မြေအဖြစ် ရယူခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေးမှူး ဦးညီညီအောင်က ပြောသည်။ ယင်းသို့ သိမ်းယူခြင်းနှင့် ပတ်သက်ပြီး ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်တွင် ဒေသခံတောင်သူ ဦးတင်မောင်ဦးက မြေအသုံးချမှုစီမံခန့်ခွဲမှုကော်မတီ၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီအဆင့်ဆင့်သို့ တင်ပြပြီး အဆင့်ဆင့် စိစစ်ဆောင်ရွက်ချက်အရ ၁၈၆ဧကကို အသုံးပြုရန်မလိုသည့်အတွက် ကာကွယ်ရေးဝန်ကြီးဌာနမှ ပြန်လည်စွန့်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ The post နေပြည်တာ်တွင် တပ်သိမ်းမြေ ၇၅ ဧက ပြန်လည်စွန့်လွှတ် appeared first on ဧရာဝတီ.
Source : https://ift.tt/2OKFMrG
via IFTTT

No comments:

Post a Comment