Monday, August 20, 2018


ဟိုင်းကြီးကျွန်းအနီး ဝေလငါးသေတကောင် တွေ့ရှိ ဧရာဝတီတိုင်း ဒေသကြီး ငပုတော မြို့နယ် ဟိုင်းကြီးကျွန်းမြို့အနီးရှိ မော်တင်စွန်းကမ်းခြေတွင် သေဆုံးနေသည့် ဝေလငါး တကောင် ပင်လယ်တွင်းမှ မျောပါလာပြီး သောင်တင်နေသည်ကို တွေ့ရှိကြောင်း နယ်မြေခံ ရဲတပ်ဖွဲ့ထံက သတင်းရရှိ သည်။ သေဆုံးနေသည့် ဝေလငါးမှာ နာမည်ကျော် မြတ်မော်တင်စွန်း စေတီတော် နှင့် မေခလာ တည်းခိုဆောင်ကြားရှိ ကမ်းခြေ တွင် ယနေ့ နံနက်ခင်း အစောပိုင်းက သောင်တင်ခဲ့ခြင်း ဖြစ်ပြီး မေခလာတည်းခိုဆောင်၏ လုံခြုံရေး တာဝန်ရှိသူများက စတင် တွေ့ရှိကာ ဒေသ အုပ်ချုပ်ရေး အဖွဲ့များထံ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။ “ဝေလငါးက အရှည်တင် ၃၁ ပေကျော် ရှိတယ်။ ပင်လယ်ရေနဲ့ မျောပါလာတာ။ လုံခြုံရေးအစောင့်က အရင်ဆုံးစတွေ့ပြီး အုပ်ချုပ်ရေး အဖွဲ့တွေဆီ အကြောင်းကြားတာပေါ့။ လက်ရှိတော့ တွင်းတူး မြုပ်ထားပြီး အရိုးချဖို့ ပြင်ဆင်နေတယ်”ဟု ဟိုင်းကြီးမြို့ ရဲစခန်းမှ တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြောသည်။ မြတ်မော်တင်စွန်း စေတီတော်အနီး သောင်တင်နေသည့် ဝေလငါးအသေမှာ အလျား ၃၂ ပေ နှင့် လုံးပတ် ပေ ၂၀ ရှိပြီး အဆိုပါ ငါးအား ဟိုင်းကြီးကျွန်းမြို့ ငါးလုပ်ငန်း ဦးစီးဌာနမှ လာရောက် စစ်ဆေးကြည့်ရှုပြီး အရိုးကျရန် အတွက် တွင်းတူး၍ မြုပ်ထားရန် လုပ်ဆောင်နေကြောင်း သိရသည်။ ဟိုင်းကြီးကျွးန်းမြို့ ငါးလုပ်ငန်း ဦးစီးဌာန အဆိုအရ ဝေလငါးသေသည် Physeter Catodon အမျိုးအစား ဝေလငါးမျိုးစိတ် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်းတွင် ရေးသား ဖော်ပြထားသည်။ “ဝေလငါးသေ သောင်တင်တယ် ဆိုလို့ အနီးနားရွာကလူတွေ လာကြည့်ကြတယ်။ ငါးသေက ပုပ်တော့ မပုပ်သေးဘူး။ ဒေသခံတွေကတော့ ဒီဒေသမှာ သေတဲ့ငါးကို အရိုးကျတဲ့အခါ ဒီဒေသမှာပဲ ပြသထားချင် နေကြတယ်”ဟု ဟိုင်းကြီး ကျွန်းမြို့ ကြွေချိုင်ရွာနေ ဦးသန်းဦးက ပြောသည်။ ဧရာဝတီတိုင်း ဒေသကြီးတွင် ငွေဆောင်၊ ချောင်းသာနှင့် ဟိုင်းကြီးကျွန်း ဒေသများတွင် သေဆုံးနေသည့် ဝေလငါးများ မကြာခဏ လာရောက် သောင်တင်လေ့ရှိပြီး အဆိုပါ ဝေလငါးသေများကို ငါးလုပ်ငန်း ဦးစီးဌာနက အရိုးကျသည် အထိ မြေမြှုပ်ထားကာ အရိုးကျပါက ငါးလုပ်ငန်း ဦးစီးဌာနကပင် ဝေလငါးရိုးများကို တာဝန်ယူ၍ ထိန်းသိမ်းထားလေ့ ရှိကြောင်း သိရသည်။ The post ဟိုင်းကြီးကျွန်းအနီး ဝေလငါးသေတကောင် တွေ့ရှိ appeared first on ဧရာဝတီ.
Source : https://ift.tt/2MCGkT3
via IFTTT

No comments:

Post a Comment