အမျိုးသမီးတွေအတွက် Sneaker တရံနဲ့ တွဲဖက် ဝတ်ဆင်နိုင်မယ့် ဖက်ရှင်များ အမျိုးသမီးတွေ အနေနဲ့ Sneaker ကို အမြဲ ဂျင်းဘောင်းဘီ၊ တီရှပ်တို့နဲ့ပဲ ဝတ်တာ ရိုးနေပြီလား။ Sneaker ကို စီးလိုက်တိုင်း ယောကျ်ားလေး ဆန်သွားတာမျိုး မဖြစ်ရအောင် အောက်က မိန်းမဆန်ဆန် အင်္ကျီဒီဇိုင်းတွေနဲ့လည်း တွဲဝတ်လို့ ရပါတယ်။ ဒါဆိုရင်တော့ အမြင်ဆန်းပြီး ချစ်စရာ ကောင်းနေမယ့် အသွင်မျိုး ဖန်တီးကြည့်ကြရအောင်။ (၁) အကျီကို အမြဲ ၂ ထပ် ဝတ်လေ့ရှိတယ်ဆိုရင် ဒီလိုပုံစံမျိုး ဝတ်ကြည့်ပါ။ ဒီလို အဝတ်အစား ချောင်ချောင်ပွပွကိုမှ Sneaker နဲ့ဆိုရင် လူငယ်ဆန်တဲ့အသွင်ကို ပိုင်ဆိုင်စေမှာပါ။ (၂) ရုံးသွား၊ ရုံးတက် အဝတ်အစားတွေကို လွတ်လွတ်လပ်လပ်နဲ့ ဝတ်ဆင်ချင်တဲ့သူတွေလည်း Sneaker ကို စီးကြည့်နိုင်ပါတယ်။ အထူးသဖြင့် ဘလေဇာကုတ်၊ စတိုင်ပန့်နဲ့ Sneaker တွဲဖက်တာကလည်း ကိုရီးယားမှာ ခေတ်စားနေတဲ့ ဖက်ရှင်တမျိုးပါပဲ။ (၃) ခရီးသွားဖို့အတွက် လွတ်လွတ်လပ်လပ်နဲ့ အထာကျချင်တယ်ဆိုရင် ဒီလိုမျိုးလေး ဝတ်ဆင်နိုင်ပါတယ်။ အပေါ်က မိန်းကလေးဆန်တဲ့ ဒီဇိုင်းမျိုးကိုမှ ဖိနပ်လေးနဲ့ဆိုတော့ တကယ် လွတ်လပ်ပေါ့ပါး နေမှာပါ။ (၄) တဆက်တည်း ဂါဝန်၊ ဝမ်းဆက်မျိုးကိုလည်း Sneaker နဲ့ တွဲဖက်နိုင်ပါတယ်။ အမြင်ဆန်းပြီး ချစ်စရာကောင်းတဲ့ အသွင်ရရှိစေမှာပါ။ (၅) အခုခေတ်စားနေတဲ့ Floral Dress လေးတွေကိုလည်း Sneaker နဲ့ ဝတ်လို့ ရပါတယ်။ အပေါ်က မိန်းမဆန်ဆန် အပွင့်လေးနဲ့ အောက်က ချစ်စရာအသွင် Sneaker မျိုးက သင့်ကို ဆယ်ကျော်သက်လေးလို နုပျိုစေမှာပါ။ (၆) ကဲ… ပြင်သစ်ဖက်ရှင်လို့ဆိုရမယ့် အကျီအဖြူ၊ ဒူးခေါင်းနားရောက်တဲ့ စကပ်အရှည်တို့နဲ့ တွဲဖက်ဝတ်ဆင် ပြီးတော့လည်း သင့်ရဲ့ဝတ်ဆင်နေကျ ဖက်ရှင်ကို ပြောင်းလဲနိုင်ပါတယ်။ အခုလောက်ဆိုရင်တော့ Sneaker တရံနဲ့ ဘယ်လိုဖက်ရှင်တွေ ဝတ်ရမလဲ၊ မိန်းကလေးဆန်တဲ့ အသွင်မျိုးတွေ ဖန်တီးနိုင်မယ်ဆိုတာ အကြံရလောက်ပြီ ထင်ပါတယ်။ Ref ; www.cosmo.ph The post အမျိုးသမီးတွေအတွက် Sneaker တရံနဲ့ တွဲဖက် ဝတ်ဆင်နိုင်မယ့် ဖက်ရှင်များ appeared first on ဧရာဝတီ.
Source : https://ift.tt/2nWVLb4
via IFTTT
No comments:
Post a Comment