Monday, August 20, 2018


တိုင်းဒေသကြီး ၃ ခုတွင် တောဆင်ရိုင်း ကာကွယ်ရေးစခန်းဖွင့်မည် မြန်မာနိုင်ငံရှိတောဆင်ရိုင်းများသတ်ဖြတ်ခံရမှု များပြားသောတိုင်းဒေသကြီး ၃ ခုတွင် တောဆင်ရိုင်း ကာကွယ်စောင့်ရှောက်ရေး အခြေစိုက်စခန်းများ ဖွင့်လှစ်ရန်စီစဉ်နေကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောသည်။ နေပြည်တော်၌ သြဂုတ်လ ၁၇ ရက်ကကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ် အချို့က မြန်မာနိုင်ငံ အတွင်း တောဆင်ရိုင်းများ ဆိုးရွားစွာ သတ်ဖြတ်ခံနေရသည့် အခြေအနေနှင့် ပတ်သက်၍ အစိုးရ၏ စီမံ ဆောင်ရွက်ထားမှု အခြေအနေ အပေါ် မေးမြန်းရာတွင် ယင်းသို့ ထည့်သွင်းပြောဆိုသွားခြင်းဖြစ်သည်။ ဦးအုန်းဝင်းက “မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနှင့် သစ်တောဝန်ထမ်းများဖြင့် တောဆင်ရိုင်းများ ကာကွယ်စောင့်ရှောက်ရေးအခြေစိုက်စခန်းများဖွင့်လှစ်ရန် စီမံချက်ရေးဆွဲလျက်ရှိပြီးဆင်ကာကွယ်ရေးစခန်းများတွင် အခြေချနေထိုင်၍ ဆင်မုဆိုးဝင်ရောက်မှုများအားစုံစမ်းအရေးယူဖော်ထုတ်ခြင်း၊ တောဆင်ရိုင်းများအားစောင့်ရှောက်ခြင်းတို့ကိုဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟုပြောသည်။ အဆိုပါ စခန်းများကိုရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့၌ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။ လွှတ်တော်တွင် မင်းလှမဲဆန္ဒနယ်မှ လွှတ်တော်အမတ် ဒေါက်တာသန်းအောင်စိုး က “တောဆင်ရိုင်းများ သတ်ဖြတ်ခံနေရမှုအပေါ် စီမံထားမှုနှင့် လူသားတို့အတွက် အန္တရာယ်မရှိအောင် ကာကွယ်ထားမှုအပေါ်သိလိုကြောင်း” မေးမြန်းခဲ့သလို တောင်တွင်းကြီးမဲဆန္ဒနယ်မှ လွှတ်တော်အမတ် ဦးမင်းသိန်း ကလည်း မြန်မာနိုင်ငံ တဝန်းလုံးတွင် တောဆင်ရိုင်းများကို သတ်ဖြတ်နေခြင်းအား တားဆီးကာကွယ်ရန် စီစဉ်ထားမှုအပေါ် သိလိုကြောင်းမေးမြန်းခဲ့ကြသည်။ မြန်မာနိုင်ငံတွင် တောဆင်ရိုင်းများကို လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များ စာရင်းများတွင် ထည့်သွင်းကာ အဆင့်မြင့်ဆုံး ကာကွယ် စောင့်ရှောက်ထားကြောင်း၊ သက်ဆိုင်ရာဌာနများ၊ ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ့ အစည်းများနှင့် ပူးပေါင်းကာ တောဆင်ရိုင်းများ ထိန်းသိမ်း ကာကွယ်ခြင်း၊ သတ်ဖြတ်မှုအား အရေးယူတားဆီးခြင်း၊ ဆင်နှင့် ဆင်အစိတ်အပိုင်းများ တရားမဝင် သယ်ဆောင် ရောင်းဝယ်ခြင်း တို့အား တိုက်ဖျက်ခြင်းတို့ကို ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ရှင်းလင်းပြောဆိုသည်။ ထို့ပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တိုင်းဒေသကြီး၊ ပြည်နယ်တပ်ဖွဲ့များတွင် တောဆင်ရိုင်းများ တရားမဝင် သတ်ဖြတ်ခံရမှုများအား ကြိုတင်တားဆီးရန်နှင့် တောရိုင်းတိရစ္ဆာန် တရားမဝင်ကူးသန်းရောင်းဝယ်သူများကိုလည်း ဖော်ထုတ်အရေးယူရန် ထိရောက်သော တားဆီးနှိမ်နင်းရေး အစီအမံများ ရေးဆွဲအကောင်အထည်ဖော်နေကြောင်းလည်း ဝန်ကြီးကပြောသည်။ မြန်မာနိုင်ငံတွင် တောဆင်ရိုင်းသတ်ဖြတ်ခံရမှုမှာ သုံးနှစ်အတွင်းမြင့်တက်နေပြီး ၂၀၁၅ ခုနှစ်တွင် ၂၀ ကောင်၊ ၂၀၁၆ ခုနှစ်တွင် ၁၈ ကောင်နှင့် ၂၀၁၇ ခုနှစ်တွင် ၄၆ ကောင်အထိ သတ်ဖြတ်ခံရထားသည်။ ၂၀၁၈ ခုနှစ်တွင်လည်း ဇန်နဝါရီလမှ ဇူလိုင်လအထိ တောဆင်ရိုင်း ၁၄ ကောင် သတ်ဖြတ်ခံထားရကြောင်းသိရသည်။ ဆင်စွယ်၊ အသား၊ အရေအရိုးစသည်တို့ကို အိမ်နီးချင်း နိုင်ငံများသို့ တရားမဝင် ရောင်းဝယ်ခြင်းများ အတွက် ဆင်မုဆိုးများ၏ သတ်ဖြတ်မှု ခံရခြင်း၊ ဆင်နှင့် လူပဋိပက္ခများကြောင့် တောဆင်ရိုင်းကောင်ရေ လျော့ကျလာနေသည်ဟု လွှတ်တော်အမတ်များက ၎င်းတို့ စုစည်းရရှိထားသော မှတ်တမ်းများကို ကိုးကား၍ ပြောသည်။ ဒေါက်တာ သန်းအောင်စိုး က “တောဆင်ရိုင်းတွေ တပတ်ကို တကောင်ကျ သတ်ဖြတ်ခံနေရပါတယ်။ တောဆင်ရိုင်းကောင်ရေ ၁ သောင်းကျော် ရှိရာကနေကောင်ရေ ၂ ထောင်အောက် ကျဆင်းနေပါတယ်။ ဆင်မုဆိုးတွေကိုလည်း ပူးပေါင်းအဖွဲ့နဲ့ အရေးယူဖို့ လိုအပ်ပါတယ်” ဟုဆွေးနွေးသွားသည်။ ၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလအထိ တောဆင်ရိုင်းများ တရားမဝင် သတ်ဖြတ်မှုကြောင့် တရားခံ ၅၆ ဦးကို တောရိုင်း တိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများထိန်းသိမ်းရေးဥပဒေ (၁၉၉၄)၊ ပုဒ်မ ၃၇(က) နှင့် အရေးယူခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ စာရင်းများတွင် ဖော်ပြထားသည်။ ၂၀၁၈ ခုနှစ်၊ မေလတွင် ပြဋ္ဌာန်းခဲ့သည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေး နယ်မြေများကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေအရ တောဆင်ရိုင်းများနှင့် ပတ်သက်သည့် ပြစ်မှုများအတွက် ထောင်ဒဏ် ၃ နှစ်မှ ၁၀ နှစ်အထိနှင့် ချမှတ်ချမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ ဆင်များသဘာဝအတိုင်း နေထိုင်ကျက်စားသည့် ဧရိယာများသည် အခြားမြေအဖြစ် အသုံးပြုခြင်းနှင့် ဆည်/တမံများ တည်ဆောက်ခြင်း တို့ကြောင့် ဖြတ်သန်းလမ်းကြောင်းများနှင့် သဘာဝရေစီးရေလာ ပြတ်တောက်ပြီးဆင်နှင့် လူပဋိပက္ခ ဖြစ်ပွားလျက် ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း က ပြောသည်။ ၂၀၁၆ ခုနှစ်တွင် ဆင်နှင့် လူ ပဋိပက္ခဖြစ်ပွားမှု ၂၃ မှုရှိကာလူ ၆ ဦးသေဆုံးကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ၁၂ မှုရှိပြီးလူ ၉ ဦးသေဆုံးကြောင်း၊ ၂၀၁၈ ခုနှစ် ဇွန်လအထိ ၃ မှု၊လူ ၂ ဦးသေဆုံးခဲ့ကြောင်း ယင်းသို့ ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် တောဆင်ရိုင်းခြောက်လှန့်မောင်းနှင်မှု နည်းလမ်းများနှင့် ဆောင်ရန်ရှောင်ရန်များကို ဒေသခံများအား အသိပညာပေးနေကြောင်း ၎င်းက ဆိုသည်။ ထို့ပြင် တောဆင်ရိုင်းများ၏ ရာသီအလိုက် ရွေ့လျားသွားလာမှုကို သိရှိခြင်းဖြင့် ဆင်နှင့်လူပဋိပက္ခဖြစ်ပွားမှု လျှော့နည်းစေရန် အတွက် ရန်ကုန်တိုင်းတွင် တောဆင်ရိုင်း ၁၃ ကောင်၊ ပဲခူးတိုင်းတွင် ၅ ကောင်၊ တနင်္သာရီတိုင်းတွင် ၅ ကောင်၊ ဧရာဝတီတိုင်းတွင် ၅ ကောင် စုစုပေါင်း ၃၈ ကောင်ကို ရေဒီယိုကော်လာ တပ်ဆင်ခြင်း လုပ်ငန်းကို သစ်တောဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်းနှင့် အမေရိကန် ပြည်ထောင်စု၊ Smithsonian Conservation Billogy Institute (SCBI) တို့ပူးပေါင်းကာဆောင်ရွက်နေကြောင်း ဦးအုန်းဝင်းက ပြောဆိုသည်။ မြန်မာနိုင်ငံရှိ တောဆင်ရိုင်းများနှင့် အိမ်မွေးဆင်များကို ထိရောက်စွာကာကွယ်ထိန်းသိမ်းနိုင်ရေးအတွက် သစ်တောဦးစီးဌာနနှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့ (WCS) မြန်မာနိုင်ငံအစီအစဉ်တို့ပူးပေါင်းပြီး မြန်မာနိုင်ငံဆင်ထိန်းသိမ်းရေးလုပ်ငန်းစီမံချက် ၂၀၁၈-၂၀၂၇ ကိုရေးဆွဲ အကောင်အထည်ဖော်နေပြီး ယင်းစီမံချက်၏ ရေရှည်မျှော်မှန်းချက်မှာ ဆင်များ၏ ပျှမ်းမျှသက်တမ်းကို နှစ်ဆဖြစ်သည့် နှစ်ပေါင်း ၁၀၀ ရှိရေး ဖြစ်ကြောင်းသိရသည်။ The post တိုင်းဒေသကြီး ၃ ခုတွင် တောဆင်ရိုင်း ကာကွယ်ရေးစခန်းဖွင့်မည် appeared first on ဧရာဝတီ.
Source : https://ift.tt/2N5V9Le
via IFTTT

No comments:

Post a Comment