Tuesday, August 21, 2018


Fitbit ကနေ အသစ်မိတ်ဆက်လိုက်တဲ့ ဒေါ်လာ ၁၅၀ တန် Charge 3 စမတ်လက်ပတ် Fitbit ရဲ့ လူကြိုက်များတဲ့ ကျန်းမာရေးစမတ်လက်ပတ် (fitness tracker) ဖြစ်တဲ့ Charge စီးရီးရဲ့ နောက်ဆုံးမော်ဒယ်အသစ် Charge 3 ကတော့ ယနေ့ပဲ ထွက်ရှိလာပါပြီ။ အသစ်ထွက်ရှိလာတဲ့ Charge 3 စမတ်လက်ပတ်မှာ Tracker အလူမီနီယမ် ကိုယ်ထည် အရောင်ကို ခဲရောင်နဲ့ ရွှေရောင် ၂ မျိုး ရွေးချယ်နိုင်မှာဖြစ်ပြီး၊ အရင်မော်ဒယ်လို ပလတ်စတစ် မျက်နှာပြင်အစား ခြစ်ရာပွန်းရာ မထင်လွယ်တဲ့ Gorilla Glass 3 ဖန်သားပြင်ကို ပြောင်းသုံးပေးထားပါတယ်။ Touchscreen ကလည်း အဖြူနဲ့ အနက်သက်သက်ချည်း မဟုတ်တော့ဘဲ၊ Greyscale Display နဲ့ ဖြစ်လာကာ၊ Display အရွယ်အစားလည်း ၄၀ ရာခိုင်နှုန်း ပိုကြီးလာပါတယ်။ Charge 3 ကို ရေအနက် ၅၀ မီတာအထိ ရေစိမ်ခံနိုင်လာပြီး၊ နှလုံးခုန်နှုန်း မှတ်သားမှုမှာလည်း Versa စမတ်နာရီက အဆင့်မြင့်ဆန်ဆာကို ထည့်သွင်း အသုံးပြုပေးထားတာကြောင့် ပိုမိုတိကျမှုရှိလာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေအတွက် ဓမ္မတာစက်ဝန်း မှတ်သားမှုလို Feature တွေလည်း ပါဝင်လာပါတယ်။ နောက်ပိုင်း iPhone မော်ဒယ်တွေမှာ ပြောင်းလဲအသုံးပြုခဲ့တဲ့ Home Button အတုလိုမျိုး နှိပ်လိုက်တယ်ဆိုတဲ့ ခံစားချက် Haptic feedback သာ ပြန်ပေးတဲ့ ခလုတ်ကိုလည်း Charge 3 မှာ ပြောင်းလဲအသုံးပြုထားပါတယ်။ ယခုဒီဇိုင်းကြောင့် လက်ပတ်ကို ရေလုံအောင် လုပ်ဖို့ ပိုလွယ်ကူသွားသလို၊ ဘက်ထရီနဲ့ ဆန်ဆာတွေအတွက်လည်း Device အတွင်းမှာ နေရာ ပိုလွတ်လာတယ်လို့ Fitbit က ပြောထားပါတယ်။ GPS တော့ အခုထိ မပါဝင်လာသေးဘဲ၊ ဖုန်းက GPS နဲ့ပဲ ချိတ်ဆက် အသုံးပြုရဦးမှာ ဖြစ်ပါတယ်။ Fitness စွမ်းဆောင်ရည်အသစ်အနေနဲ့ ပစ်မှတ်တခုထားပြီး လေ့ကျင့်ခန်း လုပ်ချင်သူတွေအတွက် ကယ်လိုရီပမာဏ၊ အချိန်နဲ့ အကွာအဝေးတို့ကို စိတ်ကြိုက် သတ်မှတ်ပြီး လေ့ကျင့်ခန်းလုပ်နိုင်တဲ့ Goal-based exercise ဆိုတဲ့ mode အသစ်တမျိုး ပါဝင်လာတာ တွေ့ရပါတယ်။ လေ့ကျင့်ခန်းအမျိုးအစား ၁၅ မျိုးမှာ ဒီ Mode ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Fitness ဆိုင်ရာ စွမ်းဆောင်ရည်အသစ်တွေအပြင် Charge 3 မှာ ပထမဆုံးအနေနဲ့ စမတ်ဖုန်းအသိပေးချက်တွေကိုလည်း ကြည့်နိုင်ပြီဖြစ်ပါတယ်။ App notifications တွေ၊ ဖုန်းအဝင်ကောတွေ၊ ပြက္ခဒိန်နဲ့ Text မက်ဆေ့ချ်တွေကိုလည်း လက်ပတ်မှာတင် ကြည့်နိုင်တော့မှာပါ။ ဖုန်းအကိုင်အချကိုလည်း လက်ပတ်ကနေတင် ပြုလုပ်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ Fibit Charge 3 စမတ်လက်ပတ် ရိုးရိုး Core မော်ဒယ်ကို ၁၄၉ ဒဿမ ၉၅ ဒေါ်လာနဲ့ ရောင်းချသွားမှာဖြစ်ပြီး၊ မိုဘိုင်းငွေ ပေးချေမှုတွေပါ လုပ်နိုင်မယ့် NFC ပါ Special Edition မော်ဒယ်ကိုတော့ ၁၆၉ ဒဿမ ၉၅ ဒေါ်လာနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ ယနေ့ကစပြီး Fitbit website ကနေ အော်ဒါကြိုတင်ထားနိုင်ပြီ ဖြစ်ကာ၊ အောက်တိုဘာလအတွင်း စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။ Ref: The Verge, The Next Web The post Fitbit ကနေ အသစ်မိတ်ဆက်လိုက်တဲ့ ဒေါ်လာ ၁၅၀ တန် Charge 3 စမတ်လက်ပတ် appeared first on ဧရာဝတီ.
Source : https://ift.tt/2N3vIK0
via IFTTT

No comments:

Post a Comment