ကမ္ဘာပေါ်မှာ စိတ်ဖိစီးမှုအများဆုံး အလုပ် ၇ ခု စိတ်ဖိစီးမှုဆိုတာ နေ့စဉ် လူနေမှုဘဝမှာ ရှောင်လွှဲလို့မရတဲ့ အရာတခုဖြစ်ပါတယ်။ စာရေးသူတို့ရဲ့ နေ့စဉ်ဘဝ လုပ်ငန်းခွင် အသီးသီးမှာလည်း စိတ်ဖိစီးမှု မရှိတဲ့ အလုပ် ဆိုတာ မရှိသလောက်ပါပဲ။ အခုဖော်ပြပေးမယ့် အလုပ်တွေကတော့ လေ့လာသူတွေရဲ့ စစ်တမ်း ကောက်ယူချက်တွေအရ ကမ္ဘာပေါ်မှာ စိတ်ဖိစီးမှု အများဆုံး အလုပ်တွေပဲ ဖြစ်ပါတယ်။ (၁) မီးသတ်သမား Forbes မဂ္ဂဇင်းရဲ့စစ်တမ်းကောက်ယူချက်တွေအရတော့ မီးသတ်သမားအလုပ်ကို “နံပါတ် (၁) စိတ်ဖိစီးမှု အများဆုံးအလုပ်” အဖြစ် စာရင်းသွင်းထားပြီး ခက်ခဲတဲ့ အခြေအနေတခုမှာ သူတပါး အသက်ကို အချိန်နဲ့တပြေးညီ ကယ်တင်ရပြီး တခါတရံမှာ မိမိအသက်ကိုပါ စတေးရတဲ့ အလုပ်လည်းဖြစ်တာကြောင့် မီးသတ်သမားအလုပ်ဟာ စိတ်ဖိစီးမှုများတဲ့ အလုပ် တခုပဲ ဖြစ်ပါတယ်။ (၂) ဆရာဝန် နေ့စဉ်နဲ့အမျှ လူနာတွေနဲ့ ထိတွေ့စမ်းသပ်နေရတဲ့ ဆရာဝန်အလုပ်ဟာလည်း စိတ်ဖိစီးမှု အများဆုံး အလုပ်တွေထဲက တခုဖြစ်ပြီး အသစ်အသစ်သော ရောဂါဆန်းတွေနဲ့ လူနာတွေ အပေါ်ကို စိတ်ရှည်သည်းခံကာ လုပ်ကိုင်နေရတဲ့ အလုပ်တခုလည်း ဖြစ်ပါတယ်။ (၃) ရှေ့နေ စိတ်ဖိစီးမှုလည်းများသလို ခက်ခဲတဲ့အခြေအနေတွေနဲ့ အမြဲလိုလို ရင်ဆိုင်ကြုံတွေ့နေရတဲ့ ရှေ့နေ အလုပ်ဟာဆိုရင်လည်း စိတ်ဖိစီးမှုလည်းများသလို စိန်ခေါ်မှုတွေများတဲ့ အလုပ် တခုလည်း ဖြစ်ပါတယ်။ (၄) သတင်းထောက် ၂၀၁၈ ခုနှစ်ရဲ့ စိတ်ဖိစီးမှုအများဆုံးနဲ့ အန္တရာယ်များတဲ့အလုပ်တွေထဲမှာ သတင်းထောက် အလုပ်ဟာ အပါအဝင်ပဲ ဖြစ်ပါတယ်။ နေ့စဉ်နဲ့အမျှ သတင်းတွေကြားထဲမှာပဲ နစ်မျောနေရတဲ့ သတင်းထောက်အလုပ်ဟာ စိတ်ဖိစီးမှုတွေ များသလို စစ်ပွဲသတင်းတွေနဲ့ နိုင်ငံရေး သတင်းတွေ ရေးသားရတဲ့ သတင်းထောက်တွေ အနေနဲ့ ဆိုရင်တော့ အင်မတန်မှ အန္တရာယ်များတဲ့ အလုပ်တခုလည်း ဖြစ်ပါတယ်။ (၅) ကျောင်းဆရာ၊ ဆရာမ စာသင်ကြားရတဲ့ ကျောင်းဆရာ၊ ဆရာမ အလုပ်ဟာ လွယ်ကူတဲ့အလုပ်တခုလို့ ထင်ကောင်း ထင်နိုင်ပေမယ့် နေ့စဉ်နဲ့အမျှ သင်ကြားရေး လုပ်ငန်းစဉ်တွေအပြင် ကျောင်းသားတွေရှေ့မှာ စံပြပုဂ္ဂိုလ် တဦးအနေနဲ့ နေထိုင်ရသူတွေဖြစ်တာကြောင့် စိတ်ဖိစီးမှုအများဆုံး အသက်မွေးဝမ်းကြောင်း အလုပ်တခုပဲ ဖြစ်ပါတယ်။ (၆) ဒရိုင်ဘာ ကားမောင်းရတဲ့ တက္ကစီ ဒရိုင်ဘာအလုပ်ဟာ သာမန်အားဖြင့် ပြောရမယ်ဆိုရင်တော့ ခက်ခဲတဲ့ အလုပ်တခု မဟုတ်ဘူးလို့ ထင်ရပေမယ့် ယာဉ်ကြောပိတ်ဆို့မှုတွေ မြင့်တက်နေတဲ့ အခုလို အခြေအနေတွေနဲ့ ရိုင်းပျတဲ့ ခရီးသည်တွေ၊ သောက်စား မူးယစ်လာတဲ့ ခရီးသည်တွေနဲ့ ကြုံတွေ့ရတဲ့ အခြေအနေမျိုးတွေမှာတော့ စိတ်ရှုပ်ထွေးစရာ ကောင်းသလို စိတ်ဖိစီးမှုလည်း များတဲ့ အလုပ်တခုပဲ ဖြစ်ပါတယ်။ (၇) လေယာဉ်မှူး ရာနဲ့ချီတဲ့ ခရီးသည်တွေကို အန္တရာယ်ကင်းကင်းနဲ့ ပို့ဆောင်ပေးရတဲ့ လေယာဉ်မှူး အလုပ်ဟာ စိတ်ဖိစီးမှုများတဲ့ အလုပ်အကိုင်တခု ဖြစ်ပါတယ်။ လစာဝင်ငွေလည်း မြင့်မားသလို စိတ်ဖိစီးမှု Level လည်း များတဲ့ အလုပ်တခု ဖြစ်ပါတယ်။ Ref ; careeraddict.com The post ကမ္ဘာပေါ်မှာ စိတ်ဖိစီးမှုအများဆုံး အလုပ် ၇ ခု appeared first on ဧရာဝတီ.
Source : https://ift.tt/2MmWa4Y
via IFTTT
No comments:
Post a Comment