Monday, August 20, 2018


တပ်မတော် အရာရှိများကို အမေရိကန် ပိတ်ဆို့အရေးယူ ရိုဟင်ဂျာ ခေါ် ဘင်္ဂလီများကို လူမျိုးစု သုတ်သင်ရှင်းလင်းခြင်းဟုဆိုကာ လူ့အခွင့်အရေးချိုးဖေါက်မှုများအတွက် မြန်မာ လုံခြုံရေးအရာရှိ လေးဦးနှင့် တပ်ဖွဲ့ နှစ်ခုတို့ကို အရေးယူပိတ်ဆို့လိုက်ကြောင်း အမေရိကန်ပြည်ထောင်စုက သြဂုတ်လ ၁၇ ရက်နေ့တွင် ကြေညာခဲ့သည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်စလင် ၇ သိန်းခန့် မြန်မာနိုင်ငံမှ ထွက်ပြေးရသော တပ်မတော်၏ စစ်ဆင်ရေးများအပြီး တနှစ်ပြည့်သည်အချိန်တွင် အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက အထက်ပါအတိုင်း ကြေညာခဲ့ခြင်းဖြစ်သည်။ အရေးယူ ပိတ်ဆို့မှု စာရင်းဝင်သွားသည်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ ဗိုလ်ချုပ် ခင်မောင်စိုး၊ ဗိုလ်ချုပ် ခင်လှိုင်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့အကြီးအကဲ ရဲမှူးချုပ် သူရ စန်းလွင်နှင့် အမှတ် ၃၃ နှင့် ၉၉ ခြေမြန်တပ်မများဖြစ်သည်။ သို့သော် ထိုအရာရှိများသည် အမေရိကန် ပြည်ထောင်စုသို့သွားရောက်မည့် အစီအစဉ် မရှိသကဲ့သို့ ပိတ်ဆို့ခံ တပ်မများသည်လည်း အမေရိကန်ပြည်ထောင်စုတွင် မည်သည့် ပိုင်ဆိုင်မှုမျှ မရှိသောကြောင့် ထိုအရေးယူခြင်းတွင် မည်သည့် သက်ရောက်မှုမျှ မရှိကြောင်း မြန်မာ့အရေး ကျွမ်းကျင်သူ သတင်းစာဆရာ ဘာတေးလ် လစ်တနာက ဆိုသည်။ “ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် မြန်မာ့တပ်မတော်ခေါင်းဆောင်များကို ပိုမိုပြင်းထန်သော အရေးယူပိတ်ဆို့မှု ပြုလုပ်ပါက မြန်မာနိုင်ငံကို တရုတ်နိုင်ငံ၏ ကာကွယ်မှုအတွင်း တွန်းပို့ရာရောက်သည့် ပထဝီနိုင်ငံရေး အန္တရာယ် ရှိသည်” ဟု ဘာတေးလ် လစ်တနာ က Asia Times တွင် သုံးသပ်ရေးသားသည်။ မြန်မာလုံခြုံရေးတပ်ဖွဲ့များ၏ ရခိုင်မြောက်ပိုင်း စစ်ဆင်ရေးသည် လူမျိုးစု ရှင်းလင်းခြင်းဖြစ်သည်ဟု ကုလသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုတို့က သတ်မှတ် စွပ်စွဲထားသည်။ မြန်မာနိုင်ငံကမူ နိုင်ငံတကာဖိအားကို ရင်ဆိုင်ရန်အတွက် ရခိုင်မြောက်ပိုင်း လူ့အခွင့်အရေးချိုးဖေါက်မှုများကို စုံစမ်းစစ်ဆေးရန် ကော်မရှင်တခု ဖွဲ့ထားသည်။ ဖိလစ်ပိုင် သံတမန် ရိုစာရီရို မာနာလိုသည် အဖွဲ့ဝင် လေးဦးပါသော ထိုကော်မရှင်ကို ဦးဆောင်မည်ဖြစ်သည်။ The post တပ်မတော် အရာရှိများကို အမေရိကန် ပိတ်ဆို့အရေးယူ appeared first on ဧရာဝတီ.
Source : https://ift.tt/2OSkMzz
via IFTTT

No comments:

Post a Comment