ယာဥ်စီးခအဖြစ် ထည့် သွင်းသည့် ငွေစက္ကူအစုတ်များ ကို တန်ဖိုးတွက်ချက်ပါက လစဥ် ကျပ်သိန်းချီကြောင်း ဝိုင်ဘီအက်စ် ယာဥ်လိုင်း တာဝန်ရှိသူများက ပြောသည်။ ဝိုင်ဘီအက်စ်စနစ် စတင်ပြီး နောက် ငွေထည့်ပုံးအတွင်း ခရီး သည်ကိုယ်တိုင် ယာဥ်စီးခထည့်ရ သည့်စနစ်ကို ကျင့်သုံးခဲ့သည်မှာ တစ်နှစ်ကျော်ရှိလာသော်လည်း ငွေစက္ကူအစုတ်အပြဲများ၊ စက္ကူ အပိုင်းအစများ ထည့်သွင်း အသုံး ပြုမှု လျော့နည်းပပျောက်ခြင်း မရှိသးဟု ၎င်းတို့ကဆိုသည်။ ‘‘ကျွန်တော်တို့ဆီမှာ သုံး ရက်လောက်ကို ပိုက်ဆံအစုတ်၊ အပြဲ ကျပ်တစ်သိန်းဖိုးကျော် လောက် စုဆောင်းရတယ်။ လုံးဝ ပြန်သုံးလို့မရတဲ့ ပိုက်ဆံတွေ လည်းပါတယ်။ ကာလာပရင်တာ နဲ့ ထုတ်ထားတဲ့ ပိုက်ဆံအတုတွေ လည်း ပါတယ်’’ဟု Omni Focus အများပိုင် ဘတ်စ်ကားကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးထွန်း တောက်ဝင်းက ပြောသည်။ ‘‘တချို့ဆို ပိုက်ဆံလုံးဝ မထည့်ဘဲ စီးတာမျိုးတွေလည်း ရှိ နေတုန်းပဲ’’ဟု ၎င်းကပြောသည်။ သာကေတမှ ကြည့်မြင်တိုင် သို့ပြေးဆွဲသည့် (၈၉) ယာဥ်လိုင်း တွင်လည်း တစ်လလျှင် ငွေစက္ကူ အစုတ်၊ အပြဲ ကျပ်သုံးသိန်းခန့် အထိ စုဆောင်းရရှိသည်ဟု ယင်း ယာဥ်လိုင်းတာဝန်ခံ ဦးသွင်ထူး ကျော်က ဆိုသည်။ ‘‘လုံးဝသုံးမရဘဲ ပစ်လိုက် ရတာက သုံးလေးသောင်းဖိုး လောက်ရှိတယ်။ တချို့ဟာတွေ ကို တိပ်နဲ့ပြန်ကပ်ပြီး ဗဟိုဘဏ် ကိုပြန်သွင်းတယ်။ တစ်ထောင် တန်အတုထည့်ပြီး ခရီးသည်ဆီ က အကြွေစောင့်ယူလုပ်စားတာ မျိုးတွေလည်း ရှိတယ်’’ဟု ၎င်းက ပြောသည်။ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) သည် ယဥ်စီးခကို ကတ် စနစ်ဖြင့် ကျင့်သုံးရန် ယခင်နှစ် ကတည်းက စီစဥ်နေသော်လည်း ယခုအချိန်အထိ အကောင် အထည် မပေါ်သေးပေ။ ကတ်စနစ်ကျင့်သုံးရန် နည်းပညာကုမ္ပဏီကို တင်ဒါ ရွေးချယ်ထားပြီးဖြစ်သည်ဟုသာ YRTA က သတင်းထုတ်ပြန်ထား သည်။ ‘‘ကတ်စနစ်ဖြစ်လာရင် တော့ ယာဥ်လိုင်းတွေအတွက် မလိုလားအပ်ဘဲ အခုလို ဝင်ငွေ ဆုံးရှုံးမှုတွေ မဖြစ်နိုင်ဘူး။ ကတ် စနစ် အမြန်ဆုံး အကောင်အထည် ဖော်ပေးဖို့ အရေးကြီးတယ်။ ဒီလို မှ မဟုတ်ရင် ဘတ်စ်ကားတွေက ပိုက်ဆံစုတ်တွေ စုပေးနေတဲ့ လုပ် ငန်းဖြစ်မှန်းမသိ ဖြစ်နေတယ်’’ဟု ဝိုင်ဘီဘက်စ်ယာဥ်ပိုင်ရှင် ဦးမြင့် သိန်းက ပြောသည်။ ငွေစက္ကူအစုတ်များကို ယာဥ်စီးခအဖြစ် အသုံးပြုနေခြင်း ကြောင့် ယာဥ်လိုင်းများ အမှန် တကယ်ရသင့်သည့် ဝင်ငွေထက် လျော့နည်းကာ နစ်နာသည်ဟု ယာဥ်လိုင်း တာဝန်ရှိသူများက ပြောသည်။
Source : https://ift.tt/2M12NZK
via IFTTT
No comments:
Post a Comment