Android ဖုန်းတွေရဲ့ အဓိက Feature တခုကို iPhone မှာ မကြာခင် ရနိုင်ဖွယ်ရှိ Android ဖုန်းတွေနဲ့ iPhone တွေရဲ့ အဓိကကွာခြားချက်တခုကို ပြောပါဆိုရင် SIM ကတ် နှစ်ကတ် အသုံးပြုနိုင်တဲ့ Feature ကို ပြောရမှာပါ။ Android ဖုန်းတိုင်းလိုလိုမှာ SIM နှစ်ကတ် အသုံးပြု နိုင်ပေမယ့်၊ iPhone တွေမှာတော့ လက်ရှိအချိန်ထိ SIM တကတ်တည်း အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် မကြာခင်ထွက်ရှိလာမယ့် 2018 iPhone မော်ဒယ်အသစ်တွေမှာတော့ SIM ကတ်နှစ်ကတ် အသုံးပြုလို့ ရလာနိုင်ဖွယ်ရှိပါတယ်။ iOS 12.5 Developer Beta မှာ ‘‘second SIM status’’ နဲ့ ‘‘second SIM tray status’’ လို့ ရည်ညွှန်းထားတဲ့ Code Line တွေကို 9to5Mac ကနေ စတင်တွေ့ရှိခဲ့ပြီး၊ အဆိုပါ Code တွေအရ ဆိုရင် အသစ်ထွက်ရှိမယ့် iPhone မော်ဒယ်တွေမှာ SIM နှစ်ကတ်သုံးလို့ ရလာနိုင်ပါတယ်။ Bloomberg သတင်းဌာနကလည်း ၂၀၁၈ ခုနှစ်အတွင်း ထုတ်မယ့် iPhone X Plus နဲ့ LCD Display သုံးမယ့် တန်ဖိုးနည်း iPhone အသစ်တို့မှာ Dual SIM အသုံးပြုလာနိုင်မယ်လို့ ဖော်ပြခဲ့ဖူးတာကြောင့် Dual SIM iPhone ထွက်လာဖို့ တော်တော်ဖြစ်နိုင်ချေ များနေပါပြီ။ Apple အနေနဲ့ Dual SIM iPhone ထုတ်မယ်ဆိုရင်တောင် ဈေးကွက်တချို့အတွက်ပဲ ထုတ်ပေးနိုင်ပါ တယ်။ ဖြစ်နိုင်တာကတော့ Dual SIM သုံးလို့ရတာကို ပိုကြိုက်ကြတဲ့ အာရှနဲ့ အိန္ဒိယ ဈေးကွက် တို့မှာပဲ Dual SIM iPhone ကို ထုတ်ပေးသွားဖို့ များပါတယ်။ ဥရောပနဲ့ အမေရိကဈေးကွက် တို့မှာတော့ ထုံးစံအတိုင်း SIM တကတ်ပဲ အသုံးပြုနိုင်တဲ့ iPhone တွေကို ရောင်းချသွားမှာပါ။ Apple ဟာ Dual SIM အသုံးများတဲ့ အိန္ဒိယနိုင်ငံမှာဆိုရင် လက်ရှိ ဈေးကွက်ဝေစု ၂ ရာခိုင်နှုန်း လောက်ပဲ ရရှိထားတာကြောင့် ဈေးကွက်ဝေစု ပိုများများ သိမ်းပိုက်နိုင်ဖို့ အိန္ဒိယမှာ Dual SIM iPhone ထုတ်ပေးဖို့ လိုအပ်နေပါတယ်။ လတ်တလောသိရှိထားတဲ့သတင်းတွေအရ Apple ဟာ ၂၀၁၈ ခုနှစ်အတွင်းမှာ iPhone မော်ဒယ် ၃ မျိုး အထိ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ မော်ဒယ် ၃ မျိုးထဲက တမျိုးဟာ ၆.၁ လက်မ LCD Display နဲ့ ထွက်လာ မှာဖြစ်ပြီး၊ ဈေးလည်း ပိုနည်းလာမှာပါ။ နာမည်ကြီး ဈေးကွက်လေ့လာရေး ပညာရှင် ဖြစ်တဲ့ Ming-Chi Kuo ကတော့ အဆိုပါ LCD iPhone ဟာ ဒေါ်လာ ၆၀၀ ကနေ ၇၀၀ လောက်ပဲ ရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ Apple အနေနဲ့ လက်ရှိ Android ဖုန်းတွေမှာ သုံးထားသလို ပုံမှန် SIM နှစ်ကတ် တပြိုင်တည်း ထည့်သုံးနိုင်တဲ့ SIM ကတ်အပေါက်နဲ့ပဲ ထုတ်မလား ဒါမှမဟုတ် Apple Watch တွေကလို e-SIM ကို ဒုတိယ SIM ကတ်ပုံစံမျိုး အဖြစ် သုံးမလားဆိုတာကိုတော့ သေချာမသိရသေးပါဘူး။ သေချာတာတခုကတော့ Code Line တွေမှာပါ Dual SIM Support နဲ့ ပတ်သက်တာတွေ တွေ့နေရပြီဆိုတော့ မကြာခင်အချိန်အတွင်း Dual SIM iPhone တမျိုးကို မြင်တွေ့ ရဖို့ ရှိပါတယ်။ Ref: Gadgets Now, Tech Crunch, 9to5 Mac The post Android ဖုန်းတွေရဲ့ အဓိက Feature တခုကို iPhone မှာ မကြာခင် ရနိုင်ဖွယ်ရှိ appeared first on ဧရာဝတီ.
Source : https://ift.tt/2LUuuDM
via IFTTT
No comments:
Post a Comment