လာအိုနိုင်ငံရောက်ရင် မဖြစ်မနေ သွားလည်သင့်တဲ့ နေရာ ၅ ခု ထိုင်းနိုင်ငံနဲ့ ဗီယမ်နမ်နိုင်ငံပြီးရင် အရှေ့တောင်အာရှမှာ ကမ္ဘာလှည့်ခရီးသွားတွေ သွားလာ လည်ပတ်မှု အများဆုံးနိုင်ငံဟာ လာအိုနိုင်ငံပဲ ဖြစ်ပါတယ်။ စိမ်းစိုနေတဲ့ သစ်တောတွေကြားက ထုံးကျောက်တောင်တွေနဲ့ ရင်သပ်ရှုမော ဖွယ်ရာ ရေတံခွန်တွေက ခရီးသွားတွေကို ဆွဲဆောင်ထားတာဖြစ်ပြီး လာအိုင်နိုင်ငံမှာ လည်ပတ်သွားလာစရာ နေရာတွေ ပေါများပါတယ်။ လာအိုနိုင်ငံရဲ့ လည်ပတ်စရာ နေရာ အများကြီးထဲကမှ မဖြစ်မနေ သွားလည်သင့်တဲ့ နေရာ ၅ ခုကို ဖော်ပြပေးလိုက်ပါတယ်။ (၁) Luang Prabang လာအိုနိုင်ငံရဲ့ သွားလာလည်ပတ်စရာ တွေထဲကမှ ရေပန်းအစားဆုံး နေရာတခုဖြစ်တဲ့ ဒီနေရာဟာ လာအိုနိုင်ငံ ရှေးဟောင်းမြို့တော် တခုပဲဖြစ်ပါတယ်။ မဲခေါင်မြစ်နဲ့ နမ့်ခမ်မြစ်ကြားထဲမှာ တည်ရှိတဲ့ ဒီမြို့မှာဆိုရင် များစွာသော ဗုဒ္ဓဘာသာဘုရားကျောင်းတွေ ၊ ဘုန်းတော်ကြီးကျောင်းတွေနဲ့ အနီးအနား တဝိုက်က ရေတံခွန်တွေ ၊ ဆင်စခန်းတွေက သင့်ကို အသင့်စောင့်ကြိုနေမှာ ဖြစ်ပါတယ်။ ခရီးသွား အများစုကို ဆွဲဆောင်နိုင်တဲ့ ညဈေးဟာ မြို့ရဲ့ အဓိက လမ်းမကြီးပေါ်မှာ တည်ရှိပြီး လာအိုနိုင်ငံရဲ့ ရိုးရာလက်မှု ပစ္စည်းတွေကိုလည်း ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ (၂) Vientiane လာအိုနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ဗီယမ်ကျင်းမြို့ဟာ မဲခေါင်မြစ်နားမှာ တည်ရှိပြီး ပြင်သစ်နိုင်ငံရဲ့ ကိုလိုနီပြုခြင်း ခံရတဲ့အတွက် ပြင်သစ်ရဲ့ အငွေ့အသက် လွှမ်းမိုးနေတဲ့ လမ်းတွေနဲ့ အဆောက်အဦ တွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီမြို့ရဲ့ကမ္ဘာလှည့်ခရီးသွားတွေကို အဆွဲဆောင်နိုင်ဆုံးနေရာကတော့ ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော် တည်ရှိတဲ့ စန္ဒကူး မြို့တော်ပဲ ဖြစ်ပါတယ်။ ဒီရပ်တော်မူဗုဒ္ဓရုပ်ပွားတော်ကို ၁၅၈၆ခုနှစ်မှာ စတင် တည်ထားခဲ့ကာ ၄၉မီတာ ဉာဏ်တော် အမြင့်ရှိပြီး ဗုဒ္ဓရဲ့ ဓာတ်တော်မွေတော်တွေ ကိန်းဝပ် စံပါယ်နေတယ်လို့ လာအိုနိုင်ငံသားတွေက ယုံကြည်ကြပါတယ်။ (၃) Vang Vieng ဗီယမ်ကျင်းကနေ ၄ နာရီကြာ ကားမောင်းသွားရုံနဲ့ ရောက်ရှိနိုင်တဲ့ ဒီမြို့ရဲ့ မူလအမည်ဟာဆိုရင် “Mouang Song” ဖြစ်ပြီး ပြင်သစ် ကိုလိုနီဖြစ်ခဲ့စဉ်က ခေါ်ဝေါ်ခဲ့တဲ့နာမည်ပဲဖြစ်ပါတယ်။ Nam Song မြစ်နားမှာတည်ရှိတဲ့ ဒီမြို့ဟာ ရင်သပ်ရှုမော ဖွယ် ထုံးကျောက်တောင်တွေကြောင့်ပဲ ခရီးသွား အများစုကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ (၄) Phonsavan Phonsavan ရဲ့ အဓိပ္ပာယ်ကတော့ သုခဘုံတောင်တန်းလို့ အမည်ရပြီး လာအိုနိုင်ငံရဲ့ ရှေးဟောင်းရိုးရာ ယဉ်ကျေးမှုတွေကို တွေ့မြင်ရမယ့် နေရာတခုလည်းဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ အနောက်ဘက်ခြမ်းမှာရှိတဲ့ ကောင်းဘွိုင်တွေလိုပဲ အခု Phonsavan မှာလည်း ခရမ်းနဲ့ အညိုရောင် ဦးထုပ်တွေ ဝတ်ဆင်ထားတဲ့ လာအိုနိုင်ငံရဲ့ ကောင်းဘွိုင်တွေကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ (၅) Wat Phu ပျက်စီးနေခဲ့ပြီးဖြစ်တဲ့ ခမာလူမျိုးတွေရဲ့ ဘုရားကျောင်းတခုဖြစ်ပြီး Phu Kao တောင်ခြေမှာ တည်ရှိပါတယ်။ ၁၁ ရာစုနဲ့ ၁၃ ရာစုကြား လက်မှုပညာရပ်တွေကို လေ့လာတွေ့မြင်နိုင်မှာ ဖြစ်ပြီး ခမာအင်ပါယာရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံက နာမည်ကျော် အန်ကောဝပ် ဘုရားကျောင်းနဲ့လည်း ဆက်စပ်မှုတွေရှိနေတယ်လို့လည်း သမိုင်းဆိုင်ရာ အချက်အလက်တွေအရ သိရပါတယ်။ Ref ; www.touropia.com The post လာအိုနိုင်ငံရောက်ရင် မဖြစ်မနေ သွားလည်သင့်တဲ့ နေရာ ၅ ခု appeared first on ဧရာဝတီ.
Source : https://ift.tt/2AzpUWV
via IFTTT
No comments:
Post a Comment