တိရစ္ဆာန်ချစ်သူတွေ ဂျပန်နိုင်ငံကိုရောက်ရင် သွားလည်သင့်တဲ့ နေရာ (၄) ခု သင်ဟာ တိရစ္ဆာန်လေးတွေကို ချစ်တတ်သူတယောက်ဆိုရင်တော့ ဂျပန်နိုင်ငံကို အလည်အပတ်ရောက်တဲ့အခါ မဖြစ်မနေ သွားရောက်လည်ပတ်သင့်တဲ့ အံ့အားသင့်စရာကောင်းတဲ့ နေရာ (၄) ခုကို ဖော်ပြပေးလိုက်ပါတယ်။ Okunoshima ယုန်ကျွန်း (၁) ဂျပန်နိုင်ငံ Takehara မြို့ရဲ့ ၂ မိုင်အကွာမှာ ရှိတဲ့ Okunoshima ယုန်ကျွန်းဟာဆိုရင်တော့ တကျွန်းလုံးမှာ အမွှေး ထူထူယုန်တွေနဲ့ ပြည့်နှက်နေတဲ့ ကျွန်းတကျွန်းဖြစ်ပြီး ယုန်ကောင်ရေ ထောင်နဲ့ချီကာ နေထိုင်ကျက်စားကြပါတယ်။ ဒီကျွန်းဟာ ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်စစ်သားတွေရဲ့ စစ်လက်နက်ထုတ်တဲ့ ကျွန်းတကျွန်းဖြစ်ခဲ့တာဖြစ်ပြီး အခု နောက်ပိုင်းမှာတော့ ယုန်ကောင်ရေ များပြားလာတဲ့အတွက် အစာရေစာနဲ့ပတ်သက်ပြီး အခက်အခဲတွေ ကြုံနေရတယ် လို့လည်း သိရပါတယ်။ ယုန်ချစ်သူတွေ သွားရောက်လည်ပတ်သင့်တဲ့ ဒီကျွန်းကိုတော့ Hiroshima ကနေ ရထားနဲ့ သွားရောက်နိုင်မှာပဲ ဖြစ်ပါတယ်။ ကြောင်ချစ်သူတွေအတွက်Temari no Ouchi cat cafe (၂) ဂျပန်နိုင်ငံ တိုကျိုမြို့ကိုရောက်ရင်တော့ ကြောင်ချစ်သူတွေအနေနဲ့ Temari no Ouchi cat cafe ကို မဖြစ်မနေ သွားရောက်လည်ပတ်သင့်ပါတယ်။ ဒီ cat café မှာတော့ အရောင်အသွေးစုံလင်လှတဲ့ ချစ်စရာကြောင်လေးတွေကို ကော်ဖီသောက်ရင်းနဲ့ မိတ်ဆွေဖွဲ့ ချစ်ခင်နိုင်မှာဖြစ်ပြီး ဂျပန်နိုင်ငံက ကြောင်ချစ်သူ Celebrity တွေအများစု လာရောက် ကြတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။ Jigokudani မျောက်ဥယျာဉ် (၃) တိရစ္ဆာန်ချစ်သူအများစုကို ဆွဲဆောင်နိုင်တဲ့ Jigokudani မျောက်ဥယျာဉ်ကတော့ တိုကျိုကနေ ရထားနဲ့ ၁နာရီခွဲခန့် စီးရုံနဲ့ ရောက်နိုင်တဲ့ Nagano မြို့မှာတည်ရှိတာဖြစ်ပြီး ရာနဲ့ချီတဲ့ မျောက်တွေကို ရေပူစမ်းမှာ အပန်းဖြေရင်း လေ့လာ ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။ မျောက်တွေဟာ လူတွေနဲ့ ယဉ်ပါးနေတာကြောင့် အန္တရာယ်မပြုနိုင်ပေမယ့် အရမ်းနီးနီးကပ်ကပ် မသွားရောက်ဖို့တော့ ဥယျာဉ်က တာဝန်ရှိသူတွေက တားမြစ်ထားပါတယ်။ Nara သမင်ဥယျာဉ် (၄) Nagano ကနေ ၄ နာရီလောက် ရထားစီးရုံနဲ့ ဆီးနှင်းတွေဖုံးနေတဲ့ တောင်တန်းတွေနဲ့အတူ ချစ်စဖွယ်သမင်လေးတွေ အကောင်ရေထောင်နဲ့ချီပြီးရှိတဲ့ Nara သမင်ဥယျာဉ်ကို ရောက်ရှိနိုင်မှာပဲ ဖြစ်ပါတယ်။ ဒဏ္ဍာရီတွေအရတော့ ဒီနေရာကို နတ်သမီးတပါးကနေ သမင်တွေကို အစောင့်အရှောက်အနေနဲ့ ပို့လွှတ်လိုက်တာ ဖြစ်တယ်လို့ ယုံကြည်ကြပြီး ဂျပန်နိုင်ငံရဲ့ဥပဒေအရလည်း သမင်တွေကို ဖမ်းဆီးသတ်ဖြစ်ခြင်းကို ကန့်သတ်ထားပါတယ်။ Ref. https://ift.tt/2wZJAAc The post တိရစ္ဆာန်ချစ်သူတွေ ဂျပန်နိုင်ငံကိုရောက်ရင် သွားလည်သင့်တဲ့ နေရာ (၄) ခု appeared first on ဧရာဝတီ.
Source : https://ift.tt/2LVGKVk
via IFTTT
No comments:
Post a Comment