Thursday, August 2, 2018


အလှူကပုံ ဝေဖန်မှုအပေါ် ပြန်ဖြေရှင်းလိုက်တဲ့ ပိုင်တံခွန် ဝါဆိုသင်္ကန်းအလှူကို ကမာရွတ်မြို့နယ်မှာရှိတဲ့ ပဌာန်းကျောင်းမှာ ဆွမ်းကပ်ကာ အလှူပြုလုပ်ခဲ့တဲ့ ပုံတွေကို လူမှုကွန်ရက် စာမျက်နှာပေါ်တင်ခဲ့ရာ ဝေဖန်မှုတွေ ရှိခဲ့တဲ့ ပိုင်တံခွန်က အခုလို ပြန်လည် ရှင်းပြထားပါတယ်။ “ကျနော့် အလှူကို လာတဲ့ ဧည့်သည်ကို လောကဝတ်ပြုရမှာ ကျနော့်အလုပ်ပဲလေ၊ ကျနော့် အလှူကို လာတဲ့ထဲမှာ လူဆိုး ပါချင်ပါမယ်၊ ဓါးပြတွေ ပါချင်ပါမယ်၊ လူတော်လူကောင်းတွေလည်း အများကြီး ပါချင်ပါမယ်။ အဲဒါတွေ ကျနော်တို့က လိုက်ကြည့်နေ လို့မရဘူးဗျ။ ကျနော့် အလှူလာတဲ့ မည်သူမဆို ကိုယ်က ကိုယ့်အလှူ လာတဲ့အတွက် အရိုအသေ ဆက်ဆံရမှာ ကျနော်အလုပ်ပဲ၊ ဘယ်လို ဝေဖန်မှုပဲဖြစ်ဖြစ်၊ ပြောချင်တဲ့သူက ပြောကြမှာပဲလေ။ ကျနော်ကတော့ စိတ်ထဲမှာ ဘာမှမရှိဘူး” လို့ ပိုင်တံခွန်က ဧရာဝတီကို ပြောပါတယ်။ ပိုင်တံခွန်က အလှူကို လာရောက်ကြတဲ့ ဧည့်သည်တွေထဲမှာ ပုံတပုံမှာ နိုင်ငံတော် အကြီးအကဲဟောင်း၊ ဦးနေဝင်းရဲ့ မြေးဖြစ်သူ အေးနေဝင်းနဲ့ ပုံမှာ ပိုင်တံခွန် ဒူးထောက်နေသလို ဖြစ်တဲ့ ပုံကြောင့် Facebook အသုံးပြုသူများက ဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ပိုင်တံခွန်က အခုလို ဆိုပါတယ်။ “ပုံကြည့်လိုက်တာနဲ့ သိပါတယ်၊ ဓာတ်ပုံတပုံမှာ ဒူးထောက်နေတာ မဟုတ်ဘူး ကျနော့်အရပ်နဲ့ ခါးကုန်းပြီး လူကြီးတွေပြောနေတာ နားထောင်ရတာ ခါးညောင်းလို့ ကျနော် ခဏခြေကို ကွေးချပြီး စကားပြောနေတာပါ၊ ကျနော်ကိုယ်တိုင်က အရိုအသေလွန်နေတာပါ၊ ကျနော့်အလှူကို မွတ်စလင် ဦးလေးတွေ၊ သူငယ်ချင်းတွေ၊ ကျနော့်ရဲ့ ဂျူနီယာကလေးတွေ လာကြတယ်၊ အားလုံးဒီတိုင်းပဲ ကျနော် ခုံမှာတောင် ထိုင်ပြီး စကားမပြောခဲ့ဘူး၊ အားလုံးအပေါ်မှာ အရိုသေဖြစ်အောင်ပါ” လို့ ပိုင်တံခွန်က ပြောပါတယ်။ မော်ဒယ် ပိုင်တံခွန်ရဲ့ ဝါဆို သင်္ကန်းကပ် အလှူ “ရပ်နေလည်း ရိုင်းမှာစိုးလို့ အားလုံးကို ရိုရိုကျိုးကျိုး ဆက်ဆံခဲ့တာ၊ ကျနော့်ရဲ့အလှူက ကျနော့် ပရိတ်သတ်တွေဆီကရတဲ့ အနုပညာကြေးလေးတွေနဲ့ ဖန်တီးထားတဲ့ သာမန်အလှူပွဲလေးပါ၊ ငွေမျက်နှာတွေ၊ နိုင်ငံရေးတွေ ဘာမှ မပါတဲ့ ဖြူစင်တဲ့ အလှူသက်သက်ပါ” လို့ ပိုင်တံခွန်က ဧရာဝတီကို ပြောပါတယ်။ ဘာသာရေးတွေ နိုင်ငံရေး မခွဲခြားဘဲ ပိုင်တံခွန်က လူမှုရေးပိုင်းမှာတော့ လူပီသအောင်ပဲ နေတယ်လို့ ပြောပါတယ်။ “ကျနော်က ဘာသာရေး၊ နိုင်ငံရေးတွေ မုန်းနေတဲ့ ဝါဒတွေ မရှိဘူး၊ ဒါပေမယ့် ကျနော်ကတော့ ကောင်းတဲ့လူလည်း ကျနော်ချစ်တယ်၊ မကောင်းတဲ့ သူလည်း ချစ်တယ်။ သင့်တင့်မျှတအောင် ပေါင်းတယ်။ ဘယ်သူ့ကိုမှ ကိုးကွယ်တဲ့ လူတန်းစား မဟုတ်ဘူး၊ ကျနော့်ဆီမှာ မိဘနှစ်ပါးရှိတယ်၊ ဘယ်သူက ဘာကြီးပဲ ဖြစ်နေဖြစ်နေ စိတ်မဝင်စားဘူး၊ ကျနော်အကုန်လုံးပေါ်မှာ ရိုရိုသေသေ ဆက်ဆံတယ်၊ လူမှုရေးပိုင်းမှာတော့ ကျနော်အနေနဲ့ လူပီသအောင်ပဲ ဆက်ဆံတတ်တယ်လို့ ဒါပါပဲ” လို့ ပိုင်တံခွန်က ဆိုပါတယ်။ ပိုင်တံခွန်က လက်ရှိမှာတော့ ကြော်ငြာတွေရိုက်ဖြစ်ပြီး ဗီဒီယို ဇာတ်ကား၂ ကားနဲ့ ရုပ်ရှင်ကား ၁ ကား ရိုက်ဖို့ရှိတယ်လို့ သိရပါတယ်။ The post အလှူကပုံ ဝေဖန်မှုအပေါ် ပြန်ဖြေရှင်းလိုက်တဲ့ ပိုင်တံခွန် appeared first on ဧရာဝတီ.
Source : https://ift.tt/2v8aKD2
via IFTTT

No comments:

Post a Comment