ဥရောပနိုင်ငံမှာ ရှိတဲ့ အလှဆုံး ရဲတိုက်များ မြန်မာမင်းဆက်တွေ ဘုရားတည် ကျောင်းဆောက်သလိုပဲ ဥရောပမှာရှိတဲ့ ဧကရာဇ်တွေ ၊ မြို့စားတွေ၊ သူဌေးကြီးတွေဟာလည်း ကြီးမားခမ်းနားတဲ့ ရဲတိုက်တွေ တည်ဆောက်ပြီး နေထိုင်ကြပါတယ်။ ဒီလို ရဲတိုက်တွေ တည်ဆောက်ခဲ့တာဟာ စစ်ဒဏ်၊ ရာသီဥတုဒဏ်တွေ ကာကွယ်ဖို့ဖြစ်ပြီး အဲဒီလို ဆောက်ခဲ့တဲ့အတွက်လည်း ယနေ့ခေတ် လူတွေဟာ ရှေးကလက်ရာတွေကို လေ့လာခွင့် ရခဲ့တာလည်း ဖြစ်ပါတယ်။ ဒီတခါမှာတော့ ဥရောပမှာ တည်ရှိတဲ့ အလှဆုံးရဲတိုက်တွေ အကြောင်းကို ဖော်ပြပေးချင်ပါတယ်။ (၁) Neuschwanstain Castle Neuschwanstain ရဲတိုက်ဟာ ဂျာမနီနိုင်ငံ အနောက်တောင်ဖက်မှာ တည်ရှိပါတယ်။ ဒီရဲတိုက်ဟာ အလယ်ခေတ်လောက်မှာ တည်ထောင်ခဲ့တာဖြစ်ပြီး ဒီရဲတိုက်ကို နောက်ဆုံး အုပ်စိုးခဲ့တဲ့ သူကတော့ Ludwig II ဖြစ်ပါတယ်။ သူဟာ ယခင်က သူ့ဖခင် တည်ဆောက်ခဲ့တဲ့ ရဲတိုက်ဟောင်းကို ဖျက်စီးပြီး ဒီရဲတိုက်ကို တည်ဆောက်ခဲ့တာပါ။ ဒီရဲတိုက်တာ သူတို့မိသားစုအတွက် နွေရာသီစံအိမ်ဖြစ်ခဲ့ပါတယ်။ Ludwig II နတ်ရွာစံ သွားပြီးတဲ့နောက် ၁၈၈၆ ခုနှစ်ကစပြီး ဒီရဲတိုက်ဟာ အများပြည်သူ လည်ပတ်စရာ ဖြစ်လာခဲ့ပါတယ်။ (၂) Windsor Castle Windsor ရဲတိုက်ကတော့ အင်္ဂလိပ် လူ့အဖွဲ့အစည်း၊ ဗြိတိန်တော်ဝင် မိသားစုများနဲ့ ဗိသုကာလက်ရာတွေကြောင့် ကျော်ကြားပါတယ်။ မူလရဲတိုက်ကို ၁၁ရာစုမှာ တည်ဆောက်ခဲ့ပြီး စစ်ဘုရင် Willam က ကျူးကျော်သိမ်းပိုက်ခဲ့ပါတယ်။ ၁၉ ရာစု နောက်ပိုင်းကစပြီး ဒီရဲတိုက်ကို အများပြည်သူလည်ပတ်ဖို့ ဖွင့်လှစ်ခဲ့ပါတယ်။ (၃) Hohenwerfen Castle ဒီရဲတိုက်ကတော့ သြစတေးလျနိုင်ငံမှာ တည်ရှိပါတယ်။ ၁၀၇၅ ခုနှစ်ကနေ ၁၀၇၇ ခုနှစ် အထိ ၃ နှစ်အတွင်း တည်ဆောက်ခဲ့တဲ့ ဒီရဲတိုက်ကို Habsburgs မိသားစုက ပိုင်ဆိုင်တာ ဖြစ်ပါတယ်။ ဒီမိသားစုဟာ သြစတေးလျနိုင်ငံရဲ့ တော်ဝင်မိသားစု တခုဖြစ်ပြီး ၁၁ ရာစုအထိ အုပ်စိုးခဲ့တာပါ။ ဒီရဲတိုက်ထဲမှာ တိုက်ပွဲတွေ နန်းလုပွဲတွေနဲ့ သွေးချောင်းစီးခဲ့ရတဲ့ သမိုင်းတွေရှိပါတယ်။ ၁၀၇၇ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့တဲ့ ဒီရဲတိုက်ဟာ ၁၅၂၆ ခုနှစ်မှာ ပျက်စီး ယိုယွင်း ခဲ့ပါတယ်။ ၁၆ ရာစုမှာတော့ ဒီရဲတိုက်ကို ထောင်အဖြစ် အသုံးပြုခဲ့ပြီး ၁၉၃၁ ခုနှစ်မှာ မီးလောင် ပျက်စီးခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ် ပြီးသွားတဲ့နောက်မှာ ဒီရဲတိုက်ကို ကျေးလက် ရဲတွေအတွက် လေ့ကျင့်ရေး စခန်းအဖြစ် ၁၉၈၇ ခုနှစ်အထိ ပြုလုပ်ခဲ့ပြီးနောက်မှာတော့ အများပြည်သူ လည်ပတ်ဖို့ ဖွင့်လှစ်ခဲ့ပါတယ်။ Ref; traveleurope.com The post ဥရောပနိုင်ငံမှာ ရှိတဲ့ အလှဆုံး ရဲတိုက်များ appeared first on ဧရာဝတီ.
Source : https://ift.tt/2PbuHku
via IFTTT
No comments:
Post a Comment