Sunday, August 19, 2018


မျက်နှာအသားရေအတွက် တိုနာ သုံးဖို့ တကယ်ပဲလိုအပ်လား ပျိုမေတို့ရဲ့ နေ့စဉ်အလှအပရေးရာကဏ္ဍမှာ တိုနာက အမှန်တကယ်လိုအပ်တဲ့ ပစ္စည်းတခုလား။ တချို့မိန်းကလေးတွေက တိုနာကို မလိုအပ်ဘူးဆိုပြီး သုံးလေ့မရှိပေမယ့် တချို့ကတော့ ပထမဆုံးအဆင့်အနေနဲ့ မဖြစ်မနေ သုံးကြပြန်ပါတယ်။ ဒါဆိုရင် တိုနာက (toner) တကယ်ပဲ အသုံးပြုဖို့ လိုအပ်သလား။ တိုနာ လိမ်းဖို့ လိုအပ်၊ မလိုအပ် မပြောခင် တိုနာရဲ့ အဓိပ္ပာယ်လေးကို အရင်ရှင်းပြချင်ပါတယ်။ တိုနာ ဆိုတာ အဆီပြန်တဲ့ အသားရေ (သို့) ဝက်ခြံထွက်တဲ့ အသားရေပိုင်ရှင်တွေအတွက် အထောက်အကူပေးတဲ့ ပစ္စည်းလေးပါ။ မိတ်ကပ်တွေ၊ နေလောင်ခံခရင်မ်တွေ မလိမ်းခင် မျက်နှာသန့်စင်ပြီးတာနဲ့ Cotton Pad လေးနဲ့ အသားထဲ စိမ့်ဝင်အောင် အရင်လိမ်းပေးသင့်ပါတယ်။ နေ့စဉ်ပုံမှန် လိမ်းပေးမယ်ဆိုရင် ချွေးပေါက်တွေ ကျယ်မလာအောင် ထိန်းညှိပေးမယ်၊ အသားရေမှာရှိသင့်တဲ့ pH level ကို ထိန်းသိမ်းပေးထားနိုင်မယ်၊ မျက်နှာပေါ်ကနေ အလွှာတခုအနေနဲ့ ကာကွယ်ပေးနိုင်မယ်၊ အရည်ဓာတ်ရအောင် ဖြည့်စွမ်းပေးမယ်၊ အသားရေကို ကြည်လင်ဝင်းပစေမယ် စတဲ့ အကျိုးအာနိသင်တွေ ရနိုင်မယ်လို့ ဆိုပါတယ်။ ထိလွယ်ရှလွယ် အရေပြားပိုင်ရှင်တွေအတွက်၊ ရေဓာတ်ခန်းခြောက်တဲ့ ခြောက်သွေ့အသားရေပိုင်ရှင်တွေ အတွက်ဆိုပြီး အမျိုးအစားတွေရှိတာမို့ ကိုယ်နဲ့သင့်တော်ရာကို သေချာရွေးချယ်နိုင်ပါတယ်။ ညအိပ်ရာမဝင်ခင် မျက်နှာသန့်စင်ဆေးရည်တွေနဲ့ သေချာသန့်စင်ပြီးတာနဲ့ တိုနာ လိမ်းအိပ်မယ်ဆိုရင် ဆဲလ်ပြန်လည်သန့်စင်ခြင်းကို အထောက်အကူပြုသလို အသားရေကို ထိခိုက်စေမယ့် ပိုးမွှားတွေအန္တရာယ်ကလည်း ကာကွယ်ပြီးသားဖြစ်ပါတယ်။ တိုးတက်ပြောင်းလဲလာတဲ့ ဒီနေ့ခေတ်ကြီးမှာ အလှကုန်ပစ္စည်းတွေကိုလည်း တနေ့ထက်တနေ့ ဆန်းသစ် ကောင်းမွန် အောင် လုပ်လာတဲ့နေရာမှာ တချို့မျက်နှာသစ်ဆေးတွေမှာ အသားရေအတွက် လိုအပ်တဲ့အာဟာရ ဓာတ်တွေဖြည့်စွက် ထားလို့ တိုနာပြန်လိမ်းစရာမလိုတော့ပါဘူး။ ဒါကြောင့် အရင်လို မျက်နှာသစ်ပြီးတာနဲ့ တိုနာ လိမ်းရမယ့် အဆင့်တွေ လျှော့ချနိုင်တာပေါ့။ တိုနာ ပုံမှန်လိမ်းနေသမျှတော့ ချွေးပေါက်ကျဉ်းစေမယ်၊ အဆီမပြန်တော့ဘူး စတဲ့အကျိုးကျေးဇူးတွေ ခံစားရပေမယ့် ဒါဟာ အမြဲတမ်းတည်မြဲနေတာ မဟုတ်ပါဘူး။ အကြောင်းကြောင်းကြောင့် တိုနာ ဆက်မလိမ်းဖြစ်တော့တဲ့ အခါ ဒီလိုအကျိုး ကျေးဇူးတွေ ဆက်မဖြစ်တော့ဘဲ အရင်ပုံစံအတိုင်း ချွေးပေါက်တွေကျယ်၊ အသားရေ အဆီပြန်တာမျိုး ပြန်ဖြစ်သွား တတ်ပါတယ်။ အကျိုးကျေးဇူးနဲ့ ဆိုးကျိုးတွေ ဒွန်တွဲနေလို့ တိုနာ သုံးသင့်မသုံးသင့် ဒွိဟဖြစ်နေတဲ့ ပျိုမေတွေကို အရေပြား ကျွမ်းကျင် ပညာရှင် အန်ဒီ က တိုနာ အစား မျက်နှာသစ်ဆေးကောင်းကောင်းသုံးတာက ပိုထိရောက်တဲ့အကြောင်း အကြံပေး ပါတယ်။ ဒါပေမယ့်လည်း တိုနာ သုံးနေကျဆိုရင်တော့ မသုံးဘဲရပ်လိုက်တာထက် ဆက်သုံးသင့်တဲ့အကြောင်း ဆိုပါတယ်။ အခုနောက်ပိုင်း မွမ်းမံထုတ်လုပ်လိုက်တဲ့ တိုနာတွေမှာ ကောင်းသထက်ကောင်းအောင် သုံးစွဲသူတွေ အကျိုးရှိစေမယ့် နည်းပညာအသစ်တွေနဲ့ ထုတ်လိုက်ထားတာမို့ ဘေးထွက်ဆိုးကျိုး နည်းနိုင်သမျှ နည်းအောင် စီမံထားပြန်ပါတယ်။ အခုခေတ် တိုနာတွေက အရင်တုန်းကလိုမဟုတ်ဘဲ ဗီတာမင်၊ antioxidants ၊ ရေဓာတ်ဖြည့်ပေး ရုံတင်မဟုတ်ဘဲ အသားရေ အတွင်းပိုင်းထိ အာဟာရဖြစ်စေမယ့် အရာတွေကို ပေါင်းစပ်ထုတ်လုပ်လာကြပါပြီ။ နိဂုံးချုပ်ရရင် တိုနာ သုံးဖို့လိုလား၊ မလိုဘူးလား စဉ်းစားရမှာထက် သုံးနေကြလည်းဖြစ်တယ်၊ ကိုယ့်အသားရေအတွက် လည်း သင့်တော်တယ်ဆိုရင် ဆက်သုံးပါ။ မသုံးချင်တော့ဘူးဆိုရင် rose water လို သဘာဝနည်းလေးတွေ သုံးပြီး တိုနာ အစားသုံးနိုင်သလို၊ မျက်နှာသန့်ဆေးကောင်းကောင်း သုံးပေးဖို့တော့ လိုပါတယ်။ Ref: Metro, Today The post မျက်နှာအသားရေအတွက် တိုနာ သုံးဖို့ တကယ်ပဲလိုအပ်လား appeared first on ဧရာဝတီ.
Source : https://ift.tt/2L52dG2
via IFTTT

No comments:

Post a Comment