Friday, August 3, 2018

ဝန်ကြီးချုပ်ဟောင်း ယင့်လပ် ဗြိတိန်မှ ထွက်ပြေးခြင်းမဟုတ်ဟု ဆို

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ် ရှင်နာဝပ် ဗြိတိန်မှ ဒူဘိုင်းသို့ သွားရောက်ခြင်းသည် ၎င်းအား လွှဲပြောင်း ပေးရန် ထိုင်းအစိုးရက ဗြိတိန်အစိုးရကိုတောင်းဆိုခြင်းနှင့် ပတ်သက်ခြင်းမရှိဘဲ မူလစီစဉ် ထားသည့်အတိုင်း သွားရောက်ခြင်းဖြစ်သည် ဖု့ယထိုင်း ပါတီသတင်းရင်းမြစ်တခုက ယမန်နေ့က ပြောသည်။ ယင့်လပ်သည် ပြီးခဲ့သည် သြဂုတ်လ ၁ရက်နေ့က အာရပ်စော်ဘွားများ ပြည်ထောင်စု(UAE) မြို့တော် ဒူဘိုင်း သို့ သွားရောက်ခဲ့ခြင်းဖြစ်ပြီး၊ ယင်းခရီးစဉ်မှာ ယခုနှစ် အတွက် စီစဉ်ထားသည့် ခရီးတခု သာဖြစ်ကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်က ဆိုသည်။ “သက်ဆင်နဲ့ ယင့်လပ်တို့ ဒူဘိုင်းကို သွားတယ်ဆိုတာ သာမန်လုပ်ရိုးလုပ်စဉ်ပါ။ သူတို့ရဲ့ ခရီးစဉ် အားလုံးကို ဟိုး အရင်ကတည်းက စီစဉ်ထားပြီးသားပါ ” ဟု ၎င်းသတင်းရင်းမြစ်ကပြောသည်။ ဝန်ကြီးချုပ်ဟောင်း ယင့်လပ် အပေါ် ချမှတ်ထားသည့် ထောင်ဒဏ်များ ကျခံအပြစ်ပေးရေး လွှဲပြောင်း ပေးရန် ထိုင်းအစိုးရက ဗြိတိန်အစိုးရကို တရားဝင်တောင်းဆိုပြီးနောက် ယင့်လပ်သည် ဗြိတိန်မှ ရုတ်တရက်ထွက်ခွာသွားသည်ဆိုသော မီဒီယာများ ဖော်ပြသည့် သတင်းများကို အမည်မဖော်လိုသူ သတင်းရင်းမြစ်က အပြင်း အထန်ငြင်းဆိုသွားသည်။ ထိုင်းအစိုးရ၏ လွှဲပြောင်းပေးရန်တောင်းဆိုမှု သတင်းများဖေါ်ပြပြီး တရက်အကြာ သြဂုတ်လ ၁ ရက်နေ့တွင် ယင်လပ်သည် လန်ဒန်မှ ထွက်ခွာသွားခြင်းဖြစ်သည်။ ဘန်ကောက်ရှိ ထိုင်းအစိုးရ ညွှန်ကြားချက်အရ လန်ဒန်ရှိ ထိုင်းသံရုံးသည် ဇူလိုင်လ ၅ ရက်နေ့ ရက်စွဲ တပ်ထား သော စာတစောင်ကို နိုင်ငံခြားရေးနှင့် ဓနသဟာယရေးရာဝန်ကြီးဌာနသို့ စာတစောင် ပေးပို့ ခဲ့သည်။ ထိုစာတွင် ၁၉၁၁ခုနှစ်က ဗြိတိန်နှင့် ထိုင်းနိုင်ငံတို့အကြား ရေးထိုးထားသည့် ရာဇဝတ် သား လဲလှယ်ရေး စာချုပ်ကို ကိုးကား ဖေါ်ပြထားသည်။ တရားရုံးချုပ်၏ နိုင်ငံရေး ရာထူးရှိသူများ၏ ရာဇဝတ်မှုဆိုင်ရာ ဌာနခွဲက ယင့်လပ်ကို ချမှတ်ထား သော စီရင်ချက် မိတ္တူနှင့် ဖမ်းဆီးမှု ဝရမ်းအမိန့်တို့ကိုလည်း ထိုစာနှင့် အတူ ပေးပို့ခဲ့သည်။ ထိုင်းသံရုံးမှ ပေးပို့ခဲ့သော စာ၏ မိတ္တူကို BBC သတင်းဌာန၏ ထိုင်းဘာသာ သတင်းစာမျက်နှာတွင် ဇူလိုင်လ ၃၁ ရက်နေ့က ဖေါ်ပြခဲ့သည်။ ဖု့ယာထိုင်းပါတီ၏ သတင်းရင်းမြစ် အဆိုအရ ယင့်လပ်၏ အမှုမှာ နိုင်ငံရေးနှင့် ပတ်သက်နေပြီး တရားရုံး၏ အမည်တွင်ပင် နိုင်ငံရေးဟူသော စကားလုံး ပါဝင်နေသည့် အတွက် ဗြိတိန်နိုင်ငံသည် လွှဲပြောင်းပေးဖွယ်မရှိ ကြောင်း၊ ဗြိတိန်နိုင်ငံတွင် ဖမ်းဆီးခဲ့လျှင်ပင် လွှဲပြောင်းပေးအပ်ရေးအတွက် တရားရင်ဆိုင်ရန် အချိန် နှစ်နှစ်မှ သုံးနှစ်အထိ အနည်းဆုံလိုအပ်သည်ဟုလည်း သိရသည်။ အာရပ်စော်ဘွားများနိုင်ငံမှ ဒူဘိုင်းခရီးစဉ်အပြီးတွင် ယင့်လပ်သည် ဟောင်ကောင်နှင့် တရုတ်နိုင်ငံ များသို့ သွားရောက်ရန်လည်း စီစဉ်ထားသည်ဟု လည်း ထိုသတင်းရင်းမြစ်က ဆက်လက် ပြောကြား သည်။ ယင့်လပ်သည် ဆွစ်ဇာလန်၊ အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်နိုင်ငံများသို့လည်း သွားရောက်ရန် စီစဉ်ထား သည်ဟု ပြောသော်လည်း သက်ဆင်နှင့်ယင့်လပ်တို့၏ ခရီးစဉ်အသေးစိတ်များကို ပြောဆိုခြင်းမရှိပေ။ “သက်ဆင်က နိုင်ငံတော်တော် များများမှာ စီးပွားရေးလုပ်ငန်းတွေရှိပြီး အမြဲခရီးသွားနေရတယ်။ ယင်လပ်က တခါတခါလိုက်သွားတတ်တယ်။ သက်ဆင်ကလည်း ယင်လပ်ကို စီးပွားရေးလုပ်ပုံ လုပ်နည်းတွေ သင်ပေးချင်နေ တာ” ဟု သူပြောသည်။ ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် သူ၏ အငယ်ဆုံးညီမ ယင့်လပ် လန်ဒန်တွင် နေထိုင်ရန် ပေါင်သန်းပေါင်း များစွာတန်သော အိမ်တလုံး ဝယ်ယူထားပေးသည်ဟုလည်း သတင်းရင်းမြစ် ကပြောသည်။ ယင့်လပ်သည် တရားရုံးချုပ် နိုင်ငံရေးရာထူးရှိသူများ၏ ရာဇဝတ်မှုဆိုင်ရာဌာနခွဲကစီရင်ချက်ချရန် စီစဉ်ထား သော ရက်မတိုင်မီ လွန်ခဲ့သော သြဂုတ်လက ထိုင်းနိုင်ငံမှ ထွက်ခွာခဲ့ပြီး၊ ထိုတရားရုံးက သူမ၏ အစိုးရခေတ် အကျင့်ပျက်ခြစားသော ဆန်စပါး အစီအစဉ်အတွင်း မရိုးသားမှုများအတွက် စက်တင်ဘာလတွင် သူမကို ထောင် ၅ နှစ်ချမှတ်ခဲ့သည်။ လွန်ခဲ့သော လများအတွင်း လန်ဒန်မြို့နေရာ အနှံ့အပြားတွင် ရိုက်ကူးထားသည် ယင့်လပ်၏ ဓါတ်ပုံများနှင့် ဗီဒီယိုများ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။ ဗီဒီယိုတခုတွင်မူ သက်ဆင်၊ ယင့်လပ်နှင့် ဖု့ယာထိုင်း ပါတီ နိုင်ငံရေးသမားအချို့တို့ လွန်ခဲ့သောအပါတ်က သက်ဆင်၏ မွေးနေ့ကျင်းပနေပုံကို ပြသထားသည်။ အကိုဖြစ်သူ ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည်လည်း အာဏာ အလွဲသုံးစားမှုအတွက် သူ့ကိုချမှတ်ထားသည့် ထောင်ဒဏ်မှ လွတ်မြောက်ရန် ပြည်ပတွင် တိမ်းရှောင်နေထိုင်သူဖြစ်သည်။ The post appeared first on ဧရာဝတီ.
Source : https://ift.tt/2OGE9fK
via IFTTT

No comments:

Post a Comment