ယင့်လပ်ကို လွှဲပြောင်းပေးခြင်း မပေးခြင်းက ဗြိတိန် တာဝန်သာဖြစ်သည်ဟုဆို ပြည်ပြေး ဝန်ကြီးချုပ်ဟောင်း ယင့်လပ် ရှင်နာဝပ်ကို ပြစ်ဒဏ်ပေးနိုင်ရေး တရားခံလွှဲပြောင်းရန် ထိုင်းအစိုးရ၏ တောင်း ဆိုချက်ကို ဗြိတိန်ရဲတပ်ဖွဲ့က တုံ့ပြန်သည်ဖြစ်စေ၊ မတုံ့ပြန်သည်ဖြစ်စေ ဗြိတိန်၏တာဝန်သာဖြစ်ကြောင်း ဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာက ယမန်နေ့ပြောကြားလိုက်သည်။ တော်ဝင်ထိုင်းရဲတပ်ဖွဲ့၊ ရှေ့နေချုပ်ရုံးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့က ဝန်ကြီးချုပ် ယင့်လပ်ကို ရှာဖွေ၍ တရားခံလွှဲ ပြောင်းပေး ရေးအတွက် လိုအပ်သည့် လုပ်ထုံးလုပ်နည်းများ အတိုင်း ဆောင်ရွက်ကြပြီးဖြစ်ကြောင်း သူက ရှင်းပြသည်။ “ကျနော်တို့အပိုင်းက တရားဥပဒေအရ ဆောင်ရွက်ပြီးပါပြီ။ ယင့်လပ်ကို ပြန်ပို့ရေး၊ မပို့ရေးကတော့ နိုင်ငံခြားတိုင်းပြည် (ဗြိတိန်) ရဲ့ တာဝန်ပဲဖြစ်ပါတယ်။ ထိုနည်းတူစွာပဲ သူတို့အလိုရှိတဲ့သူ တဦးတယောက် ကျနော်တို့တိုင်းပြည်ထဲ ရောက် နေရင်လည်း ကျနော်တို့ လွှဲပေးဖို့ အာရုံစိုက်ရမှာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဗြိတိန်ဝန်ကြီးချုပ်နဲ့ ကျနော်နဲ့ ဆွေးနွေး စရာမလိုပါဘူး” ဟု ထိုင်းဝန်ကြီးချုပ်က ပြောသည်။ တချိန်တည်းမှာပင် ယင့်လပ်သည် ဗြိတိန်နိုင်ငံတွင် ခိုလှုံနေကြောင်း သိရပြီးနောက် ဗြိတိန်အစိုးရထံ ၎င်းကို တရားခံ လွှဲပြောင်း ပေးရေးအတွက် ဇွန်လ ၂၂ ရက်က မိမိဌာနအနေဖြင့် ကြိုးပမ်းခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဌာနရုံးမှ တရားစွဲ ဆိုမှု ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် မစ္စတာအန်နက်ချိုတီချိုင်းက ဆိုသည်။ မစ္စယင့်လပ်နှင့် အကိုဖြစ်သူ သက်ဆင်ရှင်နာဝပ်ထရာတို့ ဗြိတိန်နိုင်ငံ၌ အတူူရောက်ရှိနေသည့် ဓာတ်ပုံသည် တရားခံ လွှဲပြောင်းရေးကိစ္စ၌ တရားဝင် အထောက်အထားတခုအဖြစ် သုံး၍မရကြောင်း သူက ရှင်းပြသည်။ အလားတူတောင်းဆိုချက်မျိုးကို သက်ဆင်အား တရားခံလွှဲပြောင်းပေးရေးအတွက် ၎င်းရောက်ရှိသည့်နိုင်ငံ အစိုးရများထံ တောင်းဆိုခဲ့ ဖူးသော်လည်း တစုံတရာတုံ့ပြန်မှု မရှိခဲ့ကြောင်း သူက ထုတ်ဖော်ပြောကြားခဲ့သည်။ The post ယင့်လပ်ကို လွှဲပြောင်းပေးခြင်း မပေးခြင်းက ဗြိတိန် တာဝန်သာဖြစ်သည်ဟုဆို appeared first on ဧရာဝတီ.
Source : https://ift.tt/2vsfqmw
via IFTTT
No comments:
Post a Comment