ရခိုင်ကော်မရှင်သစ်ကြောင့် ဖြစ်လာမည့် ကိစ္စ အစိုးရ တာဝန်ယူရန် ကြံ့ခိုင်ရေး ပြော ရခိုင်ပြည်နယ်တွင် နိုင်ငံခြားသား ဦးဆောင်သော ကော်မရှင်သစ်ကြောင့် ဖြစ်လာမည့် ကိစ္စရပ်များကို အစိုးရက တာဝန် ယူရမည် ဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေး က ပြောသည်။ ရခိုင်ပြည်နယ်တွင် ပြန်လည် သင့်မြတ်ရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တို့ကို ဆောင်ရွက်နိုင်ရန် အမျိုး သား အစီအစဉ် တရပ် အနေဖြင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံံတော် သမ္မ တရုံးက ဇူလိုင်လ ၃၀ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။ တပ်မတော်၌ ဒု ဗိုလ်ချုပ်ကြီး အဆင့်ထိ တာဝန် ထမ်းဆောင်ခဲ့သူ ဦးသောင်းအေးက “ရခိုင်အရေး ပြဿနာမှာ တကယ် ဖြစ်သွားတာက တို့ရဲ့ အချုပ်အခြာ အာဏာဖြစ်တဲ့ လုံခြုံရေး စခန်းတွေကို တိုက်ခိုက်ခံရတာ။ လူနည်းစုတွေကို အကြမ်း ဖက် လူမျိုးတုန်း သတ်ဖြတ်ခံရတာ။ ဒီကိစ္စတွေကို သေသေချာချာ စိစစ် ဖော်ထုတ်ဖို့ အလုပ်ကိုတော့ မလုပ်ဘဲနဲ့ ARSA ရဲ့ အကြမ်းဖက်မှုပြီးတဲ့ နောက်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်း စစ်ဆေးမယ် ဆိုတာ တဖက်သက် ဆန်လွန်း တယ်” ဟု ပြောသည်။ ၎င်းက ဆက်လက်၍ “ဒီဆောင်ရွက်ချက်ပေါ်မှာတော့ ဆောင်ရွက်တဲ့ အစိုးရရဲ့ မှတ်တမ်းပဲ ဖြစ်ပါတယ်။ ဖြစ်ပျက်လာတဲ့ ကိစ္စအားလုံးကိုလည်း အစိုးရကပဲ တာဝန်ယူရမှာ ဖြစ်ပါတယ်” ဟု ယနေ့ ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်း အဝေး အပြီး၌ မီဒီယာများကို ပြောဆိုသည်။ ဖွဲ့စည်းလိုက်သော ကော်မရှင်သည် ARSA အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက်လူ့အခွင့်အရေး ချိုးဖောက် ကြောင်း စွပ်စွဲချက်များ၊ ယင်းနှင့် ဆက်နွယ်သော ကိစ္စရပ်များကို စုံစမ်းမည်ဖြစ်ပြီး ကော်မရှင်ကို ပြည်တွင်းနှင့် နိုင်ငံတ ကာမှ ဥပဒေနှင့် နည်းပညာ ကျွမ်းကျင်သူများက ပံ့ပိုးကူညီ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကော်မရှင်၌ ဥက္ကဋ္ဌ အဖြစ် ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးဟောင်း၊ ကုလသမဂ္ဂ CEDAW ဥက္ကဋ္ဌဟောင်းနှင့် လက်ရှိ အဖွဲ့ဝင် ဖြစ်သူ သံအမတ်ကြီး ရိုဆာရီယိုမယ်နာလို က ဦးဆောင်မည် ဖြစ်သည်။ ကော်မရှင် အဖွဲ့ဝင်များ အဖြစ် လူသားချင်း စာနာထောက်ထားမှု ကိစ္စရပ်များ ဆိုင်ရာ ကုလသမဂ္ဂ ဒုတိယ အတွင်းရေးမှူး ချုပ်နှင့် အရေးပေါ် ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူးဟောင်း ကုလသမဂ္ဂ ဆိုင်ရာ ဂျပန် အမြဲတမ်း ကိုယ်စားလှယ်ဟောင်း သံ အမတ်ကြီး ကင်ဇိုအိုရှီးမား၊ မြန်မာနိုင်ငံသား အဖွဲ့ဝင်များ အဖြစ် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ ဦးမြသိန်းနှင့် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့ (UNICEF) အဆင့်မြင့် အရာရှိကြီးဟောင်းနှင့် ကုလသမဂ္ဂ ဝန်ထမ်း ကောလိပ် ကျောင်းအုပ်ကြီးဟောင်း ဖြစ်သည့် ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် တို့ ပါဝင်ကြောင်း သိရသည်။ မြန်မာနိုင်ငံမှ လုံခြုံရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများက လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည်ဟု နိုင်ငံတ ကာ အသိုင်းအဝိုင်းက စွပ်စွဲကာ နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးသို့ တင်ရန် ကြိုးပမ်းနေချိန်တွင် ယခုကဲ့သို့ ကော်မရှင် ဖွဲ့စည်း လိုက်သည့် အတွက် လက်ရှိ အစိုးရ အနေဖြင့် နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နိုင်ငံသူ နိုင်ငံသားများအား မည်မျှ အကာ အကွယ် ပေးနိုင်မည်ကို စောင့်ကြည့်ရမည် ဖြစ်ကြောင်းလည်း ဦးသောင်းအေးက ဆိုသည်။ ယင်း ကော်မရှင်က မည်သည့် လုပ်ငန်းမျှ မဆောင်ရွက်ရသေးမီ လတ်တလော၌ ဝေဖန်မှုများ ပြုလုပ်ရန် စောနေသေး ကြောင်းနှင့် အစီရင်ခံစာ ထွက်ရှိမှသာ ဝေဖန်သင့်ကြောင်းကို ပုလဲမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင် စန်းလှိုင်က ပြောသည်။ ၎င်းက “အခု လောလောဆယ် ဒီပုဂ္ဂိုလ် နှစ်ယောက်ရဲ့ ဆောင်ရွက်ချက်ကို မသိရသေးဘဲနဲ့တော့ ဘာမှ လောလောဆယ် ပြောစရာ မလိုဘူး။ ဒီပုဂ္ဂိုလ်များရဲ့ Biography ကို ဖတ်ရခြင်းအားဖြင့် ဒီပုဂ္ဂိုလ်တွေဟာ နိုင်ငံတကာရဲ့ အလယ်မှာ အင်မ တန်ဂုဏ်သရေ ရှိတဲ့ ပုဂ္ဂိုလ်ဖြစ်တယ် ဆိုတဲ့အတွက် ကျမတို့ဘက်က ဒါကိုတော့ ယုံကြည်ထားရမှာပေါ့” ဟု ဆိုသည်။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစစ်နိုင်က လူ့အခွင့်အရေး ချိုးဖောက်မှုများ အပေါ် စုံစမ်းစစ်ဆေးမည့် ကော်မရှင်သည် နောက်ခံ အရောင်အသွေး မရှိဘဲ လွတ်လပ် အမှီအခိုကင်းစွာ ဆောင်ရွက်မည် ဆိုပါ က သင့်တော် ကောင်းမွန်သည် ဟု ယူဆကြောင်း ပြောဆိုသည်။ “အဖွဲ့အစည်း ဆိုတာက အဆုံးအဖြတ်ပေးမယ့် အဖွဲ့မဟုတ်ဘဲ စုံစမ်းစစ်ဆေးရေး အပိုင်းအနေနဲ့ စုံစုံညီညီ လွတ်လပ်တဲ့ ပုဂ္ဂိုလ်တွေ ပညာရှင်တွ နောက်ခံ အမှီအခို၊ အနှောင်အဖွဲ့ကင်းတဲ့ အရောင်အသွေး ကင်းတဲ့ ပုဂ္ဂိုလ်တွေ ပါလာရင်တော့ ကောင်းတယ်လို့ မြင်ပါတယ်” ဟု ၎င်းက ပြောသည်။ ဇူလိုင်လ ၁၅ ရက်က ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အကြမ်းဖက် တိုက်ခိုက်မှုများ မဖြစ်ပွားစေရန် လုံလောက်သည့်် ကာ ကွယ်မှုများ ပြုလုပ်ပေးရေး အစိုးရအား တိုက်တွန်းကြောင်း အဆိုအား ဦးသောင်းအေးက ပြည်သူ့လွှတ်တော်တွင် တင် သွင်းခဲ့ပြီး လွှတ်တော်က ယင်းအဆိုကို အတည်ပြုခဲ့သည်။ The post ရခိုင်ကော်မရှင်သစ်ကြောင့် ဖြစ်လာမည့် ကိစ္စ အစိုးရ တာဝန်ယူရန် ကြံ့ခိုင်ရေး ပြော appeared first on ဧရာဝတီ.
Source : https://ift.tt/2OARwxE
via IFTTT
No comments:
Post a Comment