Tuesday, August 14, 2018

ဒေါက်တာ အေးမောင်အမှု စွဲချက် တင်၊မတင် လျှောက်လဲချက်ပေးမည်

ဒေါက်တာ အေးမောင်အမှု စွဲချက် တင်၊မတင် လေ ျှာက်လဲချက်ပေးမည် ကြီးလေးသော ပုဒ်မများဖြင့် ဖမ်းဆီး တရားစွဲဆိုခံထားရသည့် အမ်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်နှင့် စာရေး ဆရာ ဝေဟင်အောင်တို့အား စွဲချက်တင် သင့်၊ မတင်သင့်ကို လာမည့် သြဂုတ်လ ၂၇ ရက် ရုံးချိန်း၌ နှစ်ဘက် အပြန်အလှန် လျှောက်လဲချက် ပေးမည် ဖြစ်ကြောင်း သိရသည်။ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်နှင့် စာရေး ဆရာ ဝေဟင်အောင်တို့၏ ရသေ့တောင် စာပေ ဟောပြောချက် အခွေကို စစ်တွေ ခရိုင် တရားရုံး၌ သြဂုတ်လ ၆ ရက် ရုံးချိန်းမှ စတင်ကာ ဖွင့် စစ်ဆေးခဲ့ပြီး ယမန်နေ့ သြဂုတ် လ ၁၃ ရက်၂၁ ကြိမ်မြောက် ရုံးချိန်းတွင် အခွေဖွင့် စစ်ဆေးမှု ပြီးစီးခဲ့ကြောင်း အကျိုးဆောင် ရှေ့နေများ က ပြောသည်။ စာရေးဆရာ ဝေဟင်အောင် အမှုအား လိုက်ပါ ဆောင်ရွက် တရား လွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က “မနေ့က ရုံးချိန်းမှာ ပဲ သူတို့ကို စွဲဆိုထားတဲ့ အမှု ၃ မှုစလုံးနဲ့ ပတ်သက်ပြီး အခွေဖွင့် စစ်ဆေးမှု ပြီးသွားပါပြီ” ဟု ဧရာဝတီသို့ ပြောသည်။ ယင်းသို့ အခွေဖွင့် စစ်ဆေးခဲ့ရာတွင် တရားလိုဘက်မှ ရုံးတော်၌ ထွက်ဆိုထားသည့် အချက်များမှာ ဟောပြောချက် အခွေပါ အကြောင်းအရာနှင့် ကွဲလွဲမှု တချို့ရှိကြောင်း ၊ ရခိုင်ဘာသာ စကားဖြင့် ဟောပြောချက်ကို ဗမာလို ပြန်ဆိုသည့် နေရာ၌ အဓိပ္ပာယ် လွဲမှားမှု တချို့ ရှိသကဲ့သို့ တချို့သော အကြောင်းအရာများကိုလည်း ပြည့်စုံ လုံလောက်စွာ ဖော်ပြခြင်း မရှိဘဲ ကောက်နုတ် ဖော်ပြထားသည်များကို တွေ့ရှိရကြောင်း ဒေါ်အေးနုစိန် က ဆိုသည်။ သြဂုတ်လ ၆ ရက် ရုံးချိန်းက အမှုအား လုံခြုံရေး အကြောင်းပြချက်ဖြင့် ရုံးချိန်ပြည့်အောင် စစ်ဆေးခြင်း မရှိသဖြင့် စွပ်စွဲ ခံရသူများက ရုံးချိန်း ပြည့်အောင် စစ်ဆေးရန် တောင်းဆိုထား ခဲ့သည့်အတွက် ယမန်နေ့ သြဂုတ်လ ၁၃ ရက် ရုံးချိန်း ၌ ခွေဖွင့် စစ်ဆေးချက်ကို နံနက် ၁၀ နာရီမှ ညနေ ၄ နာရီ ကျော် အထိ ရုံးချိန် ပြီးစီးအောင် စစ်ဆေးကြောင်းလည်း သိရ သည်။ တရားရုံးထုတ်အပြန် စာရေးဆရာ ဝေဟင်အောင်က “အခွေဖွင့် စစ်ဆေးတာတော့ ပြီးသွားပြီ။ ကျနော်တို့ကို နှစ်ပတ် ရုံးချိန်း ပေးလိုက်ပါတယ်။ လာမည့် ရုံးချိန်းမှာတော့ လျှောက်လဲချက် ပေးရမယ်။ ပြီးရင် နောက် တပတ်မှာတော့ ကျနော်တို့ကို စွဲချက် တင်သင့်မသင့် အမိန့် ချမှတ်ပါလိမ့်မယ်” ဟု သတင်း မီဒီယာများသို့ ပြောကြားခဲ့သည်။ ယခုနှစ် ဇန်နဝါရီလ ၁၅ ရက်က ရသေ့တောင်မြို့၌ ကျင်းပသော ရခိုင် နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း ဝမ်း နည်းမှု အထိမ်းအမှတ် စာပေ ဟောပြောပွဲနှင့် ပတ်သက၍ ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့၏ ဟောပြောချက်များသည် ဥပဒေနှင့် မလွတ်ကင်း ဟုဆိုကာ အစိုးရက နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်ညို ပျက်စေမှုပုဒ်မ ၅၀၅ (ခ)၊ မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇(၁) တို့နှင့် အမှုဖွင့်ကာ ဖမ်းဆီး တရားစွဲ ဆိုခဲ့ ခြင်း ဖြစ်သည်။ The post ဒေါက်တာ အေးမောင်အမှု စွဲချက် တင်၊မတင် လေ ျှာက်လဲချက်ပေးမည် appeared first on ဧရာဝတီ.
Source : https://ift.tt/2KRKmSE
via IFTTT

No comments:

Post a Comment