ဈေးသက်သက်သာသာနဲ့ ဗီယက်နမ်နိုင်ငံ သွားလည်ကြမလား တချိန်က ပြင်သစ်လက်အောက်ကို ရောက်ခဲ့ဖူးတဲ့ ဗီယက်နမ်နိုင်ငံဟာ ပြင်သစ် အငွေ့အသက် တော်တော်များများ လွှမ်းခြုံထားလို့ လည်ပတ်ချင်စရာ ကောင်းပါတယ်။ နောက်တခုက ဗီယက်နမ်နိုင်ငံဟာ ဒီနှစ်ပိုင်းတွေမှာ အာရှအတွင်း စိတ်ဝင်စားစရာကောင်းတဲ့ နိုင်ငံတခုဖြစ်လာပါပြီ။ စားသောက်စရာတွေ ပေါတဲ့အပြင် ဈေးလည်း အရမ်းသက်သာလို့ သွားလည်ဖို့ အရမ်း လွယ်ကူတဲ့ နိုင်ငံတခုလို့ သတ်မှတ်လို့ရပါတယ်။ နောက်တခုရှိတာကတော့ ဗီယက်နမ် နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ရုပ်ရည်ပါ။ သူတို့တွေရဲ့အလှဟာ ကမ္ဘာမှာ အရမ်းကို နာမည်ကျော်ကြားပါတယ်။ ကဲ ဒါဆို ဗီယက်နမ် နိုင်ငံကို ဘယ်လို လွယ်လွယ်ကူကူ သွားလို့ရမလဲ၊ လေ့လာကြည့်ရအောင်။ (၁) ခရီးလမ်းကြောင်း မြန်မာနိုင်ငံကနေ ဗီယက်နမ်ကို သွားမယ်ဆိုရင် လေယာဉ်စီးချိန် ၂ နာရီခွဲလောက် ရှိပါတယ်။ အခုဆိုရင် တိုက်ရိုက် ခရီးစဉ်တွေလည်း ပြေးဆွဲနေလို့ အရမ်းအဆင်ပြေပါတယ်။ လေယာဉ် လက်မှတ်ခတွေကလည်း စရိတ်သက်သာနေပြီ ဖြစ်တာကြောင့် ဗီယက်နမ်နိုင်ငံကို လွယ်လွယ်ကူကူ သွားရောက် လည်ပတ်လို့ ရနေပါပြီ။ နောက်ထပ် ဗီယက်နမ်မှာ လည်ပတ်လို့ ကောင်းတာက သူတို့ နိုင်ငံဟာ စက်ဘီး အရမ်းစီးကြတဲ့အတွက် ရန်ကုန်မြို့လိုမျိုး ကြီးမားတဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေ သိပ်မရှိလို့ အဆင်ပြေပါတယ်။ (၂) ဟိုချီမင်း (သို့မဟုတ်) ဆိုင်းဂုံ ဗီယက်နမ်နိုင်ငံရဲ့ မြို့တော်ကို “ဟိုချီမင်း”ဆိုတဲ့ နာမည်ကို မပြောင်းခင်က ဆိုင်းဂုံလို့ ခေါ်ဆိုခဲ့ကြပါတယ်။ နောက်ပိုင်းမှာ ဗီယက်နမ်နိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီးကို ဂုဏ်ပြုဖို့အတွက် နာမည်ပြောင်းခဲ့တာပါ။ ဒီမြို့ရဲ့လည်ပတ်စရာတွေက ဘာသာရေး ဆိုင်ရာ နေရာတွေပါပဲ။ အရင်ဆုံးသွားလည်သင့်တာက “Chu Chi” ဥမင်ဖြစ်ပါတယ်။ နောက်တခုက “Cau Dai” ဘုရားကျာင်းပါ။ ဒီဘုရားကျောင်းဟာ ၁၉၁၂ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်လို့ ရှေးဟောင်း သမိုင်းဝင် ဘုရားကျောင်းတခုလည်း ဖြစ်ပါတယ်။ (၃) “Hoi An” ရှေးဟောင်းမြို့တော် ဒီရှေးဟောင်းမြို့တော်မှာ အရမ်းကောင်းမွန်တဲ့ ပင်လယ်စာတွေ ရရှိနိုင်လို့ ခရီးသွားတွေကြားမှာ ရေပန်းစားတဲ့ မြို့တမြို့ ဖြစ်ပါတယ်။ ဒီမြို့မှာ နောက်နာမည်ကြီးတာတခုက အိုးတွေခွက်တွေကို လွှင့်ပစ်တဲ့ရွာ ရှိနေတာပါ။ ဒီအလေ့အကျင့်က လူတွေကို ဘာကိုမှ မစွဲလန်းတတ်အောင် သင်ကြားပေးလို့ ခရီးသွားတွေ အနေနဲ့ ဘဝသင်ခန်းစာ တခုရအောင် သွားရောက် လေ့လာသင့်ပါတယ်။ (၄) “Hanoi” (ဟနွိုင်း) Hanoi မြို့တော်ဟာလည်း လည်ပတ်စရာ ရှေးဟောင်းနေရာတွေ အမြောက်အများရှိတဲ့ မြို့တမြို့ ဖြစ်ပါတယ်။ ယူနက်စကိုက သတ်မှတ်ထားတဲ့ ရှေးဟောင်းအမွေအနှစ် ဘုရားကျောင်းတွေ၊ Church ကျောင်းတွေကို သွားလည်ဖို့ မမေ့သင့်ပါဘူး။ Hanoi မြို့ကို သွားလည်မယ်ဆိုရင်တော့ မမေ့မလျော့ လုပ်သင့်တာက ဗီယက်နမ်ရိုးရာ “ကြက်ဥကော်ဖီ”ကို မြည်းကြည့်ဖို့ပါပဲ။ (၅) “Ha Long” ပင်လယ်အော် မှော်ဆန်ဆန်နဲ့ လှပတဲ့ နေရာကိုမှ သွားချင်တဲ့လူတွေကတော့ ဗီယက်နမ်နိုင်ငံမှာရှိတဲ့ Ha Long ပင်လယ်အော်ကို နှစ်ခြိုက်ကြမှာ သေချာပါတယ်။ မြစိမ်းရောင်ဖြစ်နေတဲ့ ရေပြင်ကြီးတွေ၊ ထုံးကျောက် တောင်တွေနဲ့ ထူးခြားပြီးစိတ်ဝင်စားစရာ ကောင်းတဲ့ ဂူတွေရှိတဲ့ ပင်လယ်အော်ဖြစ်လို့ ရေငုပ်ချင်သူတွေ လည်ပတ်လိုသူတွေ အတွက် စိတ်ချမ်းသာမှုကို ပေးမယ့်နေရာတခုဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံနဲ့ မြန်မာနိုင်ငံဟာ ငွေကြေးကွာဟမှု ကြီးပါတယ်။ ဗီယက်နမ်ဟာ ငွေကြေးေ ဖာင်းပွမှု ကြီးပါတယ်။ ဗီယက်နမ် ဒေါင် (၁၀၀၀)ဟာ မြန်မာကျပ်ငွေ (၅၀)နဲ့ညီမျှလို့ ဘတ်ဂျက် ခရီးစဉ်တွေ အတွက်လည်း အလွန်အဆင်ပြေတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံဟာလည်း ယခုနောက်ပိုင်းမှာ အရှေ့တောင်အာရှနိုင်ငံများထဲမှာ နိုင်ငံခြားသား ခရီးသွား ဧည့်သည် သွားလာမှု အများဆုံးထဲမှာ အပါအဝင် ဖြစ်လာပါတယ်။ Ref; world travel The post ဈေးသက်သက်သာသာနဲ့ ဗီယက်နမ်နိုင်ငံ သွားလည်ကြမလား appeared first on ဧရာဝတီ.
Source : https://ift.tt/2vtAM2W
via IFTTT
No comments:
Post a Comment