Friday, August 3, 2018


ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး ဟောလိဝုဒ် သရုပ်ဆောင် ၅ ဦး ဟောလိဝုဒ် ရုပ်ရှင်လောကရဲ့ ပြိုင်ဆိုင်မှုတွေ ပြင်းထန်တဲ့ကြားထဲကနေ ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး သရုပ်ဆောင်တွေအဖြစ် ရပ်တည်နေကြတဲ့ ဟောလိဝုဒ်စတား ၅ ဦးကို ဖော်ပြပေးလိုက်ပါတယ်။ (၁) Tom Cruise (480 million) အခုနောက်ဆုံးထွက်ရှိထားတဲ့ “Top Gun (Mission : Impossible)” ရုပ်ရှင်မှာ သရုပ်ဆောင်ထားတဲ့ Tom Cruise ဟာ ရုပ်ရှင်တွေ အရိုက်ကျဲပေမယ့် ကမ္ဘာ့ဝင်ငွေအကောင်းဆုံး သရုပ်ဆောင်အဖြစ် ရပ်တည်နေနိုင်သူ တဦးပဲ ဖြစ်ပါတယ်။ သူ့ရဲ့ကနဦး ရုပ်ရှင်အများစုထက် နောက်ပိုင်းအက်ရှင်ရုပ်ရှင်တွေကြောင့် ယခုလိုကြွယ်ဝလာတာ ဖြစ်ပါတယ်။ “Mission: Impossible” ရဲ့အဓိက သရုပ်ဆောင်ခအဖြစ် ဒေါ်လာ၂၉၀ မီလျံကို ရရှိခဲ့သူ ဖြစ်ပါတယ်။ (၂) Johnny Depp (450 million) နာမည်ကျော်ဒါရိုက်တာဖြစ်တဲ့ Tim Burton နဲ့အတူ အနုပညာအလုပ်တွေကို ရေရှည် လုပ်ကိုင်ခဲ့သူတဦးဖြစ်တဲ့ Johnny Depp ဟာဆိုရင် “Pirates Of The Caribbean” ရုပ်ရှင်တွေအ တွက် ရုပ်ရှင်တကားစီတိုင်းအတွက်ကို သရုပ်ဆောင်ကြေး အဖြစ် ကန်ဒေါ်လာ ၁၈၅ မီလျံ ရရှိခဲ့ပါတယ်။ အော်စကာ ၃ ဆုပိုင်ရှင် Johnny Depp ဟာ Edward Sccissorhands , Sweeny Todd: The Demon Barber Of Fleet Street , Alice In Wonderland ရုပ်ရှင်တွေနဲ့လည်း အောင်မြင်မှု ရရှိခဲ့သူတဦး ဖြစ်ပါတယ်။ (၃) Jack Nicholson (400 million) Jack Nicholson ကို တီဗီဖန်သားပြင်ပေါ်မှာ တွေ့ရှိခဲ့ရတာ အချိန်အတော်ကြာမြင့်ခဲ့ပြီပဲ ဖြစ်ပါတယ်။ သူဟာ အနားယူဖို့လည်း အစီအစဉ် မရှိသေးသလို သရုပ်ဆောင်ခြင်းကိုလည်း ယခုထက်တိုင် စိတ်အား ထက်သန်နေတုန်းပဲ ဖြစ်ပါတယ်။ သူဟာဆိုရင် သူ့ရဲ့အကောင်းဆုံး ရုပ်ရှင်တွေထဲက တခုဖြစ်တဲ့ ၁၉၈၉ ခုနှစ် Batman ရုပ်ရှင်မှာ ဂျိုကာအဖြစ် သရုပ်ဆောင် ခဲ့ပြီး သရုပ်ဆောင်ကြေးအဖြစ် ဒေါ်လာ ၆၀ မီလျံရရှိခဲ့တာပဲ ဖြစ်ပါတယ်။ How Do You Know (2010) ရုပ်ရှင်ဇာတ်ကား ဟာ သူနောက်ဆုံးပါဝင်သရုပ်ဆောင်ခဲ့တာပဲဖြစ်ပြီး အော်စကာဆု ၃ ဆုနဲ့ အော်စကာဆုအတွက် ၉ ကြိမ် လျာထားခြင်းခံခဲ့ရသူလည်း ဖြစ်ပါတယ်။ (၄) Tom Hank (390 million) “Saving Private Ryan”, “Forrest Gump”, “Toy Story” နဲ့ “The Green Mile” စတဲ့ ရုပ်ရှင် ဇာတ်ကားတွေမှာ လေးစား အတုယူ ဖွယ်ကောင်းတဲ့ သရုပ်ဆောင်တဦးအဖြစ် ပါဝင်ခဲ့သူ Tom Hank ဟာဆိုရင်လည်း ယခုအချိန်အထိ သရုပ်ဆောင်အလုပ်ကို အနားယူခြင်းမရှိသေးဘဲ ဆက်လက် လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ “Forrest Gump” ရုပ်ရှင်မှာ သရုပ်ဆောင်ကြေးအဖြစ် ဒေါ်လာ ၇၀ မီလျံ ရရှိခဲ့ပြီး အော်စကာ ၂ ဆု ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ (၅) Keanu Reeves (350 million) ၁၉၉၀ ခုနှစ်ဖွားတွေ စွဲစွဲထင်ထင်မှတ်မိနေမယ့် သရုပ်ဆောင်တဦးဖြစ်တဲ့ Keanu Reeves ဟာဆိုရင် “Speed”, “The Matrix” ရုပ်ရှင်တွေမှာ လူသိများ ကျော်ကြားခဲ့ပြီး ဒေါ်လာ ၁၂၆ မီလျံ သရုပ်ဆောင်ကြေး ရရှိခဲ့တာ ဖြစ်ပါတယ်။ သိပ်မကြာသေးတဲ့နှစ်တွေက သူ့ရဲ့နောက်ဆက်တွဲအောင်မြင်မှုကို ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ “John Wick” ရုပ်ရှင်မှာ ရရှိခဲ့ပြီး ယင်းရုပ်ရှင် အခန်းဆက်တွေကိုလည်း လက်ခံရိုက်ကူးနေဆဲ ဖြစ်ပါတယ်။ Ref ; www.cheatsheet.com The post ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး ဟောလိဝုဒ် သရုပ်ဆောင် ၅ ဦး appeared first on ဧရာဝတီ.
Source : https://ift.tt/2LL3nM1
via IFTTT

No comments:

Post a Comment