ကမ္ဘာ့အကြီးဆုံးတိရစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့ဖြစ်တဲ့ “North Shore “အကြောင်း ချစ်ခြင်းမေတ္တာဆိုတာ လူသားအချင်းချင်းတင်မကဘဲ လူနဲ့ တိရစ္ဆာန်ကြားမှာလည်း ရှိနေနိုင်ပါတယ်။ လူသားတွေလို ပြန်လည်တုံ့ပြန်နိုင်ခြင်းမရှိတဲ့ သတ္တဝါလေးတွေကို ကယ်ဆယ်ဖို့ တိရစ္ဆာန်ချစ်ခင်သူအချို့က ဒီအဖွဲ့အစည်းကို စတင်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံဟာ ကမ္ဘာမှာ ခွေးတွေအများဆုံးမွေးတဲ့နိုင်ငံဖြစ်သလို တိရစ္ဆာန်လေးတွေကိုလည်း ချစ်တတ်ကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အသက်ဘေးနဲ့နီးပြီး ဒုက္ခရောက်နေတဲ့တိရစ္ဆာန်လေးတွေကိုကယ်ဆယ်ဖို့ စတင်ရင်းကနေ North Shore ဆိုတဲ့အဖွဲ့အစည်းဖြစ်လာခဲ့ပါတယ်။ ၁၉၄၄ ခုနှစ် ကတည်းက စတင်ခဲ့ပြီး North Hempstead က အိမ်ခြေယာမဲ့ခွေးလေးတွေကို ကယ်ဆယ်ရာကနေ အစပြုခဲ့ပါတယ်။ ၁၉၅၃ ခုနှစ်မှာစပြီး ဂေဟာစတင်ဖို့အကြံရခဲ့ပါတယ်။ Alex နဲ့ Elizabath Lewyt တို့က နောက်ပိုင်းမှာ အဖွဲ့ကိုပိုအားစိုက်ခဲ့ပြီး သူတို့အနီးအနားက လူတွေ၊ နာမည်ကျော်တဲ့အဆိုတော်တွေနဲ့ တိရစ္ဆာန်ချစ်သူတွေကို စုစည်းပြီး အဖွဲ့အစည်းကို ပိုလူသိစေခဲ့ပါတယ်။ နယူယော့ခ်မြို့နဲ့ အခြားဂေဟာက ကယ်ဆယ်ဖို့မတတ်နိုင်တော့တဲ့ တိရစ္ဆာန်လေးတွေကို North Shore ဆီ ရွှေ့ပြောင်း စေခဲ့ပါတယ်။ Alex နဲ့ Elizabath နှစ်ယောက်ကစပြီး နောက်ပိုင်းမှာ အဖွဲ့အစည်းကို လူသိများစေခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်မှာတော့ ရွေ့လျားကယ်ဆယ်ရေးအစီအစဉ်ကို အကောင်အထည်ဖေ်ာခဲ့ပါတယ်။ ကားနဲ့ဒုက္ခရောက်နေတဲ့ တိရစ္ဆာန်တွေကို ရှာဖွေကယ်ဆယ်သလို နီးစပ်ရာ တိရစ္ဆာန်ကယ်ဆယ်ရေးစခန်းကို အကြောင်းအမျိုးမျိုးကြောင့် မရောက်နိုင်ခဲ့တဲ့ခွေးတွေ၊ ကြောင်တွေကိုလည်း ကယ်ဆယ်ရေးစခန်းဆီ ပို့ဆောင်ပေးခဲ့ပါသေးတယ်။ ၂၀၀၀ ပြည့်နှစ်မှာတော့ အဖွဲ့အစည်းအားကောင်းလာခဲ့ပြီး လှူဒါန်းသူတွေလည်းရှိလာခဲ့ပါတယ်။ အခုဆိုရင် North Shore Animal league America က ကယ်ဆယ်ထားတဲ့ တိရစ္ဆာန်ပေါင်း မီလီယံနဲ့ချီပီးရှိနေပါပြီ။ အဓိကကယ်ဆယ်တာကတော့ ခွေးတွေနဲ့ ကြောင်တွေဖြစ်ပြီး ချစ်ဖို့ကောင်းတဲ့သူတို့ရဲ့ အကြောင်းလေးတွေကိုလည်း youtube မှာ သွားကြည့်လို့ရပါသေးတယ်။ ၂၄ နာရီ ဆေးကုသဆောင်လည်းရှိပါတယ်။ ဒါ့အပြင် Yale University နဲ့လည်း ချိတ်ဆက်ထားပြီး humane education, social and emotional learning အတွက် North Shore မှာ လက်တွေ့သင်ကြားမှုတွေ ပြုလုပ်နိုင်မဲ့အစီအစဉ်တွေဖန်တီးပေးထားတာပါ။ သဘာဝဘေးအန္တရာယ်၊ မုန်တိုင်းကြောင့် ထိခိုက်ဒဏ်ရာရခဲ့တဲ့ သတ္တဝါတွေကို ကယ်ဆယ်ထားသလို တရုတ်နိုင်ငံ၊ ယူလင်က ခွေးသားစားပွဲတော်အတွက် လှောင်ထားတဲ့ ခွေးတွေကို ကယ်ဆယ်ဖို့ ကမ္ဘာတဝန်းကနေ ကန့်ကွက်တဲ့ ကမ်ပိန်းကိုလည်း အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပါတယ်။ ကဲ… အခုဆိုရင်တော့ North Shore မှာ ကိုယ်ပိုင်ဝက်ဘ်ဆိုဒ်ရှိသလို တိရစ္ဆာန်ချန်နယ်နဲ့ အိမ်မွေးတိရစ္ဆာန် ထိန်းသိမ်းနည်း စာအုပ်တွေလည်း ထုတ်နိုင်ပြီဖြစ်ပါတယ်။ အသတ်ခံရတော့မဲ့ ကူကယ်ရာမဲ့ တိရစ္ဆာန်လေးတွေအတွက် North Shore က သူတို့ရဲ့ နိဗ္ဗာန်လေးပါပဲ။ www.animalleague The post ကမ္ဘာ့အကြီးဆုံးတိရစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့ဖြစ်တဲ့ “North Shore “အကြောင်း appeared first on ဧရာဝတီ.
Source : https://ift.tt/2MfZm2i
via IFTTT
No comments:
Post a Comment