Wednesday, August 1, 2018


ယီမင်ပြည်တွင်းစစ်မှ အရပ်သားတွေကို ကယ်ထုတ်မယ့် တရုတ်ရေတပ်ဖွဲ့”Operation Red Sea” ဒီနေ့ညွှန်းဆိုပေးမယ့် ရုပ်ရှင်ကတော့ ၂၀၁၈ ခုနှစ်အတွင်းမှာပဲ ထွက်ရှိထားတဲ့ တရုတ်စစ်ကား အက်ရှင် ရုပ်ရှင်ဖြစ်ပြီး ဒါရိုက်တာ Dante Lam က ရိုက်ကူးပေးထားပါတယ်။ သရုပ်ဆောင်တွေအဖြစ် Zhang Yi, Huang Jingyu, Hai Qing, Du Jiangနဲ့ Prince Mak တို့က ပါဝင်ထားကြပါတယ်။ ၂၀၁၅ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ယီမင် ပြည်တွင်းစစ်အတွင်းမှာ နိုင်ငံတောင်ပိုင်း အေဒင် ဆိပ်ကမ်းမှာ ပိတ်မိနေတဲ့ နိုင်ငံခြားသား ၂၂၅ ဦးနဲ့ တရုတ်နိုင်ငံသား ၆၀၀ နီးပါးကို ကယ်ဆယ်ခဲ့ရတဲ့ စစ်ဆင်ရေးကို အခြေခံရိုက်ကူးထားပါတယ်။ Operation Mekong ရုပ်ရှင်နဲ့ ပုံစံတူ ရုပ်ရှင်တခုလည်း ဖြစ်ပါတယ်။ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်တည်ထောင်တဲ့ နှစ် ၉၀ မြောက် နှစ်ပတ်လည်နဲ့ ၁၉ ကြိမ်မြောက် အမျိုးသားကွန်ဂရက်တို့အတွက် အမှတ်တရအနေနဲ့ ရိုက်ကူူးတင်ဆက်ထားတာလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ပထမဆုံးခေတ်သစ်ရေတပ်ရုပ်ရှင်လို့လည်း ဆိုကြပါတယ်။ အမေရိကန်ဒေါ်လာ ၅၇၉ သန်း ဝင်ငွေ ရရှိခဲ့ပြီး ၂၀၁၈ ခုနှစ်ရဲ့ သတ္တမမြောက် ဝင်ငွေအကောင်းဆုံးနဲ့ တရုတ်နိုင်ငံရဲ့ ဒုတိယမြောက် ဝင်ငွေ အကောင်းဆုံး ရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ ဇာတ်လမ်းအကြောင်းအရာကတော့ ပင်လယ်နီရေပြင်မှာ တာဝန်ထမ်းဆောင်နေတဲ့ တရုတ်ရေတပ် ကင်းလှည့်တပ်ဖွဲ့ဟာ “Guangdong” လို့ခေါ်တဲ့ ကုန်တင်သင်္ဘောကို ဆိုမာလီ ပင်လယ်ဓားပြတွေက စီးနင်းပြီး သင်္ဘောပေါ်မှာပါတဲ့ တရုတ်ခရီးသည်တွေနဲ့ သင်္ဘောသားတွေကို အန္တရာယ်ပေးနေတဲ့ အကြောင်း အကြောင်းကြားချက်ကို လက်ခံရရှိခဲ့ပါတယ်။ အဲဒီအတွက် အဖွဲ့ဝင် ၈ ဦးပါဝင်တဲ့ Jiaolong တိုက်ခိုက်ရေး အဖွဲ့တခုကို စေလွှတ်ခဲ့ပြီး အခင်းဖြစ်ပွားရာ နေရာကို လက်နက်အင်အားပြည့် တပ်ဆင်ထားတဲ့ ရေတပ် သင်္ဘောတွေ မရောက်ရှိခင် ပင်လယ်ဓားပြတွေကို ထိန်းထားဖို့ ကြိုးပမ်းရမှာပဲ ဖြစ်ပါတယ်။ အဖွဲ့ထဲမှာ ပါဝင်တဲ့ ရှေ့ပြေးရဟတ်တစင်းနဲ့ လက်ဖြောင့်သေနတ်သမားတို့ရဲ့ အကူအညီနဲ့ သူတို့ဟာ ပင်လယ်နီမှာ ရှိနေတဲ့ တရုတ်ရေတပ် သင်္ဘောအုပ်စု မရောက်လာခင်အချိန်အထိ အခြေအနေကို ထိန်းထားရမှာလည်း ဖြစ်ပါတယ်။ အဲဒီစစ်ဆင်ရေးအတွင်းမှာ အဖွဲ့ရဲ့ လက်ဖြောင့်သေနတ်သမားဟာ ဒဏ်ရာရရှိခဲ့ပြီးတော့ အမြန်ဆုံး ပြောင်းရွှေ့ကုသဖို့ ဖြစ်လာခဲ့ပါတယ်။ အဲဒီတိုက်ခိုက်ရေးအဖွဲ့ဟာ သူတို့ရဲ့ ရေတပ်အဖွဲ့ ရောက်လာပြီးတဲ့နောက် သူတို့ရဲ့ အောင်မြင်မှုအတွက် ချီးကျူးခံခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ အာရေဗျကျွန်းဆွယ်ပေါ်မှာ ရှိနေတဲ့ ယီမင်နိုင်ငံပြည်တွင်း စစ်အခြေအနေတာ ပိုပြီးတော့ မတည်မငြိမ်ဖြစ် လာချိန်မှာတော့ နိုင်ငံတွင်းမှာရှိတဲ့ ဒေသဆိုင်ရာ တရုတ်အရာရှိတွေနဲ့ အလုပ်သမားတွေကို နေရာရွှေ့ပြောင်းကြဖို့ အမိန့်ထုတ်လိုက်ပါတော့တယ်။ သူပုန်တွေနဲ့ ဒေသတွင်းအကြမ်းဖက်အုပ်စုတွေ ထံကနေ ခြိမ်းခြောက်မှုတွေ ရရှိခဲ့ပြီးတဲ့နောက် Jiaolong တိုက်ခိုက်ရေးအဖွဲ့ဟာ အဲဒီဒေသက ယာယီဆိပ်ကမ်းမှာ ရှိနေတဲ့ တရုတ်ရေတပ် သင်္ဘောတွေပေါ် တရုတ်နိုင်ငံသားတွေကို အန္တရာယ် ကင်းကင်း နေရာရွှေ့ပြောင်းပေးနိုင်ဖို့ လုပ်ဆောင်ခဲ့ရပါတယ်။ ဒီအချိန်မှာပဲ အဲဒီဒေသမှာ အလုပ်လုပ်နေတဲ့ ပြင်သစ်-တရုတ် ဂျာနယ်လစ်တဦးဟာ အခုလိုမျိုး ရွှေ့ပြောင်းရေး လုပ်ငန်းလုပ်ဆောင်နေတာကို Zaka လို့ခေါ်တဲ့ အကြမ်းဖက်အဖွဲ့တခုက နှောင့်ယှက်တော့မယ်ဆိုတာကို သတင်းရရှိခဲ့ပါတယ်။ Jiaolong အဖွဲ့ကလည်း စစ်ဖြစ်ပွားနေတဲ့ ဇုန်ကနေ တရုတ်အရပ်သားတွေကို ကယ်ဆယ် ခဲ့ရပြီး PAP တပ်ဖွဲ့ကလည်း အခုလိုမျိုး ကြပ်တည်းနေတဲ့ အချိန်အတွင်းမှာ သံအမတ်ကြီးကိုလည်း ကာကွယ်ပေး ရတဲ့အပြင် ကားဗုံးဖောက်ခွဲသူအဖြစ် လုပ်ဆောင်ဖို့အတင်းအကျပ် တာဝန် ပေးအပ်ခံရတဲ့ အာရေဗျအမျိုးသား တဦးကိုလည်း ကယ်တင်လိုက်ရပါတယ်။ နောက်တော့ အကြမ်းဖက်သမားတွေက အခုလိုမျိုး တရုတ်ရေတပ်ကနေ လျှို့ဝှက်လုပ်ဆောင်နေတဲ့ အစီအစဉ်တွေကို သိရှိသွားပြီးတဲ့နောက် အဲဒီဒေသကိုဗုံးဖောက်ခွဲဖု့ိ လုပ်ဆောင်ပါတော့တယ်။ အဖွဲ့ဝင် ၈ ဦး ပါဝင်တဲ့ ရှေ့ပြေးတိုက်ခိုက်ရေးအဖွဲ့ကတော့ စစ်မြေပြင်မှာ ဒေသဆိုင်ရာအစိုးရဲ့ ထောက်ပံ့မှု အားနည်းတာနဲ့ ကြုံတွေ့နေရပါတယ်။ သူတို့တွေဟာ အဲဒီမှာ အလုပ်လုပ်နေတဲ့ Yewaire အရပ်သားတွေကို ၇၅ မိုင် အကွာမှာ ရှိတဲ့ ဒေသကို ပို့ဆောင်ဖို့ လုပ်ဆောင်ရပါတော့တယ်။ ဒါပေမယ့် လမ်းမှာ အကြမ်းဖက်သမားတွေရဲ့ ခြုံခို တိုက်ခိုက်တာကို ခံခဲ့ရပြီးတဲ့နောက် လက်ဖြောင့်သေနတ်သမားတဦးကို ဆုံးရှုံးခဲ့ရပါတယ်။ အရပ်သားတွေ အားလုံးနဲ့ ဒေသဆိုင်အရာ အစိုးရတပ်ဖွဲ့တွေအားလုံး အသတ်ခံလိုက်ရပါတယ်။ အဲဒီနောက် ကျဉ်းထဲ ကျပ်ထဲ ရောက်ခဲ့တဲ့ Jiaolong အဖွဲ့နဲ့ ဂျာနယ်လစ်တို့ဟာ စစ်သွေးကြွ ၁၅၀ လောက်နဲ့ အကြမ်းဖက်သမားတွေ သိမ်းပိုက်ထားတဲ့နေရာကနေ ဘယ်လိုလွတ်မြောက်အောင် ကြိုးပမ်းရမယ်ဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ စစ်ပွဲနောက်ခံရုပ်ရှင်တွေ ကြိုက်နှစ်သက်သူတွေ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်ဖြစ်ပေမယ့် ဝါဒဖြန့်ချိရေး ဆန်တဲ့ ရုပ်ရှင်မျိုးနဲ့လည်း ဆင်တူနေပါတယ်။ IMDB Rating (7.1) ရရှိထားတဲ့ ဇာတ်ကားကောင်း တခုလည်း ဖြစ်ပါတယ်။ The post ယီမင်ပြည်တွင်းစစ်မှ အရပ်သားတွေကို ကယ်ထုတ်မယ့် တရုတ်ရေတပ်ဖွဲ့”Operation Red Sea” appeared first on ဧရာဝတီ.
Source : https://ift.tt/2LIjUQT
via IFTTT

No comments:

Post a Comment