လေယာဉ်ပျံပုံ Reaction အသစ်က Bug တခုသာ ဖြစ်ကြောင်း Facebook ပြောကြား Facebook အသုံးပြုသူတွေအကြား ခေတ်စားနေတဲ့ လေယာဉ်ပျံပုံ Reaction အသစ်မှာ Bug တခုသာ ဖြစ်တယ်လို့ Facebook က ပြောကြားလိုက်ပါတယ်။ ဇူလိုင်လ ၃၀ ရက်နေ့၊ တနင်္လာနေ့ညလောက်ကစပြီး Facebook အသုံးပြုသူတချို့မှာ Airplane Reaction အသစ် ပါဝင်လာတာကို အမှတ်မထင် တွေ့ရှိခဲ့ပြီးနောက် လူမှုကွန်ရက်အတွင်း Airplane Reaction က ရေပန်းအစားဆုံးသတင်း ဖြစ်လာခဲ့တာပါ။ Airplane reaction ကို လူတိုင်း မရရှိခဲ့ဘဲ၊ Android ဖုန်းအသုံးပြုသူ အချို့ထံမှာပဲ ရရှိခဲ့တာ ဖြစ်ပါတယ်။ iOS အသုံးပြုသူတွေမှာတော့ Airplane reaction ကို မပေးနိုင်တဲ့ အပြင်၊ တွေ့ပါ မတွေ့ရဘူးလို့ သိရပါတယ်။ Airplane reaction ဟာ ရုတ်တရက်ကြီး ထွက်ပေါ်လာတဲ့ reaction ဖြစ်တာကြောင့် ဘာအဓိပ္ပာယ် ဖြစ်မလဲ၊ ဘယ်လိုလုပ်ရင် ရမလဲဆိုတာ အားလုံးသိချင်ကြမှာပါ။ တကယ်တမ်းတော့ Airplane Reaction ဟာ အားလုံးထင်ကြေးပေးနေကြသလို လေယာဉ်ပျက်ကျမှု တခုအတွက် Facebook ရဲ့ ဝမ်းနည်းခြင်းအထိမ်းအမှတ်လည်း မဟုတ်ပါဘူး။ “ငါ မကြာခင် ရောက်မယ်” ဆိုတဲ့ အဓိပ္ပာယ်လည်း မရှိပါဘူး။ ဘာအဓိပ္ပာယ်မှ မရှိတဲ့ Software Bug တခုသာ ဖြစ်တယ်လို့ Facebook ပြောရေးဆိုခွင့်ရှိသူတဦးက Fast Company ရဲ့ ဆက်သွယ်မေးမြန်းချက်ကို အောက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။ “Facebook ဝန်ထမ်းတွေအကြား ပြုလုပ်ခဲ့တဲ့ ကွန်ပျူတာ Programing ပြိုင်ပွဲ (Hackathon) တခုမှာ ဖန်တီးဖြစ်ခဲ့တဲ့ Reaction ပါ။ အသုံးပြုသူတွေကို ထုတ်ပေးဖို့ မရည်ရွယ်ခဲ့ပါဘူး။ မှားယွင်း သွားတာလေးတွေ ရှိတဲ့အတွက် တောင်းပန်ပါတယ်” လို့ ဖြေကြားခဲ့ပါတယ်။ Airplane reaction ဟာ Bug တခုသာဖြစ်တဲ့အတွက် Facebook အသုံးပြုတိုင်း မရရှိသလို၊ တချို့လူတွေ ဆီမှာလည်း Angry react ကြီးပဲ နှစ်ခုပေါ်နေပြီး နောက်ဆုံး Angry react ကို နှိပ်လိုက်မှ Airplane react ဖြစ်သွားတာမျိုးတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ တချို့ User တွေ ဆီမှာလည်း မီးတောက် react ပေါ်နေတာ၊ တချို့မှာ အရင်ကထုတ်ပေးဖူးတဲ့ ပန်းပွင့်ပုံ react ပေါ်နေတာ စသဖြင့် အမျိုးမျိုး တွေ့ရမှာဖြစ်ပါတယ်။ Airplane reaction ရချင်ရင် အောက်မှာ ယခု comments တွေ ပေးရမယ်ဆိုပြီး နည်းလမ်းတွေ ထွက်ပေါ်နေပေမယ့်၊ Bug တခုသာဖြစ်တဲ့အတွက် အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ ဒါပေမယ့် Airplane ရတဲ့လူအများစုဟာ Facebook App ကို Update လုပ်ပြီးမှ ရရှိခဲ့တာလို့ ဆိုကြတဲ့အတွက် App Update လုပ်ပြီး၊ ဖုန်း Settings ထဲကနေ App ကို Clear Cache လုပ်ကာ ပေါ်အောင် စမ်းကြည့်နိုင်ပါတယ်။ Airplane မရတဲ့လူတွေအနေနဲ့ ခေတ်မီအောင် မပေးနိုင်တဲ့အတွက် သိပ်အားငယ်စရာမရှိပါဘူး။ ဘာလို့လည်းဆိုတော့ Facebook ဟာ ဒီ Bug ကို ဖယ်ရှားနေပြီဖြစ်တဲ့အတွက် မကြာခင် ပြန်ပျောက်သွားမယ့် Reaction သာဖြစ်ပါတယ်။ Facebook အနေနဲ့ အရင်ကလည်း LGBT တွေအတွက် “သက်တံ့ပုံ Reaction” နဲ့ “အမေများနေ့” အတွက် “ပန်းပွင့်ပုံ Reaction” တွေကို ခေတ္တ ထုတ်ပေးခဲ့ဖူးပေမယ့်၊ အခုလိုမျိုး Bug ကြောင့် ဝန်ထမ်းတွေစမ်းထားတဲ့ reaction ပေါ်လာတာကလည်း ဒါပထမဆုံးလို့ ဆိုရမှာပါ။ Ref: Fast Company, Heavy The post လေယာဉ်ပျံပုံ Reaction အသစ်က Bug တခုသာ ဖြစ်ကြောင်း Facebook ပြောကြား appeared first on ဧရာဝတီ.
Source : https://ift.tt/2M7kQKO
via IFTTT
No comments:
Post a Comment