Thursday, August 16, 2018

The Ladies News

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA နှင့် RCSS တို့ စစ်ရေးတင်းမာ လျက်ရှိပြီး ရွားလုံးကျွတ် တိမ်းရှောင်မှုများ ရှိနေ --- --- --- ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း၌ တအာင်းလက်နက်ကိုင် အဖွဲ့ (TNLA) နှင့် ရှမ်းပြည်ပြန်လည်ထူးထောင်ရေး ကောင်စီ (RCSS) တို့၏ တိုက်ပွဲများကြောင့် ရွာလုံးကျွတ် တိမ်းရှောင်မှုများ ရှိနေပြီး လတ်တလောတွင်လည်း စစ်ရေးအခြေအနေ တင်းမာ လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ၁၂ ရက်နေ့၊ ၁၃ ရက်နေ့များတွင် နမ္မတူမြို့နယ်၊ ပန်လုံကျေးရွာနားတွင် TNLA နှင့် RCSS တို့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲကြောင့် ပန်လုံကျေးရွာမှ ရွာသားများ တိမ်းရှောင်ခဲ့ရကာ ၁၅ ရက်နေ့တွင်လည်း ယင်းကျေးရွာနားတွင်ပင် တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့သည်ဟု TNLA မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်အိုက်ကျော် က ပြောကြားသည်။ `ရွာထဲမှာတော့ မဖြစ်ဘူး။ ၁၂ ရက်၊ ၁၃ ရက်လောက်က ရွာသားတွေက ရှောင်လိုက်တာ။ ဒီနေ့ကတော့ တိုက်ပွဲသတင်း တက်လာတာတော့ မရှိသေးဘူး။ ဒါပေမယ့် စစ်ရေးအခြေအနေကတော့ တင်းမာနေတဲ့ အနေအထားမှာရှိတယ်` ဟု ၄င်းကပြောကြားသည်။ တိုက်ပွဲများသည် ကျေးရွာများအတွင်း ဖြစ်ပွားခဲ့ခြင်း မဟုတ်သော်လည်း အဆိုပါဒေသမှ ရွာသားများသည် စိုးရိမ်မှုများ ရှိနေသောကြောင့် တမ်းရှောင်လာခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်များကို အကူအညီ ပေးရေးလုပ်ငန်းများ ဆောင်ရွက်နေသော နမ္မတူစစ်ဘေးရှောင် ကော်မတီမှ ဦးစိုင်းဘဉာဏ်က ပြောကြားသည်။ `ပန်လုံဒေသမှာ ဖြစ်တာ။ ရွာတွေမှာမဖြစ်ဘူး။ တောတွေထဲမှာ ဖြစ်တာ။ ရွာသားတွေက စိုးရိမ်တာနဲ့ ကြောက်ပြီး ရှောင်လာတာ။ ပန်ခါ၊ မန်ဆာ၊ ကောင်းဟုန်း အဲဒီဘက်က ရွာတွေကလာတာ` ဟု ၄င်းကပြောကြား သည်။ တိမ်းရှောင်လာသော ရွာသားများသည် ယခုအခါ မန်စံကျေးရွာတွင် ခိုလှုံနေကြပြီး လူဦးရေးအားဖြင့် ၃၀၀ နှင့် ၄၀၀ ကြားတွင်ရှိသည်ဟု ဦးစိုင်ဘဉာဏ်က ပြောကြားသည်။ တိုက်ပွဲအခြေအနေနှင့် ပတ်သက်ပြီး RCSS မှ ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရခဲ့ပေ။ TNLA နှင့် RCSS တို့သည် နယ်မြေအငြင်းပွားမှုကြောင့် ၂၀၁၅ ခုနှစ်မှ စတင်ကာ တိုက်ပွဲများ မကြာခဏဖြစ်ပွားလျက်ရှိပြီး ၂၀၁၈ နှစ်ဦးပိုင်းက တရုတ်-မြန်မာ နယ်စပ်ဒေသ တစ်နေရာတွင် တိုက်ပွဲများရပ်တန့်ရေး အတွက် တွေ့ဆုံမှုပြုလုပ်ခဲ့ပေမယ့် ကောင်းမွန်သည့် ရလဒ် မရရှိဘဲ စစ်ရေးတင်းမာမှုများသာ တောက်လျှောက်ဆိုသလို ဖြစ်ပေါ်နေသည်။ အောင်ရဲနောင် The Ladies News
Source : https://ift.tt/2OCNUuu
via IFTTT

No comments:

Post a Comment