Thursday, August 16, 2018

The Voice

ထရမ့်က လက်ထောက်ဟောင်း အိုမာရိုဆာကို ခွေးမဟုခေါ်ဝေါ် ဝါရှင်တန်၊ ဩဂုတ် ၁၅ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်း၏ Apprentice ရုပ်သံအစီအစဉ်နှင့် အိမ်ဖြူတော်လက်ထောက်ဟောင်း အိုမာရိုဆာ မန်နီဂေါ့လ် နယူမန်ရေးသားသော ဖော်ကောင်စာအုပ်ဆိုင်ပေါ်သို့ ရောက်လာမှုကြောင့် သူမအား “ခွေးမ၊ အရူးအနှမ်း၊ နာမည်ပျက်” စသော ခပ်ကြမ်း ကြမ်းစကားလုံးများဖြင့် အင်္ဂါနေ့က ပြစ်တင်ရှုတ်ချလိုက်သည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။ ထရမ့်၏ ဖြစ်ရပ်မှန်ရုပ်သံရှိုးတွင် ပါဝင်ရာမှ စတင်ကျော်ကြားလာသူ မန်နီဂေါ့လ်နယူမန်သည် ထရမ့်နှင့် အတူတွဲ လုပ်ကိုင်ခဲ့စဉ်က မှတ်တမ်းများကို စာအုပ်ရေးသားထုတ်ဝေခဲ့သည်။ ထရမ့်အား လူမျိုးရေးခွဲခြားသူ၊ လိမ်ညာတတ်သူ၊ ပိုးမွှားကြောက်ရောဂါရှိသူ၊ စာနာမှုလုံးဝကင်းမဲ့သူအဖြစ် ပုံဖော်ထားသော သူမ၏စာအုပ်သည် အိမ်ဖြူတော်နှင့် သမ္မတကို အကျပ်အတည်းသစ်တစ်ခု ဖန်တီးပေးလိုက်ပြီး သူမ၏ မှတ်ချက်စကားများသည် သတင်းခေါင်းစဉ်များတွင် ရက်အတန်ကြာ လွှမ်းမိုးထားခဲ့သည်။ ထရမ့်၏အဖွဲ့သည် သူမအား သိက္ခာချရန် လှုံ့ဆော်မှုတစ်ခုကို စတင်လိုက်ပြီး ဖွင့်မပြောရန် သဘောတူညီချက်ကို ချိုးဖောက်မှုဖြင့် တရားစွဲရန် လုပ်ဆောင်လျက်ရှိသည်။ အိုမာရိုဆာသည် သူမအား အိမ်ဖြူ တော်အရာရှိချုပ်ဂျွန်ကယ်လီက အလုပ်ဖြုတ်ကြောင်း ပြောကြားစဉ် အသံဖမ်းထားသည့် အသံဖိုင်ကို ထုတ်လွှင့်ခဲ့ခြင်းကြောင့် ထရမ့်က သူမအား အကျင့်ပျက်ဟု ပြောဆိုခဲ့ပြီးဖြစ်သည်။ အလုပ်ထုတ်ခံရပြီးနောက် ထရမ့်နှင့် သူမပြောဆိုခဲ့သော အသံဖိုင်ကို ဆက်လက်ထုတ်လွှင့်မှုကြောင့် ထရမ့်က အရူးမဟု ထပ်မံခေါ်ဝေါ်ခဲ့သည်။ သို့ရာတွင် အင်္ဂါနေ့ကမူ ထရမ့်သည် မကြုံစဖူး ပြင်းထန်သောစကားလုံးများဖြင့် ပေါက်ကွဲပြောဆိုခဲ့သည်။ “ငိုယို ခယနေတဲ့ အရူးအနှမ်း အကျင့်ပျက် အောက်တန်းစားတစ်ယောက်ကို အခွင့်အရေးပေးပြီးတော့ အိမ်ဖြူတော်မှာ အလုပ်ခန့်လိုက်တဲ့အခါ အလုပ်မဖြစ်လောက်ပါဘူးလို့တော့ ထင်ခဲ့ပါတယ်။ ကယ်လီရေ ဒီခွေးမကို မြန်မြန်ဆန်ဆန် မောင်းထုတ်ပေးတာ သိပ်ကောင်းပါတယ်” ဟု ထရမ့်က twitter တွင် ပြောဆိုလိုက်သည်။ ထရမ့်၏မှတ်ချက်သည် နိုင်ငံရေးပါတီကြီး နှစ်ခုစလုံးထံမှ ဝေဖန်သံများကို ချက်ချင်းထွက်ပေါ်လာစေခဲ့သည်။ “အမေရိကန်သမ္မတတစ်ယောက်ဆီက ဒီလိုအပြောအဆိုမျိုး ကြားရတာဟာ ကျုပ်တို့ရီပတ်ဘလစ်ကန်တွေအတွက် အဆင်မပြေပါဘူး”ဟု ရီပတ်ဘလစ်ကန် ဆီနိတ်တာ ဂျက်ဖလိတ်က ပြောကြားသည်။ ဒီမိုကရက်အမတ် ဖရီဒါရီကာ ဝီလ်ဆင်ကလည်း “လုပ်ရဲလိုက်တာကွယ်။ တစ်နိုင်ငံလုံးကို ဒူးထောက်ခိုင်းနေတာလား” ဟု မှတ်ချက်ပေးသည်။ အိမ်ဖြူတော် ပြန်ကြားရေးအရာရှိ ဆာရာဆန်ဒါကမူ “သမ္မတကြီးရဲ့စကားမှာ လူမျိုးရေးခွဲတာ၊ ကျား/မ ခွဲတာမျိုးတွေ မပါပါဘူး။ သမ္မတကြီးက မီးကို မီးနဲ့ပဲ တုံ့ပြန်လေ့ရှိပါတယ်”ဟု ကာကွယ်ပြောဆိုသွားသည်။ အိုမာရိုဆာ ၄၄ နှစ်၏ အသံဖိုင်နှင့် မှတ်တမ်းစာအုပ်သည် သူမ၏ အလုပ်ရှင် သမ္မတ၏ယုံကြည်မှုကို ချိုးဖောက်ခြင်းဖြစ်သည်။ အင်္ဂါနေ့က CBS ရုပ်သံနှင့်တွေ့ဆုံသော အိုမာရိုဆာက “ကျွန်မက ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့သူဖြစ်ပါတယ်။ ထရမ့်ရဲ့ အဝန်းအဝိုင်းမှာ လူတိုင်းက လိမ်နေကြတာပါ” ဟု ပြောကြားသည်။ အိမ်ဖြူတော်၌ ရှိနေစဉ် သူမ မှတ်တမ်းတင်ထားသမျှကို လုပ်ဖော်ကိုင်ဘက်ဟောင်းများက စိတ်ဝင်စားနေကြသည့်အပြင် အထူးစုံစမ်းရေးအရာရှိ ရောဘတ်မူလာကလည်း စိတ်ဝင်စားဖွယ်ရှိသည်။ သူမက ရုရှားကြားဝင်စွတ်ဖက်မှု ကိစ္စကို စုံစမ်းနေသူနှင့် စကားပြောဆိုခဲ့ကြောင်းနှင့် နောက်ထပ်လည်း ထပ်မံပြောဆိုရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားထားသည်။ “ထရမ့်အိမ်ဖြူတော်အကြောင်း အတွင်းလူတစ်ဦး၏ဖွင့်ဟချက်”ဟု အမည် ပေးထားသော အိုမာရိုဆာ၏ စာအုပ်ကို အင်္ဂါနေ့က စာအုပ်ဆိုင်များနှင့် ဒစ်ဂျစ်တယ်ပလက်ဖောင်းများတွင် စတင်ရောင်းချခဲ့သည်။
Source : https://goo.gl/jjHJ2t
via IFTTT

No comments:

Post a Comment