ရေစက်ကျနေတဲ့ပုံစံ “Waterdrop Display” နဲ့ ပွဲထွက်လာတဲ့ Oppo F9 Oppo F စီးရီးဖုန်းအသစ်ဖြစ်တဲ့ Oppo F9 ကို ဖိလစ်ပိုင်နဲ့ ထိုင်ဝမ်နိုင်ငံတို့မှာ တရားဝင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ Oppo F9 ဖုန်းမှာ ရေစက်တွဲလွဲခိုနေတဲ့ V ပုံစံ Display Notch ကို အသုံးပြုထားပြီး၊ Oppo ကတော့ ယခုဒီဇိုင်းကို Waterdrop Display လို့ တင်စား ခေါ်ဝေါ်ထားပါတယ်။ အမှန်တကယ်လည်း တခြားဖုန်းတွေက လေးထောင့်ကျကျ Notch တွေလိုမဟုတ်ဘဲ သေးငယ်တဲ့ ရေစက်ပုံစံ Notch လေးကိုပဲ ဖုန်းမှာ တွေ့မြင်ရမှာပါ။ Oppo F9 ဖုန်းဟာ ယခုဒီဇိုင်းအသစ်ကြောင့် Screen နဲ့ ကိုယ်ထည်အချိုးအစား ၉၀ ဒႆမ ၈ ရာခိုင်နှုန်းအထိ ရယူထား နိုင်ပါတယ်။ Display အရွယ်အစားက ၆ ဒႆမ ၃ လက်မ ရှိပြီး၊ Full-HD+ (1080×2340 pixels) Resolution ရှိကာ 19.5:9 Aspect Ratio နဲ့ ဖြစ်ပါတယ်။ Oppo F9 ဖုန်းမှာ MediaTek ရဲ့ Chipset အသစ်ဖြစ်တဲ့ Helio P60 SoC ကို အသုံးပြုထားပြီး၊ 4GB RAM နဲ့ 6GB RAM ဆိုပြီး RAM မော်ဒယ်နှစ်မျိုး ထုတ်သွားမှာဖြစ်ပါတယ်။ Nano SIM နှစ်ကတ်ထိုးဖြစ်ပြီး Android 8.1 Oreo စနစ်အခြေခံ Color OS 5.2 နဲ့ ထွက်ရှိလာမှာပါ။ ကင်မရာပိုင်းအနေနဲ့ F9 ဖုန်းမှာ 16-megapixel, f/1.8 အပါချာ နဲ့ 2-megapixel, f/2.4 အပါချာရှိတဲ့ ကျောကင်မရာ နှစ်လုံးတွဲကို အသုံးပြုထားပြီး၊ ရှေ့ကင်မရာကတော့ 25-megapixel, f/2.0 Sensor နဲ့ ဖြစ်ပါတယ်။ ရှေ့ကင်မရာမှာ HDR နည်းပညာထည့်သွင်းထားတာကြောင့် HDR Selfie တွေ လည်း ရိုက်ကူးနိုင်မှာပါ။ ကျောကင်မရာ ကနေလည်း Portrait Mode, AI နည်းပညာသုံး မြင်ကွင်း သိရှိမှုစနစ်၊ AI Beautification 2.1, AR စတစ်ကာနဲ့ ဗီဒီယိုအနှေးရိုက်ကူးမှုတို့လည်း အသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ F9 ဖုန်းမှာ Storage အနေနဲ့ 64GB ပါဝင်မှာဖြစ်ပြီး၊ microSD ကတ်လည်း ထပ်စိုက်နိုင်ဦးမှာပါ။ micro-USB, 3.5mm နားကြပ်ပေါက်၊ 3,500mAh ဘက်ထရီတို့ ပါဝင်ပြီး၊ Oppo ရဲ့ VOOC အားအမြန်သွင်းနည်းပညာလည်း အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ Oppo F9 4GB RAM မော်ဒယ်ကို ဗီယက်နမ်နိုင်ငံမှာ ဒေါ်လာ ၃၄၀ ခန့်နဲ့ ရောင်းချသွားမှာဖြစ်ပြီး၊ 6GB RAM မော်ဒယ်ဈေးနှုန်းကိုတော့ မသိရသေးပါဘူး။ ယနေ့ကစ ကြိုတင်အော်ဒါမှာယူနိုင်ပြီဖြစ်ပြီး သြဂုတ်လ ၂၄ ရက်နေ့မှာ ဈေးကွက်တွင်း စတင်ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ Ref: Gizmo China, Gadgets NDTV The post ရေစက်ကျနေတဲ့ပုံစံ “Waterdrop Display” နဲ့ ပွဲထွက်လာတဲ့ Oppo F9 appeared first on ဧရာဝတီ.
Source : https://ift.tt/2PdxycE
via IFTTT
No comments:
Post a Comment