လသာမြို့နယ် လသာ လမ်းရှိ အထပ်မြင့်တိုက်ခန်းတွင် နေထိုင်သည့် အသက်(၂၅)နှစ်အ ရွယ် အမျိုးသမီးတစ်ဦးကို အမျိုးသားနှစ်ဦးက တိုက်ခန်းလှေကား အတွင်း ဓားထောက်၍ ကျပ်ဆယ်သိန်းဖိုးခန့် လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ လသာလမ်းရှိ ချယ်ရီမန်းစား သောက်ဆိုင်အနီး တိုက်ခန်းရှစ် လွှာတွင် နေထိုင်သည့် အသက် (၂၅)နှစ်အရွယ် အမျိုးသမီး သည် သြဂုတ် ၂၈ ရက် ည ၇ နာရီခန့်က နေအိမ်လှေကား ငါးလွှာတွင် ဓား ထောက်လုယက်ခံခဲ့ရခြင်း ဖြစ် ကြောင်း လသာမြို့မရဲစခန်းမှ ရဲ အရာရှိတစ်ဦးက ဆိုသည်။ ကျောက်တံတားမြို့နယ်အ တွင်း အလုပ်လုပ်ကိုင်သည့် ၎င်းအမျိုးသမီးသည် အလုပ်မှနေအိမ် သို့ ပြန်လာစဉ် အမျိုးသားနှစ်ဦးက လှေကားပေါ်သို့ အနောက်မှ လိုက် တက်လာပြီး ဓားဟုယူဆရသည့် အရာဖြင့် ဝမ်းဗိုက်ကို ထောက်ကာပါးစပ်အား လက်ကိုင်ပဝါဖြင့် ပိတ်၍ မအော်ရန် ပြောဆိုခဲ့ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။ ထို့နောက် ကျန်တစ်ဦးက အမျိုးသမီးဝတ်ဆင်ထားသည့် ရွှေဆွဲကြိုး၊ လက်ကိုင်အိတ်၊ ကျပ် ငါးသောင်းနှင့် လက်ကိုင်ဖုန်းတို့ ကို လုယူကာ ထွက်ပြေးသွားခဲ့ ကြောင်း လသာမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။ တိုက်လှေကားအတွင်း အ မျိုးသမီးတစ်ဦးထံမှ ဓားထောက် လုယက်ခဲ့သည့် အမျိုးသားနှစ်ဦး ကို လသာမြို့မရဲစခန်းက ပြစ်မှု ပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်ကာ တရားခံအား စုံစမ်းလျက်ရှိကြောင်း လသာမြို့မရဲစခန်းက သိရသည်။ @LH
Source : http://ift.tt/2bWsb0P
via IFTTT
Tuesday, August 30, 2016
Monday, August 29, 2016
မြန်မာ- အိန္ဒိယအကြား ကဏ္ဍ ၄ရပ် ပူးပေါင်းဆောင်ရွက်မည် မြန်မာသမ္မတ ဦးထင်ကျော်၏ အိန္ဒိယခရီးစဉ်အတွင်း ဝန်ကြီးချုပ် နာရိန္ဒြာ မိုဒီနှင့် ယနေ့တွေ့ဆုံကာ အိန္ဒိယ- မြန်မာ- ထိုင်း အဝေးပြေးလမ်းမ တမူး-ကလေးဝ လမ်းပိုင်းရှိ တံတား ၆၉ စင်း တည်ဆောက်ရန်၊ ကလေးဝ – ယာကြီး လမ်းပိုင်းကို အဆင့်မြှင့်တင်ရန်၊ စွမ်းအင်ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်ရန်နှင့် တိုင်းရင်းဆေးဝါး ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရန် နှစ်နိုင်ငံအကြား သဘောတူညီချက် ရရှိခဲ့ကြောင်း ပြည်ပရေးရာ ဝန်ကြီးဌာန ပြောခွင့်ရ ဗီကက်ရှ် ဆွာရပ်ကို ကိုးကားပြီး အိန္ဒိယသတင်းဌာန The Economic Times မှာ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ စနေနေ့မှာ စတင်ခဲ့တဲ့ သမ္မတ ဦးထင်ကျော်ရဲ့ ၄ရက်ကြာ အိန္ဒိယခရီးစဉ်မှာ ဗုဒ္ဓဂါယာ သို့ သွားရောက်ခဲ့သလို၊ ကမ္ဘာကျော် တပ်ဂျ်မဟာ နန်းတော်ကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။ ဒီကနေ့မှာတော့ အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာ မိုဒီ၊ ပြည်ပရေးရာ ဝန်ကြီးတို့နှင့် တွေ့ဆုံခဲ့ပါတယ်၊ မနက်ဖြန်မှာတော့ မြန်မာသမ္မတ ဦးထင်ကျော်ဟာ အိန္ဒိယ သမ္မတနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။
Source : http://goo.gl/tVngD8
via IFTTT
Source : http://goo.gl/tVngD8
via IFTTT
The Irrawaddy - Burmese Edition
ရှမ်းပြည်တပ်မတော် မြောက်ပိုင်းနှင့် အစိုးရတပ်မတော် တိုက်ပွဲဖြစ် ကျော်ခ ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ်တွင် အစိုးရတပ်မတော်နှင့် ရှမ်းပြည်တိုးတက်ရေး ပါတီ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) တို့အကြား သြဂုတ်လ ၂၈ ရက်နေ့ ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ တန့်ယန်းမြို့နယ် မိုင်းကောင်ကျေးရွာအုပ်စု အတွင်းရှိ SSPP/SSA ၏ လွိုင်လင် စခန်းရှိရာသို့ တပ်မတော် ခြေလျင်တပ်ရင်း (ခလရ) ၃၃၊ ၁၄၇ တို့ ဦးတည် ချီတက်လာရာမှ နှစ်ဖက်တပ်များကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ကြခြင်းဖြစ်ပြီး အသေ အပျောက် သတင်းမကြားရသော်လည်း နှစ်ဖက်လုံး ဒဏ်ရာရရှိမှု ရှိကြောင်း SSPP/SSA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းဆုက ပြောသည်။ ဗိုလ်မှူးစိုင်းဆု က “တပ်မတော်က ကျနော်တို့စခန်းဘက်ကို ဦးတည်ဝင်လာတာကနေ တိုက်ပွဲဖြစ်တာ။ ဖြစ်တော့ နောက်က သူတို့လက်နက်ကြီး တပ်ကလည်း ဝိုင်းကူပစ်တယ်။ ကျနော်တို့ဘက်မှာတော့ အနည်းအကျဉ်း ဒဏ်ရာရတယ်။ တပ်မတော်ဘက်က သေတာလည်း မကြားဘူး။ ဒဏ်ရာရတာတော့ ရှိတယ်။ အဲဒီအထဲမှာ သူတို့ ခေါ်လာတဲ့ လားဟူ အထူးတိုက်ခိုက်ရေး တပ်ဖွဲ့က ၃ ယောက် ဒဏ်ရာရသွားတယ်။ ဒဏ်ရာရတဲ့ လားဟူ တယောက်ကိုတောင် ကျနော်တို့ ဖမ်းမိထားပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။ ယင်းသို့ တိုက်ပွဲဖြစ်ပွားနေချိန်တွင် SSPP/SSA ခေါင်းဆောင်တချို့သည် အစိုးရက ဖိတ်ခေါ်ထားသည့် ၂၁ ရာစုပင်လုံ ညီလာခံ သို့ တက်ရန် ပြင်ဆင်နေချိန်လည်းဖြစ်ပြီး ဗိုလ်ချုပ် စိုင်းထူးဆိုလျှင် နေပြည်တော်တွင် ပြုလုပ်နေသည့် ၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပရေး ပူးတွဲကော်မတီ အစည်းအဝေးသို့ တက်ရောက် ဆွေးနွေးနေလျက်ရှိကြောင်း သိရသည်။ တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာမှ တပ်မတော် စစ်ကြောင်းများ မိုင်းကောင် ဒေသဘက်သို့ ပြန်လည် ဆုတ်ခွာသွားသဖြင့် ယနေ့ တိုက်ပွဲ ဆက်မဖြစ်တော့ဘဲ ငြိမ်သက်သွားကြောင်း၊ ဖမ်းမိထားသည့် လားဟူ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ဝင်ကို လည်း ဆေးကုသပေးလျက်ရှိပြီး ပြန်လည်ပို့ဆောင်နိုင်ရန် ဆက်သွယ် ဆောင်ရွက်လျက်ရှိကြောင်း ပြောသည်။ “ဒီတိုက်ပွဲက အထက်အမိန့်အရ ဆိုရင်တော့ မဖြစ်သင့်ဘူးလို့မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့က ၂၁ ပင်လုံ တက်ဖို့ ကိုယ်စားလှယ်တွေက နေပြည်တော်ရောက်တဲ့ လူရောက်၊ ရန်ကုန်ရောက်တဲ့ လူရောက်နဲ့ ၂၁ ပင်လုံတက်ဖို့ ၈၅ ရာခိုင်နှုန်းအသင့် ဖြစ်နေပြီ။ ဒီမှာက တိုက်ပွဲဖြစ်တယ်ဆိုတော့ ကောင်းတော့ မကောင်းဘူးပေါ့။ အောက်ခြေမှာ ဖြစ်တယ် ဆိုရင်တော့ နှစ်ဦးနှစ်ဖက် အဆင်ပြေသွားမယ့် အခြေအနေပါ။ တပ်မတော်ဘက်ကလည်း ထိန်းသိမ်းသွားမယ်လို့ ယူဆ ပါတယ်”ဟု ဗိုလ်မှူးစိုင်းဆုက ပြောသည်။ တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်၍ တပ်မတော်ဘက်မှ ဖြေရှင်းချက် သိရှိနိုင်ရန်အတွက် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး နှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC) တို့ထံ မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း တုံ့ပြန် ဖြေကြားနိုင်ခြင်း မရှိပါ။ SSPP/SSA အဖွဲ့သည် ယခင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် အစိုးရနှင့် တပ်မတော်က ဘဝတူ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တချို့ကို တပြိုင်တည်း လက်မှတ်ထိုးရန် ကန့်သတ်ခဲ့သဖြင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်မထိုးသေးဟု ဆုံးဖြတ်ထားသည့် အဖွဲ့ဖြစ်သည်။ SSPP/SSA အဖွဲ့သည် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တပ်ပေါင်းစုအဖွဲ့ဝင် လည်း ဖြစ်ပြီး UNFC တပ်ပေါင်းစု ခေါင်းဆောင်များနှင့်အတူ ၂၁ ရာစု ပင်လုံ ပထမ အစည်းအဝေး ပြင်ဆင်နေကြောင်း သိရ သည်။ အစိုးရက ပြုလုပ်မည့် ၂၁ ရာစု ပင်လုံ ပထမအစည်းအဝေးသည် ယခုလ ၃၁ ရက်နေ့တွင် စတင်တော့ မည်ဖြစ်သည်။ သို့သော်လည်း ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် အစိုးရတပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ များကြား တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲများရပ်ရန် အတွက် ယခုလ ၈ ရက်နေ့တွင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နေပြည်တော် တွင် တွေ့ဆုံပြီး ပြောဆိုခဲ့သည်။ သို့သော် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ၊ ရှမ်းပြည် တပ်မတော်မြောက်ပိုင်း (SSA-N)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့ကြား တိုက်ပွဲ များ ဖြစ်ပွားလျက်ရှိပြီး KIA နှင့် ဖြစ်ပွားသည့် တိုက်ပွဲတွင် တပ်မတော်ဘက်မှ လေကြောင်း တိုက်ခိုက်မှုကိုပါ အသုံးပြုခဲ့သည်ဟု ဆိုသည်။
Source : http://goo.gl/uhPXaK
via IFTTT
Source : http://goo.gl/uhPXaK
via IFTTT
The Irrawaddy - Burmese Edition
ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ကျိုက္ကဆံရပ်ကွက်နေ အသက် ၄၀ အရွယ် အမျိုးသမီးတဦးကို ရိုက်နှက်သတ်ဖြတ်ပြီး ၉ နှစ်အရွယ် ကလေးကို ရိုက်နှက်သွားသည်ဟု သံသယရှိသူကို ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ပြန်ထားသည်။ ဖြစ်စဉ်မှာ ယနေ့ မနက် ၁ နာရီ ၃၀ မိနစ်ခန့်က ကျိုက္ကဆံရပ်ကွက်နေ ဒေါ်—က တူမဖြစ်သူ အသက် ၄၀ အရွယ် ဒေါ်ခိုင်မာလာ၏ အော်သံနှင့် ကလေးငိုသံများ ကြားရသဖြင့် ၎င်းအခန်းသို့ အိမ်နီးချင်း ၂ ဦးနှင့်အတူ သွားရောက် ကြည့်ရှုခဲ့ကြောင်း၊ အခန်းမှာ မီးပိတ်ထားကာ မခိုင်မာလာ ကို မတွေ့ရဘဲ ၎င်းနေအိမ်တွင် အလည်ရောက်ရှိနေသည့် အောင်ဇင်ဗိုလ်ဆိုသူကို တွေ့ခဲ့ကြောင်း၊ အဒေါ်ဖြစ်သူက မခိုင်မာလာ၏ အော်သံကြားသဖြင့် အောင်ဇင်ဗိုလ်ကို မေးမြန်းရာ မခိုင်မာလာကို မေ့ဆေးပေးထားကြောင်း ပြောပြပြီးနောက် နေအိမ်မှ ထွက်သွားကြောင်း သိရသည်။ အောင်ဇင်ဗိုလ် နေအိမ်မှ ထွက်သွားပြီးနောက် အော်သံကြားခဲ့သည့် အခန်းသို့ ဝင်ရောက်ကြည့်ရှုရာ မခိုင်မာလာကို ပါးစပ်အတွင်း အကျီဆို့လျက် မျက်နှာညိုမဲဒဏ်ရာ၊ ပါးစပ်သွေးထွက် ဒဏ်ရာများဖြင့် သေဆုံးနေပြီး အသက် ၉ နှစ်အရွယ် ကလေးကိုလည်း လည်ပင်းညှစ်ကာ ရိုက်နှက်သွားကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ “သတ်သွားတဲ့ အောင်ဇင်ဗိုလ်ဆိုသူက မူးယစ်ဆေးစွဲနေလို့ လာဖြတ်နေတာ။ အဲဒါကြောင့် အဲဒီအိမ်မှာ ရောက်နေတာဆိုတော့ သူက မူးယစ်ဆေးနဲ့ ဆက်စပ်နေတယ်လို့ပြောလို့ရတယ်။ အခင်းဖြစ်တဲ့အချိန်မှာ လာမေးနေတဲ့သေဆုံးသူရဲ့ အဒေါ်က လာမေးတော့ အောင်ဇင်ဗိုလ်က အောက်ထပ်ကို ခေါ်သွားပြီး ဘာမှမဖြစ်ဘူး။ သတိမေ့နေတာလု့ိ ပြောပြီး ထွက်ပြေးသွားတာဆိုတော့ သူသတ်တာတော့ သေချာတယ်။ ကလေးတွေကတော့ ဆေးရုံမှာပါ။ အခြေအနေကောင်းပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်တာ သိချင်ရင်တော့ ဆေးရုံကို မေးမှ ရပါမယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးဆွေက ဧရာဝတီသို့ ပြောသည်။ ရဲတပ်ဖွဲ့က လူသတ်မှုဖြင့် သံသယရှိနေသူ အောင်ဇင်ဗိုလ်မှာ သေဆုံးသူ ဒေါ်ခိုင်မာလာ ၏ ခင်ပွန်းဖြစ်သူနှင့် ညီဝမ်းကွဲ တော်စပ်ပြီး တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ် မှ ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး စွဲနေသဖြင့် ဆေးဖြတ်ရန် ရောက်ရှိနေခြင်းဖြစ်သည်။ သံသယရှိသူ အောင်ဇင်ဗိုလ်ကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂/ ၃၂၅ ဖြင့် ဗဟန်းမြို့မ ရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။
Source : http://goo.gl/v6m2g2
via IFTTT
Source : http://goo.gl/v6m2g2
via IFTTT
7Day News Journal
"၂၁ ရာစု ပင်လုံညီလာခံကို ဂုတ်ပြု ကြိုဆိုခဲ့တဲ့ လွှတ်တော်အမတ်တွေ" ရန်ကုန်တိုင်းဒေသကြီးက လွှတ်တော်အမတ်တွေက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံညီလာခံကို ဂုဏ်ပြုကြိုဆိုထောက်ခံခဲ့ကြပါတယ်။ ခုလိုဆောင်ရွက်မှုမှာ လွှတ်တော်အမတ်တွေအပြင် အရပ်ဘက် လူမှုအဖွဲ့အစည်းအချို့ပါ ပူးပေါင်းပါ၀င်ခဲ့ကြတာပါ။
Source : http://ift.tt/2btWOwp
via IFTTT
Source : http://ift.tt/2btWOwp
via IFTTT
The Irrawaddy - Burmese Edition
ယခုဘဏ္ဍာနှစ် ပထမလေးလအတွင်း တရုတ်နယ်စပ် ကုန်သွယ်မှုတန်ဖိုး ကျဆင်းနေ (သစ်နေမိုး) ယခုဘဏ္ဍာနှစ် (၂၀၁၆-၂၀၁၇) ပထမလေးလ ကာလဖြစ်သည့် ဧပြီလမှ ဇူလိုင်လကုန်အထိ တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်မှု တန််ဖိုး ကျဆင်းနေကြောင်း သိရှိရသည်။ နယ်စပ် ကုန်သွယ်မှုတန်ဖိုး ကျဆင်းမှုသည် ပြီးခဲ့သည့်ဘဏ္ဍာနှစ် (၂၀၁၅ -၂၀၁၆) ဇူလိုင်လကုန်အထိ အမေရိကန် ဒေါ်လာ ၁၀ သန်းအောက် ကုန်သွယ်မှုလျော့ကျနေသည်ဟု မူဆယ်နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာန ဒု ညွှန်ကြားရေးမှုး ဦးမျိုးမင်းက ဧရာ၀တီကို ပြောသည်။ နယ်ကုန်သွယ်မှု လျော့ကျရာ၌ ပို့ကုန်တန်ဖိုးသာမက သွင်းကုန်တန်ဖိုးပါ လျော့ကျနေခြင်းဖြစ်ကြောင်း မူဆယ် နယ်စပ် ကုန်သွယ်ရေးဦးစီးဌာန အချက်အလက်များအရ သိရသည်။ ယခင် ဘဏ္ဍာနှစ်နှင့်ယှဉ်ပါက ပို့ကုန်တန်ဖိုးသည် ဒေါ်လာ ၅ သန်း လျော့ကျနေပြီး သွင်းကုန်တန်ဖိုးသည် ဒေါ်လာ ၆ သန်းကျော် လျော့ကျနေကြောင်း တွေ့ရှိရသည်။ ယခုဘဏ္ဍာနှစ် ပထမလေးလပတ် ဇူလိုင်လကုန်အထိ ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁,၁၀၇ သန်း ကျော်ဖြစ်ပြီး သွင်းကုန်တန်ဖိုးသည် ဒေါ်လာ ၅၄၀ ကျော်ဖြစ်ကြောင်း ဦးမျိုးမင်းက ပြောသည်။ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာသန်း ၁,၁၀၇သန်းကျော်တွင် သကြား၊ သဘာ၀ဓာတ်ငွေ့၊ ကျောက်စိမ်းနှင့် ဆန်တို့သည် အများဆုံးတင်ပို့နေသည့် ကုန်စည်အမျိုးအမည်များ ဖြစ်ကြပြီး သကြားတင်ပို့မှုမှ ဒေါ်လာ ၄၅၂ သန်းကျော်၊ သဘာ၀ဓါတ်ငွေ့ တင်ပို့မှုမှ ဒေါ်လာ ၃၈၈ သန်းကျော်၊ ကျောက်စိမ်းတင်ပို့မှုမှ ဒေါ်လာ၅၃ သန်း ကျော်နှင့် ဆန်တင်ပို့မှုမှ ဒေါ်လာ ၄၅ သန်း ရရှိထားသည်။ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်များဖြစ်သော သဘာ၀ဓာတ်ငွေ့နှင့် ဆန်တင်ပို့မှုသည် ယခင်ဘဏ္ဍာနှစ် ကာလတူ တန်ဖိုးထက် လျော့ကျနေကြောင်းနှင့် ကျောက်စိမ်းနှင့် သကြားတင်ပို့မှုတန်ဖိုးသည် ယခင်နှစ် အလားတူကာလ ထက် တိုးမြင့်တင်ပို့ရရှိကြောင်း သိရသည်။ တရုတ်ဘက်မှ မြန်မာနိုင်ငံသို့ အများဆုံးတင်သွင်းသည့် ကုန်စည်များမှာ ယာဉ်နှင့် ယာဉ်ယန္တရားများ၊ ဆိုင်ကယ် အသစ်များ၊ ဓာတ်မြေဩဇာနှင့် ဆိုလာပြားများ ဖြစ်ကြောင်း ဦးမျိုးမင်းက ဆိုသည်။ မြန်မာနိုင်ငံ၏နှစ်အလိုက် ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုတန်ဖိုးတွင် တရုတ်နိုင်ငံသည် နှစ်စဉ်အများဆုံး ဖြစ်ခဲ့ပြီး ပြီးခဲ့သည့်ဘဏ္ဍနှစ် စုစုပေါင်း ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၇ ဘီလီယံကျော်တွင် တရုတ်နိုင်ငံ တနိုင်ငံတည်းနှင့် ၁၀ ဘီလီယံကျော် ကုန်သွယ်မှု ပြု့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်း ၀ယ်ရေး ၀န်ကြီးဌာန မှတ်တမ်းများအရ သိရသည်။ ထိုကုန်သွယ်မှုပမာဏသည် အာဆီယံနိုင်ငံများ အားလုံးနှင့် မြန်မာနိုင်ငံ ကုန်သွယ်မှု တန်ဖိုးထက်များသည့် ပမာဏဖြစ်သည်။
Source : http://goo.gl/vMWWV6
via IFTTT
Source : http://goo.gl/vMWWV6
via IFTTT
Eleven Broadcasting
ဗူးဘုရား (သို့) ပထမပုဂံမင်းဆက်၊ တတိယမြောက် နန်းစံဘုရင်ရဲ့ အောင်မြေ (ရုပ်သံ) ■ ဘုရားရင်ပြင်တော်ပေါ်ကနေ ဧရာ၀တီမြစ် ရှုခင်းအလှကိုကြည့်ရင်း လတ်ဆတ်တဲ့ သဘာ၀လေကို တစ်၀ကြီး ရှုရှိုက်နိုင်တဲ့နေရာ ….. ■ ထင်ရှားတဲ့ စွယ်တော်လေးဆူထဲက တန့်ကြည်တောင် စေတီကိုသွားရာ လှေဆိပ်ရှိရာနေရာ ….. ■ ဘုရားစုံဖူးရင်း ပင်ပန်းခဲ့သမျှ အမောပြေစေဖို့ သဘာ၀ရဲ့ အေးမြတဲ့ အရိပ်အောက်မှာ တစ်ထောက်နား အပန်းဖြေရာနေရာ ….. (သို့မဟုတ်) ပုဂံမြို့ဟောင်း၊ ဧရာတီမြစ် အရှေ့ဘက်ကမ်းက ပျူစောထီးမင်း တည်ခဲ့တဲ့ ဗူးဘုရား …..
Source : http://ift.tt/2c8yAq8
via IFTTT
Source : http://ift.tt/2c8yAq8
via IFTTT
Sunday, August 28, 2016
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
ကနဦး မြေငလျင်သတင်း ထုတ်ပြန်ချက် နေ့စွဲ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၇)ရက် မြန်မာစံတော်ချိန် (၂၁)နာရီ၊ (၃၄)မိနစ်၊ (၄၃)စက္ကန့် မန္တလေးမြေငလျင်စခန်းမှအကွာအဝေး အနောက်မြောက်ဘက် ( ၁၈၈ )မိုင်ခန့် အင္အား ရစ္(ခ္)တာစေကး၄.၃ (Myanmar-India Border Region) ယခုထုတ်ပြန်သည့် ကနဦးမြေငလျင်သတင်းသည် အလိုအလျောက်တွက်ချက်မှုမှ ရရှိသည့် သတင်းအချက် အလက်များသာဖြစ်ပါသည်။ တာဝန်ကျ မြေငလျင်ဝန်ထမ်းများမှ Manual ပြန်လည်တွက်ချက်ပြီး မြေငလျင်သတင်း ကို ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ပါသည်။
Source : http://ift.tt/2byepiL
via IFTTT
Source : http://ift.tt/2byepiL
via IFTTT
Saturday, August 27, 2016
Eleven Broadcasting
'' သူ့ဘ၀ သူ့အကြောင်း '' သားဖြစ်သူ ပြေငြိမ်း လုပ်ကြံခံရမှု အပေါ် မေတ္တာတရားနဲ့ တုန်ပြန်ခဲ့တဲ့ ဦးမောင်မောင်မြင့် ■ ဦးမောင်မောင်မြင့် အနုပညာ လောကထဲ ၀င်ရောက်လာစဉ်အခါက ကျခဲ့ရတဲ့မျက်ရည် ■ သားဖြစ်သူ ပြေငြိမ်း သေဆုံးခဲ့မှုအပေါ် သူ ့ရဲ့ခံစားချက် ■ အကယ်ဒမီဆု ရဖို့ထက် ပရိသတ် လက်ခုတ်သံကို ရချင်တဲ့သူ ■ မင်းသားဖြစ်ဖို့ ရုပ်ချောဖို့ မလို၊ အနုပညာကိုသာ တန်ဖိုးထားစေချင်တဲ့ သူ့ရဲ့စိတ်ထား တို့ကို သိရှိစေဖို့ ဒီအစီအစဉ်ကို ရိုက်ကူးတင်ဆက် ပေးလိုက်ပါတယ်။
Source : http://ift.tt/2chzJgg
via IFTTT
Source : http://ift.tt/2chzJgg
via IFTTT
ကျောင်းဆရာမတစ်ဦး တောင်ကျချောင်းရေဖြင့်မျောပါ ပျောက်ဆုံး
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယနေ့(သြဂုတ် ၂၇ရက်) နံနက် ၉ နာရီခန့်က ရုတ်တရက်ကျဆင်းလာရာ ချောင်းအတွင်း ဖြတ်ကူးနေသည့် ကျောင်းဆရာမတစ်ဦး ရေစီးနှင့်အတူ မျောပါသွားခဲ့ကြောင်း တောင်တွင်းကြီး မြို့မရဲစခန်းမှ သတင်းရရှိသည်။ တောင်တွင်းကြီးမြို့နယ် အောင်းစုကျေးရွာနေ ဆရာမဒေါ်လင်းစန္ဒာ၊ ငမင်ကျေးရွာနေ ကိုရန်နိုင်လင်း၊ ကရင်စုကျေးရွာနေ ဆရာမဒေါ်မေဇင်ခိုင်တို့နှင့်အတူ ငမင်အုပ်စု အမှတ်(၁၅၉) ပိတ်စွယ်ခုံ အခြေခံပညာမူလတန်းကျောင်းသို့ တာဝန်ထမ်းဆောင်ရန်အတွက် အကျယ် ပေ ၅ဝ ခန့်ရှိ ငမင်ချောင်းကို ဖြတ်ကူးစဥ် တောင်ကျရေ ရုတ်တရက်ကျဆင်းလာပြီး အသက်၂၇နှစ်ခန့်ရှိ ဆရာမ မလင်းစန္ဒာနှင့် မမေဇင်ခိုင်တို့ နှစ်ဦးမှာ ရေစီးနှင့်အတူ မျောပါသွားခဲ့ခြင်းဖြစ်သည်။ ဆရာမဒေါ်မေဇင်ခိုင်ကို ဒေသခံတစ်ဦးက ကယ်ဆယ်နိုင်ခဲ့သော်လည်း ဆရာမဒေါ်လင်းစန္ဒာမှာ ရေစီးနှင့်အတူ မျောပါပျောက်ဆုံးနေခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံများက ငမင်ချောင်းရိုးတစ်လျှောက် လိုက်လံရှာဖွေနေကြသော်လည်း ယနေ့ မွန်းလွဲ ၂ နာရီ ၁၅မိနစ်ခန့်အထိ ရှာဖွေမတွေ့ရသေးကြောင်း တောင်တွင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။ ဓာတ်ပုံ - ကိုစိုးပြည့်အောင်(ထွေ/အုပ်)
Source : http://goo.gl/nD7T4B
via IFTTT
Source : http://goo.gl/nD7T4B
via IFTTT
Eleven Broadcasting
ဆိုမာလီနိုင်ငံ မိုဂါဒစ်ရှူးမြို့ရှိ စားသောက်ဆိုင်တစ်ခုကို အယ်ရှာဘတ် စစ်သွေးကြွများ ၀င်ရောက် တိုက်ခိုက်ခဲ့မှုကြောင့် လူခုနစ်ဦး သေဆုံးခဲ့ (ရုပ်သံ) ဆိုမာလီနိုင်ငံမြို့တော် မိုဂါဒစ်ရှူးမြို့မှာရှိတဲ့ ကမ်းခြေစားသောက်ဆိုင် တစ်ခုကို အယ်ရှာဘတ် စစ်သွေးကြွတွေက ၀င်ရောက် တိုက်ခိုက်ခဲ့တဲ့အတွက် လူခုနစ်ဦး သေဆုံးခဲ့တယ်လို့ အဲဒီမြို့ရဲ့ တာ၀န်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ ပါ၀င်ခဲ့တဲ့ စစ်သွေးကြွနှစ်ဦးကိုလည်း အသေဖမ်းဆီးနိုင်ခဲ့တယ်လို့ မိုဂါဒစ်ရှူးမြို့ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြု ပြောကြားခဲ့ပါတယ်။
Source : http://ift.tt/2brULTv
via IFTTT
Source : http://ift.tt/2brULTv
via IFTTT
Eleven Media Group
ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရေး၊ ငှက်ဖျား၊ တီဘီ၊ မိခင်ကလေး ကျန်းမာရေးနှင့် လူသားချင်း စာနာထောက်ထားမှု အစီအစဉ်များတွင် ယူကေ အကူအညီပေးမည် ယူကေ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဌာန (DFID) ဝန်ကြီး Mr Rory Steward သည် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် သုံးရက်ကြာ လာရောက်ခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရေး၊ ငှက်ဖျား၊ တီဘီ၊ မိခင်ကလေး ကျန်းမာရေးနှင့် လူသားချင်း စာနာထောက်ထားမှု အစီအစဉ်များတွင် ယူကေက အကူအညီများ ပေးသွားမည်ဖြစ်ကြောင်း သြဂုတ် ၂၅ ရက်က သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။ “ခရီးစဉ်မှာ တီဘီစင်တာ၊ ရန်ကုန်ဆေးရုံကြီးတွေကို သွားပြီး လေ့လာခဲ့တယ်။ မြန်မာနိုင်ငံကို လာရတဲ့ ရည်ရွယ်ချက်က မြန်မာနိုင်ငံမှာ ရှိတဲ့ သူတွေရဲ့ စကားသံတွေကို နားထောင်ကြည့်ချင်တာအပြင် မြန်မာနိုင်ငံကို အထောက်အပံ့တွေပေးမယ့် အစီအစဉ်တွေကြောင့်လည်း လာရောက်ရခြင်း ဖြစ်ပါတယ်။ ယူကေအနေနဲ့ မြန်မာနိုင်ငံကို ပံ့ပိုးနေတဲ့ နေရာတွေ အများကြီးရှိပြီး အာဟာရဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပံ့ပိုးနေတာတွေ အများကြီး ရှိပါတယ်။ အထူးပြောချင်တဲ့ အကြောင်းအရင်း နှစ်ချက် ရှိပါတယ်။ ပထမ တစ်ခု အနေနဲ့ တခြားသော ပူးပေါင်းလုပ်ကိုင်နေတဲ့ အဖွဲ့တွေနဲ့ ပေါင်းပြီး ငှက်ဖျားရောဂါ တိုက်ဖျက်ရေး အစီအစဉ်တွေမှာ ပံ့ပိုး ဖို့ ရှိပါတယ်။ ငှက်ဖျားရောဂါစမ်းသပ်တဲ့ ကိရိယာတွေ၊ ငှက်ဖျားရောဂါဖြစ်ပွားနေတဲ့ သူတွေအတွက် ကုသရေးအစီအစဉ်တွေနဲ့ ငှက်ဖျားရောဂါ ကြိုတင်ကာကွယ်ရေးလုပ် ငန်းတွေမှာ ပံ့ပိုးသွားဖို့ ရှိပါတယ်။ ဒါ့အပြင် လူသားချင်း စာနာထောက်ထားမှုနဲ့ ပတ်သက်တာတွေ၊ ရန်ကုန်ဆေးရုံကြီး အဆင့်မြှင့်တင်ရေးတွေမှာလည်း အကူအညီတွေ ပေးသွားဖို့ ရှိပါတယ်” ဟု ယူကေ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဌာန (DFID) ဝန်ကြီး Mr Rory Steward က ပြောကြားသည်။ ရန်ကုန်ဆေးရုံကြီး အဆင့်မြှင့်တင်ရေးအတွက် အကူအညီပေးမည့် အစီအစဉ်များကိုလည်း ဆက်လက် ပြောကြားခဲ့ရာ “အရင်တုန်းကလည်း ရန်ကုန်ဆေးရုံကြီးကို ပံ့ပိုးပေးခဲ့တာတွေ ရှိပါတယ်။ အခုလည်း ပြန်ပြီးတော့ ပံ့ပိုးပေးဖို့ ရှိပါတယ်။ ဆေးရုံကြီးက တကယ်လည်းလှတဲ့ ရှေးဟောင်းအဆောက်အအုံကြီးတစ်ခု ဖြစ်သလို တော်တော်လည်း ဟောင်းနေပါပြီ။ ပြန်လည်ပြုပြင် မွမ်းမံဖို့ အတွက်ကလည်း လိုအပ်ချက်တွေ ရှိနေတယ်။ ဒါကြောင့် အထူးသဖြင့် ရေနဲ့ မိလ္လာစနစ်တွေ၊ မြောင်းစနစ်တွေကို ပြန်လည်ပြုပြင်ပေးဖို့အတွက် အစီအစဉ်တွေ ရှိပါတယ်” ဟု Mr Rory Steward က ဆက်လက်ပြောကြားသည်။ ယူကေ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဌာန (DFID) အနေဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာငွေများ ထောက်ပံ့ပေးလျက် ရှိကြောင်းနှင့် ရန်ကုန်မြို့ရှိ DFID ရုံးမှ စီမံခန့်ခွဲသော နှစ်နိုင်ငံ အစီအစဉ်များကို ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တစ်ဆင့် လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။ ကျန်းမာရေးနှင့် အာဟာရလုပ်ငန်းများအတွက် ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်သုံးမျိုး ရန်ပုံငွေမှတစ်ဆင့် အခြေခံကျန်းမာရေး လုပ်ငန်းများ တိုးချဲ့ခြင်း၊ ကျန်းမာရေးစနစ်များ တိုးတက်အောင် ဆောင်ရွက်ခြင်း၊ ဆေးယဉ်ပါး ငှက်ဖျားရောဂါ တိုက်ဖျက်ခြင်း၊ အသက်မွေးဝမ်းကျောင်း၊ စားနပ်ရိက္ခာ ဖူလုံရေး ရန်ပုံငွေနှင့် ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် သုံးမျိုး ရန်ပုံငွေမှ တစ်ဆင့် ငါးနှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ အာဟာရ ပြည့်ဝစွာ ရရှိရေးအတွက် အကူအညီများပေးလျက် ရှိကြောင်း၊ ယူနီဆက်ဖ်မှတစ်ဆင့် အခြေခံပညာရေး အရည်အသွေး တိုးမြှင့်ပေးခြင်း၊ မြန်မာ့ပညာရေး မြှင့်တင်မှု လက်တွဲဆောင်ရွက်ရေး အဖွဲ့မှတစ်ဆင့် ဖြည့်စွက်ပညာရေး စနစ်များ တိုးမြှင့်ပေးခြင်းများကို လုပ်ဆောင်ပေးလျက် ရှိကြောင်းနှင့် လူသားချင်း စာနာထောက်ထားမှု အနေဖြင့် ချင်း၊ ရခိုင်နှင့် နယ်စပ်ဒေသများရှိ ပဋိပက္ခဒဏ် ခံရသူများအား လူသားချင်း စာနာထောက်ထားမှုအရ ဘဏ္ဍာငွေများ ထောက်ပံ့ခြင်း၊ သဘာဝဘေးဒဏ် ခံရသူများအား အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးအတွက် လိုအပ်သော အထောက်အပံ့များ အကူအညီပေးခြင်းများကို လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။ Writer: အိသဉ္ဇာကျော်
Source : http://ift.tt/2bomKXt
via IFTTT
Source : http://ift.tt/2bomKXt
via IFTTT
7Day News Journal
အင်ဒိုနီးရှားတွင် တောမီးလောင်ကျွမ်းမှုများကြောင့် အိမ်နီးချင်း စင်ကာပူ နိုင်ငံတွင် လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။ ဩဂုတ် ၂၇ ရက်တွင် စင်ကာပူ၏ လေထုအရည်အသွေးသည် အတန်အသင့် ညစ်နွမ်းနေသည့် အဆင့်မှ ကျန်းမာရေးအတွက် ထိခိုက်စေနိုင်သည့် အဆင့်သို့ မြင့်တက်လာကြောင်း စင်ကာပူ အမျိုးသား သဘာဝ ပတ်ဝန်းကျင် အေဂျင်စီက ကြေညာသည်။ ဩဂုတ် ၂၇ ရက် နံနက်ပိုင်းတွင် လေထုညစ်ညမ်းမှု အညွှန်းကိန်းသည် ၁၀၆ ထိ ရောက်ရှိလာခဲ့သည်။ အညွှန်းကိန်း ၁၀၀ မှတ် အထက်သို့ ကျော်လွန်ခြင်းသည် ကျန်းမာရေး ထိခိုက်စေနိုင်သည့် အဆင့်အဖြစ် ယူဆနိုင်သည်။ စင်ကာပူ အစိုးရက လူအများ အနေဖြင့် နေအိမ်ပြင်ပတွင် အချိန်ကြာမြင့်စွာ နေထိုင်သွားလာနေရသည့် ကိစ္စမျိုးကို အတတ်နိုင်ဆုံး ရှောင်ရှားကြရန် အကြံပြုထားသည်။ အဆိုပါ အညွှန်းကိန်းသည် ဩဂုတ် ၂၇ ရက်က ၁၀၀ အောက်တွင်သာ ရှိခဲ့ပြီး ဩဂုတ် ၂၆ ရက်တွင်မူ ၂၁၅ ထိ ထိုးတက်သွားသေးသည်။ ထိုအခြေအနေသည် ကျန်းမာရေးအတွက် အလွန်အမင်း မသင့်တော်သည့် လေထုညစ်ညမ်းမှုမျိုးဟု အေဂျင်စီက ကြေညာခဲ့သည်။ အင်ဒိုနီးရှားတွင် တောမီးများ လောင်ကျွမ်းရာမှ မီးခိုးများ စင်ကာပူဘက် ရောက်ရှိလာပြီး မီးခိုးမြူများအဖြစ် ပြောင်းလဲကာ လေထုညစ်ညမ်းမှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ သို့သော် အနောက်တောင်ဘက်မှ လေတိုက်ခတ်မှု အားကောင်းလာချိန်တွင် မီးခိုးမြူများ ရှင်းလင်းပြီး လေထုအရည်အသွေး ပြန်လည် မြင့်တက်လာဖွယ် ရှိနေသည်။ လေထုညစ်ညမ်းမှု ဆိုးရွားလာပါက သက်ကြီးရွယ်အိုများနှင့် ကလေးများအတွက် ပိုမိုသတိထားရန် လိုအပ်ပြီး နှလုံးနှင့် အဆုတ် ရောဂါရှိသူများ ကျန်းမာရေး ပိုမိုထိခိုက်နိုင်ကြောင်း အေဂျင်စီက သတိပေးထားသည်။ အင်ဒိုနီးရှားတွင် တောမီးများ လောင်ကျွမ်းပါက စင်ကာပူ၏ လေထုကို သက်ရောက်မှုမျိုးသည် ယခင်ကလည်း မကြာခဏ ဖြစ်ခဲ့ဖူးကြောင်း သိရသည်။
Source : http://ift.tt/2bUxviI
via IFTTT
Source : http://ift.tt/2bUxviI
via IFTTT
Eleven Broadcasting
ပုသိမ်တွင် ကိုးထပ်ဆေးရုံသစ်တည်ဆောက်နေမှု တင်ဒါ စည်းမျဉ်းများဖြင့်ကွဲလွဲနေ၍ ပြန်လည် စစ်ဆေးမည် (ရုပ်သံ) ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှာ ထပ်မံ တည်ဆောက်နေတဲ့ ကုတင် (၅၀၀)ဆံ့ (၉)ထပ် ဆေးရုံကြီး ကို တင်ဒါစည်းမျဉ်းတွေ ကွဲလွဲ တည်ဆောက်နေတဲ့အတွက် တည်ဆောက်မှု ရပ်ဆိုင်းထားပြီး တည်ဆောက်ရေး လုပ်ငန်းစိစစ်ရေး ကော်မတီအသစ်နဲ့ ဩဂုတ်လအတွင်းမှာ စိစစ်သွားမယ်လို့ တိုင်းဒေသကြီး အစိုးရရုံးက သိရပါတယ်။ ဒီကိုးထပ်ဆေးရုံကြီးကို ပြည်ထောင်စုအဆင့်နဲ့ တည်ဆောက်ခဲ့တာဖြစ်ပြီး စီမံကိန်း အရ ကွန်ကရစ် အဆောက်အအုံနဲ့ တည်ဆောက်ဖို့ တင်ပြထားပေမယ့် စတီးတိုင်တွေနဲ့ အခြေခံ တည်ဆောက်ခဲ့ တဲ့အတွက် တည်ဆောက်မှုကို ရပ်ဆိုင်းထားခဲ့ပြီး ဧရာ၀တီတိုင်း ဒေသကြီး အစိုးရရုံးက သိရပါတယ်။
Source : http://ift.tt/2boi0kG
via IFTTT
Source : http://ift.tt/2boi0kG
via IFTTT
၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ရန် အစိုးရဘက်က TNLA,MNDAA နှင့် AA အဖွဲ့တို့အား လက်ရှိအချိန်အထိ ဖိတ်ြ
၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ရန် အစိုးရဘက်က TNLA,MNDAA နှင့် AA အဖွဲ့တို့အား လက်ရှိအချိန်အထိ ဖိတ်ကြားထားမှု မရှိသေးကြောင်းနှင့် တွေ့ဆုံဆွေးနွေးရန်လည်း ညှိနှိုင်းထားမှု မရှိကြောင်း TNLA ပြောကြား ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ရန် အစိုးရဘက်က တအာင်းလက်နက်ကိုင်အဖွဲ့(TNLA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့အား လက်ရှိအချိန်အထိ ဖိတ်ကြားထားမှု မရှိသေးကြောင်းနှင့် တွေ့ဆုံဆွေးနွေးရန်လည်း ညှိနှိုင်းထားမှုမရှိကြောင်း TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး တာဖုန်းကျော်က ပြောကြားသည်။ ဗိုလ်မှူးကြီး တာဖုန်းကျော်က ၎င်းတို့အနေဖြင့် ၂၁ရာစု ပင်လုံညီလာခံသို့ ပါဝင်သွားရန် အဆင်သင့်ရှိကြောင်း ထုတ်ဖော် ပြောကြားထားသော်လည်း အစိုးရဘက်က တရားဝင်ဖိတ်ကြားမှု မရှိသေးကြောင်း ပြောကြားသည်။ သြဂုတ် ၃၁ ရက်တွင် စတင်ပြုလုပ်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံတွင် ပါဝင်သွားရန် အဆင်သင့်ရှိကြောင်း TNLA,MNDAA နှင့် AA တို့က သြဂုတ် ၁၈ ရက်တွင် ကြေညာချက် ထုတ်ပြန်ထားသည်။ “အစိုးရ ကော်မရှင်နဲ့ ဆက်သွယ်ညှိနှိုင်းမှုကတော့ မရှိဘူး။ ဒါပေမဲ့ မိုင်းလားခေါင်းဆောင်တွေနဲ့ ညှိတာပဲရှိတယ်။ UNFC ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းတာပဲရှိပါတယ်။ ကျွန်တော်တို့ တိုက်ရိုက်ညှိနှိုင်းတာတော့ မရှိပါဘူး။ သူတို့ကနေတစ်ဆင့် စကားပြောနေတာပဲ ရှိပါတယ်” ဟု ဗိုလ်မှူးကြီး တာဖုန်းကျော်က သြဂုတ် ၂၅ ရက်တွင် ပြောကြားသည်။ အစိုးရ၏ ကိုယ်စားလှယ်အဖွဲ့နှင့်TNLA,MNDAA နှင့် AA တို့မှ ခေါင်းဆောင် ကိုယ်စားလှယ်များသည် သြဂုတ် ၉ ရက်က ရှမ်းပြည်နယ် မိုင်းလားဒေသတွင် တွေ့ဆုံညှိနှိုင်းခဲ့ရာ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပါဝင်ခွင့်ရရေး ဆွေးနွေးမှု တိုးတက်မှု မရှိခဲ့ကြောင်း ဗိုလ်မှူးကြီး တာဖုန်းကျော်က ပြောကြားသည်။ အဆိုပါ ဆွေးနွေးမှုတွင် လက်နက်ကိုင် နည်းလမ်းကို အပြီးတိုင် ချုပ်ငြိမ်းရန် သဘောထားကြေညာချက် ထုတ်ပြန်မည်ဆိုပါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ခွင့်ပြုမည်ဟု အစိုးရကိုယ်စားလှယ်အဖွဲ့ ဘက်က ပြောကြားခဲ့ကြောင်းနှင့် အဆိုပါအချက်မှာ မိမိတို့အတွက် အခက်အခဲရှိခြင်းကြောင့် အခြာ ဝေါဟာရ ပြောင်းပေးရန် တောင်းဆိုခဲ့ရာတွင် ညှိနှိုင်း၍ မရသေးသဖြင့် အစည်းအဝေး အဆုံးသတ်ခဲ့ရကြောင်း ဗိုလ်မှူးကြီးတာဖုန်းကျော်က ပြောကြားသည်။ TNLA, MNDAA အပါအဝင် NCA လက်မှတ် ရေးထိုးထားခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပါဝင်ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကမူ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်ဆင့်သို့ တက်လှမ်းနိုင်ရန် ရည်ရွယ်လျက်လာမည့် ၂၁ ရာစု ပင်လုံ ညီလာခံသို့ UNFC အဖွဲ့ဝင် အဖွဲ့အစည်းများအနေဖြင့် အားလုံးနှင့် အတူတကွ ပါဝင် တက်ရောက်သွားမည် ဖြစ်ကြောင်း သြဂုတ် ၂၅ ရက်က ထုတ်ပြန်ထားသည်။ Writer: ဇာလီမြင့်ဦး
Source : http://ift.tt/2c3nqD5
via IFTTT
Source : http://ift.tt/2c3nqD5
via IFTTT
ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၇ ဧပြီလထက် နောက်မကျဘဲပြုလုပ်မည် ၂၀၁၅ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲအပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အစိုးရဖွဲ့ပြီးနောက် လစ်လပ် သွားသည့် မဲဆန္ဒနယ်များအတွက် ပြုလုပ်ရန်ရှိသည့် ကြားဖြတ် ရွေးကောက်ပွဲကို ၂၀၁၇ ခုနှစ် ဧပြီလထက် နောက်မကျဘဲ ကျင်းပ သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။ ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များအဖြစ် ရွေးချယ်ခဲ့ခြင်းကြောင့် လစ်လပ်သွားသည့် ပြည်သူ့လွှတ်တော်အတွက် ခုနစ်နေရာ၊ အမျိုးသားလွှတ်တော်အတွက် သုံးနေရာနှင့် ရွေးကောက် တင်မြှောက်ခံရပြီးနောက် ကွယ်လွန်ခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် နှစ်နေရာ စုစုပေါင်း ကိုယ်စားလှယ် ၁၂ ဦးကို အသစ်ထပ်မံ ရွေးချယ်ရမည်ဖြစ်သည်။ "ဧပြီထက်တော့ နောက်မကျပါဘူး" ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲ ဌာနမှ ညွှန်ကြားရေးမှူး ဦးစိုင်းကျော်သူက ပြောဆိုသည်။ လက်ရှိ လစ်လပ်လျက်ရှိသည့် မဲဆန္ဒနယ်များတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကော့မှူးမဲဆန္ဒနယ်၊ ဒုတိယသမ္မတအဖြစ် ရွေးကောက်ခံရသည့် ဦးဟင်နရီဗန်ထီးယူ ကိုယ်စားပြုယှဉ်ပြိုင်ခဲ့သည့် ချင်းပြည်နယ် အမျိုးသားလွှတ်တော် အမှတ် (၃) ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၏ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၆ စသည်တို့ ပါဝင်သည်။ မြန်မာနိုင်ငံတွင် နောက်ဆုံးပြုလုပ်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့ (၂၀၁၀ နိုဝင်ဘာ ၇ ရက် အထွေထွေ ရွေးကောက်ပွဲအပြီး တစ်နှစ်ခွဲခန့် အကြာ) တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ရာ ယင်း အနေအထားအရ လာမည့် ကြားဖြတ် ရွေးကောက်ပွဲသည်လည်း ဧပြီလတွင်သာ ကျင်းပနိုင်ရန် ရာခိုင်နှုန်းများသည်။ "ရွေးကောက်ပွဲတွေရဲ့ လုပ်ရမယ့် နှစ်တွေ၊ လတွေဆိုတာကလည်း ပုံမှန် လုပ်နေကြ လအတိုင်းပဲ နိုင်ငံတကာမှာတော့ ဆောင်ရွက်ကြပါတယ်"ဟု ဦးစိုင်းကျော်သူ The Voice သို့ ပြောသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးအောင်မြင့်က ကြားဖြတ် ရွေးကောက်ပွဲကို ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြုလုပ်မည်ဟု ပြောဆိုခဲ့သေးသည်။နှစ်ဆန်းပိုင်းဆိုသည်မှာ ဇန်နဝါရီလမှ ဧပြီလအထိ အကျုံးဝင်ကြောင်း ဦးစိုင်းကျော်သူက ဆိုသည်။ ယင်းအပြင် ၂၀၁၅ ခုနှစ် နိုဝင်ဘာလက ထည့်သွင်း ကျင်းပခဲ့ခြင်းမရှိသည့် ရှမ်းပြည်နယ် မိုင်းရှူးနှင့် ကျေးသီးမြို့နယ် မဲဆန္ဒနယ်များကိုလည်း တည်ငြိမ်အေးချမ်းပြီး လွတ်လပ် မျှတစွာ ပြုလုပ်နိုင်သည့် အခြေအနေပေးပါက ထည့်သွင်း ကျင်းပသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ အဆိုပါ မဲဆန္ဒနယ်နှစ်ခုအနေနှင့် ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ်နှစ်ဦးနှင့် ပြည်နယ် လွှတ်တော်အတွက် ကိုယ်စားလှယ်လေးဦး ရွေးချယ်ရမည်ဖြစ်ရာလာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် စုစုပေါင်း ကိုယ်စားလှယ် ၁၈ ဦးအထိ ရှိလာမည်ဖြစ်သည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အတွင်းရှိ မိုင်းရှူး၊ကျေးသီး မြို့နယ်များအပြင် 'ဝ' ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ ပန်ဆန်း (ပန်ခမ်း)၊ နားဖန်း၊ ပန်ဝိုင်၊ မိုင်းမောနှင့် မိုင်းလား မြို့နယ် ငါးခုတွင်လည်း လုံခြုံရေး အနေအထားအရ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိခဲ့ပေ။ သို့သော် အဆိုပါ ငါးမြို့နယ်မှာ နယ်မြေ တည်ငြိမ်အေးချမ်းခြင်း မရှိခြင်းကြောင့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့များ ဖွဲ့စည်း ထားရှိနိုင်ခြင်း မရှိသည့်အပြင် ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်းလည်း မရှိခြင်းကြောင့် လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ထည့်သွင်းကျင်းပရန် မသေချာသေးဘဲ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် လုံခြုံရေး အနေအထားကို ဆွေးနွေးရဦးမည် ဖြစ်ကြောင်း ဦးစိုင်းကျော်သူက ပြောသည်။ အဆိုပါ မြို့နယ်ငါးခုသည် ၂၀၁၀ ပြည့်နှစ်ကလည်း ရွေးကောက်ပွဲ ကျင်းပခဲ့ခြင်း မရှိပေ။ ယင်းမြို့နယ် ငါးခုအတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ငါးဦးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၁၀ ဦးကို ရွေးချယ်ရန် ကျန်ရှိနေဦးမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် နောက်ဆုံး ပြုလုပ်ခဲ့သည့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲ ဆန္ဒနယ် ၄၅ ခုရှိခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ၄၃ နေရာတွင် အနိုင်ရရှိခဲ့သည်။
Source : http://goo.gl/O7Hs75
via IFTTT
Source : http://goo.gl/O7Hs75
via IFTTT
ရခိုင်ပြည်နယ်အကြံပေးကော်မရှင်တွင် ပြည်ပ ပညာရှင်များ ထည့်သွင်း ဖွဲ့စည်းရခြင်း အကြောင်းရင်း ဦးဇော်ဌေးရှင်းလင်း မိုးမင်း ရခိုင်ပြည်နယ် အရေးကိစ္စသည် နိုင်ငံတကာနှင့်ပတ် သက်မှုရှိနေပြီး အစိုးရက သတ်မှတ်ထားသည့် အရည်အချင်းနှင့် ပြည့်မီခြင်းကြောင့် အကြံပေး ကော်မရှင်တွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်နှင့် နိုင်ငံခြားသား ပညာရှင်များ ထည့်သွင်းဖွဲ့စည်းခြင်း ဖြစ်သည် ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရုံးဝန်ကြီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဌေးက ပြော သည်။ ‘‘မည်သို့ပင်ငြင်းဆန်စေကာ မူ ရခိုင်အရေး ပြဿနာဟာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပါဝင် ပတ်သက်မှုရှိတယ်။ ဖိအားရှိတယ်။ နိုင်ငံရေးအရလည်း ထိလွယ် ရှလွယ်နေတယ်။ နိုင်ငံတကာနဲ့ ဆက်စပ် ပတ်သက်နေတော့ နိုင်ငံတကာအရေး၊ နိုင်ငံခြားရေးကို ထည့်သွင်း စဉ်းစားရမှာ ဖြစ်တယ်’’ ဟု သြဂုတ် ၂၆ ရက်က နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန ရုံးတွင် ပြုလုပ်သည့် အစိုးရသစ်၏ ပထမ ရက်တစ်ရာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ၌ ဦးဇော်ဌေးက ပြောကြားသည်။ နိုင်ငံတော်အတိုင်ပင်ခံရုံး သည် ရခိုင်ပြည်နယ်၏ သိမ်မွေ့ နက်နဲသည့် အရေးကိစ္စများကို ဖြေရှင်းရာတွင် အကြံပေးကော်မ ရှင်ကို သြဂုတ် ၂၄ ရက်က ဖွဲ့ စည်းခဲ့သည်။ အဆိုပါကော်မရှင် တွင် ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်ဟောင်း ကိုဖီအာနန်ကို ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ကာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူး အကြံပေး ပုဂ္ဂိုလ်ဟောင်း မစ္စတာဂါ ဆန်ဆလမ်၊ ကုလသမဂ္ဂ အိတ်ချ် အိုင်ဗီနှင့် အေအိုင်ဒီအက်စ် ဆိုင်ရာ အစီအစဉ်၏ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စလက်တီတီရာ ဗန်ဒန် အာဆမ်တို့ကို အဖွဲ့ဝင်များအဖြစ် ထည့်သွင်းထားခြင်းသည် နိုင်ငံတော် အမျိုးသား လုံခြုံရေးနှင့် အမျိုးသားရေး စိုးရိမ်စရာဖြစ်သည် ဟု ဝေဖန် ထောက်ပြမှုများနှင့် ပတ်သက်၍ ဦးဇော်ဌေးက ရှင်းလင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ကော်မရှင်တွင် နိုင်ငံခြားသား ပညာရှင်များ ပါဝင်ထည့် သွင်းထားခြင်းကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရခိုင်အမျိုးသားပါတီနှင့် အဖွဲ့အ စည်းအချို့က ဝေဖန်ကန့်ကွက် ထားသည်။ ယခုဖွဲ့စည်းလိုက် သည့် ကော်မရှင်တွင် အဆိုပါ နိုင်ငံခြားသား ပညာရှင် သုံးဦးနှင့် မြန်မာနိုင်ငံသား ပညာရှင် ခြောက်ဦးကို ထည့်သွင်း ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့ အားလုံးသည် အစိုးရက သတ်မှတ်ထားသည့် ဘက်လိုက်မှု ကင်းခြင်း၊ လူအများ လေးစား၍ အတွေ့အကြုံ ရင့်ကျက်ခြင်း၊ ထင်ပေါ်ကျော်ကြားခြင်း စသည့် အချက်များနှင့်ကိုက်ညီသူများ ဖြစ်သည်ဟု ၎င်းကဆိုသည်။ ထို့အပြင်ယခင်က ရခိုင်အ ရေးနှင့်ပတ်သက်၍ ဖွဲ့စည်းခဲ့ သည့် ကော်မရှင်မှ အစီရင်ခံစာ များ ထုတ်ပြန်နိုင်ခဲ့သော်လည်း နိုင်ငံတကာ၏ တုံ့ပြန်မှု မည်သို့ရှိခဲ့ သည်နှင့် ယခုအချိန်အထိ ရခိုင် အရေးနှင့် ပတ်သက်၍ အဖြေ ထွက်နိုင်မှု မရှိခဲ့ခြင်း အပေါ်ကိုလည်း ထည့်သွင်း စဉ်းစားသင့်ကြောင်း ၎င်းက ဆက်လက်ပြော ကြားသည်။ အစိုးရသည် ယင်းကော်မ ရှင်အဖွဲ့ထံမှ အကြံပြုချက်ကိုသာ ရယူမည်ဖြစ်ပြီး ယင်းအကြံပြု ချက်အတိုင်း လိုက်နာဆောင်ရွက် မည်ဟူ၍ သတ်မှတ်ထားခြင်း မရှိကြောင်းလည်း ဦးဇော်ဌေးက တုံ့ပြန်သည်။ ‘‘အရင်အစိုးရ လက်ထက် မှာတုန်းက ပြည်တွင်း ပညာရှင်တွေနဲ့ပဲ ရခိုင်အရေး ကိစ္စစုံစမ်း စစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး လုပ်ခဲ့တာ ရှိတယ်။ ကဏ္ဍအသီးသီးအတွက် အဲဒီတုန်းက အကြံပြုချက် ၅၉ ခုရှိတယ်။ အဲဒီအကြံပြုချက် အားလုံး လုပ်စရာ မလိုဘူး။ လုပ်သင့်လား၊ မလုပ်သင့်ဘူးလား ဆိုတာ အစိုးရကသာ ဆက်ဆုံးဖြတ်တာ။ အခုပြောနေကြတဲ့ ကော်မ ရှင်က အကြံပြုချက်ကို အစိုးရက လုပ်မှာလား၊ မလုပ်ဘူးလားဆိုတဲ့ အခါမှာ အစိုးရ လုပ်ချင်လည်း လုပ်မယ်၊ မလုပ်ချင်လည်းမလုပ်ဘူး။ အကြံပြုချက်အတိုင်း လုပ်ရမယ်လို့ မရှိဘူး’’ဟု ၎င်းက ပြောသည်။ ယခုဖွဲ့စည်းလိုက်သည့် ကော်မရှင်သည် ရခိုင်ဒေသရှိ ပြည်သူများ၏ လုံခြုံရေးနှင့် အခြေခံ အခွင့်အရေးများအား အာမခံချက် ပေးနိုင်ရေးကိစ္စ၊ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာနှင့် ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများနှင့် အခြေခံ လူမှုဝန်ဆောင်မှု ရရှိရေး ကိစ္စများ စဉ်းစား ဆောင်ရွက်ပေးရန်၊ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခ ကြိုတင်ကာကွယ်ရေး၊ လူသားချင်း စာနာ ထောက်ထားမှုအကူအ ညီများပံ့ပိုးပေးရေး၊ အခွင့်အရေးများနှင့် ပြန်လည်ရင်ကြားစေ့ရေး သင့်မြတ်ရေး၊ အခြေခံ အဖွဲ့အစည်း အဆောက်အအုံများ တည်ထောင်ပေးရေး၊ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေး စသည့် ကဏ္ဍများအတွက် လေ့လာသုံးသပ်မှု ပြုလုပ်၍ အကြံပြုတင်ပြရန်ဖြစ်သည်။ ထို့အပြင် ကော်မရှင်သည် ပြည်ပနိုင်ငံများတွင် ဒုက္ခသည်အ ဖြစ် ခံယူထားသူများ၏ ပင်ရင်း နိုင်ငံနှင့် နောက်ခံအကြောင်းအ ရာများ အပါအဝင် နိုင်ငံတကာ ဆက်နွှယ်မှုတို့ကိုလည်း သုံးသပ် ရမည်ဟုလည်း ဆိုသည်။
Source : http://ift.tt/2bqfT1b
via IFTTT
Source : http://ift.tt/2bqfT1b
via IFTTT
၂ဝ၁၅ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲအပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အစိုးရဖွဲ့ပြီးနောက် လစ်လပ် သွားသည့် မဲဆန္ဒနယ်များအတွက် ပြုလုပ်ရန်ရှိသည့် ကြားဖြတ် ရွေးကောက်ပွဲကို ၂ဝ၁၇ ခုနှစ် ဧပြီလထက် နောက်မကျဘဲ ကျင်းပ သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။ ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များအဖြစ် ရွေးချယ်ခဲ့ခြင်းကြောင့် လစ်လပ်သွားသည့် ပြည်သူ့လွှတ်တော်အတွက် ခုနစ်နေရာ၊ အမျိုးသားလွှတ်တော်အတွက် သုံးနေရာနှင့် ရွေးကောက် တင်မြှောက်ခံရပြီးနောက် ကွယ်လွန်ခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် နှစ်နေရာ စုစုပေါင်း ကိုယ်စားလှယ် ၁၂ ဦးကို အသစ်ထပ်မံ ရွေးချယ်ရမည်ဖြစ်သည်။ "ဧပြီထက်တော့ နောက်မကျပါဘူး" ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲဌာနမှ ညွှန်ကြားရေးမှူး ဦးစိုင်းကျော်သူက ပြောဆိုသည်။ လက်ရှိ လစ်လပ်လျက်ရှိသည့် မဲဆန္ဒနယ်များတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကော့မှူးမဲဆန္ဒ နယ်၊ ဒုတိယသမ္မတအဖြစ် ရွေးကောက်ခံရသည့် ဦးဟင်နရီဗန်ထီးယူ ကိုယ်စားပြုယှဥ်ပြိုင်ခဲ့သည့် ချင်းပြည်နယ် အမျိုးသားလွှတ်တော် အမှတ် (၃)ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၏ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၆ စသည်တို့ ပါဝင်သည်။ မြန်မာနိုင်ငံတွင် နောက်ဆုံးပြုလုပ်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲကို ၂ဝ၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့ (၂ဝ၁ဝ နိုဝင်ဘာ ၇ ရက် အထွေထွေရွေးကောက်ပွဲအပြီး တစ်နှစ်ခွဲခန့်အကြာ)တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ရာ ယင်းအနေအထားရ လာမည့်ကြား ဖြတ်ရွေးကောက်ပွဲသည်လည်း ဧပြီလတွင်သာ ကျင်းပနိုင်ရန် ရာခိုင်နှုန်းများသည်။ "ရွေးကောက်ပွဲတွေရဲ့ လုပ်ရမယ့် နှစ်တွေ၊ လတွေဆိုတာကလည်း ပုံမှန် လုပ်နေကြ လအတိုင်းပဲ နိုင်ငံတကာမှာတော့ ဆောင်ရွက်ကြပါတယ်"ဟု ဦးစိုင်းကျော်သူ The Voice သို့ ပြောသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးအောင်မြင့်က ကြားဖြတ် ရွေးကောက်ပွဲကို ၂ဝ၁၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြုလုပ်မည်ဟု ပြောဆိုခဲ့သေးသည်။နှစ်ဆန်းပိုင်းဆိုသည်မှာ ဇန်နဝါရီလမှ ဧပြီလအထိ အကျုံးဝင်ကြောင်း ဦးစိုင်းကျော်သူက ဆိုသည်။ ယင်းအပြင် ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလက ထည့်သွင်း ကျင်းပခဲ့ခြင်းမရှိသည့် ရှမ်းပြည်နယ် မိုင်းရှူးနှင့် ကျေးသီးမြို့နယ် မဲဆန္ဒနယ်များကိုလည်း တည်ငြိမ်အေးချမ်းပြီး လွတ်လပ် မျှတစွာ ပြုလုပ်နိုင်သည့် အခြေအနေပေးပါက ထည့်သွင်း ကျင်းပသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ အဆိုပါ မဲဆန္ဒနယ်နှစ်ခုအနေနှင့် ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ်နှစ်ဦးနှင့် ပြည်နယ် လွှတ်တော်အတွက် ကိုယ်စားလှယ်လေးဦး ရွေးချယ်ရမည်ဖြစ်ရာလာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် စုစုပေါင်း ကိုယ်စားလှယ် ၁၈ ဦးအထိ ရှိလာမည်ဖြစ်သည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အတွင်းရှိ မိုင်းရှူး၊ကျေးသီးမြို့နယ်များအပြင် 'ဝ' ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ ပန်ဆန်း (ပန်ခမ်း)၊ နားဖန်း၊ ပန်ဝိုင်၊ မိုင်းမောနှင့် မိုင်းလား မြို့နယ်ငါးခုတွင်လည်း လုံခြုံရေး အနေအထားအရ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိခဲ့ပေ။ သို့သော် အဆိုပါ ငါးမြို့နယ်မှာ နယ်မြေ တည်ငြိမ်အေးချမ်းခြင်း မရှိခြင်းကြောင့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့များ ဖွဲ့စည်း ထားရှိနိုင်ခြင်း မရှိသည့်အပြင် ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်းလည်း မရှိခြင်းကြောင့် လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ထည့်သွင်းကျင်းပရန် မသေချာသေးဘဲ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် လုံခြုံရေး အနေအထားကို ဆွေးနွေးရဦးမည်ဖြစ်ကြောင်း ဦးစိုင်းကျော်သူက ပြောသည်။ အဆိုပါ မြို့နယ်ငါးခုသည် ၂ဝ၁ဝ ပြည့်နှစ်ကလည်း ရွေးကောက်ပွဲ ကျင်းပခဲ့ခြင်း မရှိပေ။ ယင်းမြို့နယ် ငါးခုအတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ငါးဦးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၁ဝ ဦးကို ရွေးချယ်ရန် ကျန်ရှိနေဦးမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် နောက်ဆုံး ပြုလုပ်ခဲ့သည့် ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲ ဆန္ဒနယ် ၄၅ ခုရှိခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီက ၄၃ နေရာတွင် အနိုင်ရရှိခဲ့သည်။
Source : http://goo.gl/O7Hs75
via IFTTT
Source : http://goo.gl/O7Hs75
via IFTTT
Eleven Broadcasting
တောင်ကိုရီးယား နိုင်ငံ လော့တီဂရု (lotte Group) ၏ ဒုတိယဥက္ကဋ္ဌ မိမိကိုယ်ကို အဆုံးစီရင် (ရုပ်သံ) တောင်ကိုရီးယားနိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းစုကြီး တစ်ခုဖြစ်တဲ့ လော့တီဂရု ( lotte Group ) က ဒုတိယ ဥက္ကဋ္ဌဖြစ်သူ လီအင်း၀မ် သေဆုံးခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပြီး ကိုယ့်ကိုယ်ကို သတ်သေခဲ့တာ ဖြစ်တယ်လို့ သတင်းဌာနတွေက ဖော်ပြပါတယ်။
Source : http://ift.tt/2bUm0rz
via IFTTT
Source : http://ift.tt/2bUm0rz
via IFTTT
Eleven Broadcasting
မူးယစ်ဆေးဝါးသုံးစွဲသူ လူငယ်များ အသိပညာပေးရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ပြုစုပျိုးထောင်ရေး စခန်းအသစ် (၁၄)ခု တိုးချဲ့ဖွင့်လှစ်ရန်ရှိ (ရုပ်သံ) မူးယစ်ဆေးဝါး သုံးစွဲသူ လူငယ်များ အသိပညာပေးရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်း တွေဆောင်ရွက်ဖို့ တိုင်းနှင့်ပြည်နယ် ၁၄ ခုမှာ လူငယ်များပြုစု ပျိုးထောင်ရေးစခန်းအသစ် (၁၄)ခု တိုးချဲ့ဖွင့် လှစ်ဖို့ ဆောင်ရွက်နေတယ်လို့ ပြည်ထဲရေးဒုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြည်သူ့ လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။
Source : http://ift.tt/2bnv50m
via IFTTT
Source : http://ift.tt/2bnv50m
via IFTTT
ငလျင်ကြောင့် ပုဂံဒေသ ယူနက်စကိုစာရင်းဝင်ရေး နှောင့်နှေးမှုရှိ၊ မရှိ သီတင်းနှစ်ပတ်ကြာလျှင�
ပုဂံဒေသကို ယူနက်စကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းမှု နှောင့်နှေး ခြင်းရှိ၊ မရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော စေတီ ပုထိုးများအား သီတင်း နှစ်ပတ်ကြာ စစ်ဆေးမှုများ ပြုလုပ်အပြီးတွင် ထုတ် ပြန်သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) ၏ အရှေ့တောင်အာရှဥက္ကဋ္ဌ Mrs Hanh က ပြောကြားသည်။ ငလျင်ဒဏ်ကြောင့် ပျက်စီးသွား သော ပုဂံဒေသရှိ စေတီပုထိုးများနှင့်ပတ်သက်ပြီး ယူနက်စကိုက ရေတိုစီမံကိန်းနှင့် ရေရှည်စီမံကိန်းနှစ်မျိုးခွဲခြားပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း Mrs Hanh က ပြောသည်။ ငလျင်ဒဏ်ကြောင့်ပျက်စီး သွားသော ပုဂံမြို့ရှိ စေတီပုထိုး များကို ယူနက်စကို၏ အရှေ့ တောင်အာရှဥက္ကဋ္ဌနှင့် ယူနက်စ ကိုပညာရှင် Mr Kai Weise တို့ သည် ဩဂုတ် ၂၆ ရက်တွင် ပုဂံ မြို့သို့ လာရောက်ပြီး ပျက်စီးသွားသော စူဠာမဏိစေတီကို လာ ရောက်ကြည့်ရှုစစ်ဆေးစဉ် Mrs Hanhက ပြောကြားခြင်း ဖြစ် သည်။ ‘‘ဇူလိုင်လကုန်တုန်းက ကျွန် မတို့မန္တလေးမှာ ဆွေးနွေးခဲ့ပါ တယ်။ ပုဂံဒေသကို ၂၀၁၈ မှာ ယူ နက်စကိုတင်ပြနိုင်ရေးအတွက် ကျွန်မတို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီ အစီအစဉ်ကလည်း အခုချိန်ထိ မပြောင်းလဲသေးပါဘူး။ ပုဂံမှာ ငလျင်ဖြစ်သွားတဲ့အတွက် ယူနက်စကိုဝင်ဖို့ နှောင့်နှေးမှုများဖြစ်ပေါ် စေနိုင်လားဆိုတာက အခုချိန်မှာ သိပ်စောသေးပါတယ်။ နောက် နှစ်ပတ်လောက်အတွင်းမှာ ကျွန်မတို့ သေသေချာချာ ဆန်းစစ်မှုတွေ လုပ်လာပြီးတဲ့ အခါမှာတော့ နှောင့်နှေးမှုရှိ၊ မရှိဆိုတာက သေသေချာချာ ပြောပြနိုင်မှာပါ’’ဟု Mrs Hanh က ပြောသည်။ ‘‘ကောင်းတဲ့အချက်အနေနဲ့ ပြန်စဉ်းစားရမယ်ဆိုရင် ငလျင်နဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော ်အစိုးရ နှင့်တကွ ဒေသခံပြည်သူ အားလုံးက ဘယ်လို ပူးပေါင်းဘဆောင်ရွက်နေတယ်။ ဘယ်လိုစီမံမှုတွေ ထိထိရောက်ရောက်လုပ်နေလဲ ဆိုတာကို ပြသနိုင်မယ်ဆိုရင် ပုဂံ ဒေသကြီးက ကမ္ဘာ့အမွေအနှစ် စာရင်းဖြစ်ဖို့အတွက် အထောက်အ ကူပြုနိုင်တယ်ဆိုတာလည်း ပြောချင်ပါတယ်။ ဒီလို လုပ်တယ် ဆိုရင်လည်း ကျွန်မတို့ စီမံကိန်းဆွဲပြီး တင်ပြရင် ဒါကို အားသာချက် အနေနဲ့ ကျွန်မတို့ သုံးသပ်လို့ရပါ တယ်’’ဟု ၎င်းက ဆက်လက်ပြော ကြားသည်။ ပျက်စီးသွားသော စေတီပု ထိုးများကို ယူနက်စကိုအဖွဲ့က နှစ်ပတ်ကြာ စစ်ဆေးမည် ဖြစ် ပြီး ရရှိလာသည့်ရလဒ်များကို နိုင် ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံကာ တင်ပြသွားမည်ဟု ၎င်းက ပြောသည်။ ‘‘ပျက်စီးသွားတဲ့ အတိုင်းအ တာပမာဏတွေကို တိုင်းတာဖို့က အရေးကြီးပါတယ်။ တိုင်းတာပြီး တဲ့အပေါ်မှာ ရလဒ်က ဒီ ၂၀၁၆ ငလျင်ဖြစ်သွားတဲ့ အပေါ်တွေပဲ ကြည့်ဖို့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ငလျင်တွေ ပြုပြင်ထိန်းသိမ်းရေး အပိုင်းတွေမှာ ဒီအမွေအနှစ်ကို ကောင်းကျိုးပိုပေးသလား၊ ဆိုး ကျိုးပိုပေးခဲ့သလား၊ မှားယွင်းခဲ့တဲ့ဒဏ်တွေကြောင့် အမြင်မှာ ပိုပြီး တော့ ထိခိုက်နစ်နာမှုရှိသေးသ လားဆိုတာ ကျွန်မတို့က ဆန်းစစ် တွေ ဖြစ်ပါတယ်။ ပြည်တွင်းရော၊ ပြည်ပက ပညာရှင်တွေကို ဖိတ် ခေါ်ရမှာဖြစ်ပါတယ်။ ဆွေးနွေးပွဲ မှာ ဆက်တိုက်လုပ်ရမှာ ဖြစ်ပါ တယ်။ အဲဒီက ထွက်ပေါ်လာတဲ့ အကြံဉာဏ်တွေကို ဘယ်လိုနည်း နဲ့ အကောင်းဆုံးထိန်းသိမ်းမလဲ ဆိုတာ စဉ်းစားရမှာဖြစ်ပါတယ်’’ ဟု Mrs Hanhက ဆက်လက်ပြော သည်။ ဩဂုတ် ၂၄ ရက်က အင်အား ပြင်းထန်သော ငလျင်ကြောင့် ယမန်နေ့အထိ ရရှိသောစာရင်း များအရ ပုဂံဒေသရှိ ရှေးဟောင်း စေတီပုထိုး ၃၉၆ ဆူ ပျက်စီးခဲ့ ကြောင်း သတင်းရရှိသည်။
Source : http://ift.tt/2bUlUAv
via IFTTT
Source : http://ift.tt/2bUlUAv
via IFTTT
Friday, August 26, 2016
ဆေးရုံကြီးရှေ့ရှိ စည်းကမ်းမဲ့ ဈေးရောင်းသူများကို ဖယ်ရှားသွားမည်
ဗိုလ်ချုပ်လမ်းနှင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးရှေ့တွင် စည်းကမ်းမဲ့စွာ ရောင်းချသည့် စျေးသည်များကို နှစ်ပတ်ခန့် ပညာ ပေးကာလ သတ်မှတ်၍ စည်းရုံးပြောဆို စောင့်ကြည့်သွားမည်ဖြစ်ပြီး လိုက်နာခြင်း မရှိပါက သက်ဆိုင်ရာ တာဝန်ရှိသည့်အဖွဲ့ အစည်းဌာနများဖြင့် ပူးပေါင်းကာ ရှင်းလင်း ဖယ်ရှားသွားမည်ဖြစ်ကြောင်း ယင်းဆေးရုံကြီး၏ ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကိုက The Voice သို့ ပြောကြားသည်။ " ပညာပေး ကာလသတ်မှတ်ပြီး ဆေးရုံအုပ်ချုပ်ရေး အဖွဲ့တွေနဲ့ လုံခြုံရေးအဖွဲ့တွေက စည်းရုံးရေး နည်းလမ်းတွေသုံးပြီး ဆောင်ရွက်နေပေမယ့် ဆက်လက် လိုက်နာမှု မရှိဘူးဆိုရင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အုပ်ချုပ်ရေးနည်းနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု ၎င်းကဆိုသည်။ ရန်ကုန်ဆေးရုံကြီး၏ အပြင်ဘက် မျက်နှာစာများတွင် စည်းကမ်းမဲ့စျေး ရောင်းချလျက်ရှိသည့် စျေးသည်များနှင့် ပတ်သက်၍ ဆေးရုံကြီး၏ အုပ်ချုပ်ရေးအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးသို့ တင်ပြထားခြင်းအပြင် သြဂုတ်လ၂၃ရက်နေ့တွင် အနော် ရထာလမ်းနှင့် လမ်းမတော်လမ်းရှိ စျေးသည်များကိုလည်း ခေါ်ယူတွေ့ဆုံကာ အသိပေးထားခဲ့ကြောင်း ယင်းဆေးရုံကြီး၏ အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ ဆေးရုံကြီး၏ အပြင်ဘက် မျက်နှာစာတွင် ရောင်းချနေသည့် စျေးသည်များ ရှိသည့်အနက် ဗိုလ်ချုပ်လမ်းဘေးတွင် ရောင်းချနေသည့် စျေးသည်များမှာ အဆိုးအရွားဆုံးဖြစ်ပြီး ဆေးရုံဝင်ပေါက်တစ်လျှောက်တွင် လမ်းပိတ်ဆို့သည်အထိ ရောင်းချမှုရှိခြင်း၊ ရောင်းချသည့် စျေးသည်များက ကျူးကျော်သည့် သဘောမျိုးဖြင့် တဲများထိုး၍ နေထိုင်ခြင်း၊ စည်းကမ်းမဲ့ ထဘီ၊ အကင်္ျီနှင့် အဝတ်များလှန်းခြင်း၊ ဆေးရုံအနီးနှင့် မျက်နှာစာရှေ့ အထက်တန်းကျောင်းရှေ့များတွင် ခွင့်ပြုမထားသည့် ဆေးလိပ်နှင့် ကွမ်းယာများ ရောင်းချခြင်းတို့သည် ဆေးရုံ၏ အလှကိုဖျက်ဆီးစေသဖြင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ယင်း အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ ထို့ပြင် ပညာပေးကာလ ကျော်လွန်သော်လည်း စည်းကမ်းမလိုက်နာသည့် စျေးသည်များကို ဖယ်ရှား ရှင်းလင်းရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ သက်ဆိုင်ရာ နယ်မြေရဲတပ်ဖွဲ့စခန်းနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက်ရန် စီစဥ်ထားကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ "စျေးသည်တွေအနေနဲ့ ဥပဒေအတိုင်း လိုက်နာပြီး မရောင်းရတဲ့ နေရာတွေမှာ မရောင်းဖို့လိုပါတယ်။ ဥပဒေ ဖောက်ဖျက်ပြီး စည်းကမ်းမဲ့ စျေးရောင်းရင် စည်ပင်စတဲ့ သက်ဆိုင်ရာဌာနတွေက သတ်သတ်မှတ်မှတ် ထိန်းသိမ်း ပေးစေချင်ပါတယ်"ဟု ရန်ကုန် ပြည်သူ့ဆေးရုံကြီး၏ လက်ထောက်ဆေးရုံအုပ် ဒေါက်တာနေဝင်းသိန်းက ဆိုသည်။ လက်ရှိတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ မျက်နှာစာ ဗိုလ်ချုပ်လမ်းရှေ့၌ ရောင်းချနေသည့် စျေးဆိုင် ၁ဝ ဆိုင်ခန့်၊ အရေးပေါ်ကုဌာန မျက်နှာစာရှေ့ လမ်းမတော်လမ်းပေါ်၌ ရောင်းချသည့်ဆိုင် ၁၅ ဆိုင်ခန့် ရှိကြောင်း ယင်းဆေးရုံကြီး၏ အုပ်ချုပ်ရေး အဖွဲ့ထံမှသိရသည်။
Source : http://goo.gl/quWMma
via IFTTT
Source : http://goo.gl/quWMma
via IFTTT
Thursday, August 25, 2016
MOI Webportal Myanmar
ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အဖွဲ့ဝင်များ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ PLS Net Co.Ltd (Payment Logistic Settlement Network Limited) အဖွဲ့နှင့် တွေ့ဆုံ နေပြည်တော် ဩဂုတ် ၂၅ ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေးကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ မှ ကော်မတီဝင်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ PLS Net Co.Ltd (Payment Logistic Settlement Network Limited) အဖွဲ့အား ယနေ့ နေ့လည် ၁၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင် အဆောင် အမှတ် (I-7) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။ တွေ့ဆုံစဉ် ပြည်သူများ လက်လှမ်းမီနိုင်သည့် ဘဏ္ဍာရေးစနစ် ပေါ်ပေါက် လာစေရေး၊ အထူးသဖြင့် ကျေးလက်နေပြည်သူများ၏ ငွေရေး ကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်းပြီး Agent Banking လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။
Source : http://ift.tt/2bCgR6P
via IFTTT
Source : http://ift.tt/2bCgR6P
via IFTTT
မော်စကိုမြို့ရှိ ဘဏ်တစ်ခုတွင် ပြန်ပေးဆွဲထားသည့် ဓါးစာခံများ ပြန်လည် လွတ်မြောက်လာ မော်စကို၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ဘဏ်တစ်ခု၌ ပြန်ပေးဆွဲမှု ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် ပြန်ပေးဆွဲမှုတရားခံ လက်နက်ချအညံ့ခံခဲ့၍ ဘဏ်အတွင်းမှ ဓါးစာခံ လေးဦးစလုံး ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း ပြည်တွင်း မီဒီယာများက သြဂုတ် ၂၄ တွင်ဖော်ပြခဲ့သည်။ ကနဦးရရှိသည့် သတင်းအချက်အလက်များအရ ပြန်ပေးဆွဲသမားသည် အသက် ၆၁ နှစ်အရွယ် Aram Petrosyan အမည်ရှိ စီးပွားရေး လုပ်ငန်းရှင်တစ်ဦး ဖြစ်ပြီး ၄င်းသည် သြဂုတ် ၂၄ရက် ညနေပိုင်းတွင် မော်စကိုမြို့ Bolshaya Nikitskaya လမ်း ရှိ Citibank ၏ ဘဏ်ခွဲတစ်ခု အတွင်းသို့ ၄င်း၏ ရင်ဘတ်၌ သေတ္တာတစ်လုံးကို သိုင်းချည်လျက် ဝင်ရောက်လာပြီး အသေခံ ဖောက်ခွဲမှု ပြုလုပ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။ ဘဏ်ဝန်ထမ်းလေးဦးအား ဓါးစာခံအဖြစ် ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းတွင် ဓါးစာခံ အမျိုးသမီးနှစ်ဦး ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း သိရသည်။ ရဲတပ်ဖွဲ့က ဘဏ်အား နာရီများစွာ ဝိုင်းထားပြီးနောက်တွင် ပြန်ပေးဆွဲသမားသည် လက်နက်ချအညံ့ခံခဲ့ပြီး ၄င်းကိုယ်၌ တပ်ဆင်ထားသည့် သေတ္တာဘူးမှာလည်း ဗုံးအစစ်မဟုတ်ပဲ ဗုံးအတုသာဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ ပြန်ပေးသမားအား စစ်ဆေးမေးမြန်းရန်အတွက် ခေါ်ဆောင်သွားပြီး ပြန်ပေးဆွဲမှု နောက်ကွယ်မှ လှုပ်ရှားမှုကိုမသိရှိသေးကြောင်းသိရသည်။ (Xinhua)
Source : http://ift.tt/2bidunG
via IFTTT
Source : http://ift.tt/2bidunG
via IFTTT
အီတလီ ငလျင် သေဆုံးမှုကြောင့် သေဆုံးသူ ၂၄၇ ဦးရှိ၊ အသက်ရှင်သူများအား ဆက်လက် ရှာဖွေဆဲ အမတ်ထရစ္စ၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ) အီတလီနိုင်ငံ အလယ်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် သေဆုံးသူ အရေအတွက်မှာ ၂၄၇ ဦးအထိ ရှိလာကြောင်းနှင့် ကယ်ဆယ်ရေးသမားများလည်း ရှာဖွေရေး လုပ်ငန်းများ လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း သိရသည်။ ဒဏ်ရာရရှိသူ အနည်းဆုံး ၃၆၈ ဦးရှိကြောင်း အီတလီနိုင်ငံ မြို့ပြ ကာကွယ်ရေး ဌာနက ပြောကြားထားပြီး လူ အချို့အား ရှာဖွေနေဆဲ ဖြစ်သောကြောင့် သေဆုံး၊ ဒဏ်ရာရသူ အရေအတွက် မြင့်တက်နိုင်သေးကြောင်း သတိ ပေးထားသည်။ Rieti ပြည်နယ်တွင် ဩဂုတ်လ ၂၄ ရက် နံနက် ၃း၃၆ နာရီက Rieti မြို့အနီး၌ အနက် ၄.၂ ကီလိုမီတာတွင် ဗဟိုပြုကာ ပြင်းအား ၆.၂ အင်အားရှိ ငလျင် လှုပ်ခတ်ခဲ့ကြောင်း၊ ယင်း ငလျင်ကြောင့် Rieti ပြည်နယ်၏ မြို့ငယ် နှစ်မြို့ဖြစ်သည့် Amatrice နှင့် Accumuli မြို့များက အဆိုးဝါး ဆုံး ထိခိုက်ခဲ့ကြောင်း သိရသည်။ ကနဦး ငလျင် လှုပ်ခတ်ပြီး နောက် ၁၂ နာရီအတွင်း နောက်ဆက်တွဲ ငလျင်ပေါင်း ၁၅၀ ခန့် လှုပ်ခတ်ခဲ့ကြောင်း INGV က ဖော်ပြထားသည်။ ငလျင်ဒဏ် ထိခိုက်ခံရသည့် အမတ်ထရစ္စ (Amatrice) မြို့ရှိ နာမည်ကျော် Roma ဟိုတယ်အတွင်း သေဆုံးသူ ငါးဦး၏ ရုပ်အလောင်းမျာအား ဆွဲထုတ်ခဲ့ရပြီး ဧည့်သည် ၁၀ ဦးခန့်သည် ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ကယ်ဆယ်ရေးသမားများက ပြောသည်။ ဒေသခံ တာဝန်ရှိ်သူများအဆိုအရ ငလျင် လှုပ်ခတ်ချိန်၌ အဆိုပါ ဟိုတယ်တွင် တည်းခိုနေသူ ၃၀ ဦးခန့်ရှိ ကြောင်း သိရသည်။ ကယ်ဆယ်ရေးသမားများသည် အပျက်အစီးများအကြား ပိတ်မိနေသူများ၏ အသံကြားရာအတိုင်း လက်ဗလာ များဖြင့် အုတ်အကျိုးအပဲ့များအား ဖယ်ရှားကာ အသက်ရှင် ကျန်ရစ်သူများထံ ရောက်အောင်သွားခဲ့ကြောင်း သိရသည်။ အမတ်ထရစ္စမြို့သည် ဒေသခံများနှင့် နွေရာသီ အားလပ်ရက် အပန်းဖြေလာသူများကြောင့် လူဦးရေများပြား နေလေ့ရှိပြီး သေဆုံးသူ အရေအတွက်မှာလည်း ဆက်လက် မြင့်တက်နိုင်ခြေရှိ်ကြောင်း သိရသည်။ ငလျင်ကြောင့် ဒေသဆိုင်ရာ ဆေးရုံလည်း ပျက်စီးကာ ပြောင်းရွှေ့ခဲ့ရကြောင်း ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း ဆေးဘက်ဆိုင်ရာ ဝန်ထမ်းက ဆင်ဟွာသို့ ပြောသည်။ Pescara del Tronto မြို့တွင်လည်း အသက် ၁၀ နှစ်အရွယ် မိန်းကလေး တစ်ဦးအား ငလျင်လှုပ်ခတ်ပြီး ၁၇ နာရီကြာမှ အပျက်အစီးများအကြားထဲမှ ကယ်တင်နိုင်ခဲ့သည်။ အီတလီနိုင်ငံ ဝန်ကြီးချုပ် Matteo Renzi သည် ဩဂုတ်လ ၂၄ ရက် အစောပိုင်းတွင် ငလျင်ဇုန်သို့ သွားရောက် ခဲ့ပြီး ငလျင်ဒဏ်သင့်မှုများအား ကူညီခြင်းနှင့် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်ပေး မည် ဖြစ်ကြောင်း ကတိပြုခဲ့သည်။ ငလျင် ဒဏ်သင့်ဒေသများအား ကူညီ ထောက်ပံ့မှု ပေးနိုင်ရန်အတွက် အီတလီ အစိုးရအဖွဲ့က ယနေ့တွင် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)
Source : http://ift.tt/2bkpvG9
via IFTTT
Source : http://ift.tt/2bkpvG9
via IFTTT
Myanmar: Natural disaster risks and past events (as of 31 May 2016)
မနေ့က ငလျင်လှုပ်ခတ်ခဲ့ပြီးနောက်၊ ၂၀၁၆ခုနှစ် ဇွန်လတွင် လူသားချင်းစာနာမှုညှိနှိုင်းရေးရုံးမှ ထုတ်ဝေခဲ့သည့် မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ်များကို ဖော်ပြသော အောက်ပါပုံကို ပြန်လည် ဖော်ပြချင်ပါတယ်။ ၄င်းပုံတွင် ပြီးခဲ့သည့် အင်အား ၅ ရစ်ချတာစကေး အထက် ငလျင်များ ဖြစ်ပွားသည့်နေရာများနှင့် အကြိမ်အရေအတွက်များကို ဖော်ပြထားပါတယ်။ http://ift.tt/1qZJK3o Following yesterday's earthquake, we are re-posting this infographic (published in June 2016) on natural disasters in Myanmar which shows the frequency and locations of previous earthquakes larger than 5.0 on the Richter scale. http://ift.tt/1qZJK3o
Source : http://ift.tt/1qZJK3o
via IFTTT
Source : http://ift.tt/1qZJK3o
via IFTTT
Korean Government Scholarships for 170 Bachelors, 800 Masters & PhD for Developing Countries 2016-2017 - KHMER ONLINE
ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် ကိုရီးယားနိုင်ငံ၏ ဘွဲ့ရနှင့် ဘွဲ့လွန် ပညာသင်ဆုများ
Source : http://ift.tt/2bjJdl3
via IFTTT
Source : http://ift.tt/2bjJdl3
via IFTTT
အမေရိကန်နှင့် ထိုင်းကုမ္ပဏီတို့က နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်စက်ရုံ ဆောက်ရန် အဆိုပြုလွှာတင် ရန်ကုန်၊ သြဂုတ် ၂၄ ထိုင်းနှင့် စင်ကာပူနိုင်ငံ အခြေစိုက် အမေရိကန် ကုမ္ပဏီတို့က နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံများ တည်ဆောက်ရန် အဆိုပြုလွှာ တင်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွင် စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍမှာ အများဆုံး ဖြစ်သော်လည်း လက်ရှိ အစိုးရလက်ထက်တွင် စွမ်းအင်နှင့် ပတ်သက်၍ မူဝါဒ အပြောင်းအလဲ ရှိသောကြောင့် ရင်းနှီးမြှုပ်နှံမှုများကို အလျင်စလို လုပ်ကိုင်ခွင့် မပေးကြောင်း ယင်းဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောကြားသည်။ “မနှစ်က ဒီလိုအချိန်မှာ စွမ်းအင်နဲ့ ပတ်သက်ပြီး အမေရိကန်ဒေါ်လာ နှစ်ဘီလီယံလောက် ခွင့်ပြုပြီးသွားပြီ။ ဒီနှစ်မှာ တစ်ခုမှ ခွင့်မပြုရသေးဘူး။ အဆိုပြုထားတဲ့ နှစ်ခုကိုလည်း ခွင့်ပြုပေးဖို့ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့ရဲ့ မှတ်ချက် တောင်းထားတုန်းပါ”ဟု ၎င်းကဆိုသည်။ အဆိုပါကုမ္ပဏီ နှစ်ခုသည် ပြီးခဲ့သည့် နှစ်လခန့်မှ စ၍ ရင်းနှီးမြှုပ်နှံရန် လျှောက်လွှာတင်ခဲ့ပြီး ထိုင်းကုမ္ပဏီသည် မကွေးတိုင်းဒေသကြီးတွင် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၉၇ သန်း တန်ဖိုးရှိ ၂၂ဝ မဂ္ဂါဝပ်ထုတ် နေစွမ်းအင်သုံး ဓာတ်အားပေး စက်ရုံ ဆောက်လုပ်ရန်ဖြစ်ကာ အမေရိကန် ကုမ္ပဏီသည် မန္တလေးတိုင်း ဒေသကြီးတွင် ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာသန်း ၄၈ဝ တန်ဖိုးရှိ ၁၅ဝ မဂ္ဂါဝပ်ထုတ် နေစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ဆောက်လုပ်ရန် အဆိုပြုထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်က စွမ်းအင်နှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန် ဒေါ်လာသန်း ၄၈၁၇ ဒသမ ၇၉ ရှိခဲ့ပြီး ယင်းကဏ္ဍတွင် တရုတ်နှင့် စင်ကာပူနိုင်ငံတို့က အများဆုံး ရင်းနှီး မြှုပ်နှံကြောင်း၊ ယခုနှစ်တွင် မူဝါဒ အပြောင်းအလဲ များကြောင့် ယခင်နှစ်ကထက်စာလျှင် ရင်းနှီး မြှုပ်နှံမှု လျော့ကျနိုင်ဖွယ် ရှိကြောင်း ယင်း ဌာနထံမှ သိရသည်။
Source : http://goo.gl/s7gbjx
via IFTTT
Source : http://goo.gl/s7gbjx
via IFTTT
Wednesday, August 24, 2016
Ministry of Religious Affairs and Culture
၂၄-၈-၂၀၁၆ ရက်နေ့ ၁၇:၀၅ အချိန်၌ ၆.၈ ရစ်ချက်စတာစကေး လှုပ်ခတ် သွားသော မြေငလျင်ကြောင့် ပုဂံ၊ မြောက်ဦး၊ စစ်ကိုင်း ၊ စလေ ၊ ဆားလယ် ဒေသများရှိ ရှေးဟောင်း အဆောက်အအုံအချို့ အောက်ပါအတိုင်း ထိခိုက်ပျက်စီးမှုရှိကြောင်းကနဦးသတင်းရရှိမှု( ၂၀:၃၀ နာရီအချိန် )အထိ အခြေအနေ (က) ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ *********************************************** ၁။ ဘုရားအမှတ်၁၆၈၆ အပေါ်ပိုင်းပြိုကျ ၂။ ဘုရားအမှတ်၁၄၃၉(မင်္ဂလာစေတီ) အပေါ်ပိုင်းဖောင်းရစ်ပြိုကျ ၃။ ဓမ္မရံကြီး မုခ်ဦးပြိုကျ ၄။ တဘက်ကျ ဖောင်းရစ်ကစ ပြုတ်ကျ ၅။ ခေမင်္ဂဘုရား ထိပ်ပိုင်းပြတ်ကျ ၆။ ငါးမျက်နှာ အပေါ်ပိုင်းပြုတ် ၇။ မြစေတီ စိန်ဖူး၊ ခရေသီးငါးလုံးပြုတ်ကျ ၈။ ဘုရားအမှတ်၁၃၂၇ ထိပ်ဖူးပြုတ်ကျ ၉။ မြင်းကပါဂူပြောက်ကြီး ကွမ်းတောင်ထိပ်ပြုတ်ကျ ၁၀။ မြင်းကပါဂူပြောက်ငယ် ကွမ်းတောင်ထိပ်ပြုတ်ကျ ၁၁။ ဘုရားအမှတ်၁၃၂၅ ဖောင်းရစ်ပြုတ်ကျ ၁၂။ ထီးလိုမင်းလိုဘုရား ငှက်ပျောဖူးမှ အောက်သို့ပြိုကျ ၁၃။ အရှေ့ဖက်လိပ် ပြိုကျမှုများ ၁၄။ အနောက်ဖက်လိပ် ဖောင်းရစ်အထက်ပိုင်း ရှေ့ခြမ်းပြိုကျ၊ အရှေ့မြောက်ထောင့်ယိုင်၊ ၁၅။ လောကနန္ဒာ စိန်ဖူးပြုတ်ကျ ၁၆။ စိမ်းညက်ညီမ ဓာတ်တော်တိုက်အထက် ဖောင်းရစ်ငါးရစ် အနောက်ဘက်ခြမ်းပြိုကျ ၁၇။ တရုတ်ပြေး ဖောင်းရစ်အထက်ပိုင်း အထွတ်ပြို ၁၈။ လေးမျက်နှာဘုရား မင်းနန်သူ ၁၉။ အာနန္ဒာ မြောက်ဘက်မုခ်ဦး၊အနောက်မုခ်ဦးကွာကျ ၂၀။ ဘုရားအမှတ်၁၄၉၃ (မြင်းပြဂူ) ဖောင်းရစ်မှစ ပြိုကျ ၂၁။ ရွာဟောင်းကြီး အပေါ်ပိုင်းပြုတ်ကျ ၂၂။ မဟာဂူကြီးမြောက်ဘက် စေတီ အပေါ်ပိုင်းပြုတ်ကျ ၂၃။ ဝက်ကြီးအင်းဂူပြောက်ကြီး ကွမ်းတောင်မူလနေရာထိ ပြုတ်ကျ ၂၄။ စေတနာကြီး အထွတ်ပိုင်းပြုတ်ကျ ၂၅။ ပြတိုက်အတွင်းရှိ (ဘုရားအမှတ်၁၆၁၉ ) သပိတ်မှောက်အပေါ်ပိုင်း ၂၆။ ဘုရားအမှတ်၁၁၅(ကူနီးဘုရား) ထီးတော်ပြိုကျ ၂၇။ စူဠာမဏိ ကွမ်းတောင်တစ်ခုလုံးပြိုကျ ၂၈။ ပုဂံမျှော် အပေါ်ထိပ်ပိုင်းစောင်း ၂၉။ မြေဘုံသာ ထိပ်ဖူးပြိုကျ ၃၀။ လောကထိပ်ပန် ထိပ်ဖူးပြိုကျ ၃၁။ ရေတော်မုနိ အပေါ်ပိုင်းငှက်ပျောဖူးပြုတ်ကျ ၃၂။ ပုတ္တလင် ထိပ်ဖူးပြိုကျ ၃၃။ အင်းဘုရား အပေါ်ပိုင်းပဲ့ကျ ၃၄။ ဘုရားအမှတ်၁၄၄၉ ကွမ်းတောင်ပြိုကျ ၃၅။ စိုးမင်းကြီး ခရေသီးအောက်ပိုင်းဖောင်းရစ်ပျက်စီး ၃၆။ စိုးမင်းကြီးအုတ်ကျောင်း ဘုရား(၂)ဆူ ထိပ်ဖူးပြုတ်ကျ ၃၇။ ပုဂံဟိုတယ်ဝင်းအတွင်း ဘုရား နံရံပန်းချီပြုတ်ကျ ၃၈။ ရွှေလိပ်တူး အထွတ်စေတီပြုတ်ကျ ၃၉။ ရွှေစေတီ ဖောင်းရစ်(၉)ရစ်အထက်မှပြိုကျ ၄၀။ ကန်တော့ပလ္လင် ထီးတော်အနည်းငယ်ယိုင်၊ စနေထောင့်အရံ စေတီလယ်သီးပြုတ်၊ ရှစ်မျက်နှာဘုရား ခေါင်းလောင်းအထက်ပိုင်းအက် ၄၁။ Treasure Hotel ဝင်း အတွင်းဘုရား ခရေသီးပြုတ်ကျ ၄၂။ မြင်းကပါအရှေ့ထိပ် သီဟိုဠ်ပုံစေတီ အထွတ်ပြို ၄၃။ လောကထိပ်ခေါင် တောင်ဘက်ဘုရား(၅)ဆူ ထိပ်ဖူးပြုတ် ၄၄။ ဘုရားအမှတ်၁၆၇၄ အပေါ်ပိုင်းပြို ၄၅။ မဟာဗောဓိ အရံစေတီ(၂)ဆူပြို ၄၆။ ဘုရားအမှတ်၁၆၆၇ အထွတ်စေတီပြုတ်ကျ ၄၇။ မြောက်ဂူနီဘုရား အထွတ်ပြုတ် ၄၈။ ဘုရားအမှတ်၁၆၈၀ ထိပ်ပိုင်းပြိုကျ ၄၉။ တဝဂူ ထိပ်ပိုင်းပြိုကျ ၅၀။ ဘုရားအမှတ်၁၄၅၉ ဖောင်းရစ်အထက်ပိုင်းပြိုကျ ၅၁။ အဂ္ဂတေ့ဘုရား အထွတ်စေတီပြိုကျ ၅၂။ ဧဒင် ၁၃၃၆ အထွတ်စေတီပြိုကျ ၅၃။ ဘုရားအမှတ်၂၆၃ အထွတ်ပြုတ်ကျ ၅၄။ ပါသာဒဘုရား အထွတ်စေတီပြုတ်ကျ ၅၅။ ဘုရားအမှတ်၁၃၅၈ အထွတ်စေတီပြုတ်ကျ ၅၆။ စားပွဲတင် လက်တံယိုင် ၅၇။ အနောက်ဖွားစောဘုရားနီ လက်တံပြုတ် ၅၈။ သစ္စာဝတီ အထွတ်စေတီပြုတ်ကျ ၅၉။ သိကြားဟစ် ခေါင်းလောင်းယိမ်းယိုင် ၆၀။ ဓမ္မရာဇိက အရှေ့ဘက်မုခ်ပြုတ်ကျ ၆၁။ ဘုရားအမှတ်၁၃၉၁ အထွတ်စေတီပြုတ်ကျ ၆၂။ သန့်ပြန့်စွာ (အနောက်ဖွားစော) အပေါ်ပိုင်းပြိုကျ ၆၃။ သာယာဝတေ့ ကွမ်းတောင်အထက်ပိုင်းပြိုကျ ၆၄။ ဘုရားအမှတ်၁၂၆၉(လှံကျဘုရား) ဖောင်းရစ်ထိပြို၊ သပိတ်မှောက် အက်ကွဲ၊ စိုင်ပေါင်ပြိုကျ ၆၅။ပုဂံပြတိုက် ပြတိုက်အတွင်းရှိ စောမင်းလတ်ဆင်းတု ရွှေဘုရားခေါင်းပြုတ်ကျ ပြတ်ထွက် ၆၆။ ဘုရားအမှတ်၃၇၃ ထိပ်ဖူးပဲ့ ၆၇။ ဘုရားအမှတ်၁၇၂၂ ထိပ်ဖူးပဲ့ ၆၈။ ဘုရားအမှတ်၁၇၀၄ အနီးရှိဘုရား ထိပ်ဖူးပဲ့ ၆၉။ ဘုရားအမှတ်၁၄၉၇ ထိပ်ဖူးပဲ့ ၇၀။ ဘုရားအမှတ်၁၄၉၆ ထိပ်ဖူးပဲ့ ၇၁။ ဘုရားအမှတ်၁၄၉၉ ထိပ်ဖူးပဲ့ ၇၂။ ရွှေဆံတော်ဘုရား ငါးဆင့်အထက် အဝိုင်းပတ်လည်အက်ကွဲ ၇၃။ သစ္စာမဏ္ဍိုင် ထိပ်ဖူးစောင်း ၇၄။ ရွှေသာလျောင်း အတွင်းအင်္ဂတေပျက်စီးပြိုကျ ၇၅။ ဘုရားအမှတ်၁၅၅၈ ကြာမှောက်၊ ကြာလှန်ထိပ်ဖူးကျိုးကျ ၇၆။ ဘုရားအမှတ်၁၅၅၁ ရွှေဆံတော်လမ်းဘေး ထိပ်ဖူးပြိုကျ ၇၇။ ဘုရားအမှတ်၁၅၃၆ (ငဖုန်းသင်ယောင်) ငှက်ပျောဖူးကျိုးကျ ၇၈။ ဘုရားအမှတ်၅၅၅ အထွတ်စေတီပျက်စီး ၇၉။ ဘုရားအမှတ်၇၉၅ ကွမ်းတောင်ပျက်စီး ၈၀။ ဘုရားအမှတ်၂၀၉၇ အထွတ်ပျက်စီး ၈၁။ ဘုရားအမှတ်၂၁၄၉ ကွမ်းတောင်အထိပျက်စီး ၈၂။ ဘုရားအမှတ်၂၁၅၁ ကွမ်းတောင်အထိပျက်စီး ၈၃။ ဘုရားအမှတ်၂၁၆၀ ဖောင်းရစ်ပျက်စီး ၈၄။ ဘုရားအမှတ်၂၁၆၈ ဖောင်းရစ်ပျက်စီး ၈၅။ ဘုရားအမှတ်၂၁၅၇ အာရုံခံရှေ့ချင်မိတ်တိုးပျက်စီး ၈၆။ ဘုရားအမှတ်၁၉၆၅ ဖောင်းရစ်ပျက်စီး ၈၇။ ဘုရားအမှတ်၁၈၅၂ တောင်ဘက်အတွင်းပိုင်းပြို ၈၈။ ဘုရားအမှတ်၂၁၃၆ ဖောင်းရစ်အထွတ်ပြို ၈၉။ ဘုရားအမှတ်၂၁၃၁ တစ်ဆူလုံးပြို ၉၀။ ဘုရားအမှတ်၁၉၆၂ ခရေသီးပြုတ် ၉၁။ ဘုရားအမှတ်၁၉၈၃ အက်ကွဲ ၉၂။ ဘုရားအမှတ်၁၉၈၂ ဖောင်းရစ် ၉၃။ ဘုရားအမှတ်၂၀၁၁ ရှေ့မုခ်ပြို၊ ငှက်ပျောဖူးပြို၊ တိုက်မကွဲအက် မှုများ ၉၄။ ဘုရားအမှတ်၄၆၉ အထွတ်စေတီပြုတ် ၉၅။ ကျောက်ကူးဘုရား အထွတ်ပိုင်းအက်ကွဲပြို၊ အတွင်းအက်ကွဲ ပြို၊ သံဖရိန်ကွေး ၉၆။ ဘုရားအမှတ်၂၃၃ (လောကချမ်းသာ) အရံစေတီပျက်စီးပြိုကျ ၉၇။ ဘုရားအမှတ်၈၀၁ ကွမ်းတောင်ပျက်စီး ၉၈။ မြစည်းခုံ ခေါင်းလောင်းအက်ကွဲ ၉၉။ ရပ်စောက်ဘုရား (ကျောက်ကူးအနီး) စနေထောင့်တစ်ခြမ်းပြို ၁၀၀။ဘုရားအမှတ်၉၈၇(စေတနာကြီး) ဓာတ်တော်တိုက်ဘက်မှ ပြိုကျ ၁၀၁။ ဘုရားအမှတ်၉၉၈(ကျောင်းကြီးညီမ) ဖောင်းရစ်များ အထက်မှပြို၊ အရှေ့ဘက် မုခ်ကပ်ပြိုကျ ၁၀၂။ ဘုရားအမှတ်၉၉၇ ခရေသီးပြိုကျ၊ မြောက်ဘက်၊ တောင်ဘက် မုခ်အလယ်ပိုင်းများပြိုကျ၊ မြောက်ဘက် အက်ကွဲကြောင်းဖြစ်ပေါ်၊ အတွင်းမုခ်ပြို ၁၀၃။ဘုရားအမှတ်၁၄၅(ချောက်ဘုရားလှ) ထီးတော်ပြိုကျ ၁၀၄။ဘုရားအမှတ်၁၅၅(ကုန်းတော်ကြီး) အရှေ့ဘက်မျက်နှာစာ အင်္ဂတေကွာကျ ၁၀၅။ဘုရားအမှတ်၁၁၂၃(ဆင်ပေါင်း) အထက်ပိုင်းပြတ်ကျ ၁၀၆။ဘုရားအမှတ်၁၁၂၄(ဆင်ပေါင်းအနီး) အထက်ပိုင်းပြတ်ကျ ၁၀၇။ဘုရားအမှတ်၁၃၀၀ ဓာတ်တော်တိုက်ဒုတိယပစ္စယံပြိုကျ ၁၀၈။ဘုရားအမှတ်၁၄၇၁(သိမ္မစည်း) အရှေ့မြောက်ထောင့်အရံစေတီပြိုကျ ၁၀၉။တာမဏီဘုရား အက်ကြောင်းရှိ ၁၁၀။ဘုရားအမှတ်၂၈၇ ကွမ်းတောင်ပြုတ်ကျ ၁၁၁။ဆူးလေကုန်းအစု ကွမ်းတောင်ပြိုကျ ၁၁၂။နှစ်ထပ်စေတီအရှေ့ဘက်မုခ်ပြုတ်ထွက် ၁၁၃။ ဗူးလည်သီးကွမ်းတောင်မုခ်ပြုတ်ထွက် ၁၁၄။ ဗူးလည်သီးအနီးဘုရား ကွမ်းတောင်မုခ်ပြုတ်ထွက် ၁၁၅။ဘုရားအမှတ်၁၂၂၈ ခရေသီးပြုတ်ကျ ၁၁၆။ဘုရားအမှတ်၁၀၃၂ ကြာမှောက်အခြေဖောင်းရစ်အထက်ပိုင်း ပြိုကျ ၁၁၇။ဘုရားအမှတ်၁၁၃၈ ခရေသီးပြုတ်ကျ ၁၁၈။သပိတ်မှောက် အက်ကြောင်းများဖြစ်ပေါ် ၁၁၉။သိကြားပုန်း မြောက်ဘက်ခြမ်းအက်ကြောင်းပေါ် ၁၂၀။ဘုရားအမှတ်၂၆၃ အထက်ပိုင်းပြိုကျ ၁၂၁။ဆုတောင်းပြည့်(တောင်ဘီ) ထီးတော်တိမ်းစောင်း ၁၂၂။ဆုတောင်းပြည့်(တောင်ဘီ) ဘုရားအနီး ထိပ်ပိုင်းပြိုကျ ၁၂၃။ ကျောင်းဦးဘုရား ထိပ်ပိုင်းပျက်စီး ၁၂၄။ အိမ်ရာကျောင်းငါးမျက်နှာ ထိပ်ပိုင်းပျက်စီး ၁၂၅။ စတုမုခ ထိပ်ပိုင်းပျက်စီး ၁၂၆။ စတုမုခဘုရားမြောက်ဘက် ဘုရား ကွမ်းတောင်ထိပြိုကျပျက်စီး ၁၂၇။ ခေမင်္ဂဘုရားစုမှဘုရားငယ် ကွမ်းတောင်အထက်ပိုင်းပျက်စီး ၁၂၈။လိုဏ်ရှည်ဘုရား ကွမ်းတောင်အထက်ပိုင်းပျက် ၁၂၉။ နွားပြဂူ ကွမ်းတောင်အထက်ပိုင်းအကုန်ပျက် ၁၃၀။ ဘုရားအမှတ်၁၅၁၂(ပုထိုးသားများ) ကွမ်းတောင်အထက်ပိုင်းအကုန်ပျက် ၁၃၁။ ဘုရားအမှတ်၁၅၉၇(သဗ္ဗညု) အနောက်ဘက်ကွမ်းတောင်အောက်ပိုင်းပဲ့ ၁၃၂။ ရွှေဂူကြီး ကွမ်းတောင်အထက်ပိုင်းပဲ့၍ထီးတော်စောင်း၊ အနောက်ဘက်အရံစေတီထိပ်ပိုင်းပြတ် ၁၃၃။ နတ်လျောင်းကျောင်း မြောက်ဘက်ဘုရား ကွမ်းတောင်အထက်ပိုင်းပျက် ၁၃၄။ ဘုရားအမှတ်၁၅၁၁ ကွမ်းတောင်အထက်ပြိုကျ ၁၃၅။ ဘုရားအမှတ်၁၅၀၇ ကွမ်းတောင်အထက်ပြိုကျ ၁၃၆။ ဘုရားအမှတ်၁၅၁၈ ကွမ်းတောင်အထက်ပြိုကျ ၁၃၇။ဘုရားအမှတ်၁၅၁၉ ကွမ်းတောင်အထက်ပြိုကျ ၁၃၈။ ဘုရားအမှတ်၉၅၆ အုတ်ကျောင်း တောင်ဘက်ခြမ်းပြို ၁၃၉။ဘုရားအမှတ်၈၆၂ ထိပ်ပိုင်းပြိုကျ ၁၄၀။ ဘုရားအမှတ်၈၅၇ ထိပ်ပိုင်းပြိုကျ ၁၄၁။ ဘုရားအမှတ်၃၁၂၃ ထိပ်ဖူးပဲ့ကျ ၁၄၂။ ဘုရားအမှတ်၄၂၁ ထိပ်ဖူးပြိုကျ ၁၄၃။ ကုသဘုရား ထိပ်ပိုင်းပြိုကျ ၁၄၄။ သမုတ္တိ ထိပ်ပိုင်းပြိုကျ ၁၄၅။ ဘုရားအမှတ်၁၁၀၄ ထိပ်ပိုင်းပြိုကျ ၁၄၆။ ဘုရားအမှတ်၁၀၈၉ ထိပ်ပိုင်းပြိုကျ ၁၄၇။ ဘုရားအမှတ်၁၂၅၉(ဖြတ်စရွှေဂူ) ငှက်ပျောဖူးပြုတ်ကျ ၁၄၈။ ဘုရားအမှတ်၁၂၅၀ စေတီလုံးဖောင်းရစ်မှပြိုကျ ၁၄၉။ ဘုရားအမှတ်၁၂၅၁ ကွမ်တောင်ထိပ်အက်ကွဲ ၁၅၀။ ဘုရားအမှတ်၆၉၇(ဆင်ဖြူရှင်ဘုရား) ကွမ်းတောင်ထိပ်ပြိုကျ ၁၅၁။ ဘုရားအမှတ်၆၉၈ အပေါ်ထိပ်ပိုင်းပြိုကျ ၁၅၂။ ဘုရားအမှတ်၆၈၄ သိမ်မြောက်ဘက်ဘုရား အပေါ်ခရေသီးပြုတ်ကျ ၁၅၃။ ဘုရားအမှတ်၁၄၅၈ အတွင်းပိုင်းအင်္ဂတေကွာကျ ၁၅၄။ ဘုရားအမှတ်၁၄၆၇ ချင်မိတ်တိုးထောင့်ပိုင်းကွာကျ၊ ကွမ်းတောင် ထိပ်ပိုင်း တစ်ခြမ်းပဲ့ ၁၅၅။ ဘုရားအမှတ်၁၄၇၁(လောကဥသျှောင်) အတွင်းနံရံကွာကျ ၁၅၆။ ဘုရားအမှတ်၁၅၈၀ ကွမ်းတောင်ထိပ်ပိုင်းပြိုကျ ၁၅၇။ မင်းအိုချမ်းသာဘုရားစု ဖောင်းရစ်အနည်းငယ်ပဲ့ကျ ၁၅၈။ စောလှဝန်းဘုရား လက်တံပြုတ်ကျ ၁၅၉။ဘုရားအမှတ်၁၂၃၆ လက်တံပြုတ်ကျ ၁၆၀။ဘုရားအမှတ်၁၂၂၃ လက်တံပြုတ်ကျ ၁၆၁။အပယ်ရတနာ လက်တံယိုင်၊ အရံစေတီ(၂)ဆူပြုတ်ကျ ၁၆၂။ဘုရားအမှတ်၁၁၉၇ လက်တံပြုတ်ကျ ၁၆၃။ဘုရားအမှတ်၁၂၀၃ အထွတ်စေတီပြုတ်ကျ ၁၆၄။ဘုရားအမှတ်၁၁၉၄ အထွတ်စေတီပြုတ်ကျ ၁၆၅။ဘုရားအမှတ်၁၂၀၄ ခရေသီး၊ ကြာမှောက် ကြာလှန်အက်ကွဲ ၁၆၆။ဘုရားအမှတ်၁၁၉၉ ခရေသီး၊ ကြာမှောက် ကြာလှန်အက်ကွဲ ၁၆၇။ဘုရားအမှတ်၅၀၆(အနောက်ကသပ) မြောက်ဘက်မုခ်ပြိုကျ၊ အရှေ့မြောက်ဘက် အရံစေတီပြိုကျ၊ အထွတ်စေတီပြိုကျ ၁၆၈။ ဘုရားအမှတ်၅၀၅(အရှေ့ကသပ) နံရံပန်းချီကွာကျ ၁၆၉။ဆင်ခံဘုရား ဓာတ်တော်တိုက်တောင်ဘက်အုတ်ခုံ ပြိုကျ၊ ဖောင်းရစ်အထက်ပြိုကျ ၁၇၀။ ဘုရားအမှတ်၇၉၅ ကြာမှောက် ကြာလှန်၊ ခရေသီးပြုတ်ကျ၊ အနောက်ဘက်ခြမ်း ဓာတ်တော်တိုက်ပြို ၁၇၁။ ရွှေမုခ်ဌော အရှေ့ဘက်မုခ်ပြို (ခ) စလေဒေသ ************************ (၁) ဆားလယ်ရှိ ဘုရားအမှတ်(၉) တစ်ဆူလုံးပြိုကျ (၂) ဘုရားအမှတ်(၇) နောက်မုခ်ဦးပြိုကျ (၃) ရေလည်ရွာရှိ ဘုရားအမှတ်(၇၁) တောင်ဘက်ခြမ်းကွမ်းတောင်အောက်ပြိုကျ (၄) ဘုရားအမှတ် (၉) ဖောင်းရစ်ဌာပနာပေါက် ပြိုကျ (၅) ဘုရားအမှတ် (၁) ဖောင်းရစ်တစ်ခြမ်းပဲ့ကျ (၆) ဘုရားအမှတ်(၁၅) မုခ်ဦးပြိုကျ (၇) ဘုရားအမှတ် (၁၈) နှင့် (၁၉) ကွမ်းတောင်ရှိ မုခ်ကပ်ငယ်များပြိုကျ (၈) ဘုရားအမှတ် (၃၀) ကြာမှောက်၊ ကြာလှန်ပဲ့ကျ (၉) ရှင်ပင်စာကြို ၊ ဘုရားအမှတ် (၈၈ထီးတော်နှင့်ခေါင်းလောင်းတော် စောင်း (ဂ) မြောက်ဦးဒေသ ************************* (၁) ရတနာမာန်အောင်ဘုရား(ထီးတော်နှင့် ငှက်ပျောဖူးမြေခ) (၂) ကိုးသောင်းပုထိုး အရံစေတီအနည်းငယ် (၃) ရတနာပုံစေတီတော် စိန်ဖူးတော်နှင့် ထီးတော်အနည်းငယ်ပဲ့ (ဃ) စစ်ကိုင်းဒေသ ************************* (၁) စစ်ကိုင်းဗုဒ္ဓပြတိုက်နှင့် ယဉ်ကျေးမှုပြတိုက်အဆောင်(၅) တောင်ဘက် နံရံအက်ကွဲ (၂) မင်းကွန်းပုထိုးတော်ရှေ့တောင်ဘက်ခြင်္သေ့အနောက်ခြမ်းအင်္ဂတေကွာကျ (၃) ချောင်းဦး ၊ အမြင့်ဒေသ ဘုရားအမှတ် (၁၃၅) တောင်ဘက်မုခ်ပြိုကျ (၄) ဘုရားအမှတ် (၀၆၂) သပိတ်မှောက်နှင့်ကြာဝန်းပြိုကျ (၅) ဘုရားအမှတ် (၀၈၆) ဖောင်းရစ်အထက်ပိုင်းပြိုကျ (၆) ဘုရားအမှတ် ၀၄၁(သုံးပန်လှ)၊၀၄၂(ဒေါင်းဘုရား)၊ ၀၁၉ (ရန်အောင်မြင်)၊ ၀၉၁ ၊ ဆုတောင်းပြည့်ဘုရားကြီး စိန်ဖူးတော်ကျိုးကျ (၇) ဘုရားအမှတ် ၀၈၂ (မိုးကောင်းဘုရားစု) ကြာလှန်အက် ပျက်စီးဆုံးရှုံးမှုအခြေအနေအား ဆက်လက်ကွင်းဆင်း စာရင်းကောက်ယူလျက် ရှိပြီး အသေးစိတ် အခြေအနေအား ထပ်မံတင်ပြသွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။ 24.8.2016 9:13PM MoRAC ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန
Source : http://ift.tt/2bF9Ioi
via IFTTT
Source : http://ift.tt/2bF9Ioi
via IFTTT
National Geographic
အီတလီကို ၆.၂ နဲ့ ရိုက်ခတ်ပြီးမှ မြန်မာကို ၆.၈ နဲ့ ရိုက်ခတ်ခဲ့တယ်။ ဘယ်လိုများ ဆက်စပ်မှု ရှိနေသလဲ။
Source : http://on.natgeo.com/2bzSre1
via IFTTT
Source : http://on.natgeo.com/2bzSre1
via IFTTT
Eleven Broadcasting
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုသာလိုပြီး ယုံကြည်မှုရှိပါက ကျန်သည့်ကိစ္စ အားလုံးရှင်းလို့ရသည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား (ရုပ်သံ) ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် တစ်ဖက်နဲ့ တစ်ဖက် ယုံကြည်မှုသာလိုပြီး ယုံကြည်မှုသာ ရှိပါက ကျန်တဲ့ကိစ္စ အားလုံး ရှင်းလို့ရတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဩဂုတ် ၂၄ ရက်က နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပစ်ရပ် လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) တို့ တွေ့ဆုံရာမှာ အဖွင့်နှုတ်ဆက်စကားပြောစဉ် ဒေါ် အောင်ဆန်းစုကြည်က အခုလို ထည့်သွင်း ပြောဆိုခဲ့တာပါ။ ယုံကြည်မှု မရှိဘူးဆိုရင် စာချုပ်တွေမှာ ဘယ်နှစ်ခါပဲ လက်မှတ်ထိုးထားသည် ဖြစ်စေ အဟောသိကံ ဖြစ်သွားမှာပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
Source : http://ift.tt/2bwbd8W
via IFTTT
Source : http://ift.tt/2bwbd8W
via IFTTT
7Day News Journal
#Earthquake #Update ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ရှေးဟောင်းပုဂံမြို့ရှိ ဘုရားများကို အရေးပေါ် ကာလအဖြစ်သတ်မှတ်ကာ နံနက်ဖြန်(သြဂုတ် ၂၅ရက်)တွင် ယူနက်စကိုအဖွဲ့က ပုဂံမြို့သို့သွားရောက် စစ်ဆေးစစ်တမ်းကောက်ယူမည်ဖြစ်ပြီး ဘုရားများပြန်လည်ပြုပြင်ရန်အတွက် ငွေကြေးနှင့် နည်းပညာများကူညီသွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂပညာရေးသိပ္ပံနှင့် ယဥ်ကျေးမှုအဖွဲ့ယူနက်စကို၏ ယဥ်ကျေးမှုဌာနအစီစဥ်ညှိနှိုင်းရေးမှုးဒေါ်ဥမ္မာချိုက 7Day Daily သို့ ပြောသည်။ "ယူနက်စကိုအဖွဲ့က မနက်ဖြန် ပုဂံကိုသွားပြီး စစ်ဆေးမယ်။ဘယ်လောက်ထိပျက်စီးမှုရှိတယ်ဆိုတာ စာရင်းကောက်ယူမယ်။ပြီးရင် ဘုရားတွေကို ဘယ်လိုနည်းနဲ့ပြန်လည်ပြုပြင်မလဲဆိုတာ ဆွေးနွေးရပါမယ်။အခု အရေးပေါ်ကာလအဖြစ်သတ်မှတ်ပြီးပြုပြင်မယ်။ယူနက်စကိုက ငွေကြေးအရရော နည်းပညာအရပါ ကူညီပေးသွားမယ်"ဟု ဒေါ်ဥမ္မာချိုက ပြောသည်။
Source : http://ift.tt/2bP6HS1
via IFTTT
Source : http://ift.tt/2bP6HS1
via IFTTT
The Voice
အီတလီနိုင်ငံ အလယ်ပိုင်းတွင် ယနေ့ နံနက် အစောပိုင်းက ပြင်အား ၆ ဒသမ ၂ အဆင့်ရှိ ငလျင် တစ်ခု လှုပ်ခတ်ခဲ့ပြီး လက်ရှိအချိန်ထိ သေဆုံးသူ ၆ ဦးအထိ ရှိသွားပြီဖြစ်ကြောင်း BBC သတင်းဌာနတွင် ဖော်ပြထားသည်။ ဒေသစံတော်ချိန် မနက် ၃ နာရီ၊ ၃၆ မိနစ်က ပီရူဂျီယာမြို့ အရှေ့တောင်ဘက် ၄၇ မိုင်ခန့်ကို ဗဟိုပြုကာ အနက် ၆ မိုင်ခန့်တွင် လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ငလျင်ဒဏ်ကြောင့် အကူမိုလီမြို့ရှိ အဆောက်အဦ အများအပြား ပြိုကျ ပျက်စီးခဲ့ပြီး ရောမမြို့ရှိ အဆောက်အအုံ အချို့မှာ စက္ကန့် ၂ဝ ကြာ လှုပ်ခါသွားခဲ့ရသည်။ အကူမိုလီမြို့ရှိ အပျက်အစီးများကြားမှ မိသားစုဝင် ၄ ဦးရှိ မိသားစု တစ်စုကို တွေ့ရှိခဲ့ရပြီး အနီးအနားရှိ ရွာတစ်ရွာတွင်လည်း လူ ၂ ဦး သေဆုံးခဲ့သည်ကို တွေ့ရှိထားကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ ငလျင်ကျရောက်ရာဒေသရှိ မြို့တစ်မြို့ဖြစ်သော အမ်မာထရိုက်စ်မြို့တွင်လည်း ငလျင်ကြောင့် လမ်း၊ တံတားနှင့် အဆောက်အဦ အများအပြား ပျက်စီးခဲ့သည်။ “မြို့တွင်း အဝင်၊ အထွက် လမ်းတွေ အားလုံး ပျက်ကုန်တယ်၊ မြို့တစ်ဝက်လောက်လည်း ပျက်စီးသွားတယ်၊ အပျက်အစီးတွေ အောက်မှာလည်း လူတွေရှိနေတုန်းပဲ”ဟု အမ်မာထရိုက်စ် မြို့တော်ဝန်က ပြောကြားသည်။ ယခု ငလျင်လှုပ်ခတ်သည့် ဒေသတွင် ၂ဝဝ၉ ခုနှစ်ကလည်း ပြင်းအား ၆ ဒသမ ၃ ရှိ ငလျင် တစ်ခုလှုပ်ခတ်ခဲ့ပြီး ထိုစဥ်က လူပေါင်း ၃ဝဝ အထိ အသက် ဆုံးရှုံးခဲ့ရသည်။
Source : http://goo.gl/95CXjY
via IFTTT
Source : http://goo.gl/95CXjY
via IFTTT
7Day News Journal
မင်္ဂလာဒုံမြို့နယ်တွင်ဖြစ် ပွားခဲ့သော လေးလောင်းပြိုင်လူ သတ်မှုနှင့်ပတ်သက်၍ သေဆုံးသူ ဦးစိုးနောင်နှင့် အခြားလူသုံးဦး စကားအချေအတင်ဖြစ်ဖူးခြင်းကို မြင်တွေ့ထားသည့် မျက်မြင်သက်သေတစ်ဦးကို တွေ့ရှိထားပြီး ပြစ်မှုကျူးလွန်သူများနှင့် ပတ်သက်၍စုံစမ်းစစ်ဆေးနေကြောင်း သတင်းရရှိသည်။ တွေ့ရှိခဲ့သည့် မျက်မြင် သက်သေတစ်ဦးက အမျိုးသား သုံးဦးနှင့် သေဆုံးသူဦးစိုးနောင်တို့ ငွေကြေးကိစ္စဖြင့် စကားအချေအ တင်ပြောဆိုမှုကို မြင်ဖူးသူဖြစ် သည်ဟု မှုခင်းရဲတပ်ဖွဲ့မှ ရဲအရာ ရှိကြီးတစ်ဦးက ပြောသည်။ ‘‘သေဆုံးသူနဲ့ အမျိုးသားသုံး ယောက်စကားများဖူးတာကို သိ တဲ့မြင်တဲ့တစ်ယောက်ရှိတယ်။ သူတို့တွေ ငွေကြေးကိစ္စပြောပြီး အသတ်ခံရတဲ့ ကိုစိုးနောင်တောင်း ပန်နေတာလည်း သူကကြား တယ်။ ဒီလူတွေကို အပြင်မှာတွေ့ လည်း မြင်ဖူးတယ်ပြောတယ်။ ဒီ အမှုအတွက် ရဲချုပ်ကိုယ်တိုင် လည်း အမှုပေါ်ပေါက်ဖို့အတွက် လုပ်ဆောင်ခိုင်းထားပါတယ်’’ဟု အဆိုပါရဲအရာရှိက ပြောသည်။ မင်္ဂလာဒုံမြို့နယ်တွင်ဖြစ် ပွားခဲ့သော လေးလောင်းပြိုင်လူ သတ်မှုသည် ပြည်သူများ၏ အေး ချမ်းသာယာရေးကို စိန်ခေါ်သလို ဖြစ်နေပြီး ရဲလုပ်ငန်းစဉ်နှင့် ယင်း အမှုကိစ္စကို လမ်းလွှဲခြင်းမျိုး မဖြစ်စေရန် လေ့လာ စောင့်ကြည့်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော် တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာ များ၊ အသနားခံစားများ စိစစ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမြင့်လွင်က ပြောသည်။ အစိုးရသစ်လက်ထက်တွင် ပထမဆုံးစိန်ခေါ်မှုဖြစ်သော လေးလောင်းပြိုင် လူသတ်မှု ဖြစ်စဉ်အပေါ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်က အထူး စိတ်၀င်စားနေပြီး လမ်းကြောင်းလွှဲခြင်း မဖြစ်ပေါ်ရန် စောင့်ကြည့်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ‘‘အခုတစ်ယောက်ကို စစ် မေးနေတယ်ဆိုတာက အရင်က ပတ်သက်ခဲ့ဖူးတဲ့သူတွေခေါ်မေး တာပါ။ သူတို့အရင် ကိစ္စတွေရှိပေ မယ့် သူတို့မိသားစုအသတ်ခံရ တာကို ခေါ်စစ်မေးခံရတဲ့သူက စစ်မေးမှ သူသိတာပါ။ လက်ရှိမှာ တော့ အကုန်လုံးကို စစ်မေးနေပါ တယ်’’ဟု မှုခင်းရဲတပ်ဖွဲ့ (CID)မှ ရဲအရာရှိတစ်ဦးက ပြောသည်။ မင်္ဂလာဒုံမြို့နယ်တွင် ဖြစ်ပွားခဲ့သော လေးလောင်းပြိုင် လူသတ်မှုနှင့် ပတ်သက်၍ သတင်းမှားများ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ပေါ် ရေးသား ဖော်ပြနေသူများကို စိစစ် အရေးယူမည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားသည်။ အဆိုပါလူသတ်မှုကို မှုခင်း ရဲတပ်ဖွဲ့ (CID)၊ ရန်ကုန်တိုင်းဒေ သကြီး မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ နှင့် အထူး ရဲတပ်ဖွဲ့မှ အရာရှိအချို့ က ဦးဆောင် စစ်ဆေးနေပြီး အတည်မပြုနိုင်သေးသော သတင်းများအရ သံသယရှိသူ အချို့ကို ရဲတပ်ဖွဲ့က ခေါ်ယူ စစ်ဆေးနေကြောင်း သတင်းရရှိသည်။
Source : http://ift.tt/2bDl646
via IFTTT
Source : http://ift.tt/2bDl646
via IFTTT
Eleven Media Group
၂ဝ၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်က သြဂုတ် ၂၃ ရက်တွင် အတည်ပြုခဲ့သည်။ အဆိုပါဥပဒေတွင် အစိုးရမှ တင်ပြသည့် နိုင်ငံတော်၏ အသုံးစရိတ် ကျပ် ၂ဝ၇၃၆ ဘီလျံ မှ ကျပ်ဘီလျံ ၄၇ဝ ဝန်းကျင်ကို ဖြတ်တောက်ကာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ဖြတ်တောက်လျှော့ချခဲ့သည့် ဝန်ကြီးဌာနများတွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတို့မှလွဲ၍ ကျန်ဝန်ကြီးဌာနများ၏ မူလအသုံးစရိတ်များကို ဖြတ်တောက် လျှော့ချခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုလွှတ်တော်က နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၏ သာမန်သုံးငွေ ကျပ် ၉၇၈ဝ ဒသမ ၁၃ဝ သန်းမှ ကျပ် ၂၂ဝ သန်းကို လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏ သာမန်သုံးငွေ ကျပ် ၂၅၇၃၇ဝ ဒသမ ၅၄၁သန်းမှ ကျပ် ၁ဝ၁၉ သန်းကို လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၏ ငွေလုံးငွေရင်းသုံးငွေ ကျပ် ၉ဝ၄၇၈ ဒသမ ၉၁၁ သန်းမှ ကျပ် ၁၁၄၄၂ ဒသမ ၃ဝ၂ သန်းကို လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန၏ သာမန်သုံးငွေ ကျပ် ၃၅၃၉၇ ဒသမ ၃၁၈ သန်းမှ ကျပ် ၁၃၃၆ ဒသမ ၅၅၅ သန်းနှင့် ငွေလုံးငွေရင်းသုံးငွေ ကျပ် ၅ဝ၂၁ ဒသမ ဝ၂၈ သန်းမှ ကျပ် ၉၈ ဒသမ ၉၇၆ သန်းကို လည်းကောင်း၊ သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၏ သာမန်သုံးငွေကျပ် ၁၇၆၄၄ ဒသမ ၂၄၈ သန်းမှ ကျပ် ၁၅၆ သန်းကို လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ငွေလုံးငွေရင်းသုံးငွေ ကျပ် ၇၂၂၈၂၆ သန်းမှ ကျပ် ၁၁၃ဝဝ၇ ဒသမ ဝ၁၆ သန်းကို လည်းကောင်း၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ငွေလုံးငွေရင်း သုံးငွေကျပ် ၈ဝ၄၁၃ ဒသမ ၃၈၇ သန်းမှ ကျပ် ၉၂၄၃ သန်းကို လည်းကောင်း အသီးသီး လျှော့ချခွင့်ပြုခဲ့သည်။ ထို့အတူ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ သာမန်သုံးငွေ ကျပ် ၁၈၆ဝ၆ ဒသမ ၂၂၆ သန်းမှ ကျပ် ၆၆ သန်းနှင့် ငွေလုံးငွေရင်းသုံးငွေ ကျပ် ၈၈၅၂ ဒသမ ၃၇၈ သန်းမှ ကျပ် ၁၃ ဒသမ ၆၅ဝ သန်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ငွေလုံးငွေရင်းသုံးငွေ ကျပ် ၃၆၂ဝ ဒသမ ဝ၈၂ သန်းမှ ကျပ် ၁၂ဝ ဒသမ ဝ၈၅ သန်း၊ စက်မှုဝန်ကြီးဌာန၏ သာမန်သုံးငွေကျပ် ၈၇၂ဝ ဒသမ ဝ၂၃ သန်းမှ ကျပ်သန်း ၃ဝ နှင့်ငွေ လုံးငွေရင်း သုံးငွေ ကျပ်သန်း ၈၂၃၆ ဒသမ ၇၂ဝ မှ ကျပ်သန်း ၆၅၈ ဒသမ ၈၇ဝ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ သာမန်သုံးငွေ ကျပ် ၁၄ဝ၃၄ ဒသမ ၈၁၈ သန်းမှ ကျပ် ၉၈ သန်း နှင့် ငွေလုံးငွေရင်းသုံး ငွေကျပ် ၁ဝ၂၉ ဒသမ ၁ဝ၅ သန်းမှ ကျပ် ၄ဝ ဒသမ ၈၅၃ သန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ သာမန်သုံးငွေ ကျပ် ၄၆၄၉၉ ဒသမ ၂၁၇ သန်းမှ ကျပ် ၃၅၂ ဒသမ ဝ၇၉ သန်းနှင့် ငွေလုံးငွေရင်းသုံးငွေ ကျပ် ၆၈၁၁ဝ ဒသမ ၇၈၇ သန်းမှ ကျပ် ၁၂၈၂၃ ဒသမ ၁၈၁ သန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ငွေလုံးငွေရင်းသုံးငွေ ကျပ် ၄၆၇၃၅၄ ဒသမ ၅၁၃ သန်းမှ ကျပ် ၈ဝ၁ဝ၈ ဒသမ ၅ဝဝ သန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ငွေလုံးငွေရင်းသုံးငွေ ကျပ် ၃၆၃၅ ဒသမ ၅၂၆ သန်းမှ ကျပ် ၁ဝဝ ဒသမ ၄၈၇သန်း၊ ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ သာမန်သုံးငွေ ကျပ် ၃၈၉၇ ဒသမ ၄၃၆ သန်းမှ ကျပ် ၃ဝ ဒသမ ၇ သန်းတို့ကို လျှော့ချခွင့်ပြုခဲ့သည်။ “ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီးဌာနတွေကို လုံးဝဖြတ်တောက်ခြင်း မပြုပါဘူး။ ပြီးတော့ အသစ်ဖွဲ့စည်းတဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးနဲ့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနရယ် မဖြတ်ပါဘူး။ နောက် ကာကွယ်ရေးဝန်ကြီးဌာန၊ အရင်တုန်းက စိစစ်ဖြတ်တောက်ထားတဲ့အတိုင်း ကျွန်တော်တို့ အတည်ပြုခဲ့ပါတယ်။ အခုဟာက ပြင်ဆင်ချက် တင်တာပါ။ တကယ်တော့ ဒီ ၂ဝ၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေဆိုတာ ပထမအကြိမ် လွှတ်တော်ကတည်းက ဇန်နဝါရီလကတည်းက အတည်ပြုထားပြီးသားပါ။ ဒါပေမဲ့ အခုအစိုးရအနေနဲ့ ဝန်ကြီးဌာန ၃၁ ခုကနေ ဝန်ကြီးဌာန ၂၂ ခုထိ လျှော့ချ ဖွဲ့စည်းခဲ့တဲ့အတွက်ကြောင့် လိုက်လျောညီထွေမှုရှိအောင် ဒီပြင်ဆင်ချက်ကို တင်ပြလာခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပြန်စိစစ်လိုက်တဲ့အခါမှာ လျှော့ချသင့်တဲ့ အနေအထားတွေကို လျှော့ချလိုက်တာပါ။ မူလကတည်းက ဒီဘတ်ဂျက်က စိစစ်ထားပြီးသားပါ။ သို့သော် ကျွန်တော်တို့ ပြန်စိစစ်တဲ့အခါ ဒီနှစ်ထဲမှာ အကောင်အထည်ဖော်နိုင်ဖို့ အဓိကထားတဲ့ လုပ်ငန်းတွေ ရှိတယ်။ တချို့ကတော့ ပြည်ပချေးငွေ ထောက်ပံ့တာတွေ ရှိမယ်။ အဲဒါတွေကျတော့လည်း ချေးငွေစာချုပ်တွေအရ အမှန်တကယ် ရနိုင်မယ့်ဟာတွေ၊ မူလမှန်းစဥ်တုန်းက ဒီဘတ်ဂျက်ပြင်ဆင်မှုလုပ်နေတာဟာ ၂ဝ၁၅ ဒီဇင်ဘာလလောက်ကတည်းက ပြင်ဆင်မှုလုပ်နေတဲ့ အခါကျတော့ အဲဒီအခြေအနေနဲ့၊ အခုအခြေအနေနဲ့ တကယ့်အခြေအနေဆိုတာ ရှိတယ်။ တချို့ကျတော့ ထောက်ပံ့မှုတွေ ရှိတယ်။ လက်မှတ်ထိုးရတာတွေ ရှိတယ်။ စာချွန်လွှာလဲရတာတွေ ရှိတယ်။ အချိန်မီ မရောက်နိုင်တာတွေ ရှိတယ်။ ဒါတွေ ပြန်စိစစ်တာပေါ့”ဟု ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီမှ ဒုဥက္ကဋ္ဌ ဦးအောင်မင်းက ပြောကြားသည်။ ထို့ပြင် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ ခေါင်းစဥ်အောက်မှ ပြန်ကြားရေးဝန်ကြီးဌာန၏ ငွေလုံးငွေရင်းသုံးငွေ ကျပ် ၁၈၆၅ ဒသမ ၄၂၄ သန်းမှ ကျပ် ၁၂၅ ဒသမ ၁၃၆ သန်းနှင့် သာမန်သုံးငွေ ကျပ် ၁၆၇၃၆ ဒသမ ၃၆၃ သန်း မှ ကျပ်သန်း ၂ဝဝ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ငွေလုံးငွေရင်းသုံးငွေ ကျပ် ၂၃ ဒသမ ၉ဝ၁ သန်းမှ ကျပ် ၄ သန်း၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ငွေလုံးငွေရင်းသုံးငွေ ကျပ် ၃၂၃၆၇၆ ဒသမ ၉၂၅ သန်း မှ ကျပ် ၄၅ ဒသမ ၄၁၅ သန်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ငွေလုံးငွေရင်းသုံးငွေ ကျပ် ၂၃၄ ဒသမ ၄၉၆ သန်းမှ ကျပ် ၂၄ ဒသမ ၅ဝ၂ သန်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ငွေလုံးငွေရင်းသုံးငွေ ကျပ် ၃၃၆၄၃၂ ဒသမ ၄၃၄ သန်း မှ ကျပ် ၄၉၆၆ ဒသမ ၆၉၆ သန်းနှင့် သာမန်သုံးငွေ ကျပ် ၄ဝ၁၄၅၂ဝ ဒသမ ၈ဝ၁ သန်းမှ ကျပ် ၁၄၂၈၆၃ ဒသမ ၁၄၉ သန်း၊ စက်မှုဝန်ကြီးဌာန၏ သာမန်သုံးငွေကျပ် ၁၁၁၇၉၇ ဒသမ ၆ဝ၅ သန်းမှ ကျပ်သန်း ၂၅ဝ နှင့် ငွေလုံးငွေရင်းသုံးငွေ ကျပ် ၂၅၉၃၂၄ ဒသမ ၅၄၃ သန်းမှ ကျပ် ၄၄၁ဝ၂ ဒသမ ၆၁၄ သန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ငွေလုံး ငွေရင်းသုံးငွေ ကျပ် ၁၅၁၄ဝ ဒသမ ဝ၅၈ သန်း မှ ကျပ်သန်း ၉ဝ၅ ဒသမ ၄၆၇ တို့လည်း ဖြတ်တောက် လျှော့ချခဲ့သည်။ Writer: စိုးမင်းထိုက်၊ ငြိမ်းဇော်လင်း၊ မျိုးမင်းထက်
Source : http://ift.tt/2bfnOde
via IFTTT
Source : http://ift.tt/2bfnOde
via IFTTT
Eleven Broadcasting
အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကို နျူကလီးယားလက်နက်သုံးပြီး တိုက်ခိုက်သွားမည်လို့ မြောက်ကိုရီးယား ခြိမ်းခြောက် (ရုပ်သံ) မြောက်ကိုရီးယားနိုင်ငံဟာ အမေရိကန်နိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံတို့ ပူးတွဲစစ်ရေးလေ့ကျင့်ခဲ့တဲ့အပေါ် အပြစ်တင် ၀ေဖန်မှုတွေ ပြုလုပ်ခဲ့ပြီး ၎င်းတို့ကို နျူကလီးယားလက်နက်နဲ့ တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
Source : http://ift.tt/2bLALMT
via IFTTT
Source : http://ift.tt/2bLALMT
via IFTTT
Tuesday, August 23, 2016
The Voice
အခြေခံပညာအဆင့် ဆရာ၊ ဆရာမများကို လစာတိုးပေးမည် အခြေခံပညာအဆင့် သင်ကြားပေးနေသော ဆရာဆရာမများကို လစာတိုးပေးရန် လျာထား ဆောင်ရွက်နေသည်ဟု အခြေခံပညာဦးစီဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သန်းဦးက ပြောကြားသည်။ “တိုးပေးဖို့ရက်ကို အတိအကျပြောလို့ မရသေးပါဘူး။ ဘယ်လောက်တိုးရမလဲဆိုတာ ကျွန်တော့်ဌာနရဲ့ အင်အားပေါ် မူတည်ပါတယ်” ဟု ၎င်းက ဆိုသည်။ ယခုလို အခြေခံပညာအဆင့် ဆရာ၊ ဆရာများ လစာတိုးပေးမည့် အစီစဉ်သည် အလွန်ကောင်းမွန်သည့် အစီစဉ်ဖြစ်ကြောင်းနှင့် အခြေခံပညာအဆင့် လစာတိုးလျှင် မူလတန်းပြဆရာ၊ ဆရာများသည် ပညာရေး အုတ်မြစ် ဖြစ်သဖြင့် ၎င်းတို့ကို ဦးစားပေး တိုးသင့်သည်ဟု ပြည်သူလွှတ်တော်တွင် ပညာရေးအဆိုများ အများဆုံး တင်သွင်းနေသည့် အောင်မြေသာစံမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမိုးက ပြောကြားသည်။ တိုးပေးမယ်ဆိုတာ ကြားနေရတာ ကြာပြီ။ အခုမှ တရားဝင်ပြောတာ ကြားရတယ်။ လစာကလွဲပြီး ဘာဝင်ငွေမှ မရှိတော့ ဒါကမျော်လင့်ချက်ပေါ့” ဟု ပျဉ်းမနားမြို့ခံ အထက်တန်းပြဆရာမ ဒေါ်လှလှဆွေက ပြောဆိုသည်။ အခြေခံပညာဦးစီဌာနတွင် ဝန်ထမ်းလေးသိန်းကျော် ရှိပြီး သင်ကြားရေးဆရာ၊ ဆရာမ သုံးသိန်းခုနှစ်သောင်း ရှိကြောင်း ပညာရေး ဝန်ကြီးဌာနမှ စုံးစမ်းသိရှိရသည်။
Source : http://goo.gl/C0FCdG
via IFTTT
Source : http://goo.gl/C0FCdG
via IFTTT
မကွေးမြို့ရှိ ရွှေဆိုင်ကို မူးယစ်ဆေးသုံးထားသည့် လူငယ်နှစ်ဦး အနုကြမ်းစီး မကွေး၊ ဩဂုတ် ၂၃ မကွေးမြို့သစ္စာလမ်းရှိ စိန်ရတနာရွှေဆိုင်ရှင် မိသားစုကို မူးယစ်ဆေးသုံးစွဲထားသည့် အသက် ၂၀ အရွယ် လူငယ်နှစ်ဦးက ခြမ်းခြောက်ကာ အနုကြမ်းစီးမှု ဩဂုတ် ၂၂ ရက် ည ၇ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း အဆိုပါ ရွှေဆိုင် မိသားစုနှင့် မကွေးမြို့မရဲစခန်းထံမှ သိရသည်။ အဆိုပါဆိုင်မှ လုပ်သားများ အလုပ်ဆင်းချိန်၌ မူးယစ်ဆေးသုံးစွဲထားသည့် လူငယ်နှစ်ဦး ရောက်ရှိလာခြင်း ဖြစ်ကြောင်း၊ ၎င်းတို့သည် ဆိုင်တွင် တပ်ဆင်ထားသည့် CCTV ကင်မရာကို ဆွဲလှန်ခဲ့ကြောင်း ဆိုင်ရှင် ဦးအောင်ကျော်စိုးက ပြောကြားသည်။ “သူတို့ထဲက တစ်ဦးက သိန်း ၅၀ ရအောင်တောင်းဖို့ပြောတယ်လို့ သိရတယ်။ အိမ်မှာရှိတဲ့လူတွေ ဖုန်းဆက် အကြောင်းကြားတဲ့အတွက် အနုကြမ်းစီးတဲ့ လူငယ်တွေကို ၁၀ မိနစ်အတွင်း ဖမ်းဆီးနိုင်ခဲ့ပါတယ်” ဟု မကွေးမြို့မရဲစခန်းမှူး ဒုရဲမှူးစိန်အောင်က ပြောဆိုသည်။ ပြစ်မှုကျူးလွန်ခဲ့သူများမှာ မကွေးမြို့ ကန်သာရပ်တွင် နေထိုင်သည့် အသက် ၁၈ နှစ်အရွယ် ရန်နောင်ထွန်း (ခ) ယံယံနှင့် အသက် ၁၉ နှစ်အရွယ် ရဲမြတ်ကျော်(ခ) ရဲကြီးတို့ဖြစ်ပြီး ၎င်းတို့ထံမှ မူးယစ်ဆေးဟုယူဆရသည့် ပစ္စည်းအချို့ကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း မကွေးမြို့မရဲစခန်း၏ ကနဦးစစ်ဆေးချက်များအရ သိရသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရန်နောင်ထွန်း (ခ) ယံယံနှင့် ရဲမြတ်ကျော်(ခ) ရဲကြီးတို့ကို မကွေးမြို့မရဲစခန်းက (ပ)၁၆၅၈/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၈၄ (ခြောက်လှန့်၍ ပစ္စည်း တောင်းယူမှု) ၊ (မယ) ၇/၂၀၁၆ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေပုဒ်မ ၁၅/၁၆(ဂ)/၂၀(က)/၂၁ တို့ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း ယင်းရဲစခန်းထံမှ သိရသည်။
Source : http://goo.gl/soi002
via IFTTT
Source : http://goo.gl/soi002
via IFTTT
The Voice
သန်မြန်သူ ယာဥ်လိုင်းအမှတ် (၈၁) ခရီးသည်တင် ဒိုင်နာယာဥ်မှ ယာဥ်မောင်းနှင့် ယာဥ်နောက်လိုက်တို့၏ ထိုးကြိတ်မှုကြောင့် ခရီးသည်တစ်ဦး သေဆုံးခဲ့ကြောင်း မရမ်းကုန်းမြို့မ ရဲစခန်းထံမှ သိရသည်။ သေဆုံးခဲ့သူ အသက် ၄၁ နှစ်အရွယ် ဦးညွန့်လွင်မှာ သြဂုတ် ၂၁ ရက် ည ၁ဝ နာရီက ညီဖြစ်သူနှင့်အတူ မရမ်းကုန်းမြို့နယ် တံတားလေး လမ်ဝမှတ်တိုင်တွင် (၈၁) ဒိုင်နာယာဥ်ဖြင့် လိုက်ပါခဲ့ကြောင်း မရမ်းကုန်း မြို့မစခန်းမှူး ဒုရဲမှူး ဇော်ထွန်းက ပြောကြားသည်။ "ရှစ်မိုင်သွားမယ့် ညီအစ်ကို နှစ်ယောက်ကို စပယ်ယာက တစ်ယောက် ငါးရာကျပ် တောင်းတာကြောင့် မလိုက်တော့ဘူး။ တက္ကစီပဲ ငှားစီးတော့မယ် ပြောပြီး ကားပေါ်က ဆင်းချိန် ယာဥ်မောင်းနဲ့ စပယ်ယာ နှစ်ယောက်က သေဆုံးသူကို လက်သီးနဲ့ ဝိုင်းထိုးခဲ့တာ"ဟု ၎င်းက ဆိုသည်။ နဝဒေးရုပ်ရှင်ရုံကွေ့ ဒိုင်နာယာဥ်ပေါ်မှ ဆင်းနေသော အမျိုးသားကို အသက် ၂၁ နှစ်အရွယ် ယာဥ်မောင်းနှင့် ၁၉ နှစ်အရွယ် ယာဥ်နောက်လိုက် နှစ်ဦးက လက်သီးဖြင့် ဝိုင်းထိုးခဲ့သောကြောင့် ကားလမ်းပေါ် ပက်လက်လန်လဲကျခဲ့ပြီး ဦးခေါင်းနောက်စေ့ ပေါက်ပြဲကာ သတိလစ်မေ့မြော ခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်များအရ မရမ်းကုန်းမြို့မ ရဲစခန်းထံမှ သိရသည်။ "ဒရိုင်ဘာနဲ့ စပယ်ယာက ခရီးသည်ကို ဝိုင်းထိုးပြီး ကားမောင်းထွက်ပြေးသွားတယ်။ သေဆုံးသူရဲ့ ညီဖြစ်သူက ကားနံပါတ် မှတ်ထားပြီး သူ့အစ်ကိုကို မြောက်ဥက္ကလာ ဆေးရုံပို့ခဲ့တယ်။ ဒါပေမဲ့ သြဂုတ် ၂၂ ရက် ညမှာ သေဆုံးသွားတယ်။ ပြစ်မှုကျူးလွန်သူတွေ အားလုံးကို ဖမ်းမိထားပါပြီ"ဟု ဒုရဲမှူး ဇော်ထွန်းက ပြောကြားသည်။ ခရီးသည် သေဆုံးမှုနှင့် ပတ်သက်၍ သန်မြန်သူယာဥ်လိုင်းအမှတ် (၈၁) မှ တာဝန်ရှိသူများထံ လတ်တလော ဆက်သွယ်မေးမြန်းနေပြီး ထိရောက်သည့် အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မထသ(ဗဟို)ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။ #LyMo@The Voice
Source : http://goo.gl/8lzvl6
via IFTTT
Source : http://goo.gl/8lzvl6
via IFTTT
ရေစိုမှာကြောက်လို့ ပွေ့ချီခိုင်းတဲ့ အိန္ဒိယက ပြည်နယ်ဝန်ကြီးချုပ် လှောင်ပြောင်ပြစ်တင်ခံရ အိန္ဒိယနိုင်ငံမှာ ပြည်နယ်ဝန်ကြီးချုပ်တစ်ယောက်ဟာ ရေကြီးတဲ့ဒေသကို သွားရောက်ကြည့်ရှုစဉ်မှာ ခြေကျင်းဝတ်လောက်ပဲ နစ်တဲ့ရေထဲကို မဆင်းချင်တဲ့အတွက် ရဲဝန်ထမ်းတွေကို ပွေ့ချီခိုင်းခဲ့ပါတယ်။ အဲဒီလိုရေထဲကို ဖြတ်စဉ်မှာ ပြည်နယ်ဝန်ကြီးချုပ်ကို ရဲဝန်ထမ်းတွေက ပွေ့ချီပေးခဲ့ရတဲ့ ဓာတ်ပုံဟာ အိန္ဒိယက လူမှုကွန်ရက်မီဒီယာသုံးစွဲသူတွေကြားမှာ ပျံ့နှံ့သွားခဲ့ပြီးနောက် အဲဒီ့ပြည်နယ်ဝန်ကြီးချုပ်ကို ဝိုင်းဝန်း လှောင်ပြောင်သရော်မှုတွေ ဆက်တိုက် ဆိုသလို ပေါ်ထွက်လာပါတော့တယ်။ ရေထဲကို ဖြတ်သန်းစဉ် ဝန်ထမ်းတွေကို ပွေ့ချီခိုင်းခဲ့တဲ့သူကတော့ အိန္ဒိယနိုင်ငံအလယ်ပိုင်းက မာဒေ့ယာပရာဒက်ရှ် ပြည်နယ်ရဲ့ဝန်ကြီးချုပ် ရှီဗရာ့ဂျ်ဆင်းချ်ချိုဟန်ပဲ ဖြစ်ပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်ကို တချို့က လှောင်ပြောင်ခဲ့သလို တချို့က ဒေါသတကြီးနဲ့ ပြစ်တင် ဝေဖန်ခဲ့ကြပါတယ်။ လက်ရှိအချိန်မှာ အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်အများအပြားမှာ ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပွားနေပြီး မာဒေ့ယာပရက်ဒက်ရှ် ပြည်နယ် တစ်ခုတည်းမှာတင် ရေကြီးမှုနဲ့ စပ်လျဉ်းပြီး သေဆုံးသူ ၁၇ ဦးအထိ ရှိသွားပြီ ဖြစ်ပါတယ်။ ၀န်ကြီးချုပ်မစ္စတာဆင်းချ်ချိုဟန်ဟာ တခြား ပြည်နယ်တွေက ဝန်ကြီးချုပ်တွေလိုပဲ သူ့ပြည်နယ်အတွင်း ရေကြီးတဲ့ဒေသတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်နေမှုတွေကို သွားရောက်စစ်ဆေးခဲ့တာဖြစ်ပေမယ့် ရေစို မခံချင်တာကြောင့် အခုလို လှောင်ပြောင် ဝေဖန်ခံရမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပဲ ဖြစ်ပါတယ်။ Ref : BBC
Source : http://goo.gl/Hs8XoB
via IFTTT
Source : http://goo.gl/Hs8XoB
via IFTTT
အိန္ဒိယနိုင်ငံက လူတစ်ဦးရဲ့ အစာအိမ်ထဲမှ ဓားအချောင်း လေးဆယ် ဆရာဝန်များ တွေ့ရှိ အိန္ဒိယနိုင်ငံက အမျိုးသား တစ်ဦးဟာ အချိန် ၂ လကြာအောင် ဓားတွေကို မျိုချ စားသောက် နေခဲ့ပါသတဲ့။ ယခုအခါ ဆရာဝန်တွေက အဆိုပါ ဓားတွေကို ဗိုက်ခွဲကာ ပြန်ထုတ် ပေးနေရပြီး ဓားအချောင်း လေးဆယ် တွေ့ရှိရတယ်လို့ သတင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ ''သူဟာ သတ္တုတွေကို စားသောက်နေခဲ့တာ ဖြစ်ပါတယ်။ အတွေ့အကြုံ ရင့်ပြီးသား ခွဲစိတ် ဆရာဝန်ကြီးတွေ အတွက်တောင် လန့်စရာကြီးပါ'' လို့ ဒေါက်တာ ဂျာတင်ဒါမယ်ဟိုတြာက CNN သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ''ကျွန်တော်တို့ အရမ်းကို စိတ်လှုပ်ရှားကြပါတယ်။ အမှားလေး တစ်ခု လုပ်လိုက်မိတာနဲ့ လူနာ အသက် ဆုံးရှုံးသွားနိုင်ပါတယ်။ ကျွန်တော့်ရဲ့ နှစ်ပေါင်း ၂ဝ ကျော်ကြာ အတွေ့အကြုံမှာ ဒါမျိုးတစ်ခါမှ မမြင်ဖူးပါဘူး''လို့ ဒေါက်တာ မယ်ဟိုတြာက ဆိုပါတယ်။ ရောဂါ ရှာဖွေရတာနဲ့ ခွဲစိတ်ဖို့ အစီအစဉ် လုပ်ရတာဟာ နှစ်ရက်တောင် ကြာပါတယ်လို့ ဆရာဝန်ကြီးက ဆက်လက် ပြောကြားပါတယ်။ ငါးနာရီကြာတဲ့ အဆိုပါခွဲစိတ်မှုဟာ ပန်ဂျပ်ပြည်နယ် အမ်ရစ်ဆာမြို့မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဓားတွေဟာ ခေါက်ဓားတွေ ဖြစ်ပြီးတော့ ဆန့်လိုက် မယ်ဆိုရင်တော့ ခုနစ် လက်မလောက် ရှည်သွားမှာ ဖြစ်ပါတယ်လို့ ဒေါက်တာ မယ်ဟိုတြာက ဆိုပါတယ်။ ''လူနာက ပြောပါတယ်။ သူဟာ တချို့ဓားတွေကို ခေါက်လျက် မျိုချပြီး တချို့ကိုတော့ မခေါက်ဘဲ အပြင်ကို ထုတ်လို့ မျိုချပါတယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ တွေ့တဲ့အချိန်မှာ တချို့ဓားတွေဟာ ခေါက်ထားပြီး တချို့ဟာ ပွင့်နေပါတယ်။ တချို့က သံချေး တက်နေပြီး တချို့က ကျိုးပျက်နေပါပြီ''လို့ သူက ဆိုပါတယ်။ လူနာအမျိုးသားဟာ အသက် ၄၂ နှစ် အရွယ်ရှိပြီး ကလေး ၂ ဦးရဲ့ ဖခင်လည်း ဖြစ်ပါတယ်။ ''ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော့် မိသားစုကို မျက်နှာ ပျက်စေခဲ့ရ ပါတယ်။ ဆရာဝန်နဲ့ ဆေးရုံဝန်ထမ်းတွေ ကျွန်တော့်ကို ကယ်ဆယ်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်'' လို့လည်း ဆိုထားပါတယ်။ Ref : CNN
Source : http://goo.gl/YqxYPB
via IFTTT
Source : http://goo.gl/YqxYPB
via IFTTT
မြန်မာနိုင်ငံရှိ ရွှေ့ပြောင်း အမျိုးသမီး လုပ်သားများ၏ ဘဝအခြေအနေကို ILO စစ်တမ်းကောက်ယူ ရန်ကုန်၊ သြဂုတ်၂၂ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသော ရွှေ့ပြောင်း မြန်မာ အမျိုးသမီး လုပ်သားများ၏ ဘဝ အခြေအနေများနှင့် လိုအပ်ချက်များကို သုတေသန စစ်တမ်း ကောက်နေကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO)၊ ရွှေ့ပြောင်း အလုပ်သမားဆိုင်ရာ စီမံကိန်း၏ နည်းပညာ အကြံပေး အရာရှိက ပြောကြားသည်။ ယင်းစစ်တမ်းကို မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် ကောက်ယူနေခြင်း ဖြစ်ပြီး ရွှေ့ပြောင်း မြန်မာ အမျိုးသမီး လုပ်သား လေးရာကျော်ကို စစ်တမ်း ကောက်ယူနေခြင်း ဖြစ်သည်။ “စစ်တမ်းမှာက ရွှေ့ပြောင်း သွားရောက် လုပ်ကိုင်ပြီးလို့ ပြန်ရောက်တဲ့အခါ မှာ ဘဝ အခြေအနေက ဘယ်လိုရှိလဲ၊ အသက် မွေးဝမ်းကျောင်း အနေအထား၊ ဘဝ လိုအပ်ချက် စတာတွေကို ကောက်ယူတာပါ”ဟု ရွှေ့ပြောင်း အလုပ်သမားဆိုင်ရာ စီမံကိန်းမှ နည်းပညာ အကြံပေး အရာရှိက ဆိုသည်။ သုတေသနပြု စစ်တမ်းကို ထိုင်းနိုင်ငံနှင့် မလေးရှား နိုင်ငံတို့တွင် သွားရောက် အလုပ်လုပ်ကိုင်ပြီး ပြန်လာသော မြန်မာ အမျိုးသမီး လုပ်သားများကို အဓိက ကောက်ယူနေခြင်း ဖြစ်ပြီး ပြန်ရောက်ပြီး ၂ နှစ်အတွင်း ရှိသောသူများကိုသာ စစ်တမ်း ကောက်ယူခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။ “အခု စစ်တမ်းက လူ လေးရာကျော်က မြန်မာနိုင်ငံကို ပြန်လာတဲ့ သူတွေရဲ့ ပမာဏနဲ့ နှိုင်းယှဉ်ရင် အားလုံးကို လွှမ်းခြုံနိုင်ပါတယ်။ လက်ရှိက ရွှေ့ပြောင်း အမျိုးသမီး လုပ်သားတွေထဲက အဲ့ပမာဏကိုတောင် တော်တော်လေး ရှာပြီး မေးမြန်းရတာပါ”ဟု အဆိုပါ ပရောဂျက်မှ စီစဉ် ညှိနှိုင်းရေးမှူး တစ်ဦးက ဆိုသည်။ အဆိုပါ သုတေသန စစ်တမ်း၏ ရလဒ်များကို ယခုနှစ်ကုန်တွင် ထွက်ရှိရန် စီစဉ်နေပြီး ရရှိသော အကြံပြုချက်များကို သက်ဆိုင်ရာ အစိုးရ အာဏာပိုင် အဖွဲ့အစည်းများနှင့် အရပ်ဘက် အဖွဲ့အစည်းများထံ တင်ပြသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ ရွှေ့ပြောင်း အမျိုးသမီးဆိုင်ရာ ကိစ္စရပ်များတွင် ပြန်လည် အသုံးချသွားရန် စီစဉ်ထားကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) ထံမှ သိရသည်။
Source : http://goo.gl/cQIezM
via IFTTT
Source : http://goo.gl/cQIezM
via IFTTT
Monday, August 22, 2016
အမြဲအနိုင်ရသောပါတီ၊ အမြဲရှုံးသောပါတီ မရှိဟု USDP ပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန်ပြောကြား ကမ္ဘာ့ဒီမိုကရေစီနိုင်ငံများ၌ အမြဲအနိုင်ရသော ပါတီ မရှိသလို အမြဲရှုံးနေသောပါတီလည်း မရှိဟု USDP ပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန်က ပြောကြားလိုက်သည်။နေပြည်တော်ရှိ USDP ပါတီရုံးချုပ်၌ ယနေ့(သြဂုတ် ၂၂ ရက်) ကျင်းပသော ပါတီ၏ ဒုတိအကြိမ် ညီလာခံတွင် မိန့်ခွန်းပြေကြားရာ၌ ယင်းသို့ ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။ “ကမ္ဘာ့ဒီမိုကရေစီ နိုင်ငံတွေမှာ အမြဲနိုင်တဲ့ ပါတီမရှိသလို အမြဲရှုံးနေတဲ့ပါတီလည်း မရှိတာ တွေ့ရမှာ ဖြစ်လို့ ပြည်သူများကလည်း ဘယ်ပါတီကို နိုင်ငံတာဝန် ပေးရင်ကောင်းမလဲလို့ စဉ်းစားပြီး မဲပေးရွေးချယ်ခဲ့တာဖြစ်တယ်”ဟု USDP ပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန်က ပြောသည်။ အလားတူ USDP ပါတီအနေဖြင့် ပြည်သူများကို အလုပ်အကျွေးပြုနိုင်သော ပြည်သူ့ပါတီ အဖြစ် အသွင်သဏ္ဍာန်ရော အနှစ်သာရပါ ကျစ်လျစ်ခိုင်မာ ရှင်သန်ကောင်းမွန် အောင် မျိုးဆက်သစ်များကို လက်တွဲတာဝန်အပ်နှင်း ဖွဲ့စည်း တည်ဆောင် သွားမည်ဟု ၎င်းက ဆိုသည်။ USDP ပါတီ၏ ဒုတိယအကြိမ် ညီလာခံကို သြဂုတ် ၂၁ရက်မှ ၂၅ရက်အထိ ငါးရက်ကြာ ကျင်းပသွားမည် ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ရှိ ပါတီ ထိပ်ပိုင်းခေါင်းဆောင် ၈၀၀ ခန့် တက်ရောက်လျက် ရှိကြောင်း ယင်းပါတီ အစည်းအဝေးမှတ်တမ်းအရ သိရသည်။ USDP ပါတီသည် ၂၀၁၅ရွေးကောက်ပွဲ၌ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်အရပ် ရပ်တွင် ပြိုင်ဘက်ပါတီဖြစ်သည့် NLDကို ရှုံးနိမ့်ခဲ့ပြီး လွှတ်တော်နေရာ အနည်းငယ်သာ ရွေးချယ်ခြင်း ခံခဲ့ရသည်။
Source : http://goo.gl/TqJFdQ
via IFTTT
Source : http://goo.gl/TqJFdQ
via IFTTT
Eleven Broadcasting
ဩဂုတ် ၂၂ ရက် နံနက်ပိုင်း သတင်းအစီအစဉ် ( နံနက် ၈ နာရီ တိုက်ရိုက်ထုတ်လွှင့်မှု) ■ ၂၁-ရာစု ပင်လုံညီလာခံကျင်းပရေး လုပ်ငန်းစဉ်နှင့် နိုင်ငံရေးဆွေးနွေးမှု မူဘောင်ကိစ္စများအပေါ် သုံးပွင့်ဆိုင် ဆွေးနွေး ■ အထပ်ပြန်လျှော့ခံရပြီး ရပ်နားထားရသည့် အထပ်မြင့် အဆောက်အအုံ ၁၂ လုံးကို ခံ၀န်ဖြင့် ပြန်လည်ခွင့်ပြု ■ ရန်ကုန်တိုင်းဒေသကြီးအတွင်း လောင်းကစားမှုများကို အရှိန်မြှင့်ဖမ်းဆီး ■ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူးတစ်ဦးကို လုပ်ငန်းတင်ဒါများ ၎င်းနှင့်နီးစပ်သူဆိုသူများ ရခဲ့ကြောင်း တိုင်ကြားမှုအတွက် ခုံရုံးဖွဲ့စစ်ဆေး ■ အီရန်က ပြည်တွင်းတွင် ပထမဆုံး တီထွင်ထုတ်လုပ်နိုင်ခဲ့သည့် ဒုံးကျည်ကာကွယ်ရေးစနစ်ကို မိတ်ဆက်ပြသ ■ ၂၀၁၆ ရီယို နွေရာသီအိုလံပစ်ပြိုင်ပွဲ ပြီးဆုံးခဲ့ပြီး ကမ္ဘာ့စံချိန်(၂၃) ခု တင်ရှိနိုင်ခဲ့
Source : http://ift.tt/2bNf9mL
via IFTTT
Source : http://ift.tt/2bNf9mL
via IFTTT
Sunday, August 21, 2016
လှည်းကူးရှိ ကျူးကျော်များ မဖြစ်မနေ ဖယ်ရှား ပေးရမည်ဟုဆို
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ စခမ်းကြီး/ သာယာကုန်း ကျေးရွာအုပ်စုရှိ မြေဧက ၁၄၅၃ ဒသမ ၇၂ ဧက ပေါ်တွင် နေထိုင်သည့် ကျူးကျော်များ မဖြစ်မနေ ဖယ်ရှားပေးရန် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ပြောကြားလိုက်သည်။ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ကျူးကျော် နေထိုင်သူများ တွေ့ဆုံ ဆွေးနွေးပွဲကို ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင် အမှတ် (၃/၂) အနီးရှိ လှည်ကူးမြို့နယ် ကျွန်းကလေးကျေးရွာ စိုက်ပျိုးရေး ရှင်းလင်းဆောင်၌ ယနေ့ (ဩဂုတ် ၂၁ ရက်) နံနက်ပိုင်းက ကျင်းပရာတွင် ၎င်းက ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။ “အခုလက်ရှိ ဒီနေရာဟာ နိုင်ငံတော်ပိုင်မြေ ဖြစ်တဲ့အတွက် စီမံကိန်းတွေ ဆောင်ရွက်ဖို့အတွက် ဖယ်ရှားခိုင်းဖို့ ဆွေးနွေးတာပါ။ သူတို့ကို နေရာ ပြန်ပေးဖို့တော့ မရှိဘူး။ အခု ကျူးကျော် နေထိုင်သူတွေရဲ့ တင်ပြချက်ကိုတော့ တိုင်းအစိုးရ အဖွဲ့ထံ တင်ပြပေးပါမယ်။ ဖယ်ရှားမယ့်နေ့ကို လည်း တိုင်းအစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ထုတ်ပြန်သွားမှာပါ”ဟု ညွှန်ကြားရေးမှူး ဦးယုခိုင်က ဆိုသည်။ အဆိုပါ မြေဧကပေါ်တွင် ကျူးကျော်တဲ ၂၂၃၃ လုံး ရှိပြီး ယင်းမြေဧကပေါ်တွင် မဟာမိတ်ကြယ်များ အုပ်စုကုမ္ပဏီနှင့် နိုင်ငံတော် အစိုးရတို့ အကျိုးတူ ပူးပေါင်း၍ တန်ဖိုးနည်း အိမ်ရာစီမံကိန်း၊ နိုင်ငံတကာ အဆင့်မီ တက္ကသိုလ်၊ ကျောင်း၊ ဆေးရုံ၊ ဂေါက်ကွင်းနှင့် ဈေးများ တည်ဆောက်ရန် လျာထားကြောင်း ၎င်းက ပြောဆိုသည်။
Source : http://goo.gl/IfKFYy
via IFTTT
Source : http://goo.gl/IfKFYy
via IFTTT
ဂရမ်မီနှစ်ဆုရ နာမည်ကြီး R&B အဆိုတော် ဖရင့်အိုးရှမ်း တေးအယ်လ်ဘမ် အသစ်ထွက်ရှိ
၂၀၁၂ ခုနှစ်တွင် “Channel Orange” အမည်ဖြင့် ထွက်ရှိခဲ့သည့် တေးအယ်လ်ဘမ်ဖြင့် ဂရမ်မီဆု နှစ်ဆု ရရှိခဲ့သော ဖရင့်အိုးရှမ်းသည် ဩဂုတ် ၂၀ ရက်(စနေနေ့)တွင် “Endless” အမည်ရှိ တေးအယ်လ်ဘမ် အသစ် ထွက်ရှိလာပြီ
Source : http://goo.gl/iHzTlb
via IFTTT
Source : http://goo.gl/iHzTlb
via IFTTT
လက္ေကာက္ဝတ္က ျဖဴနီႀကဳိး
လက်ကောက်ဝတ်က ဖြူနီကြိုး မွန်ဂိုရီးယား တိဘက်ဒေသမှာ အခြေချနေထိုင်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ပြောင်းရွှေ့နေထိုင်ရင်း အရှေ့တောင်အာရှနဲ့ မြန်မာပြည်ထဲကို ရောက်လာခဲ့ကြတဲ့ ကရင်လူမျိုးတွေဟာ တစ်ဦးနဲ့တစ်ဦး အလွယ်တကူ သိနိုင်ဖို့ သူတို့ရဲ့ လက်ကောက်ဝတ်တွေမှာ အဖြူအနီကြိုးတွေ ရစ်ပတ်ထားတာပါ။ ဒါ့အပြင် ကရင်တိုင်းရင်းသားတွေ ထိမ်းမြားမင်္ဂလာ ပြုလုပ်တဲ့အခါမှာလည်း မိဘတွေက သားသမီးတွေရဲ့ လက်ကောက်ဝတ်မှာ ချည်ဖြူ၊ ချည်ဝါ ချည်နှောင်ပေးပြီး ဆုတောင်းထောပနာ ပေးတက်ကြပါသေးတယ်။ ကရင်လူမျိုးတွေဟာ သူတို့ရဲ့ လက်ကောက်ဝတ်မှာ ချီဖြူ၊ ချည်ဝါ ချည်နှောင်ထားခြင်းဟာ ကရင် တိုင်းရင်းသားတွေ တစ်ယောက်နဲ့တစ်ယောက် ပြန်လည်ဆုံတွေ့ကြတဲ့အခါ အလွယ်တကူ သိရှိနိုင်အောင် အမြော်အမြင်ရှိတဲ့ ရှေးလူကြီးတွေက ပြုလုပ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ ခြည်ဖြူဖွဲ့ အဆောင်အယောင် ပြုလုပ်ရာမှာတော့ ကောက်ညှင်းထုတ် ဖင်ချွန်၊ ငှက်ပျောသီး၊ ကြံ၊ ရေ၊ နတ်ပန်းညိုပန်း၊ ထမင်းဆုပ်တို့ကို ဆုပ်ကိုင်ထားပြီး ချီဖြူ၊ ချီနီကို လက်ကောက်ဝတ်မှာ သုံးချက် ချည်နှောင်ပေးလိုက်တာဟာ ကရင် တိုင်းရင်းသားတို့ရဲ့ ချစ်စရာ ရိုးရာဓလေ့တစ်ခုလို့ ဆိုရမှာပါ။ ရှေးယခင် နှစ်ပေါင်းများစွာကတည်းက ကရင် တိုင်းရင်းသား မျိုးနွယ်တွေဟာ ရိုးရာဓလေ့ဖြစ်တဲ့ ခြည်ဖြူဖွဲ့လက်ချည်ပွဲကို ဝါခေါင်လဆန်းမှ ဝါခေါင် လပြည့်နေ့အထိ နှစ်စဉ်ပြုလုပ်ခဲ့ကြပါတယ်။ ကရင်မိသားစုတွေ ဖျားနာတဲ့အခါမှာ မကောင်းဆိုဝါး နတ်ဆိုးနတ်ညစ် ဖမ်းစားခံရတာလို့ ယူဆတဲ့အတွက် ချည်ဖြူ၊ ချည်ဝါတွေ လက်ကောက်ဝတ်မှာ ချည်နှောင်တဲ့ အယူအဆတွေ ရှိသလို ဝါခေါင်လဟာ မကောင်းဆိုးဝါးတွေ ပျော်မြူးကြတဲ့လ ဖြစ်တယ်လို့ ယုံကြည်ကြတဲ့အတွက် ဝိညဉ်တွေ အနှောင့်အယှက် မပေးနိုင်အောင် အဆောင်အယောင်အနေနဲ့ စီမံပြီး ခြည်ဖြူဖွဲ့လေ့ ရှိကြပါတယ်။ ဓာတ်ပုံ- ဉာဏ်စိုး
Source : http://goo.gl/JZNnOa
via IFTTT
Source : http://goo.gl/JZNnOa
via IFTTT
ကျိုင်းတုံမြို့နယ်၌ တောင်ကျရေ စီးဆင်း၍ တံတားများ မျောပါ၊ လယ်မြေများ ပျက်စီး
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် နမ့်ခတ်ကျေးရွာအုပ်စု၌ ဩဂုတ် ၁၇ ရက်က မိုးရွာသွန်းမှုကြောင့် တောင်ကျရေများ စီးဆင်း၍ ကျေးရွာချင်းဆက် တံတားများ မျောပါကာ လယ်ယာမြေများ ပျက်စီးခဲ့ရကြောင်း အဆိုပါကျေးရွာ ဒေသခံများထံမှ သိရသည်။
Source : http://goo.gl/FZH5nf
via IFTTT
Source : http://goo.gl/FZH5nf
via IFTTT
မန်ဆာချူးဆက်က ဘွားဘွား အသက် ၁ဝဝ မှာ အထက်တန်း အောင်လက်မှတ် ယူနိုင်ပြီ ============== လွန်ခဲ့တဲ့ နှစ်ပေါင်း ၈ဝ လောက်က တက်ယူရမယ့် စင်ပေါ်ကို မန်ဆာချူးဆက်နယ်သူ ဘွားဘွား တစ်ယောက် တက်လာနိုင်ခဲ့ပါပြီ။ အသက် တစ်ရာရှိလာမှ အထက်တန်း အောင်လက်မှတ်ကို ရရှိသွားတာ ဖြစ်ပါတယ်။ ကလဲရာပစ်စီတိုဟာ မဟာစီးပွား ပျက်ကပ်ကြီး အတွင်းမှာ အထက်တန်း ကျောင်းသူ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အစ်မကြီးဆိုတော့ မိဘတွေ အဆင်မပြေတဲ့အခါ ကျောင်းထွက်ပြီး အပြင်ထွက် အလုပ် လုပ်ခဲ့ရပါတယ်။ မောင်လေးတွေ ကျောင်းတက်ဖို့အတွက် ပေါ့လေ။ “ကျွန်မက ခုလို ကျောင်းထွက်ရတာကို မကြိုက်ပါဘူး။ အမျိုးသမီးတွေလည်း ပညာရေးကို ရယူသင့်ပါတယ်”လို့ ပစ်စီတိုက ပြောကြားခဲ့ပါတယ်။ ခန်းဆီးစက်ရုံမှာ တစ်နာရီကို ခြောက်ဒေါ်လာလောက် ဝင်ငွေနဲ့ အလုပ် လုပ်ခဲ့ရပြီးတော့ စွယ်စုံကျမ်းတွေ၊ အဘိဓာန်တွေကို သုံးပြီးတော့ ဆက်လက် လေ့လာမှုတွေ လုပ်ခဲ့သူ ဖြစ်ပါတယ်။ Ref : UPI
Source : http://goo.gl/GbScnt
via IFTTT
Source : http://goo.gl/GbScnt
via IFTTT
Eleven Broadcasting
သောက်ရေခပ် ရေအားလျှပ်စစ် စီမံကိန်းသို့ သွားရာ လမ်းမဘေးရှိ လယ်ယာမြေ စိုက်ပျိုးမြေများပေါ်တွင် တပ်ပိုင်မြေဆိုင်းဘုတ် စိုက်ထူထားခြင်းကြောင့် ဒေသခံ တောင်သူများ စိုးရိမ် (ရုပ်သံ) ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် သောက်ရေခပ် ရေအားလျှပ်စစ် ဓါတ်အားပေး စက်ရုံကို သွားတဲ့ လမ်းမဘေးက လယ်ယာ စိုက်ပျိုးမြေတွေမှာ တပ်ပိုင်မြေ ဆိုင်းဘုတ်တွေ စိုက်ထူထားခြင်းကြောင့် ဒေသခံတောင်သူ တွေက စိုးရိမ်နေကြပါတယ်။
Source : http://ift.tt/2bLOVkr
via IFTTT
Source : http://ift.tt/2bLOVkr
via IFTTT
Eleven Broadcasting
Football Talkshow (ရုပ်သံ) ■ ဆန်းဒါးလန်း - မစ်ဒယ်ဘရော့ (ည ၇ နာရီ) ယနေ့ ( ဩဂုတ် ၂၁ ) တွင် ယှဉ်ပြိုင် ကစားရန်ရှိသည့် ပရီးမီးယားလိဂ် ပွဲစဉ်များအနက် မြန်မာစံတော်ချိန် ည ၇ နာရီတွင်ကစားမည့် ဆန်းဒါးလန်းအသင်းနှင့် မစ်ဒယ်ဘရော့အသင်းတို့၏ ပွဲစဉ်ကို Eleven Sports ၏ အမှုဆောင်အယ်ဒီတာ ကိုကျော်သူမြင့်နှင့် အကြီးတန်း အယ်ဒီတာ ကိုနန္ဒ၀န်ငြိမ်းချမ်းတို့က သုံးသပ်တင်ပြထားပါသည်။
Source : http://ift.tt/2bmYGEE
via IFTTT
Source : http://ift.tt/2bmYGEE
via IFTTT
ဘဏ္ဍာရေးဝန်ကြီးအသစ် အပါအ၀င် တူနီးရှားဝန်ကြီးချုပ် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ ခန့်အပ်
ယခင်နိုင်ငံခြားရေးနှင့် ကာကွယ်ရေး၀န်ကြီးတို့ကို ၎င်းတို့ရာထူးများတွင် ဆက်ခန့်ကာ တူနီးရှား ၀န်ကြီးချုပ် ယူဆက်ဖ်ချာဟက်က ရင်းနှီးမြှုပ်နှံမှု အရာရှိဟောင်းတစ်ဦးကို ဘဏ္ဍာရေး ၀န်ကြီးအဖြစ် ခန့်အပ်၍ ၎င်း၏ အစိုးရအဖွဲ့သစ် ဖွဲ့စည်းကြောင်း စနေနေ့က ကြေညာလိုက်သည်။ ပြီးခဲ့သည့်လက အယုံအကြည်မရှိ အဆို မဲခွဲဆုံးဖြတ်မှုအတွင်း ၀န်ကြီးချုပ်ကို လွှတ်တော် အမတ်များက ဖြုတ်ချလိုက်ပြီးနောက် ၀န်ကြီးချုပ် အဖြစ် ခန့်အပ်ခံရသော ချာဟတ်သည် ၀န်ကြီး ရာထူးများအတွက် အဓိကကျသော ဘာသာရေး သီးသန့်၊ လက်၀ဲစွန်းနှင့် အစ္စလာမ်မစ် ပါတီများနှင့် ဆွေးနွေးခဲ့သည်။ ၎င်းခန့်အပ်ထားသော ၀န်ကြီးများကို ယခုအခါ လွှတ်တော်၏ အတည်ပြုချက် ရယူရန် မဲခွဲ ဆုံးဖြတ်သွားမည်ဖြစ်သည်။ သမ္မတ ဘီချီချာအစ်အက်စ် ဆက်ဘ်ဆီ၏ မဟာမိတ်ဖြစ်ပြီး ဘာသာရေးသီးသန့်နီဒါတုန်းပါတီ၏ ထိပ်တန်းအဖွဲ့၀င်တစ်ဦးဖြစ်သူ ချာဟတ်က ယခင်၀န်ကြီးချုပ်များ ရှောင်လွှဲခဲ့သော စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နိုင်စွမ်းရှိသော ၀န်ကြီးများ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပေးမည်ဟု ကတိပြုထားသည်။ သို့သော် ချာဟတ်သည် အောင်မြင်စွာ လုပ်ဆောင်ရန် ၎င်းတွင် နိုင်ငံရေးယုံကြည်ထောက် ခံမှုရရှိနိုင်ဖွယ်မရှိဟု ၀ေဖန်သူများက ပြောသည်။ ‘‘ကျွန်တော်တို့နိုင်ငံဟာ သိပ်ပြီး သိမ်မွေ့တဲ့ အနေအထားမှာ ရှိနေပါတယ်။ တူနီးရှား ပြည်သူတွေကို လှည့်ဖြားဖို့ အခွင့်အရေး ကျွန်တော်တို့မှာ မရှိပါဘူး။ တူနီးရှား နိုင်ငံသား အားလုံးနဲ့ ပါတီတွေအားလုံး ဒီအစိုးရအဖွဲ့ကို ထောက်ခံကူညီကြဖို့ ကျွန်တော် တိုက်တွန်းပါတယ်’’ ဟု သမ္မတ အိမ်တော်တွင် ချာဟတ်က သတင်းထောက်များကို ပြောကြားသည်။ အာဏာရှင်ဘန်အလီကို ဖြုတ်ချနိုင်ခဲ့သည့် ၂၀၁၁ ဆူပူအုံ ကြွမှုနောက်ပိုင်း တူနီးရှားနိုင်ငံ၏ အသွင်ကူးပြောင်းမှုကို အာရပ်ကမ္ဘာ၏ စံပြအဖြစ် ကြိုဆိုခဲ့ကြသည်။ သို့သော် တူနီးရှားနိုင်ငံတွင် အစ္စလာမ်မစ် စစ်သွေးကြွများ၏ အကြမ်းဖက် တိုက်ခိုက်မှုနှင့် အလုပ်အကိုင်များနှင့် ဖွံ့ဖြိုးမှုများ ဖန်တီးရန် လိုအပ်သော စီးပွားရေး ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်သော လုပ်ငန်းစဉ် နှေးကွေးနေမှုများ နှင့်အတူ အခက်အခဲများ ရင်ဆိုင်ခဲ့ရသည်။ ပြုပြင်ပြောင်းလဲမှုများအတွက် ထောက်ခံမှုများ ရရှိစေရေး ယခု၀န်ကြီးများ အဖွဲသစ်တွင် ပါတီငယ်များမှ ပုဂ္ဂိုလ်များအပြင် အတိုက်အခံများလည်း ပါ၀င်နေသည်။
Source : http://ift.tt/2buE1jV
via IFTTT
Source : http://ift.tt/2buE1jV
via IFTTT
လက်ထပ်ပွဲတစ်ခုတွင် အသေခံ ဗုံးဖောက်ခွဲရာ ၂၂ ဦး သေဆုံး၊ ၉၄ ဦး ဒဏ်ရာရ
တူရကီနိုင်ငံ ဂါဇီယမ်တတ်မြို့၌ ကျင်းပသည့် လက်ထပ်ပွဲတစ်ခုကို အဓိက ပစ်မှတ်ထားပြီး အသေခံ ဗုံးဖောက်ခွဲခဲ့ရာ ၂၂ ဦး သေဆုံးပြီး ၉၄ ဦး ထိခိုက်ဒဏ်ရာ ရခဲ့သည်။
Source : http://goo.gl/umcYxB
via IFTTT
Source : http://goo.gl/umcYxB
via IFTTT
Eleven Broadcasting
စံချိန်တင် မြစ်ရေကြီးမှုအလွန် ပြန်လည်ထူထောင်ရေး ဘယ်လို ဆက်လုပ်ကြမလဲ (ရုပ်သံ) စံချိန်တင် မြစ်ရေမြင့်တက်ခဲ့မှုကြောင့် ဆိုးရွားတဲ့ ရေကြီးမှုဒဏ်ကို မြန်မာနိုင်ငံ အထက်ပိုင်း၊ အလယ်ပိုင်းနဲ့ အောက်ပိုင်းဒေသက ပြည်သူတွေ ခံစားနေရတာဟာ တစ်လကျော် ကြာမြင့်နေပါပြီ။ သူတို့အတွက် ပြန်လည်ထူထောင်ရေး အခြေအနေတွေက လိုအပ်မှုတွေ ရှိနေပါတယ်။
Source : http://ift.tt/2bG3Eui
via IFTTT
Source : http://ift.tt/2bG3Eui
via IFTTT
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ နှင့် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ ပူးတွဲ သတင်း ထုတ်ပြန်ချက် ပေကျင်း ၊ ဩဂုတ် ၂၀ ရက်(ဆင်ဟွာ) ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ နှင့် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ ပူးတွဲ သတင်း ထုတ်ပြန်ချက် ကို ဩဂုတ် ၂၀ ရက်နေ့တွင် ထုတ်ပြန် ခဲ့ပြီး ထုတ်ပြန်ချက် အပြည့် အစုံ မှာ အောက်ပါ အတိုင်း ဖြစ်သည်။ ၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် မစ္စတာ လီခဲ့ချန် ၏ ဖိတ်ကြားချက် အရ ၂ဝ၁၆ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်မှ ၂၁ ရက်အထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ တရားဝင်ခရီးသွားရောက်ခဲ့ပါသည်။ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖိန် နှင့် တွေ့ဆုံခဲ့ပါသည်။ ထို့ပြင် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် မစ္စတာ လီခဲ့ချန် နှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပြီး တရုတ်အမျိုးသားပြည်သူ့ ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ မစ္စတာကျန်းတယ်ကျန်းနှင့်လည်း တွေ့ဆုံပွဲပြုလုပ်ခဲ့ပါသည်။ နှစ်နိုင်ငံ မှ အစဉ်အလာရှိသော ချစ်ကြည်ရင်းနှီးမှုကို အနာဂတ်ကာလတွင် ဆက်လက်ဖော်ဆောင်ရေးနှင့် မြန်မာ-တရုတ် ဘက်စုံမဟာဗျူဟာ မိတ်ဆွေ ပူးပေါင်းဆက်ဆံရေး တိုးတက်စေရေးတို့အပေါ် အလေးအနက် အမြင်ချင်းဖလှယ်ခဲ့ကြပြီး အရေးပါသော တူညီဆန္ဒများချမှတ်နိုင်ခဲ့ပါသည်။ ၂။ နှစ်ဖက်လုံးက မြန်မာ-တရုတ် ''ဆွေမျိုးပေါက်ဖော်'' ချစ်ကြည်ရေးနှင့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ငြိမ်းချမ်းစွာ အတူယှဉ် တွဲနေထိုင်ရေးမူကြီး(၅)ရပ်ကို အတူတကွဖော် ထုတ်ခဲ့ကြ သည့် နိုင်ငံ များဖြစ်ကြသည့် အားလျော်စွာ အဆိုပါမူကြီးများကို ဆက်လက် ထိန်းသိမ်းကျင့်သုံးရေးနှင့် အပြန်အလှန်လေးစားမှု၊ အပြန်အလှန်ယုံကြည်မှု၊ တန်းတူညီမျှရေးနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းမှု တို့ကိုအခြေခံ ၍ နှစ်နိုင်ငံဆက်ဆံရေး ရေရှည်တိုးတက်ဖြစ်ပေါ်စေရေး အတွက် အတူတကွ ကြိုးပမ်းသွားကြရန် ဆွေးနွေးခဲ့ကြပါသည်။ နှစ်ဖက်အကြား အိမ်နီးချင်းကောင်း ချစ်ကြည်ရေး မူဝါဒကို ဆက်လက်ကျင့် သုံးသွား မည်ဖြစ်ပြီး နှစ်ဖက်ပြည်သူများ၏ အကျိုးစီးပွားနှင့် နှစ်နိုင်ငံလုံးအတွက် ပိုမိုကောင်းမွန်သော တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးသည့် အကျိုးတူ ပူးပေါင်းဆောင် ရွက်ခြင်းဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးကို မြှင့်တင်သွားမည်ဖြစ်ကြောင်း အတည်ပြုခဲ့ကြ ပါသည်။ နှစ်ဖက်အကြား ပြည်သူများ၏ အကျိုးစီးပွားကို အစဉ်ရှေ့တန်းတင်ရေးနှင့် မဟာဗျူဟာ အမြင် နှင့် ရေရှည် အမြင် တို့ဖြင့် မြန်မာ-တရုတ် နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေး ကို တိုးတက်ဖွံ့ဖြိုးမှု အသစ်များ အဆက်မပြတ် ရရှိစေရေး တွန်းအားပေး ဆောင်ရွက် သွားကြရန် အတည်ပြုခဲ့ကြပါသည်။ ၃။ နှစ်နိုင်ငံအကြား အစဉ်အလာရှိသော အဆင့်မြင့်ခေါင်းဆောင်များအကြား ရင်းနှီးစွာဆက်ဆံမှုကို ဆက်လက်၍ ထိန်းသိမ်းရန်၊ မဟာဗျူဟာမြောက် ဆက်သွယ်မှုမြှင့်တင်ရန်နှင့် အုပ်ချုပ်မှုဆိုင်ရာ အတွေ့အကြုံဖလှယ်မှု ပိုမို နက်ရှိုင်း စေရန်တို့ကို သဘောတူခဲ့ကြပါသည်။ နှစ်နိုင်ငံအကြား အဆင့် အသီးသီး တွင် အထူးသဖြင့် နိုင်ငံရေးပါတီများနှင့် ပြည်သူများအကြား ချစ်ကြည် ရင်းနှီးမှု ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်သွားရန် သဘော တူညီခဲ့ ကြပါသည်။ ၄။ နှစ်ဖက်နယ်စပ်ဒေသများတွင် တရားဥပဒေစိုးမိုးရေးမြှင့်တင်ရန်၊ ပြည်သူတို့၏ လူမှုဘဝဖူလုံရေးကို အထောက်အကူဖြစ်စေမည့် ကုန်သွယ်မှု၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် အသွင်အမျိုးမျိုးဖြင့် ချစ်ကြည်ရင်းနှီးမှုဖလှယ်ရေးတို့ကို တိုးမြှင့်ဆောင်ရွက်သွားရန် သဘော တူညီခဲ့ကြသည်။ ၅။ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမျက်နှာစာတွင် နီးကပ်သည့်ညှိနှိုင်းမှု တိုးမြှင့်ဆောင်ရွက်သွားရန် နှစ်ဖက်သဘောတူညီခဲ့ကြသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများရင်ဆိုင်နေရသည့် ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေး အန္တရာယ် များနှင့် ကူးစက်ရောဂါများကဲ့သို့သော စိန်ခေါ်မှုများနှင့် ကမ္ဘာလုံး ဆိုင်ရာ အရေးကိစ္စရပ်များကို နှစ်နိုင်ငံအကြား နီးကပ်စွာ ပူးပေါင်း ညှိနှိုင်းဆောင်ရွက်မှုကို ထိန်းသိမ်းသွား ရန် နှစ်ဖက် သဘောတူညီခဲ့ကြသည်။ ၆။ တရုတ်နိုင်ငံ၏ ''ခေတ်သစ် ပိုးလမ်းမကြီး(Belt and Road Initiative)”နှင့် ''ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ (BCIM) စီးပွားရေး စင်္ကြံ'' ကနဦးဆောင်ရွက်ချက်များကို မြန်မာနိုင်ငံမှ ကြိုဆိုခဲ့ပါ သည်။ နှစ်နိုင်ငံ အကြား ဖွဲ့စည်းပြီးဖြစ်သော စီးပွားရေးနှင့် ကုန်သွယ်ရေးပူးတွဲကော်မတီ၊ စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ နှင့် လျှပ်စစ် ပူးပေါင်းဆောင်ရွက်မှု ကော်မတီများအပါအဝင် အစိုးရအဖွဲ့အစည်း များ အကြား ပူးပေါင်းဆောင်ရွက်မှု ယန္တရားများကို ကောင်းမွန်စွာ ဆက်လက်အသုံးပြုသွားကြမည်ဖြစ်ပြီး စီးပွားရေး၊ ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ ရေအရင်းအမြစ်၊ လျှပ်စစ်၊ ထုတ်လုပ်မှုနှင့် ဘဏ္ဍာရေး အစရှိသော ကဏ္ဍများတွင်လည်း အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု ကို မြှင့်တင်ကြ မည်ဖြစ်ပါသည်။ ၇။ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည် သင့်မြတ်ရေး နှင့် ပြည်သူများ၏နေထိုင်မှုဘဝမြှင့်တင်ရေးအတွက် အစိုးရ၏ အမြင်နှင့်မူဝါဒများကို ချီးမွမ်းပြီး မြန်မာနိုင်ငံ၏ အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးခိုင်မာစေရန် ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုရေးသဟဇာတဖြစ်မှု မြှင့်တင်ရန် ရည်ရွယ်၍ အမျိုးသားရေးအခြေအနေနှင့် ကိုက်ညီပြီး အားလုံးပါဝင်သည့် ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်း အပေါ် လျှောက် လှမ်းရေးနှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး တို့ကို ထောက်ခံခဲ့ပါသည်။ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် တက်အားသရွေ့ ဆက်လက် အကူအညီများ ပေးသွားရန်နှင့် မြန်မာပြည်သူများ၏ လူနေမှုအဆင့်အတန်းမြှင့်တင်ရေးအတွက် ကြိုးပမ်းအားထုတ်မှုများကို ခိုင်မာသော ဆောင်ရွက်မှုများဖြင့် ပံ့ပိုးကူညီသွားရန် ဆန္ဒရှိသည်။ မြန်မာနိုင်ငံအစိုးရ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်မှုအပေါ် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပံ့ပိုးကူညီခြင်း အတွက် ကျေးဇူးတင်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ညီတူညီမျှ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေမည့် အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးနိုင်မည့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး တို့ကို မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ အစိုးရနှင့်အတူ လက်တွဲဆောင်ရွက် သွားလိုကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံအစိုးရအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ထပ်လောင်း အတည်ပြုခဲ့ပြီး ထိုင်ဝမ်၊ တိဘက်နှင့် ရှင်းကျန်းဒေသ အရေးကိစ္စတို့နှင့် ပတ်သက် ၍ တရုတ်နိုင်ငံ၏ ရပ်တည်ချက်အား နားလည်ပြီးထောက်ခံကြောင်း ဖော်ပြခဲ့ ပါသည်။ ၈။ မြန်မာ-တရုတ် နယ်စပ်ဒေသများ၌ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ခိုင်မာစေရန်နှင့် ပူးပေါင်း ဆောင် ရွက်မှု မြှင့်တင်ရန် နှစ်ဖက် သဘော တူညီခဲ့ကြပါ သည်။ မြန်မာနိုင်ငံ၌ နိုင်ငံရေးဆွေးနွေးမှုများမှ တစ်ဆင့် ပြည်တွင်း ငြိမ်းချမ်း ရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အကောင်အထည်ဖော်ကြိုး ပမ်းဆောင်ရွက်မှုများကို တရုတ်နိုင်ငံ အနေဖြင့် ထောက်ခံအားပေးခဲ့ ပါသည်။ မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်တို့အတွက် ကြိုးပမ်းချက်များအပေါ် တက်ကြွ၍အပြုသဘောဆောင်သည့် တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုများ အတွက် ကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့ပါသည်။ ၉။ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖိန်အား မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကပြောကြားခဲ့ရာ တရုတ်နိုင်ငံ သမ္မတက ကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့ပါသည်။ ၁ဝ။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း လှိုက်လှဲ နွေးထွေးစွာကြိုဆိုမှုနှင့် ထူးခြားကောင်းမွန်သော ဧည့်ဝတ်ကျေပွန်မှုများအတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် မစ္စတာလီခဲ့ချန်နှင့် အစိုးရအဖွဲ့ တို့ ကို ကျေးဇူး တင်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ဝန်ကြီးချုပ် မစ္စတာ လီခဲ့ချန် အား နှစ်ဖက် အဆင်ပြေစေနိုင်သည့် အချိန်ကာလ တွင် မြန်မာနိုင်ငံသို့ မကြာမီ ကာလအတွင်း လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ရာ တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ်က ဖိတ်ကြားချက်အား ကျေးဇူးတင်ရှိကြောင်း ဖော်ပြ ခဲ့ပါသည်။ (Xinhua)
Source : http://ift.tt/2buvai1
via IFTTT
Source : http://ift.tt/2buvai1
via IFTTT
Eleven Broadcasting
Exclusive Interview (ရုပ်သံအစီစဉ်) လက်ရှိ အစိုးရလက်ထက် နိုင်ငံခြားသား ရင်းနှီးမြုပ်နှံမှုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြုပ်နှံမှုများ အကြောင်း (အပိုင်း - ၁ ) - လက်ရှိ အစိုးရလက်ထက်မှာ ရင်းနှီးမြုပ်နှံမှုနဲ့ ပတ်သက်ပြီး မူ၀ါဒသစ်တွေ ဘာတွေချမှတ်လိုက်လဲ - ရင်းနှီးမြှုုပ်နှံသူတွေက ငွေမည်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရှိတယ်ဆိုတာ ဟုတ်ပါသလား - MIC ကို မှတ်ပုံတင်တဲ့ ကုမ္ပဏီတွေရဲ့ အချက်အလက်ကို ဘယ်လိုတွေ စစ်ဆေးမှု လုပ်ပါသလဲ - MIC ကို မှတ်ပုံတင်တဲ့ နိုင်ငံခြားသား လုပ်ငန်းရှင်နဲ့ မြန်မာနိုင်ငံသား လုပ်ငန်းရှင်တို့ရဲ့ ရပိုင်ခွင့်တွေက ဘာတွေလဲ
Source : http://ift.tt/2bDtAGI
via IFTTT
Source : http://ift.tt/2bDtAGI
via IFTTT
Eleven Broadcasting
ရက် ၁၀၀ စီမံချက်ကာလ အရှေ့ပိုင်းခရိုင်အတွင်း ပြေးလေးပြေး ၃၁၉ ဦး ၊ စာရင်းဝင်တရားခံပြေး ၁၁ ဦး ဖမ်းဆီးရမိ (ရုပ်သံ) ရက် ၁၀၀ စီမံချက်ကာလအတွင်းမှာ ပြေးလေးပြေး ဖြစ်တဲ့ စစ်ပြေး၊ရဲပြေး၊ရဲဘက်ပြေး၊တရားခံပြေး ၃၁၉ ဦး စာရင်းဝင် တရားခံပြေး ၁၁ ဦး ဖမ်းဆီး ရမိခဲ့တယ်လို့ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။
Source : http://ift.tt/2bscQDY
via IFTTT
Source : http://ift.tt/2bscQDY
via IFTTT
အဝေးသင်တက္ကသိုလ် အထူးပြုဘာသာရပ် အမှတ်သတ်မှတ်ချက် ပယ်ဖျက်
ယခုနှစ်တက္ကသိုလ်၀င် ခွင့်လျှောက်ထားရာတွင် အ၀ေး သင်တက္ကသိုလ်၏ အထူးပြု ဘာသာရပ်များ အတွက် အနိမ့်ဆုံး အမှတ် သတ်မှတ်ခြင်းကို ပယ်ဖျက်ကြောင်း အဆင့်မြင့် ပညာဦးစီးဌာနမှ သတင်းရရှိသည်။ ယခုနှစ် အ၀ေးသင်တက္က သိုလ်၀င်ခွင့်အတွက် ၂၀၁၆ တွင် တက္ကသိုလ်၀င်စာမေးပွဲ အောင်မြင်ပြီး အကျင့်စာရိတ္တ ကောင်းမွန်သူများ လျှောက်ထားနိုင်ကြောင်း ၂၀၁၆ တက္ကသိုလ် ၀င်ခွင့် လမ်းညွှန်စာအုပ်၌ ဖော်ပြထားသည်။ ‘‘ဒီနှစ် ၀င်ခွင့်စာအုပ်ထဲမှာ အ၀ေးသင်တက္ကသိုလ် လျှောက် တဲ့အခါမှာ အမှတ်သတ်မှတ်ချက် တွေကို ဖြုတ်ထားတယ်။ လူဦးရေ အပေါ်မှာပဲ မူတည်ပြီးတော့ အမှတ်အနည်း၊ အများပေါ်မှာ ရွေးချယ်သွားမယ်’’ဟု အဆင့်မြင့်ပညာဦးစီးဌာန အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။ ယမန်နှစ် (၂၀၁၅) တက္ကသိုလ်၀င်ခွင့် လမ်းညွှန်စာအုပ်တွင် အ၀ေးသင်တက္ကသိုလ် ၀င်ခွင့်ခေါ်ယူရာ၌ အင်္ဂလိပ်စာ၊ စီးပွားရေးပညာနှင့် စီးပွားစီမံပညာ၊ ဥပဒေ၊ ဓာတုဗေဒ၊ ရူပဗေဒနှင့် သင်္ချာစသည့် ဘာသာရပ်အချို့ ၀င်ခွင့်အတွက် တက္ကသိုလ်၀င်စာမေးပွဲအနည်းဆုံးရမှတ်များ သတ်မှတ်ခေါ်ယူခဲ့သည်။ ယခုနှစ် အ၀ေးသင်တက္က သိုလ်၀င်ခွင့် လျှောက်ထားရာတွင် တက္ကသိုလ်၀င်စာမေးပွဲ အနိမ့်ဆုံး အမှတ်များ သတ်မှတ်ချက်ဖော်ပြထားခြင်း မရှိသောကြောင့် လျှောက်ထားသူများသည် မိမိတို့ စိတ်ပါ၀င်စားသည့် ဘာသာရပ်များ ရွေးချယ် လျှောက်ထားခွင့် ရရှိမည် ဖြစ်ကြောင်း အဆင့်မြင့် ပညာဦးစီးဌာနမှ သိရသည်။ ‘‘အ၀ေးသင်တက္ကသိုလ် တက်ဖို့ လာလျှောက်တာ။ စနေ၊ တနင်္ဂနွေကျောင်းမှာ လက်တွေ့ လုပ်ဖို့ အဆင်မပြေလို့ ၀ိဇ္ဇာဘာ သာရပ်တွေပဲ ဦးစားပေးလျှောက် ခဲ့တယ်’’ဟု တက္ကသိုလ် ၀င်ခွင့်လာရောက် လျှောက်ထားသည့် ကျောင်းသားတစ်ဦးက ပြော သည်။ အ၀ေးသင်တက္ကသိုလ် ၀င် ခွင့်အတွက် တက္ကသိုလ်၀င်စာမေး ပွဲအနိမ့်ဆုံးရမှတ် သတ်မှတ်ထား ခြင်းမရှိသောကြောင့် တက္ကသိုလ် ၀င်စာမေးပွဲ ရမှတ်နိမ့်သည့် ကျောင်းသူ၊ ကျောင်းသားများ မိမိတို့ စိတ်ပါ၀င်စားသည့် ဘာသာရပ်များကို ရွေးချယ်သင်ယူနိုင် မည့် အခွင့်အလမ်းရနိုင်မည်ဖြစ်ကြောင်း တက္ကသိုလ်ဆရာ၊ ဆရာမများက ပြောကြားသည်။ ‘‘အ၀ေးသင်တက္ကသိုလ်တွေ မှာ အမှတ် သတ်မှတ်ထားတာ မရှိတာကောင်းပါတယ်။ အ၀ေးသင် ကနေ ဘွဲ့ရတဲ့အခါ ရတဲ့ဘွဲ့အတွက် အာမခံချက် ရှိဖို့လိုတယ်။ အခုက အမှတ်ရရေးအတွက် ကြိုးစားနေကြတော့ ကျောင်းလည်းပြီး ရော ဘာပညာမှ မကျန်ခဲ့ဘူး’’ဟု ပုသိမ်တက္ကသိုလ်မှ ကထိက ဦးသန်းထိုက်အောင်က ပြောသည်။
Source : http://ift.tt/2b7Z5Mp
via IFTTT
Source : http://ift.tt/2b7Z5Mp
via IFTTT
Eleven Broadcasting
ယုဇနပလာဇာ အနီးရှိ ဓာတ်တိုင် တစ်တိုင်တွင် ဓာတ်ကြိုးများ ရှော့ခ် ဖြစ်၍ မီးလောင်မှုဖြစ်ပွား (ရုပ်သံ) ပြီးခဲ့တဲ့ သြဂုတ်လ ၂ဝ ရက်နေ့ ညနေပိုင်းက ယုဇနပလာဇာအနီး ဓာတ်တိုင် တစ်တိုင်မှာ ဓာတ်ကြိုးများ ရှော့ခ်ဖြစ်ကာ မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Source : http://ift.tt/2b71hFi
via IFTTT
Source : http://ift.tt/2b71hFi
via IFTTT
Friday, August 19, 2016
တက္ကသိုလ်ကျောင်းသားများကို တယ်လီနောက အလုပ်သင် ခေါ်ယူမည်
နည်းပညာတက္ကသိုလ် (မှော်ဘီ၊ အနောက်ပိုင်း၊ သန်လျှင်) နှင့် အမျိုးသား စီမံခန့်ခွဲ ကောလိပ် နောက်ဆုံးနှစ် ကျောင်းသားများကို တယ်လီနော မြန်မာကုမ္ပဏီက အလုပ်သင် ခေါ်ယူမည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက သတင်း ထုတ်ပြန်သည်။ ယခုနှစ် အောက်တိုဘာလမှ စတင်၍ နောက်ဆုံးနှစ် တက္ကသိုလ် ကျောင်းသားများကို အလုပ်သင် ခေါ်ယူသွားမည်ဖြစ်ပြီး တယ်လီနော မြန်မာ၏ လုပ်ငန်းခွင် နည်းစနစ်များနှင့် လုပ်ငန်းခွင် ပူးပေါင်း ဆောင်ရွက်မှုများကို သင်ယူ လေ့လာနိုင်မည်ဖြစ်သည်။ “အလုပ်သင်ဆိုတော့ ပိုက်ဆံတော့ မပေးပါဘူး။ ဒါပေမယ့်လည်း Allowance တစ်ခုခုတော့ လုပ်ပေးဖို့ ရှိပါတယ်”ဟု တယ်လီနော မြန်မာ Corporate Communications ဌာနမှ Senior Expert ဦးညီညီအောင်က ပြောကြားသည်။ အလုပ်သင် လျှောက်လိုသူများသည် မိမိတို့ သက်ဆိုင်ရာ နည်းပညာတက္ကသိုလ် သို့မဟုတ် အမျိုးသား စီမံခန့်ခွဲမှု ကောလိပ်တွင် တယ်လီနော မြန်မာ အလုပ်သင် လျှောက်လွှာများကို ရယူ၍ internship@telenor.com.mm သို့ ပေးပို့နိုင်ကြောင်း ၎င်းကဆိုသည်။ လုပ်ငန်းခွင် ဝင်သူများသည် တယ်လီနော မြန်မာ၏ လူ့စွမ်းအား အရင်းအမြစ်၊ ဘဏ္ဍာရေး၊ စီးပွားရေး လည်ပတ်မှု၊ နည်းပညာ၊ စျေးကွက် ရှာဖွေရေး၊ ကော်ပိုရိတ်ဆိုင်ရာ ဆက်သွယ်ရေး အစရှိသည့် ကဏ္ဍများတွင် ဝင်ရောက် လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက သတင်းထုတ်ပြန်သည်။ အလုပ်သင်များကို တစ်လမှ သုံးလအထိ လေ့ကျင့် သင်ကြားပေးမည်ဖြစ်ပြီး အလုပ်သင် ကာလပြီးဆုံးပါက အသိအမှတ်ပြု လက်မှတ် ရရှိမည်ဖြစ်သည်။ တယ်လီနော မြန်မာသည် လက်ရှိတွင် ဝန်ထမ်းပေါင်း ၆ဝဝ ကျော်ဖြင့် လည်ပတ်လျှက် ရှိသည်။ ထို့ပြင် အခြားသော တက္ကသိုလ်များနှင့် ပူးပေါင်း၍ ယခု အစီအစဥ်ကို တိုးချဲ့သွားမည်ဖြစ်ကြောင်း တယ်လီနော မြန်မာက ဆိုသည်။
Source : http://goo.gl/8QFEIf
via IFTTT
Source : http://goo.gl/8QFEIf
via IFTTT
Eleven Broadcasting
မြင်းခြံမြို့တွင် အမျိုးသမီးအဆောင် တစ်ခု မီးလောင်ကျွမ်းရာမှ ကျောင်းသူတစ်ဦး သေဆုံး(ရုပ်သံ) ဒီကနေ့ နံနက်အစောပိုင်းက မြင်းခြုံမြို့ တိုးချဲ့မြို့သစ်မှာ ရှိတဲ့ အမျိုးသမီးဆောင်တစ်ခုမှာ မီးအားမြင့်စက်တစ်လုံး အပူလွန်ကဲခဲ့ရာက မီးလောင်မှု ဖြစ်ပြီး နည်းပညာ ကောလိပ် ကျောင်းသူတစ်ဦး နေအိမ် အတွင်း မီးလောင် ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ သိရှိရပါတယ်။
Source : http://ift.tt/2bHmzaS
via IFTTT
Source : http://ift.tt/2bHmzaS
via IFTTT
Eleven Broadcasting
ဩဂုတ် ၁၉ ရက် ညပိုင်း သတင်းအစီအစဉ် ( ည ၈ နာရီ တိုက်ရိုက်ထုတ်လွှင့်မှု ) ■ ရေဘေးသင့် ပြည်သူများကို ပြန်လည် နေရာချထားရာတွင် နီးစပ်ရာ စာရင်းပါသည့်ပုံမျိုး မဖြစ်စေချင်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား ■ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်သမ္မတရှီကျင်ပင်းတို့ တွေ့ဆုံဆွေးနွေး ■ စစ်ကိုင်း အလုပ်သမားသပိတ်နှင့် ဆက်စပ် ဖမ်းဆီးထားသူများကို ဆက်လက်ရုံးထုတ် ■ မြစ်ကြီးနားမြို့တွင် ရေ၀ပ်နေသည့် စာသင်ကျောင်း၀င်းအတွင်း ရေဆော့ကစားရာမှ စတုတ္ထတန်း ကျောင်းသားတစ်ဦး ရေနစ်သေဆုံး ■ လေယာဉ်ပေါ်၌ မြန်မာနိုင်ငံသား တစ်ဦးထံမှ ဒေါ်လာ ၆၀၀၀ ခိုးယူခဲ့သည့် တရုတ်နိုင်ငံသား ဖမ်းမိ ■ မြင်းခြံမြို့တွင် အမျိုးသမီးအဆောင်တစ်ခု မီးလောင်ကျွမ်းရာမှ ကျောင်းသူတစ်ဦး သေဆုံး ■ ဗီယက်နမ်သို့ တရားမ၀င် တင်သွင်းခဲ့သော ရေနဂါးအသေ ၂၀၀၀ ခန့် ဖမ်းဆီးရမိ ■ ၁၀ မီတာ ဒိုင်ဗင်ပြိုင်ပွဲတွင် ရွှေတံဆိပ် ရရှိခဲ့သည့် တရုတ်ဒိုင်ဗင်မယ် ရန်ချန် ရီယိုအိုလံပစ်၏ အသက် အငယ်ဆုံး ဆုရသူ ဖြစ်လာ
Source : http://ift.tt/2b9bMUd
via IFTTT
Source : http://ift.tt/2b9bMUd
via IFTTT
Tuesday, August 16, 2016
မိုင်းပျဉ်းမြို့နယ်၌ အမည်မသိ သေနတ်သမား ပစ်ခတ်မှုကြောင့် စားသောက်ဆိုင်ပိုင်ရှင် သေဆုံး
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ် ဝမ်မွန်းရွာ၌ ဩဂုတ် ၁၅ ရက် ည ၇ နာရီခွဲခန့်က အမည်မသိ သေနတ်သမားနှစ်ဦး လာရောက်ပစ်ခတ်၍ အဆိုပါ ကျေးရွာနေ စားသောက်ဆိုင်ပိုင်ရှင် အမျိုးသား သေဆုံးခဲ့ကြောင်း ယင်းကျေးရွာဒေသခံများထံမှ သိရသည်။
Source : http://goo.gl/nZ5khO
via IFTTT
Source : http://goo.gl/nZ5khO
via IFTTT
7Day News Journal
Myanmar Idol အစီစဉ်တင်ဆက်သူ ကျော်ထက်အောင် ပွဲဦးထွက် ရုပ်ရှင် ဩဂုတ်-၁၆၊ ၂၀၁၆ Myanmar Idol အစီအစဉ်ရဲ့ အစီအစဉ်တင်ဆက်သူ ကျော်ထက်အောင်က အစီအစဉ်တင်ဆက်သူအဖြစ်ကနေ ရုပ်ရှင်သရုပ်ဆောင်အဖြစ် ခြေလှမ်းစတင်တော့မှာပါ။ ဒီလအတွင်း ရိုက်ကူးမယ့် 'သူငယ်' ရုပ်ရှင်ကားမှာ ဝါရင့်အနုပညာရှင်တွေနဲ့ တွဲဖက်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ ‘သူငယ်’ ရုပ်ရှင်ဇာတ်ကားမှာ ရန်အောင်၊ ရဲအောင်၊ မင်းဦး၊ စိုးမြတ်သူဇာ၊ ထွန်းအိန္ဒြာဗို၊ ခိုင်သင်းကြည်တို့ နဲ့ တွဲဖက်သရုပ်ဆောင်မှာဖြစ်ပြီး ဒီဇာတ်ကားအတွက် ကန်တော့ပွဲပေးတဲ့အခမ်းအနားကို ဒီကနေ့မနက်ပိုင်းက နိုဗိုတယ် ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ #ကျော်ထက်အောင် #ပွဲဦးထွက်ရုပ်ရှင် #7DayNews #7DayTV (7Day News ဂျာနယ်နဲ့ 7Day Daily သတင်းစာရဲ့ ရုပ်သံတင်ဆက်မှုတွေကို 7Day TV ဖေ့စ်ဘွတ်စာမျက်နှာမှာ ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။) အောက်ပါလင့်ခ်တွေမှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ https://youtu.be/IiJyUCUU6wk http://ift.tt/2be3TMo
Source : http://ift.tt/2bwzV9V
via IFTTT
Source : http://ift.tt/2bwzV9V
via IFTTT
Subscribe to:
Posts (Atom)