မော်စကိုမြို့ရှိ ဘဏ်တစ်ခုတွင် ပြန်ပေးဆွဲထားသည့် ဓါးစာခံများ ပြန်လည် လွတ်မြောက်လာ မော်စကို၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ဘဏ်တစ်ခု၌ ပြန်ပေးဆွဲမှု ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် ပြန်ပေးဆွဲမှုတရားခံ လက်နက်ချအညံ့ခံခဲ့၍ ဘဏ်အတွင်းမှ ဓါးစာခံ လေးဦးစလုံး ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း ပြည်တွင်း မီဒီယာများက သြဂုတ် ၂၄ တွင်ဖော်ပြခဲ့သည်။ ကနဦးရရှိသည့် သတင်းအချက်အလက်များအရ ပြန်ပေးဆွဲသမားသည် အသက် ၆၁ နှစ်အရွယ် Aram Petrosyan အမည်ရှိ စီးပွားရေး လုပ်ငန်းရှင်တစ်ဦး ဖြစ်ပြီး ၄င်းသည် သြဂုတ် ၂၄ရက် ညနေပိုင်းတွင် မော်စကိုမြို့ Bolshaya Nikitskaya လမ်း ရှိ Citibank ၏ ဘဏ်ခွဲတစ်ခု အတွင်းသို့ ၄င်း၏ ရင်ဘတ်၌ သေတ္တာတစ်လုံးကို သိုင်းချည်လျက် ဝင်ရောက်လာပြီး အသေခံ ဖောက်ခွဲမှု ပြုလုပ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။ ဘဏ်ဝန်ထမ်းလေးဦးအား ဓါးစာခံအဖြစ် ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းတွင် ဓါးစာခံ အမျိုးသမီးနှစ်ဦး ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း သိရသည်။ ရဲတပ်ဖွဲ့က ဘဏ်အား နာရီများစွာ ဝိုင်းထားပြီးနောက်တွင် ပြန်ပေးဆွဲသမားသည် လက်နက်ချအညံ့ခံခဲ့ပြီး ၄င်းကိုယ်၌ တပ်ဆင်ထားသည့် သေတ္တာဘူးမှာလည်း ဗုံးအစစ်မဟုတ်ပဲ ဗုံးအတုသာဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ ပြန်ပေးသမားအား စစ်ဆေးမေးမြန်းရန်အတွက် ခေါ်ဆောင်သွားပြီး ပြန်ပေးဆွဲမှု နောက်ကွယ်မှ လှုပ်ရှားမှုကိုမသိရှိသေးကြောင်းသိရသည်။ (Xinhua)
Source : http://ift.tt/2bidunG
via IFTTT
No comments:
Post a Comment