Sunday, August 14, 2016

JICA က ဟံသာဝတီလေဆိပ်သစ် တည်ဆောက်ရန် လေ့လာဆန်းစစ်နေသည့် ဂျပန်ကုမ္ပဏီအား ထောက်ပံ့မှု ပေးအပ်နြေ�

JICA က ဟံသာဝတီလေဆိပ်သစ် တည်ဆောက်ရန် လေ့လာဆန်းစစ်နေသည့် ဂျပန်ကုမ္ပဏီအား ထောက်ပံ့မှု ပေးအပ်နေပြီး ယခုလကုန် ပြီးစီးမည် JICA က ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ် တည်ဆောက်ရန် လေ့လာဆန်းစစ်မှု ပြုလုပ်နေသည့် ဂျပန်ကုမ္ပဏီအား ထောက်ပံ့မှု ပေးအပ်နေပြီး ယခုလကုန်တွင် လေ့လာမှု ပြီးစီးမည်ဖြစ်ကြောင်း JICA Myanmar Office မှ သတင်းရရှိသည်။ လက်ရှိတွင် JICA အနေဖြင့် Feasibility Study ပြုလုပ်နေသည့် ဂျပန်နိုင်ငံမှ ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုအား ထောက်ပံ့မှု ပေးအပ်နေခြင်းဖြစ်သည်။ ယခုပြုလုပ်နေသည့် လေ့လာဆန်းစစ်မှုသည် ၂၀၁၆ ခုနှစ် သြဂုတ်လတွင် ပြီးစီးမည်ဖြစ်ကာ ဂျပန်နိုင်ငံ အနေဖြင့် အဆိုပါလေ့လာမှု ပြီးစီးချိန်မှသာ ODA ချေးငွေ ပေးအပ်ရန် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု သိရသည်။ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်အား စင်ကာပူနှင့် ဂျပန် ပူးပေါင်းဖွဲ့စည်းထားသော Yongnam-CAPE JGC Consortium ကုမ္ပဏီအား တည်ဆောက်ရန် နောက်ဆုံး ရွေးချယ်ခဲ့ပြီး Yongnam-CAPE JGC Consortium ကုမ္ပဏီသည် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ် စီမံကိန်းအား ဂျပန်နိုင်ငံ အစိုးရထံမှ အိုဒီအေချေးငွေ ၄၉ ရာခိုင်နှုန်းဖြစ်သော ဒေါ်လာ ၇၀၆ သန်းနှင့် Private Loan ဒေါ်လာ ၅၁၇ သန်း၊ ကိုယ်ပိုင် ရင်းနှီးမြှုပ်နှံငွေ ဒေါ်လာ ၂၂၂ သန်း၊ စုစုပေါင်း စီမံကိန်းတန်ဖိုး ဒေါ်လာ ၁၄၄၅ သန်းဖြင့် တည်ဆောက်မည်ဟု ဆိုသည်။ လက်ရှိတွင် Yongnam-CAPE JGC Consortium ကုမ္ပဏီက လေဆိပ်တည်ဆောက်ရန် ဂျပန်နိုင်ငံ အစိုးရထံမှ အိုဒီအေချေးငွေ ၄၉ ရာခိုင်နှုန်း ရယူရန် ဆောင်ရွက်လျက် ရှိသည်။ ဂျပန်နိုင်ငံ အစိုးရက အိုဒီအေချေးငွေ ပေးအပ်ရန် JICA မှ လေ့လာမှုများ ပြုလုပ်လျက် ရှိသည်။ Writer: ရွှန်းလဲ့ဝင်း
Source : http://ift.tt/2aLdkGY
via IFTTT

No comments:

Post a Comment