Tuesday, August 23, 2016


အိန္ဒိယနိုင်ငံက လူတစ်ဦးရဲ့ အစာအိမ်ထဲမှ ဓားအချောင်း လေးဆယ် ဆရာဝန်များ တွေ့ရှိ အိန္ဒိယနိုင်ငံက အမျိုးသား တစ်ဦးဟာ အချိန် ၂ လကြာအောင် ဓားတွေကို မျိုချ စားသောက် နေခဲ့ပါသတဲ့။ ယခုအခါ ဆရာဝန်တွေက အဆိုပါ ဓားတွေကို ဗိုက်ခွဲကာ ပြန်ထုတ် ပေးနေရပြီး ဓားအချောင်း လေးဆယ် တွေ့ရှိရတယ်လို့ သတင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ ''သူဟာ သတ္တုတွေကို စားသောက်နေခဲ့တာ ဖြစ်ပါတယ်။ အတွေ့အကြုံ ရင့်ပြီးသား ခွဲစိတ် ဆရာဝန်ကြီးတွေ အတွက်တောင် လန့်စရာကြီးပါ'' လို့ ဒေါက်တာ ဂျာတင်ဒါမယ်ဟိုတြာက CNN သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ''ကျွန်တော်တို့ အရမ်းကို စိတ်လှုပ်ရှားကြပါတယ်။ အမှားလေး တစ်ခု လုပ်လိုက်မိတာနဲ့ လူနာ အသက် ဆုံးရှုံးသွားနိုင်ပါတယ်။ ကျွန်တော့်ရဲ့ နှစ်ပေါင်း ၂ဝ ကျော်ကြာ အတွေ့အကြုံမှာ ဒါမျိုးတစ်ခါမှ မမြင်ဖူးပါဘူး''လို့ ဒေါက်တာ မယ်ဟိုတြာက ဆိုပါတယ်။ ရောဂါ ရှာဖွေရတာနဲ့ ခွဲစိတ်ဖို့ အစီအစဉ် လုပ်ရတာဟာ နှစ်ရက်တောင် ကြာပါတယ်လို့ ဆရာဝန်ကြီးက ဆက်လက် ပြောကြားပါတယ်။ ငါးနာရီကြာတဲ့ အဆိုပါခွဲစိတ်မှုဟာ ပန်ဂျပ်ပြည်နယ် အမ်ရစ်ဆာမြို့မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဓားတွေဟာ ခေါက်ဓားတွေ ဖြစ်ပြီးတော့ ဆန့်လိုက် မယ်ဆိုရင်တော့ ခုနစ် လက်မလောက် ရှည်သွားမှာ ဖြစ်ပါတယ်လို့ ဒေါက်တာ မယ်ဟိုတြာက ဆိုပါတယ်။ ''လူနာက ပြောပါတယ်။ သူဟာ တချို့ဓားတွေကို ခေါက်လျက် မျိုချပြီး တချို့ကိုတော့ မခေါက်ဘဲ အပြင်ကို ထုတ်လို့ မျိုချပါတယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ တွေ့တဲ့အချိန်မှာ တချို့ဓားတွေဟာ ခေါက်ထားပြီး တချို့ဟာ ပွင့်နေပါတယ်။ တချို့က သံချေး တက်နေပြီး တချို့က ကျိုးပျက်နေပါပြီ''လို့ သူက ဆိုပါတယ်။ လူနာအမျိုးသားဟာ အသက် ၄၂ နှစ် အရွယ်ရှိပြီး ကလေး ၂ ဦးရဲ့ ဖခင်လည်း ဖြစ်ပါတယ်။ ''ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော့် မိသားစုကို မျက်နှာ ပျက်စေခဲ့ရ ပါတယ်။ ဆရာဝန်နဲ့ ဆေးရုံဝန်ထမ်းတွေ ကျွန်တော့်ကို ကယ်ဆယ်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်'' လို့လည်း ဆိုထားပါတယ်။ Ref : CNN
Source : http://goo.gl/YqxYPB
via IFTTT

No comments:

Post a Comment