ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ စခမ်းကြီး/ သာယာကုန်း ကျေးရွာအုပ်စုရှိ မြေဧက ၁၄၅၃ ဒသမ ၇၂ ဧက ပေါ်တွင် နေထိုင်သည့် ကျူးကျော်များ မဖြစ်မနေ ဖယ်ရှားပေးရန် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ပြောကြားလိုက်သည်။ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ကျူးကျော် နေထိုင်သူများ တွေ့ဆုံ ဆွေးနွေးပွဲကို ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင် အမှတ် (၃/၂) အနီးရှိ လှည်ကူးမြို့နယ် ကျွန်းကလေးကျေးရွာ စိုက်ပျိုးရေး ရှင်းလင်းဆောင်၌ ယနေ့ (ဩဂုတ် ၂၁ ရက်) နံနက်ပိုင်းက ကျင်းပရာတွင် ၎င်းက ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။ “အခုလက်ရှိ ဒီနေရာဟာ နိုင်ငံတော်ပိုင်မြေ ဖြစ်တဲ့အတွက် စီမံကိန်းတွေ ဆောင်ရွက်ဖို့အတွက် ဖယ်ရှားခိုင်းဖို့ ဆွေးနွေးတာပါ။ သူတို့ကို နေရာ ပြန်ပေးဖို့တော့ မရှိဘူး။ အခု ကျူးကျော် နေထိုင်သူတွေရဲ့ တင်ပြချက်ကိုတော့ တိုင်းအစိုးရ အဖွဲ့ထံ တင်ပြပေးပါမယ်။ ဖယ်ရှားမယ့်နေ့ကို လည်း တိုင်းအစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ထုတ်ပြန်သွားမှာပါ”ဟု ညွှန်ကြားရေးမှူး ဦးယုခိုင်က ဆိုသည်။ အဆိုပါ မြေဧကပေါ်တွင် ကျူးကျော်တဲ ၂၂၃၃ လုံး ရှိပြီး ယင်းမြေဧကပေါ်တွင် မဟာမိတ်ကြယ်များ အုပ်စုကုမ္ပဏီနှင့် နိုင်ငံတော် အစိုးရတို့ အကျိုးတူ ပူးပေါင်း၍ တန်ဖိုးနည်း အိမ်ရာစီမံကိန်း၊ နိုင်ငံတကာ အဆင့်မီ တက္ကသိုလ်၊ ကျောင်း၊ ဆေးရုံ၊ ဂေါက်ကွင်းနှင့် ဈေးများ တည်ဆောက်ရန် လျာထားကြောင်း ၎င်းက ပြောဆိုသည်။
Source : http://goo.gl/IfKFYy
via IFTTT
No comments:
Post a Comment