Monday, August 22, 2016


အမြဲအနိုင်ရသောပါတီ၊ အမြဲရှုံးသောပါတီ မရှိဟု USDP ပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန်ပြောကြား ကမ္ဘာ့ဒီမိုကရေစီနိုင်ငံများ၌ အမြဲအနိုင်ရသော ပါတီ မရှိသလို အမြဲရှုံးနေသောပါတီလည်း မရှိဟု USDP ပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန်က ပြောကြားလိုက်သည်။နေပြည်တော်ရှိ USDP ပါတီရုံးချုပ်၌ ယနေ့(သြဂုတ် ၂၂ ရက်) ကျင်းပသော ပါတီ၏ ဒုတိအကြိမ် ညီလာခံတွင် မိန့်ခွန်းပြေကြားရာ၌ ယင်းသို့ ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။ “ကမ္ဘာ့ဒီမိုကရေစီ နိုင်ငံတွေမှာ အမြဲနိုင်တဲ့ ပါတီမရှိသလို အမြဲရှုံးနေတဲ့ပါတီလည်း မရှိတာ တွေ့ရမှာ ဖြစ်လို့ ပြည်သူများကလည်း ဘယ်ပါတီကို နိုင်ငံတာဝန် ပေးရင်ကောင်းမလဲလို့ စဉ်းစားပြီး မဲပေးရွေးချယ်ခဲ့တာဖြစ်တယ်”ဟု USDP ပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန်က ပြောသည်။ အလားတူ USDP ပါတီအနေဖြင့် ပြည်သူများကို အလုပ်အကျွေးပြုနိုင်သော ပြည်သူ့ပါတီ အဖြစ် အသွင်သဏ္ဍာန်ရော အနှစ်သာရပါ ကျစ်လျစ်ခိုင်မာ ရှင်သန်ကောင်းမွန် အောင် မျိုးဆက်သစ်များကို လက်တွဲတာဝန်အပ်နှင်း ဖွဲ့စည်း တည်ဆောင် သွားမည်ဟု ၎င်းက ဆိုသည်။ USDP ပါတီ၏ ဒုတိယအကြိမ် ညီလာခံကို သြဂုတ် ၂၁ရက်မှ ၂၅ရက်အထိ ငါးရက်ကြာ ကျင်းပသွားမည် ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ရှိ ပါတီ ထိပ်ပိုင်းခေါင်းဆောင် ၈၀၀ ခန့် တက်ရောက်လျက် ရှိကြောင်း ယင်းပါတီ အစည်းအဝေးမှတ်တမ်းအရ သိရသည်။ USDP ပါတီသည် ၂၀၁၅ရွေးကောက်ပွဲ၌ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်အရပ် ရပ်တွင် ပြိုင်ဘက်ပါတီဖြစ်သည့် NLDကို ရှုံးနိမ့်ခဲ့ပြီး လွှတ်တော်နေရာ အနည်းငယ်သာ ရွေးချယ်ခြင်း ခံခဲ့ရသည်။
Source : http://goo.gl/TqJFdQ
via IFTTT

No comments:

Post a Comment