Monday, August 15, 2016

The Voice

ရုပ်ရှင်ဥပဒေကို အမြန်ဆုံး လွှတ်တော် တင်နိုင်အောင် ကြိုးစားမယ်ဆိုတဲ့ လူမင်း အနုပညာလောကအတွက် အသက်တမျှ အရေးပါလှတဲ့ ရုပ်ရှင်ဥပဒေကို အမြန်ဆုံး လွှတ်တော် တင်နိုင်အောင် ကြိုးစားသွားမှာပါလို့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင် လူမင်းက The Voice ကို ပြောကြားပါတယ်။ “ရုပ်ရှင်ဥပဒေ ရေးဆွဲနေတာ အကြမ်းအဆင့်တော့ ပြီးပါပြီ။ ရုပ်ရှင်ဖိုရမ် ပြီးတာနဲ့ အနုပညာ လောကသားတွေ အားလုံးကို ချပြပြီးတော့ အမြန်ဆုံး လွှတ်တော်တင်နိုင်အောင် ကြိုးစားမှာပါ။ ရုပ်ရှင် လောကသားတွေရဲ့ အမြင်တွေ၊ ဝေဖန် ထောက်ပြမှုတွေကိုလည်း ကျွန်တော်တို့ ကြိုဆိုပါတယ်”လို့ ရုပ်ရှင်ဥပဒေ ရေးဆွဲမှုနဲ့ ပတ်သက်ပြီး ၎င်းက ထပ်လောင်းပြောဆိုပါတယ်။ ပြောင်းလဲချိန် တန်ပြီဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ ရုပ်ရှင်လောကအတွက် အပြောင်းအလဲတွေကို တောင်းဆို နေပေမယ့် လက်ရှိတည်ဆဲ ဥပဒေအရ ဆောင်ရွက်နေရတာ ဖြစ်တဲ့အတွက် ၊ တချို့ အကြောင်းအရာတွေ မှာ လက်ရှိ ဆောင်ရွက်နေတာနဲ့ တည်ဆဲ ဥပဒေတွေနဲ့ ကွဲလွဲနေတာတွေ ရှိကြောင်း လူမင်းက ပြောကြားပါတယ်။ “အစိုးရပိုင်းကလည်း ကျွန်တော်တို့ ရုပ်ရှင် လောကအတွက် ပိုမို ဆောင်ရွက်ပေးနိုင်အောင် ဆိုရင် ကျွန်တော်တို့ ရုပ်ရှင် ဥပဒေသစ် မြန်မြန် တည်မှ ဖြစ်မယ်။ ရုပ်ရှင် ဥပဒေသစ် တည်ပြီးရင်တော့ ဘယ်အရာမဆို ဥပဒေအရပဲ ဆောင်ရွက် ရတော့မယ်။ အဲ့ဒါကြောင့် ရုပ်ရှင်ဥပဒေ အမြန်ဆုံး အတည်ပြုနိုင်ရေးဟာလည်း အရမ်း အရေးကြီး ပါတယ်”လို့ ၎င်းက ဆိုပါတယ်။
Source : http://goo.gl/It5pyX
via IFTTT

No comments:

Post a Comment