Sunday, August 21, 2016

ဘဏ္ဍာရေးဝန်ကြီးအသစ် အပါအ၀င် တူနီးရှားဝန်ကြီးချုပ် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ ခန့်အပ်

ယခင်နိုင်ငံခြားရေးနှင့် ကာကွယ်ရေး၀န်ကြီးတို့ကို ၎င်းတို့ရာထူးများတွင် ဆက်ခန့်ကာ တူနီးရှား ၀န်ကြီးချုပ် ယူဆက်ဖ်ချာဟက်က ရင်းနှီးမြှုပ်နှံမှု အရာရှိဟောင်းတစ်ဦးကို ဘဏ္ဍာရေး ၀န်ကြီးအဖြစ် ခန့်အပ်၍ ၎င်း၏ အစိုးရအဖွဲ့သစ် ဖွဲ့စည်းကြောင်း စနေနေ့က ကြေညာလိုက်သည်။ ပြီးခဲ့သည့်လက အယုံအကြည်မရှိ အဆို မဲခွဲဆုံးဖြတ်မှုအတွင်း ၀န်ကြီးချုပ်ကို လွှတ်တော် အမတ်များက ဖြုတ်ချလိုက်ပြီးနောက် ၀န်ကြီးချုပ် အဖြစ် ခန့်အပ်ခံရသော ချာဟတ်သည် ၀န်ကြီး ရာထူးများအတွက် အဓိကကျသော ဘာသာရေး သီးသန့်၊ လက်၀ဲစွန်းနှင့် အစ္စလာမ်မစ် ပါတီများနှင့် ဆွေးနွေးခဲ့သည်။ ၎င်းခန့်အပ်ထားသော ၀န်ကြီးများကို ယခုအခါ လွှတ်တော်၏ အတည်ပြုချက် ရယူရန် မဲခွဲ ဆုံးဖြတ်သွားမည်ဖြစ်သည်။ သမ္မတ ဘီချီချာအစ်အက်စ် ဆက်ဘ်ဆီ၏ မဟာမိတ်ဖြစ်ပြီး ဘာသာရေးသီးသန့်နီဒါတုန်းပါတီ၏ ထိပ်တန်းအဖွဲ့၀င်တစ်ဦးဖြစ်သူ ချာဟတ်က ယခင်၀န်ကြီးချုပ်များ ရှောင်လွှဲခဲ့သော စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နိုင်စွမ်းရှိသော ၀န်ကြီးများ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပေးမည်ဟု ကတိပြုထားသည်။ သို့သော် ချာဟတ်သည် အောင်မြင်စွာ လုပ်ဆောင်ရန် ၎င်းတွင် နိုင်ငံရေးယုံကြည်ထောက် ခံမှုရရှိနိုင်ဖွယ်မရှိဟု ၀ေဖန်သူများက ပြောသည်။ ‘‘ကျွန်တော်တို့နိုင်ငံဟာ သိပ်ပြီး သိမ်မွေ့တဲ့ အနေအထားမှာ ရှိနေပါတယ်။ တူနီးရှား ပြည်သူတွေကို လှည့်ဖြားဖို့ အခွင့်အရေး ကျွန်တော်တို့မှာ မရှိပါဘူး။ တူနီးရှား နိုင်ငံသား အားလုံးနဲ့ ပါတီတွေအားလုံး ဒီအစိုးရအဖွဲ့ကို ထောက်ခံကူညီကြဖို့ ကျွန်တော် တိုက်တွန်းပါတယ်’’ ဟု သမ္မတ အိမ်တော်တွင် ချာဟတ်က သတင်းထောက်များကို ပြောကြားသည်။ အာဏာရှင်ဘန်အလီကို ဖြုတ်ချနိုင်ခဲ့သည့် ၂၀၁၁ ဆူပူအုံ ကြွမှုနောက်ပိုင်း တူနီးရှားနိုင်ငံ၏ အသွင်ကူးပြောင်းမှုကို အာရပ်ကမ္ဘာ၏ စံပြအဖြစ် ကြိုဆိုခဲ့ကြသည်။ သို့သော် တူနီးရှားနိုင်ငံတွင် အစ္စလာမ်မစ် စစ်သွေးကြွများ၏ အကြမ်းဖက် တိုက်ခိုက်မှုနှင့် အလုပ်အကိုင်များနှင့် ဖွံ့ဖြိုးမှုများ ဖန်တီးရန် လိုအပ်သော စီးပွားရေး ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်သော လုပ်ငန်းစဉ် နှေးကွေးနေမှုများ နှင့်အတူ အခက်အခဲများ ရင်ဆိုင်ခဲ့ရသည်။ ပြုပြင်ပြောင်းလဲမှုများအတွက် ထောက်ခံမှုများ ရရှိစေရေး ယခု၀န်ကြီးများ အဖွဲသစ်တွင် ပါတီငယ်များမှ ပုဂ္ဂိုလ်များအပြင် အတိုက်အခံများလည်း ပါ၀င်နေသည်။
Source : http://ift.tt/2buE1jV
via IFTTT

No comments:

Post a Comment