Sunday, August 21, 2016

အဝေးသင်တက္ကသိုလ် အထူးပြုဘာသာရပ် အမှတ်သတ်မှတ်ချက် ပယ်ဖျက်

ယခုနှစ်တက္ကသိုလ်၀င် ခွင့်လျှောက်ထားရာတွင် အ၀ေး သင်တက္ကသိုလ်၏ အထူးပြု ဘာသာရပ်များ အတွက် အနိမ့်ဆုံး အမှတ် သတ်မှတ်ခြင်းကို ပယ်ဖျက်ကြောင်း အဆင့်မြင့် ပညာဦးစီးဌာနမှ သတင်းရရှိသည်။ ယခုနှစ် အ၀ေးသင်တက္က သိုလ်၀င်ခွင့်အတွက် ၂၀၁၆ တွင် တက္ကသိုလ်၀င်စာမေးပွဲ အောင်မြင်ပြီး အကျင့်စာရိတ္တ ကောင်းမွန်သူများ လျှောက်ထားနိုင်ကြောင်း ၂၀၁၆ တက္ကသိုလ် ၀င်ခွင့် လမ်းညွှန်စာအုပ်၌ ဖော်ပြထားသည်။ ‘‘ဒီနှစ် ၀င်ခွင့်စာအုပ်ထဲမှာ အ၀ေးသင်တက္ကသိုလ် လျှောက် တဲ့အခါမှာ အမှတ်သတ်မှတ်ချက် တွေကို ဖြုတ်ထားတယ်။ လူဦးရေ အပေါ်မှာပဲ မူတည်ပြီးတော့ အမှတ်အနည်း၊ အများပေါ်မှာ ရွေးချယ်သွားမယ်’’ဟု အဆင့်မြင့်ပညာဦးစီးဌာန အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။ ယမန်နှစ် (၂၀၁၅) တက္ကသိုလ်၀င်ခွင့် လမ်းညွှန်စာအုပ်တွင် အ၀ေးသင်တက္ကသိုလ် ၀င်ခွင့်ခေါ်ယူရာ၌ အင်္ဂလိပ်စာ၊ စီးပွားရေးပညာနှင့် စီးပွားစီမံပညာ၊ ဥပဒေ၊ ဓာတုဗေဒ၊ ရူပဗေဒနှင့် သင်္ချာစသည့် ဘာသာရပ်အချို့ ၀င်ခွင့်အတွက် တက္ကသိုလ်၀င်စာမေးပွဲအနည်းဆုံးရမှတ်များ သတ်မှတ်ခေါ်ယူခဲ့သည်။ ယခုနှစ် အ၀ေးသင်တက္က သိုလ်၀င်ခွင့် လျှောက်ထားရာတွင် တက္ကသိုလ်၀င်စာမေးပွဲ အနိမ့်ဆုံး အမှတ်များ သတ်မှတ်ချက်ဖော်ပြထားခြင်း မရှိသောကြောင့် လျှောက်ထားသူများသည် မိမိတို့ စိတ်ပါ၀င်စားသည့် ဘာသာရပ်များ ရွေးချယ် လျှောက်ထားခွင့် ရရှိမည် ဖြစ်ကြောင်း အဆင့်မြင့် ပညာဦးစီးဌာနမှ သိရသည်။ ‘‘အ၀ေးသင်တက္ကသိုလ် တက်ဖို့ လာလျှောက်တာ။ စနေ၊ တနင်္ဂနွေကျောင်းမှာ လက်တွေ့ လုပ်ဖို့ အဆင်မပြေလို့ ၀ိဇ္ဇာဘာ သာရပ်တွေပဲ ဦးစားပေးလျှောက် ခဲ့တယ်’’ဟု တက္ကသိုလ် ၀င်ခွင့်လာရောက် လျှောက်ထားသည့် ကျောင်းသားတစ်ဦးက ပြော သည်။ အ၀ေးသင်တက္ကသိုလ် ၀င် ခွင့်အတွက် တက္ကသိုလ်၀င်စာမေး ပွဲအနိမ့်ဆုံးရမှတ် သတ်မှတ်ထား ခြင်းမရှိသောကြောင့် တက္ကသိုလ် ၀င်စာမေးပွဲ ရမှတ်နိမ့်သည့် ကျောင်းသူ၊ ကျောင်းသားများ မိမိတို့ စိတ်ပါ၀င်စားသည့် ဘာသာရပ်များကို ရွေးချယ်သင်ယူနိုင် မည့် အခွင့်အလမ်းရနိုင်မည်ဖြစ်ကြောင်း တက္ကသိုလ်ဆရာ၊ ဆရာမများက ပြောကြားသည်။ ‘‘အ၀ေးသင်တက္ကသိုလ်တွေ မှာ အမှတ် သတ်မှတ်ထားတာ မရှိတာကောင်းပါတယ်။ အ၀ေးသင် ကနေ ဘွဲ့ရတဲ့အခါ ရတဲ့ဘွဲ့အတွက် အာမခံချက် ရှိဖို့လိုတယ်။ အခုက အမှတ်ရရေးအတွက် ကြိုးစားနေကြတော့ ကျောင်းလည်းပြီး ရော ဘာပညာမှ မကျန်ခဲ့ဘူး’’ဟု ပုသိမ်တက္ကသိုလ်မှ ကထိက ဦးသန်းထိုက်အောင်က ပြောသည်။
Source : http://ift.tt/2b7Z5Mp
via IFTTT

No comments:

Post a Comment